ရခိုင်လျှောက်ထုံးများ


ရခိုင်လျှောက်ထုံးများ (၁ မှ ၂၅) ထိ
-----------------------------------
နမောတဿ ဘဂ၀တော အရဟတော သမ္မာသဗ္ဗုဒ္ဓဿတိ။

လျှောက်ထုံးအမှတ် (၁)

သီရိရာဇာမင်း၏ အိမ်မက်တော် လျှောက်ထုံး။

ဓည၀တီဒုတိယမြို့တည် ကံရာဇာကြီးမင်း ဆက်နှစ်ဆယ့်သျှစ်ဆက်မြောက် သီရိရာဇာမင်းသည် မိဖုရား ၀ိမလဒေ၀ီကုမ္မာရီနှင့် သက္ကရာဇ် (၆၇) ခုနှစ်တွင် ဓည၀တီပြည်ကြီးဝယ် ထီးနန်းစိုးစံသည်။ စက်တော်ခေါ်ရာ တနိသောအခါ၌ မင်းကြီးသည် နီလကိုဆွတ်ယူ၍ မိဖုရားကြီးအား ပီးရသည်ဟု အိမ်မက်တော် မြင်မက်သည်။ မင်းပွဲခံရာ၌ မူးမတ်ရို့သို့ အိမ်မက်ကို ပြန်ဆိုစီသည်။ ယင်းသောအခါ မင်းတုံးစား အမတ်ဝိမလ၊ ပြောင်းပြာစား အမတ်ဒေ၀ကျော်ထင် လျှောက်ထုံးသော်ကား
 
“အသျှင်မင်းမြတ် သူရိယနီကို ဆွတ်ယူ၍ပီးရသည်ဟု မြင်မက်တော်မူလတ်သော် ဘုန်းအာဏာ ကျက်သရေ တောက်ထွန်းသော သားတော်ကို ဖွားမြင်ရာသည်။ စန္ဒာလကို ဆွတ်ယူပီးရသည်ဟု မြင်မက်မူလည်း စကြာမဒ္ဓာမင်းနှင့် ထိုက်သော သမီးတော်ကို ဖွားမြင်မည် အမှန်ဖြစ်ပါသည်။ ယင်းသို့အကြောင်း ရှိထုံးဟောင်း အလာဟိပါသည်။ ယခုအသျှင် မင်းကြီးမြင်မက်သော အိမ်မက်တော်တွင် နီလအစုံကို ဆွတ်ယူတော်မူ၍ မိဖုရားကြီးသို့ ပီးရသည်ဟု မြင်မက်သည့်အလို ဇမ္ဗူဒီပါကျွန်း၌ ပြိုင်ဘက်မဟိအောင် ဘုန်းရောင်ထွန်းလင်း အမင်းမင်းရို့ ၀ပ်စင်းညွတ်လာရသော သားတော်မြတ် ဖွားမြင်တော်မူပါမည်။ လရောင်ပမာချမ်းအီးစွာဖြင့် ဂုဏ်ရောင်ခသော အတုမဟိသည့်သတ္တ၀ါရို့၏ အထွတ်အထိပ်ဖြစ်တော်မူသော ဘုရားသျှင်နှင့် သားတော်
ကြုံတွိဖူးရမည် အမှန်ဖြစ်ပါသည်။ မင်္ဂလာဟိသော ကောင်းကျိုးကြီးပီးမည့် အိမ်မက်တော်ဖြစ်ကြောင်း ”

လျှောက်တင်လတ်သော် ပြည့်သျှင်မင်းကြီးသည် လွန်အားရတော်မူခြင်း ဟိ၏။ ထို့ကြောင့် အသပြာ
တထောင်တန်သော ပတ္တမြားလက်စွပ်တကွင်းစီနှင့် ဆင်ပေါက်တစီးစီ အမတ်နှစ်ယောက်အား ဆုပီးတော်မူသည်။








လျှောက်ထုံးအမှတ် (၂)

ထိုမင်းလက်ထက် ဥပါပျံနန်းပြဿဒ်ကျသည်ကို လျှောက်ထုံး။

အိမ်မက်တော်အရ ထိုမင်းသားကို ဖွားမြင်တော်မူသောအခါ၌လည်း သပိတ်လုံးခန့်ဟိသော ဥပါကြယ်သည် အနောက်အရပ်က ပျံလာ၍ နန်းတော်ပြဿဒ်၌ ကျလာသည်။ ထိုသို့ကျလာသည်ကို အမတ်ပညာဟိ မင်းတုံးစား ၀ိမလလျှောက်သည်ကား
“အသျှင်မင်းမြတ် ဥပါကြယ်ကြီးသည် အနောက်အရပ်က ပျံလာလျှက် နန်းတော် ပြဿဒ်မှာ ထွန်းသည့်အလို့ သားတော်လက်ထက်၌ ဘုံသုံးပါးတွင် အတုမဟိ မြတ်စွာဘုရား ကောင်းခင်ခရီးဖြင့် မစ္ဆိမာဒေသမှ ကြွလာတော်မူ၍ ဤရက္ခပုရတိုင်း ဓည၀တီပြည်သို့ ကြွရောက်မည့်အကြောင်းကို ပြသော တိတ်နိမိတ် မင်္ဂလာဖြစ်ပါသည်။”

ဟု လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးက စားကျေးတမြို့ပီးတော်မူသည်။ နီနှင့်လကို အကြောင်းပြု၍ သားတော်ကို “စန္ဒသူရိယ” ဟူသောအမည်ကို ပီးတော်မူသတည်း။


လျှောက်ထုံးအမှတ် (၃)

(သက္ကရာဇ် ၉၇-၁၄၉) စန္ဒသူရိယမင်းကြီး လက်ထက် မြီလှုပ် ဂြိုလ်လားမညီ ပျားစွဲသည့်လျှောက်ထုံးး။

သက္ကရာဇ် (၉၇) ရောက်သောအခါ ခမည်းတော် သီရိရာဇာမင်းကြီး လွန်တော်မူသည်။ ထိုအခါ သားတော် စန္ဒသူရိယ အိမ်ရှိမင်းသည် မိဖုရားစန္ဒိမာလာနှင့် ခမည်းတော်အရိုက်အရာ ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံတော် မူသည်။ သက်တော်ငါးဆယ့်ငါးနှစ် ဟိသောအခါ  မြီပြင်းစွာ လှုပ်သည်။ ဂြိုလ်လားမညီ ဆုတ်တက်နီသည်။ နန်းတော်မှာ ပျားစွဲသည်။ ထိုသို့အတိတ်သုံးပါးဖြစ်သည်ကို ပညာဟိအမတ်မျိုး တောင်ကုပ်စားအမတ် ဓမ္မဇေယျ လျှောက်သည်ကား

“အသျှင်မင်းမြတ် မြီလှုပ်သောအလို ဓါတ်လေးပါးအခိုးဖြင့် ဥတုသုံးပါး၌ ခိုက်သောအခါ
ကြိမ်လတ်မူ မြီတုန်လှုပ်မြဲဖြစ်ပါသည်။ ဂြိုဟ်လ်ဆုတ်တက်မညီ ဖြစ်သည်မှာလည်း နက္ခတ်နှစ်ဆယ့်ခုနှစ်လုံး စသော အတွင်းတာရာ၊ အပြင်တာရာကြယ်ရို့သည် နီအားပဌာနပြုလျှက် လားကြရာ နီသည် ဒဏ္ခိဏယျာဉ်၊ ဥတ္တရယျာဉ်၊ အလား၌လွန်၍လားသော် လရက်ရပ်၍နီသော် နာရီ၊ ဗီဇနာ၊ ခရာရို့၌ နက္ခတ်တာရာရို့သည် လကိုယှဉ်လျှက် လားမြဲ မပြုမလိုက်နိုင်ရာ ဟိ၏။ ထိုသို့အဖြစ်ကို အစိတ်အဖြာ မသိနိုင်သော သူရို့သည် ဂြိုဟ်လ်လား ဆုတ်တက်သမုတ်လီ၍ ပြက္ခဒိန်လာသည့် အလိသာဖြစ်သည်။ မင်း၌မည်သို့အပြစ်မဟိ။ နန်းတော်မှာ
ပျားစွဲသည့်အလို ထိုပျားသည်အရည်ကို ထားခ၍ပျံလတ်သော် ပြည့်သျှင်မင်းကို တိုင်းတပါးက အထူးထူးသော လက်ဆောင်ဘဏ္ဍာအသွင်း ရောက်ပေလိမ့်မည်။ အိမ်မဖွဲ့ပျံသော်လည်းကောင်း၊ အိမ်ဖွဲ့၍အရည်ကို စုပ်ယူပျံသော်လည်းကောင်း၊ ပျားပျံသောအရပ်ကို တူရူပြု၍ ခေါင်းဆီးတော်မူရပါမည်။”

ယင်းသို့ လျှောက်လတ်သော် သက်တော်ငါးဆယ့်နှစ်နှစ်တွင် အဘိက်သိတ်ခံတော်မူ၍ စန္ဒသူရိယမင်းကြီးသည် မိမိပိုင်တော်မူသော နိုင်ငံများ၌ စေတီ၊ တန်းဆောင်၊ ဘုရား၊ တန်းထား၊ ကျောင်း၊ ဇရပ်များတည်ကာ သက်တော်စိ ကောင်းမှုပြုတော်မူသည်။ ပညာဟိ အမတ်ဓမ္မဇေယျကို အဖ၀ိမလစားသောမင်းတုံးမြို့ကို ထပ်မံ၍စားကျေး ပီးတော်မူသည်။

ဆွေးနွေးချက်။

မြတ်စွာဘုရားသျှင်၏ ဘိုးတော်အဉ္စနမင်းသည် မဟာသက္ကရာဇ် (၈၆၄၅) ခုနှစ်ကို ကာဝစန္ဒေကိန်းဟူ၍ (၂)ခု ကြွင်းထားပြီးဖြိုသည်။ ရခိုင်ပြည် ရာလမာဟုမင်းနှင့် ထီးနန်းခေတ်ပြိုင် ကျပါသည်။ ရာလမာဟုမင်းသည် တကောင်းအဘိရာဇာအနွယ် ကံရာဇာကြီးမင်းဆက် (၂၄)ဆက်မြောက် ဖြစ်သည်။ စန္ဒာသူရိယမင်း၏ ခမည်းတော် သီရိရာဇာမင်း၌ ပြဆိုခသော သက္ကရာဇ် (၆၇-၉၇)သည် ဘိုးတော် အဉ္စနမင်း ဖြိုခသော သက္ကရာဇ်မှ စတင်ရွီတွက်ခြင်း ဖြစ်သည်။ ၎င်းသက္ကရာဇ် (၁၄၈) သို့ရောက်သောအခါ ပထမသင်္ဂါယနာတင် အသျှင်မဟာဿဖသည် သာသနာသက္ကရာဇ်နှင့် ညီစီရန် (၁)ခု ကြွင်းထားပြီး ဖြိုသည်။
ရာဇဂြိုဟ်ဟ်ပြည့်သျှင် အဇာတသတ်မင်းလက်ထက်ဖြစ်သည်။ ရခိုင်ပြည်စန္ဒသူရိယမင်းနှင့် ထီးနန်းအပြိုင်ကျသည်။
စန္ဒသူရိယမင်းသည် သက္ကရာဇ် (၉၇) တွင်နန်းတက်ပြီး သက် (၅၂) ၊ သက္ကရာဇ် (၁၄၉) ခုတွင် နတ်ရွာစံခသည်။
သက္ကရာဇ် (၁၄၈) ကိုဖြိုသည်နှင့် ဝကံ၍ ဖြိုပြီးသက္ကရာဇ် (၂) ခုတွင် နတ်ရွာစံသည် ဟုမှတ်ရပါမည်။


လျှောက်ထုံးအမှတ် (၄)

သူရိယကေတုမင်း လက်ထက် လင်းတငှက် သားတချီလျှက် နန်းတော်၌ ကျနားသည့်လျှောက်ထုံး။

စန္ဒသူရိယမင်းကသည် သားမြီးဆက်ကာ မင်းဆက်နှစ်ဆယ့်ငါးအဆုံး၊ သူရိယကေတုမင်းသည်
မိဖုရားသုဘာသီလနှင့် သက္ကရာဇ် (၁၉၅-၂၄၉) တွင် ဓည၀တီထီးနန်းတော်ကို ဆက်ခံစိုးအုပ်တော် မူသည်။ သားယောက်ျား မွီးဖွားထွန်းကားခြင်းမဟိ၍ သားဆုတောင်းကြလတ်သော် ငှက်လင်းတ တကောင်သည် သားတကိုချီ၍ နန်းတော်မှာလာနားသည်။ ထိုတိတ်နိမိတ်ကို ပညာဟိ အမျိုးစဉ်ဆက်လာခသော သောင်းတီးစား ဥတ္တမသီရိကျော်လျှောက်သည်ကား

“အသျှင်မင်းမြတ်၊ ငှက်မျိုးတွင် လင်းတသည် အသက်ဟိသော သတ္တ၀ါရို့၌ အသက်ကုန်မှစားပါသည်။
ငှက်သူတော်မျိုး ဖြစ်ပါသည်။ မိမိရို့လားရာသို့လည်း အစာကိုချီယူပျံလားရိုးမဟိ၊ မိဘရို့စားခသော အဟာရနှင့်သာ ကြီးမြင့်အောင် ကျွေးမွီးပါသည်။ ထိုငှက်မျိုး သားတကိုချီယူလျှက် နန်းတော်မှာနား၍ သားတကို ချခသည့်အလို ဘုန်းပညာကျက်သရေနှင့်ပြည့်စုံသော သားတော်ကို မိဖုရားဖွား မြင်တော်မူပါမည်။”

ဤသို့လျှောက်ထားသည်။ ပြည့်သျှင်မင်းသည် အမတ်ကြီးသို့ ဘိုးအနဂ္ဃထိုက်သော ပတ္တမြားလက်စွပ်တကွင်း ဆုပီးတော်မူသည်။



လျှောက်ထုံးအမှတ် (၅)

သက္ကရာဇ် (၃၀၆-၂၄၉) မဟာသူရိယစန္တရားမင်း၏သားတော် အိမ်ရှိမင်းသူရိယစန္တရားအတွက် အိမ်ရှိမိဖုရား ရွီးချယ်ရန်လျှောက်ထုံး။

သက္ကရာဇ် (၂၄၉) ခု ရောက်သောအခါခမည်းတော် သူရိယကေတုနတ်ရွာစံတော်မူသည်။ သားတော်
မဟာသူရိယစန္တရားမင်းသည် မိဖုရားသုပဘာဒေ၀ီနှင့် ပြည်ကြီးစည်းစိမ်ကို အုပ်စိုးတော်မူသည်။ (၅၇)
နှစ်နန်းစံခပြီး သက္ကရာဇ် (၃၀၆) ခုတွင် နတ်ရွာစံသည်။ ထိုမင်းကြီး၏သားတော်ကား သူရိယစန္တရား ဖြစ်သည်။
ထိုမဟာသူရိယ စန္ဒရားမင်းကြီးသည် သားတော်အိမ်ရှိမင်းနှင့် ပီးမြားရန် မင်းသမီးကို မီးတော်မူသည်။ ထိုအခါ ပညာဟိအမတ် သောင်းထီးစား ဥတ္တမသီရိကျော်လျှောက်သည်ကား

“အသျှင်မင်းမြတ်၊ ပတ္တမြားကျောက်ကောင်းရို့တွင် ဂေါပလ္လင်စသောအနာဟိလျှင် မင်းမသုံးရ၊ စိန်ကျောက်ရို့တွင် ခလုတ်တောစာငယ်နာမစင်၊ တောကြောင်မွှီးမှင် စသောအပြစ်မကင်းလျှင် မင်းမသုံးထိုက်၊ မျိုးစပါးရို့မှာလည်း အရောရောပါလျှင် အပင်အသီးမညီ၊ ရွှေ၌လည်း ကြီးနီ၊ သံမလွတ်လျှင် အရည်အသွီးမပြောင်၊ ထို့အတူ သာကီဝင်မင်းရို့၌လည်း နွယ်တော်သန့်စင်မှ အမျိုးသန့်စွာစဉ်လာကြီးမြင့် အကျင့်မဖောက်စီလို၍ ရှိဘီးလောင်းဘီတော်၊ ခမည်းတော် ထီးနန်းမင်းဆက် မောင်နှမရင်းချာ ပီးမြားတော်မူခကြောင်း ထုံးဟောင်းနှင့်
ဖြစ်ပါသည်။ သားတော်နှင့်သမီးတော် စောစန္ဒီကိုပီးမြားလျှင် သင့်မြတ်တော်မူပါသည်။ ”

ဤသို့လျှောက်လတ်သော် သူရိယစန္တရားနှင့် သမီးတော်စောစန္ဒီကို မောင်နှမရင်းချာ ပီးမြားတော်မူသည်။ ပညာဟိအမတ်ကို ငွေအသပြာတရာဆုပီးသနားတော်မူသည်။ သူရိယစန္ဒရားမင်းကြီးသည် သက္ကရာဇ် (၃၀၆) နန်းတက်ပြီး၊ (၃၅၅) တွင်လွန်သည်။

ဆွေးနွေးချက်။
လျှောက်ထုံးအမှတ် (၄) ၌ပြဆိုခသောသက္ကရာဇ် (၁၉၅-၂၄၉) သည် န-၀-ခ-ဆ (ဓနဉ္စကိန်း) (၆၀၉) ဖြင့် ဖြိုရန်သက္ကရာဇ်ဖြစ်သည်။ စန္ဒသူရိယမင်းမှ (၁၆) ဆက်မြောက် သူရိယစိတြမင်းသည် ဓနဉ္စကိန်းအရ၊ သက္ကရာဇ် (၆၀၉) ခုကိုဖြိုသည်။ အိန္ဒိယသကမင်းလည်း ၎င်းင်းသက္ကရာဇ် (၆၀၉) ခုကို န၀ခဆကိန်းဟုဖြိုသည်။ ထို့နောက် စန္ဒသူရိယမင်း၏အနွယ်တော် (၃၂) ဆက်မြောက်ဖြစ်သော (ဝေသာလီကျောက်လှီကားမြို့) သီရိစန္ဒြားမင်း လက်ထက် ဥတ္တမကိန်းအရ၊ သက္ကရာဇ် (၅၆၀) ကိုဖြိုသည်။ မြန်မာပြည် ပုပ္ပါးစောရဟန်းမင်းလည်း ၎င်းင်းသက္ကရာဇ် (၅၆၀) ကိုဖြိုသည်။ ထို့နောက်ဖြစ်သောသက္ကရာဇ်သည် ယခုသုံးနီသော ကောဇာသက္ကရာဇ်ဖြစ်သည်။


လျှောက်ထုံးအမှတ် (၆)

စူဠစန္ဒရားမင်းအား ရှိထုံးမဖျက်သင့်ကြောင်းလျှောက်ထုံး။

သက္ကရာဇ် (၅၆၀) ကိုဖြိုခသော သီရိစန္ဒရားမင်းမှသုံးဆက်မြောက်ဖြစ်သော မြီးတော်စူဠစန္ဒရားမင်းသည် ကောဇာ (၉၅) ခုတွင် မိဖုရားကြီးစန္ဒာဒေ၀ီနှင့် ဝေသာလီထီးနန်းကို ဆက်ခံစိုးအုပ်တော်မူသည်။ ထိုမင်းသည် မင်းကောင်းတပါးပင်ဖြစ်သည်။ သို့ရာတွင် ပျက်ချိန်ဆိုက်လာသောအခါ အကျင့်စရိုက် ဖောက်ပြန်လာသည်။ စူဠစန္ဒရားမင်းသည် ကုလားမင်းကဆက်သော ကုလားမင်းသမီး၊ ပြူမင်းကဆက်သော ပြူမင်းသမီးရို့ စကားကိုရာ နားထောင်လျှက် အပျော်အပါးများလာသည်။ တောတောင်အနှံ့ လှည့်ပတ်ပျော်ရွှင်နီလေ့ ဟိသည်။ ပညာမဲ့သောသူရို့ကို အပေါင်းအဖော်ပြု၏။ တိုင်းပြည်ရေးရာရို့၌ပေါ့လျှော့သည်။ ထိုအခြေကိုပြုပျင်နိုင်ရန် ရှိပညာဟိမှုးမတ်မျိုးစဉ်လာ စစ်တကောင်းမြို့စား ၀ိဓိုရ်ရအမတ် လျှောက်သည်ကား

“အသျှင်မင်းမြတ်။ ရှိဘီးတော်၊ ခမည်းတော်ရို့ထုံးကို ဖျက်သင့်သည်မဟုတ်ပါ၊ ရာဇသေဌ်နင်းမင်းစဉ်ဖြစ်လျှက် အပျက်အချော်၊ သရော်ကြမ်းတမ်း၊ သော့သွမ်းသောအမှုကိုမလေ့လာရာ၊ မင်းရို့စကား၊ အမှားထွက်ဝင်၊ ဆိုချေလျှင်မူ၊ ပြည်သူရိပါး၊ စစ်မက်များသည်။ အပျော်အရွှင်သဘင်ပြွမ်းသော် လူသွမ်းသည်။ အမှုတကာ၊ ယုတ္တာယုတ္တိ၊ မင်းမညှိလျှင်၊ ပြည်ရိသည်။ ချောပစ်စကား၊ မင်းပါးအမတ်၊ လျှောက်တင်လတ်သော်၊ ရိပွတ်တသတ္တ၀ါ၊ မြို့ရွာကျေးကျွန်း၊ မုသားထွန်းသည်။ ဥတုရာသီ၊ မညီနီလ၊ အာကာသဓါတ်၊ နက္ခတ်ဂြိုဟ်လား၊ မတရားလျှင်၊ နားဖျားလည်းထူး၊ ခိုးသူနှောင့်ယှက်၊ မိုးလည်းဖျက်သည်။”

ထိုသို့ရှိထုံးဟောင်းနှင့်အညီလျှောက်လတ်သော်လည်း ထိုမင်းသည် အမျိုးအရိုးမှန်လျှက် လူပျက်ရို့စကားကိုနားထောင်မိလီ၍ ရီ၌အပျော်ကျုးလွန်ကာ လှည့်ပတ်ရာအရပ်၌ ရီနစ်၍အနိစ္စရောက်ရသည်။ ထိုမင်းအနိစ္စရောက်သောနှစ်ကား (၁၃၁) ခုနှစ်ဖြစ်သည်။



လျှောက်ထုံးအမှတ် (၇)

ဒသရာဇာမင်းလက်ထက် ဘိက်သိက်တော်အစီအရင်လျှောက်ထုံး။

အထက်စူလစန္ဒရားလွန်ပြီးနောက် သက္ကရာဇ် (၄၈၅) ခုတွင် ကာလိယမင်း၏ သားတော်ကုမ္မာဘသသည် သက်တော်ဆယ်နှစ်ဟိလတ်၍ ဓည၀တီပရိန်မြို့တော်ဝယ် ထီးနန်းတက်တော်မူသည်။ ဒသရာဇာအမည်ကို ခံတော်မူသည်။ သက်တော် (၁၅) နှစ်ဟိသောအခါ အဘိက်သိက်ခံရန်မိန့်တော်မူသည်။ ထိုသို့ မိန့်တော်မူသောအခါ အဘိက်သိက်သဘင်ဝယ် ကိရိယာအင်္ဂါစုံအပ်ကြောင်း ရှိပညာဟိအမျိုးအမတ်က၀ိကျော် လျှောက်တင်သည်ကား

“နွယ်မြစ်စဉ်လာ၊ မြတ်ရာဇာရို့၊ စကြာရောက်ရာအကြောင်းပေ။ ပရမေဘုန်းသမ္ဘာ၊ မဟာဇိနိ၊ သာကီဧကရာရို့၊ ကြီးကျယ်စွာမင်းတံဆိပ်၊ ဘိက်သိက်တော်ခံ၊ တိုင်းနိုင်ငံကို၊ စိုးစံကွပ်ညှပ်နှိပ်၍၊ လူရို့ထိပ်ရှိစဉ်လာ၊ ဘိက်သိက်သွန်းရိုး၊ မော်ကွန်းထိုးသည်၊ မင်းမျိုးမြတ်ကညာနှင့်၊ လက်ယာရစ်ခရုသင်း၊ မင်းရို့သုံးရ၊ ဗြာဟ္မဏလည်း၊ မူလသိက္ခာရင်းနှင့်၊ မယွင်းကျမ်းအမှာ၊ မှီစွာကျင့်ရိုး၊ ဘီးဘိုးဆင်းသက်၊ ဘိသိက်ဆက်မှန်ရာ၏။ ဂင်္ဂါငါးရပ်ရီ၊ စီးလီမမြန်၊ ၀စ္ဆံကြာမျိုး၊ မညှိုးပန်းသပြီနှင့်၊ ညွန့်ဝီ၀ီမြက်မြီဇာ၊ ရီသဖန်းပျဉ်၊ ယှဉ်သည့်နံသင့်ရာ၌၊ ပန်းစုံစွာသစ်လေးပင်၊ တောင်မြောက်လေးရပ်၊ တင့်အပ်စိုက်ထားကျင်မှု၊ စစ်အင်္ဂါလေးပါးခင်း၊ ပုဏ္ဏားငါးရာ၊
ဖြူစွာခရုသင်းနှင့်၊ သဲတလင်းညီညွတ်ရာ၊ ဂင်္ဂါမြစ်ကမ်း၊ ပွဲလမ်းမပြတ်၊ မဏ္ဍပ်သုံးဆောင်မှာလည်း၊ ဖြူဝါနီဆင်စရိုး၊ နပျိုးကြံအုန်း။ ပင်လုံးသီးပင်၊ ၀န်းကျင်ရီဖြည့်၊ ရီပြည့်အိုးနှင့်၊ မညှိုးသပြီဒန်းဆတ်သွားတည့်။ ချရားခက်ဆိုင်၊ စံကားလှိုင်၍၊ သင်းဝကိင်စီကြောင်းထားလော့၊ ဖြောင့်မမှားသည်၊ တရားလိမ္မာ၊ အမတ်သူဌီး၊ ဘီးဘိုးရိုးမှန်စွာနှင့်၊ မင်္ဂလာအခါနက္ခတ်ကောင်း၊ ပညာမြော်မြင်၊ ရီမြီ့သျှင်လည်း၊ ဂုဏ်လျှင်အသိ၊ ဂတိလေးပါး၊ တရားတည်စီ
ကြောင်းတည်း။ ရှိထုံးဟောင်းကျမ်းအလာ၊ မညီယုတ်တက်၊ ပေါ့ပျက်မဟိသာတည်း။ ကြီးတေဇာကျွန်းလုံးမိုး၊ ဘိက်သိက်ခံပြီး၊ သစ္စာကြီးသည်၊ စောထီးမင်းကောင်းမျိုးရို့၊ ဆိုရိုးရှိအမှာ၊ ကိုယ်၏အသက်၊ ပရွက်ခြပုံး၊ နှလုံးမခြားသာတည်း။ သတ္တ၀ါကို၊ မိတ္တာစုံခွီရစ်၊ ညွန့်သစ်တက်ဝီ၊ ကျက်သရီကြောင့်၊ ဖြိုးဝီလူနတ်ချစ်၏။ လေးပါးအပြစ်ချင်းချင်းကွာ၊ ပြည်သူလုပ်ခွန်၊ မလွန်စားဘို့ရာသည်၊ မဟာနွယ်စစ်၊ ဘုန်းပွင့်သစ်။ ရဟန်းသိက္ခာ၊ မင်းမှာဘိသိက်၊ သူတော်စိတ်သည်၊ မဖိတ်ကျင့်ရိုး၊ မြတ်အကျိုး။ ”

ဟူ၍ရှိထုံးဟောင်းစာတမ်းဖြင့် လျှောက်ထားသည်။
ထိုသို့ရှိထုံးဟောင်းစာတမ်းဖြင့်လျှောက်တင်သော် ရှိဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့ ထုံးနည်းအတိုင်း၊ နှစ်ဦးအပေါ် ကဆုန်လဆန်း (၁၅) ရက်နိ၌လည်းကောင်း၊ မြီမနာနီလနက္ခတ်မပုတ်သောနှစ်၌လည်းကောင်း၊ နက္ခတ်မပြိုသော နှစ်၌လည်းကောင်း၊ ဘိက်သိက်ခံရန်မဏ္ဍပ်သုံးဆောင်လုပ်ရသည်။ ယင်းသို့ဆောက်လုပ်ရာ၌ ဂင်္ဂါမြစ်နား၌ မြီဖြူမြီနီဟိသော၊ သေလောဒကမြီ၌လည်းကောင်း ဘုရားကျောင်းမြီလွတ်သောအရပ်၌
လည်းကောင်း၊ ကျက်သရေမင်္ဂလာဟိရာအဉ္စနနဒီမြစ်နား၊ ပရိန်မြို့မှအရှိတောင်ဘက်ကျသော ဂဟပတိအရပ်ကို မဏ္ဍပ်သုံးဆောင်ဆောက်လုပ်ရန် ရွီးချယ်သတ်မှတ်သည်။ ထိုနီရာသို့ ကလိန်တောင်မြီ၊ အမရာတောင်မြီ၊ သီရိဂုဏ်တောင်မြီ၊ ကတညုတတောင်မြီ၊ နီလာတောင်မြီ၊ မောရပဗ္ဗတတောင်မြီရို့ကို ဆောင်ယူ၍ထားရသည်။

မဏ္ဍပ်ဆောက်လုပ်ရန် သစ်၊ ၀ါး၊ ကြိမ်ရို့ကို အသည်သားရို့က အရင်းအဖျားမမှားစီရ မှတ်သားခုတ်ယူ၍ ပီးရသည်။ အမိုးအကာကို ကန့်လန့်ကာရွက်ဖျင်ရို့ဖြင့်ပြုလုပ်ရန် တလိုင်း၊ မြှောက်စည်သားရို့က ရှာဖွေပီးရသည်။ ယင်းသို့ သစ်၊ ၀ါး၊ ကြိမ်နွယ်အမိုးအကာရို့စုံလင်လတ်သော် မဏ္ဍပ်ဆောက်လုပ်ရန်နီရာ၌ ရွှေထွန်၊ ငွေထွန်၊ သံထွန်ရို့ဖြင့် မြီညီအောင်ထွန်ကြရသည်။ ထိုသို့ထွန်ကြရာ၌ ရွှေထွန်ကို မျိုးရိုးစဉ်ဆက်သူဌီးမှန်သူ၏သားသည် ၀ါမောင်းသော
တန်ဆာကိုဆင်လျှက် ထွန်ရသည်။ ငွေထွန်ကို မျိုးရိုးစဉ်ဆက်မှန်သောသူကြွယ်၏သားသည်
နီမောင်းသောတန်ဆာကိုဆင်လျှက် ထွန်ရသည်။ သံထွန်ကို မျိုးရိုးစဉ်ဆက်ကြီးသော တောင်သူကြီး၏သားသည် စိမ်းသောတန်ဆာကိုဆင်လျှက် ထွန်ရသည်။

ထိုသုံးမျိုးသောထွန်ရို့၌ နွားလားဥသဖနှင့်ချည်း ထွန်ကြရသည်။ ယင်းသို့ထွန်ပြီးသောမြီ၌ နွားနို့ရည်ကို
အနှံ့ဖြန်းရသည်။ ပြီးသော် နွားချီမှုန့်အနှံ့ဖြူးရသည်။ ပြီးပြန်သော် မုယောပြောင်း၊ ပဲ၊ နှမ်း၊ စပါးရို့ကို
ကြဲဖြန့်ရသည်။ ထိုသို့ကြဲဖြန့်ပြီးလျှင် ရာဇမတ်ထောင့်ခြုံလုံစွာကာလျှက် ဟုန်းနတ်ပူဇော်သော ပုဏ္ဏားရို့က၊ စန္ဒီပရမိသွာ၊ ဗိဿနိုးစသောနတ်ရို့ကို လှည်းရထားဖြင့်တင်၍ ရာဇမတ်ကျမ်းလာ ဂါထာမန္တာန်ရို့ကိုရွတ်ဖတ်ရ၏။ ယင်းသို့ရွတ်ဖတ်ပြီးလတ်သော် ပရောဟိတ်တဆယ့်နှစ်ပါးသည် ဘူမိဇာလစသော အောင်ခြင်းသျှစ်ပါးအစုံ မင်္ဂလသုတ်၊ ရတနသုတ်စသောပရိတ်ရို့ကို ရွတ်ရ၏။ သံဃာတော်တဆယ့်နှစ်ပါးရို့က ကမ၀ါစာလည်း ဖတ်ကြသည်။ ယင်းသို့ပြုပြီးသော် နတ်ပူဇော်သောပုဏ္ဏားရို့က သရဏာသရဟိန္ဒဘူမိဇာလဂါထာရွတ်လျှက် ခရုသင်းသံပီးရ၏။ ယင်းသို့ပြီးလတ်မူ မင်္ဂလာမဏ္ဍပ်ဆောက်လုပ်ရန် သစ်၊ ၀ါး၊ ကြိမ်၊ အမိုး၊ အရံ၊ ကန့်လန့်ကာရို့၌ ပရိတ်တော်ရည်၊ ခရုသင်းရည်ရို့ဖြင့် ဖြန်းပီးရသည်။ ယင်းသို့ပြီးမှ ဟူးရားသွီး
ပုဏ္ဏားလေးယောက်နှင့် ဟူးရားတတ် ပုဏ္ဏားတရာ့သျှစ်ယောက်ရို့သည် ဖြူစင်သောအ၀တ်တန်ဆာဆင်လျှက် ပနက်ချအခါကို စောင့်၍နီရသည်။

ပန္နက်ချရန်သင်္ဘောသားရို့မှာ ညိုသောတန်ဆာကိုဆင်လျှက် ရွှေပနက်ကိုကိုင်ရသည်။ ပရိတ်ရွတ်သောပုဏ္ဏားရို့မှာ နီသောတန်ဆာကိုဆင်လျှက် ငွေပနက်ကိုကိုင်ရသည်။ လယ်သူကြီးရို့မှာ ပြာသောတန်ဆာကိုဆင်လျှက် သံပနက်ကိုကိုင်ရသည်။ ထိုသို့စုံလင်စွာကိုင်နီလင့်၍ အခါနာရီစောင့်ရသည်။ နက္ခတ်ကောင်းသောအခါ နာရီရောက်လတ်သော် မီးပေါက်ခုနှစ်လုံးကို ခုနှစ်ကြိမ်ဖောက်၍ မောင်း၊ ကြီးနင်း၊ ခွက်ခွင်း၊ ဒုံမင်း၊ ခရုသင်းရို့ကို အသံစုံအောင်တီးမှုတ်ကြပြီး တပြိုင်နက်တည်းချရသည်။

ထိုမဏ္ဍပ်ကို အသည်သားရို့ဆောက်လုပ်မိုးကာရသည်။ မဏ္ဍပ်ရို့ကား သီဟာသနမဏ္ဍပ်၊ ဂဇာသနမဏ္ဍပ်၊ မောရသနမဏ္ဍပ်ဟူ၍ သုံးမည်သုံးဆောင်ဖြစ်သည်။ ထိုမဏ္ဍပ်သုံးဆောင်တွင် သီဟာသနမဏ္ဍပ်၌ ဖြူသော တန်ဆာဖြင့်ခြယ်ရသည်။ ဂဇာသနမဏ္ဍပ်ကို နီမောင်းသောတန်ဆာဖြင့် ခြယ်ရသည်။ မောရာသနမဏ္ဍပ်ကို ညိုမောင်းသောတန်ဆာဖြင့်ချယ်ရသည်။ ယင်းသို့ဆင်ပြီးသောအခါ သီဟာသနမဏ္ဍပ်မှာ ပရိတ်ရွတ်ပုဏ္ဏားရို့ စောင့်၍နီရသည်။ ဂဇာသနမဏ္ဍပ်မှာ သင်္ဘောသားရို့ စောင့်ရသည်။

ဘိက်သိက်သွန်းရန်အတွက် ဘာဂီရနဒီဂင်္ဂါမြစ်ရီကို ဒါဂါစားက ရွှေအိုးခုနှစ်လုံးနှင့်ထည့်၍ ပွဲသဘင်အစုံ
တီးမှုတ်လျှက် ပို့ဆက်လာရသည်။ သတ္တဘောဋိဂင်္ဂါမြစ်ရီကို မောက်သူဇာစား၊ သလ္လာနဒီဂင်္ဂါမြစ်ရီကို
စစ်တကောင်းစားရို့သည်လည်း အထက်နည်းတူ ပွဲသဘင်စုံနှင့်ပို့ဆက်ကြရသည်။ အရုဏ၀တီမြီကို မြို့သစ်စားက လည်းကောင်း၊ ဥတ္တရမဓုမြီကို မိုးစဲစားကလည်းကောင်း၊ ပွဲလမ်းသဘင်စုံနှင့် ပို့ဆက်ရသည်။ ရွက်မညှိုးပန်းကို စိန်တင်စားက ပွဲလမ်းသဘင်စုံနှင့် ပို့ဆက်လာရသည်။ ကစ္ဆပနဒီမြစ်ရီ၊ အဉ္စနနဒီမြစ်ရီရို့ကို ခပ်မည့်အခါ ကောင်းသောနက္ခတ်ရောက်လတ်သော် အမျိုးအစဉ်နန်းရိုးမှန်သော မင်းသားသျှစ်ယောက်၊ အမျိုးအရိုးမှန်သော ဘိက်သိက်မင်္ဂလာ ပုဏ္ဏားသမီးသျှစ်ယောက်၊ အမျိုးအရိုးမှန်သော သူဌီးသမီးသျှစ်ယောက်၊ အမျိုးအရိုးမှန်သော သူကြွယ်သမီးသျှစ်ယောက်ရို့သည် ဆန်းကြယ်လှပသောအ၀တ်တန်ဆာကိုဝတ်ဆင်လျှက် မင်းသမီးရို့မှာ ရွှေအိုး၊ ပုဏ္ဏားသမီးရို့မှာ ငွေအိုး၊ သူဌီးသမီးရို့မှာ ကြီးအိုး၊ သူကြွယ်သမီးရို့မှာသဲအိုးရို့ကို စုံလင်အောင် ကိုင်ဆောင်ကြရသည်။

ဘိက်သိက်ဆက် မင်္ဂလာပုဏ္ဏားသျှစ်ယောက်နှင့် စကြာဝတေးလေးယောက်၊ အမတ်သျှစ်ယောက်၊ သူဌီး၊ သူကြွယ်၊ တောင်သူကြီး၊ သင်းတော်မှုးသျှစ်ယောက်စီ ၎င်းင်းရို့အားလုံးသည် ရီခပ်မြစ်ဆိပ်သို့ တူရိယာအစုံအလင် တီးမှုတ်၍လားကြရသည်။ မြစ်ဆိပ်သို့ရောက်သော် မင်းသမီးရို့သည် ငှက်ဆင်လှီတော်မှာစီးရသည်။ ပုဏ္ဏားသမီးရို့သည် ရွှေလောင်းလှီတော်မှာ၊ အမတ်သမီးရို့သည် လွမ်းကျင်လှီတော်မှာ၊ သူဌီးသမီးရို့သည် ဗားမဲ့လှီတော်မှာ၊ သူကြွယ်သမီးရို့သည် ရူးကျောင်းလှီတော်မှာ ဘိက်သိက်ပုဏ္ဏားရို့သည် သက္ကဒါန် လှီတော်မှာစီးရသည်။ အမတ်သျှစ်ယောက်ရို့သည် အားလပ်သောလှီတော်၌စီးကြရသည်။ သူဌီးသူကြွယ်ရို့သည် ဂျတ်လှီတော်မှာစီးရသည်။ တောင်သူကြီးနှင့်သင်းမှူးရို့သည် သရီလှီတော်မှာစီးကြရသည်။ ဤသို့ အသီးသီးလှီပေါ်၌ စုံညီဟိသောအခါ မီးပေါက်ခုနှစ်လုံး သုံးချက်စီဖောက်ပြီး လှီတော်ထွက်သည်။

နတ်ပူဇော်သောပုဏ္ဏားရို့သည် ခရုသင်းမှုတ်၍လိုက်ရသည်။ စောင်းတီးပုဏ္ဏားရို့က စောင်းတီးလျှက်လိုက်ရသည်။ ရီခပ်မည့်အခါ ကောင်းသောနက္ခတ်တိုင်လျှင် မီးပေါက်ခုနှစ်လုံး၊ ခုနှစ်ကြိမ်ဖောက်၍ တူရိယာအသံ ဆယ်ပါးစုံအောင်တီးမှုတ်ပီးရသည်။ ရီခပ်မည့်သူများခပ်ကြရသည်။ ရီခပ်ပြီးသောအခါ လှီများကမ်းသို့ ပြန်ကပ်လာရသည်။ ကမ်းသို့ရောက်လျှင် မီးပေါက်ခုနှစ်လုံး သုံးချက်စီဖောက်သည်။

ကမ်းသို့ရောက်ကြပြီးသော် လာရင်းအစီအစဉ်အတိုင်း မဏ္ဍပ်သို့လားကြရသည်။ မဏ္ဍပ်သို့ရောက်သောအခါ ပန်းတင်ပုဏ္ဏားရို့ကပန်းကိုလမ်းအပြည့်ကြဲခင်းထားရသည်။ စီရီရီခပ်သားရို့လည်း လမ်းတလျှောက်လုံး ရီဆွတ် ဖြန်းထားရသည်။ ပရိတ်ရွတ်ပုဏ္ဏားရို့ကလည်း ပရိတ်ရွတ်လျှက်နီကြရသည်။ မင်းသမီးနှင့်ပုဏ္ဏားသမီးရို့ ခပ်သောရီကို သီဟာသနမဏ္ဍပ်၌ထားရသည်။ အမတ်သမီးရို့ခပ်သောရီကို ဂဇာသနမဏ္ဍပ်၌၊ သူဌီးသမီး၊
သူကြွယ်သမီးရို့ခပ်သောရီကို မောရာသနမဏ္ဍပ်၌ထားရသည်။ ဤသို့ရီထားကြရာ၌လည်း မီးပေါက်ခုနှစ်ချက် ဖောက်လျှက် တပြိုင်နက်တည်းထားကြရသည်။ မဏ္ဍပ်ကို ထိုသို့စီရင်ခင်းကျင်းပြီးလတ်သော် နန်းတော်မှသည် မင်္ဂလာမဏ္ဍပ်သို့ရောက်သည်ထိ နီပြောက်မထိုးစီရ။ ရွှေဖျင်၊ ငွေဖျင်ရို့ဖြင့် မိုးကာရ၏။ ထိုလမ်းတလျှောက်
လက်ဝဲလက်ယာရို့၌ ကြံ၊ နပျိုး၊ အုန်းပင်ရို့ကိုစိုက်ထားရသည်။

မင်္ဂလာမဏ္ဍပ်တွင်း၌လည်း သီးမျိုးစုံချိတ်ဆွဲထားရသည်။ ကြံ၊ အုန်း၊ နပျိုး၊ ဒန်း၊ ဆတ်သွားသပြီ၊ ထိန်၊ ကုက္ကို၊ လက်ပံပင်များကို လည်းမညှိုးမနွမ်းရအောင် ပြုစုစိုက်ပျိုးထားရသည်။ မြို့တွင်း၊ မြို့ပြင်လမ်းရို့၌လည်း အလားတူ သစ်ပင်ပန်းပင်ရို့ကို လမ်းအပြည့်လှပအောင်စိုက်ပျိုးထားရသည်။ လမ်းတလျှောက်ရီအိုးစင်များထားဟိပြီး၊ ရီပြည့်အိုးများထားဟိရသည်။ နတ်ကြီးသျှစ်ပါးကိုလည်း နတ်သည်ရို့က အချိုပွဲပြုလုပ်ခင်းကျင်းပွဲပီးရသည်။ ယင်းသို့အလုံးစုံပြီးကုန်လတ်သော် ပြည့်သျှင်မင်းကြီးသည် ဗြဟ္မာမင်းကဲ့သို့ တန်ဆာကိုဆင်တော်မူ၏။ မိဖုရားသည်လည်း နတ်မင်းမိဖုရားကဲ့သို့ တန်ဆာဆင်တော်မူ၏။ ဆင်စီး၊ မြင်းစီးရို့လည်း စစ်ဝတ်တန်ဆာ
အပြည့်ဆင်လျှက် ရှိတဆယ့်နှစ်တပ်၊ နောက်တဆယ့်နှစ်တပ်စီရင်ထားဟိသည်။ ရှိတွင်တပ်ဆယ့်နှစ်တပ်မှာ လက်ဝဲအမတ်၊ လက်ယာအမတ်၊ ရှိဝင်းမှူး၊ လက်ဝဲ၀င်းမှူးရို့သည် အစဉ်အတိုင်းလိုက်ရသည်။ နောက် တဆယ့်နှစ်တပ်မှာလည်း အနောက်မျက်နှာမူးမတ်၊ လက်ဝဲလက်ကျာဝင်းမှူးရို့လိုက်ရသည်။ မင်းမိဖုရားလားတော်မူရာ၌ စစ်အင်္ဂါလေးပါး စုံလင်အောင်လိုက်ရသည်။ မင်းမိဖုရားလားတော်မူသော အမိုးတွင်း လမ်း၌ လိုက်ရသည်ကား မင်းကြီးရှိ လက်ဝဲလက်ယာဘိက်သိက်သွန်းမင်္ဂလာ ပုဏ္ဏား (၁၀၀)၊ ၎င်းတရာတွင်
လက်ဝဲက စကြာဝတေးပုဏ္ဏားနှစ်ယောက်၊ လက်ယာက စကြာဝတေးပုဏ္ဏားနှစ်ယောက်၊ ပုရောဟိတ်
ပုဏ္ဏားအကြီးသည် န၀ရတ်စီသောခရုသင်းကို ရွှေပန်းတောင်းနှင့်ထည့်၍ လက်နှစ်ဖက်စုံဖြင့် ကောင်းစွာကိုင်လျှက် လိုက်ရသည်။ ဟူးရားတိုင်လေးယောက်နှင့် ဟူးရားတတ်ပုဏ္ဏားတရာ၊ နတ်ပူဇော်ပုဏ္ဏားတရာ၊ စောင်းတီး ပုဏ္ဏားတရာ၊ ပရိတ်ရွတ်ပုဏ္ဏားတရာ၊ ပန်းတင်ပုဏ္ဏားတရာ ထိုငါးရာသောပုဏ္ဏားရို့သည် ခရုသင်းမှုတ်၍ လိုက်ရသည်။ ဘိက်သိက်သွန်းမင်းသမီးသျှစ်ယောက်၊ ပုဏ္ဏားသမီးသျှစ်ယောက်၊ သူဌီးသမီးသျှစ်ယောက်၊ သူကြွယ်သမီးသျှစ်ယောက်ရို့လည်း လိုက်ကြရသည်။ ကောင်းသောအခါရောက်လတ်လျှင် မြှောက်စည်၊ ဒုံမင်း၊ မောင်း၊ ကြီးနင်း၊ ခွက်နင်း၊ ပတ်သာ၊ ခရုသင်း၊ စောင်းညှင်းစသောအသံဆယ်ပါးဖြင့် မြောက်လျှင်းစီ၍ မီးပေါက်တဆယ့်ငါးလုံး ခုနှစ်ကြိမ်ဖောက်ပြီးသောအခါ၌ န၀ရတ်ကိုးပါးစီခြယ်ပြီးသော် ရတနာထမ်းစင်၌
မိဖုရားကြီးနှင့်အတူစီးတော်မူလျှက် ထွက်တော်မူသည်။

မင်္ဂလာမဏ္ဍပ်သို့ ရောက်တော်မူသောအခါ၌လည်း ထိုနည်းတူမီးပေါက်ဖောက်ရသည်။ ယင်းသောအခါ
ပုဏ္ဏားတဆယ့်နှစ်ယောက်ရို့သည် မြတ်စွာဘုရားဟောတော်မူအပ်သော ပိဋကတ်တော်ကို ဆောင်ယူလာခပြီး၊ သီဟာသနမဏ္ဍပ်၌ထားရသည်။ တရာ့သျှစ်ပါးဟိသော ၀ိနည်းဓိုရ်ဆရာတော်ရို့သည် နန်းတော်သို့ကြွလာပြီး နန်းတော်စွန်းတွင် ပရိတ်တရားတော်ကိုရွတ်ကြသည်။ နန်းကို ပြည်စိုးကြီးအမတ်ကဆီးရသည်။ ပြည့်သျှင်
မင်းကြီးသည် မောရာသနမဏ္ဍပ်၌ရီချိုးတော်မူ၍ ဂဇာသနမဏ္ဍပ်တွင် ခေါင်းဆီးတော်မူသည်။ ပြီးမှ-

“ဗုဒ္ဓဉ္စ ဓမ္မဉ္စ သံဃဉ္စ သရဏံ ကတော ဥပါသတ္တံ မံဒေထ၊ သကျပုတ္တ သာသနေသဒါ သရဏ
မုပေတိ”

ဟူသောဂါထာကို မင်းကြီးရွတ်တော်မူ၍ သီဟာသနမဏ္ဍပ်အလယ်၌ ရွှေအင်းပျဉ်ဖြင့်ပြီးသော
ရီသဖန်းပျဉ်ဝယ် ထိုင်တော်မူသည်။ ယင်းသောအခါ မင်းသမီးသျှစ်ယောက်ရို့သည် ဆန်းကြယ်သော
တန်ဆာကိုဆင်လျှက် မင်းရှိတူရူနီလီ၍ န၀ရတ်စီခြယ်သော လက်ယာရစ်ခရုသင်းကိုကိုင်ပြီးသော် ဂင်္ဂါငါးရပ်ရီကို စုံလင်စွာထည့်ရသည်။ ရီထည့်ပြီးသော် လက်နှစ်ဖက်စုံဖြင့် ကောင်းမွန်ရိုသေစွာ ကိုင်ပြီးလျှင် မင်းကြီးဦးခေါင်း၌ စိုက်ရသည်။

“အသျှင်မင်းကြီး။ ရှိကမ္ဘာအစဉ်၌ဖြစ်သော မဟာသမတမင်းကောင်းမင်းမြတ်ရို့ ကျင့်တော်မူသောတရားတော်ကို မြဲစွာကျင့်ဆောက်တည်တော်မူပါလော့။
အသျှင်မင်းကြီး။ ခပ်သိမ်းသောပြည်တောင်မင်းရို့ကို အမျက်မလွန်စီခြင်း၊ ခပ်သိမ်းသောသူရို့ကို ကောင်းစွာချီမြှောက်စီခြင်း၊ ခပ်သိမ်းသောသူရို့အား ရင်ဝယ်သားတမျှချစ်ခင်သနားခြင်း၊
ခပ်သိမ်းသောသူရို့၏အစီးအပွားကို စောင့်ယှောက်ခြင်း၊ ခပ်သိမ်းသောသူရို့၏အသက်ကို ကိုယ်တော်၏ အသက်ကဲ့သို့ ထင်မှတ်ခြင်းပြုတော်မူပါလော့။
အသျှင်မင်းကြီး။ လောဘ၊ ဒေါသ၊ မောဟရို့၏ပိတ်ပင်ခြင်းကိုကင်းစီ၍ မိုက်မဲသော အ၀ိဇ္ဇာမောဟတရားကို လင်းတော်မူပါလော့။
အသျှင်မင်းကြီး။ ကျက်သရေဟိသောအမှုကိုရာပြုတော်မူခြင်း၊ ကျက်သရေဟိသော စကားကိုရာ ဆိုတော်မူခြင်း၊ ကျက်သရေဟိသောလုံ့လအကြံကိုရာ ပြုကံခြင်းရို့ကို ပြုတော်မူပါလော့။ ”

ဤသို့သောစကားရို့ကို မင်းသမီးသျှစ်ယောက်ဆို၍ မင်းကြီးထိပ်တင်၌ ဘိက်သိက်ရီစင်ကိုသွန်းကုန်၏။
ထို့နောက်တဖန် ဘိက်သိက်မင်္ဂလာတော်အရ အမျိုးအရိုးမှန်သော ပုဏ္ဏားသျှစ်ဦးရို့သည် ဂင်္ဂါငါးရပ်ရီကို လက်ယာရစ်ခရုသင်း၌ထည့်ပြန်၍ လက်နှစ်ဖက်ကိုစုံပြုပြီးကိုင်လျှက် မင်းကြီးဦးခေါင်း၌စိုက်ရပြန်သည်။

“အသျှင်မင်းကြီး။ ဣတိပိသောဘဂ၀ါ အစဟိသောဂုဏ်တော်၊ သွက္ခတောအစဟိသောတရားဂုဏ်တော်၊ သုပတိပန္နောအစဟိသော သံဃာ့ဂုဏ်တော်ရို့ကိုအာရုံပြု၍ သာသနာတော်ထွန်းလင်းအောင် ပြုတော်မူပါလော့။
အသျှင်မင်းကြီး။ ခပ်သိမ်းသောသတ္တ၀ါအပေါင်းရို့အား ကိုယ်တော်၏သားနှင့်အမျှချစ်ခင်ခြင်း၊ ပြည်သူရို့စီးပွားကို ကိုယ်တော်၏စီးပွားကဲ့သို့ ထောက်ထားစောင့်ယှောက်တော်မူပါလော့။ ခပ်သိမ်းသောသတ္တ၀ါရို့၏ဇီဝိတိနြေ္ဒ အသက်ကို ကိုယ်တော်၏အသက်ကဲ့သို့ စောင့်ယှောက်တော်မူပါလော့။
အသျှင်မင်းကြီး။ ခပ်သိမ်းသောပြည်ထောင်မင်းရို့အား အမျက်မလွန်ခြင်း၊တရားစောင့်ခြင်း၊ ပညာဟိစကားကို နာလွယ်ခြင်း၊ အမျိုးစောင့်ခြင်းများကို အမြဲစောင့်ထိန်းတော်မူပါလော့။ ”

ဤသို့စကားကိုပုဏ္ဏားရို့ဆိုပြီးသော် မင်းကြီးထိပ်၌ ဘိသိက်ရီစင်ကို သွန်း၏။ ထို့နောက် အမျိုးအရိုးမှန်သော သူဌီးသျှစ်ယောက်၊ သူကြွယ် သျှစ်ယောက်ရို့သည် ခရုသင်း၌ ဂင်္ဂါငါးရပ်ရီကို ထည့်ပြန်၍ လက်နှစ်ဖက်ကိုစုံပြုလျှက် ကောင်းမွန်ရိုသေစွာ မင်းကြီး ဦးခေါင်း၌ စိုက်ပြန်၏။

“အသျှင်မင်းကြီး။ ခပ်သိမ်းသောသူရို့အား ကိုယ်တော်၏အသက်ကဲ့သို့ စောင့်တော်မူပါလော့။
အသျှင်မင်းကြီး။ ခပ်သိမ်းသောသူရို့၏စီးပွားဥစ္စာကို ကိုယ်တော်၏စီးပွားဥစ္စာကဲ့သို့ ထိန်းသိမ်း
စောင့်ယှောက်တော်မူခြင်း၊ ပြည်ထောင်မင်းရို့အား အမျက်ကိုမလွန်စီခြင်း၊ ပြည်သူရို့၏ဥစ္စာကို အခွန်ဘဏ္ဍာ ခခ၄၁ွီုံယူရာ၌ တရားတော်နှင့်လျှော်ညီအောင် ခံယူတော်မူခြင်း။ ရားမသိသိန်ဖျင်းမိုက်မဲ သော့သွမ်းကြမ်းဝကတ် သူရို့ကို ယှောင်ကြဉ်ခြင်း။ ပညာဟိသူတော်ကောင်းရို့စကားကို နာလွယ်ခြင်းများ ပြုတော်မူပါလော့။”

ဤသို့ ဆိုပြီးသော် မင်းကြီးထိပ်၌ ဘိက်သိက်ရီစင်သွန်း၏။
ယင်းသို့ဘိက်သိက်တော်သွန်းပြီးနောက် သူဌီး၊ သူကြွယ်ရို့သည်

“အသျှင်မင်းကြီး။ အကျွန်ုပ်ရို့သွန်းလောင်း အပ်သောရီစင်ကို ခံယူတော်မူ၍ အကျွန်ုပ်ရို့ဆိုလီသောစကားအတိုင်း ကျင့်ဆောင်တော်မူ၍ ပြည်သူရို့၏လုပ်ခွန် ဆယ်ဘို့တဘို့ ခံယူစားသုံးတော်မူလျှက် မင်း၏စည်းစိမ်ကိုဝန်ခံပြီးသော် ပြည်ကို တရားသဖြင့် စောင့်ယှောက်
ပါလော့။
အသျှင်မင်းကြီး။ ကျွန်ုပ်ရို့ဆိုလီသောစကားအတိုင်း ကျင့်တော်မူပါသော်ကား ပစ္စုပ္ပန်သံသရာ၊ နှစ်ဖြာအကျိုး တက်ခါတိုးလျှက်၊ တက်သစ်သောနီဝန်း၊ ဆန်းသစ်သောလကဲ့သို့ တနိတခြားကျက်သရေတော်ပွင့်လင်း၍ ပြည်ထောင်မင်းအပေါင်းရို့ဦးခေါင်းညွတ်ကာ သဒ္ဓါပြည့်ဖြိုး၊ သူခိုးဓါးမြ၊ မထချမ်းသာ၊ သာသနာလည်း၊ ကောင်းစွာတည်ပေ။ စာရီမယှား၊ မင်းအားပြည်သူ၊ တောင်းဆုယူလျှက်၊ အသက်ရာကျော်၊ စံတော်မူရသည် ဖြစ်စီသောဝ်။ ယင်းသို့မဟုတ်၊ အကျွန်ုပ်ရို့၏စကားသစ္စာအတိုင်းမတည်၊ မင်းကောင်းမင်းမြတ်ရို့ဝန်ခံအပ်သော
ဘိက်သိက်သစ္စာပျက်ခပါသော် ကမ္ဘာဆူဝီ၊ လီမုန်တိုင်းဆင်၊ ငလျှင်တော်လဲ၊ မြီကြီးကွဲ၍၊ ငရဲမီးလျှံ၊
အ၀ှန်ပြောင်ပြောင်၊ တောက်လောင်ကြီညက်၊ သူပျက်သူလှောင်၊ ထောင်ထောင်ထားထား၊ ခိုးသားတန္တ၊
စသည်တလီ၊ လနီတံခွန်၊ ငှက်ပျံငှက်ယုတ်၊ စုန်းဘုတ်တစ္ဆီ၊ နန်းထက်နီ၍၊ မြွီမြွီလန့်ခြောက်၊ မြွီဟောက်ငန်းကျား၊ တက်၍စားသည် ဖြစ်စီသောဝ်။ ”

ဤသို့ဆိုလတ်ပြီးသော် ပြည့်သျှင်မင်းကြီးကလည်း၊ သာသနာတော်အညစ်အကြေးမှတပါး၊ ပြည်သူသတ္တ၀ါရို့အား အသက်ဇီဝိတိနြေ္ဒကို ခွင့်ပီးတော်မူသည်။ ယင်းသို့ပြုပျင်စီရင်ပြီးလတ်သော် လာတော်မူသည့်အစီအစဉ်အတိုင်း မြို့တော်နန်းမသို့ ပြန်ဝင်တော်မူသည်။ ဘိက်သိက်ပြုရာမဏ္ဍပ်သုံးဆောင်ကိုကား အဉ္စနနဒီမြစ်သို့ တစမကျန် မျောချလိုက်သည်။


လျှောက်ထုံးအမှတ် (၈)

ဒသရာဇာမင်းလက်ထက် ပလ္လင်တော် ပျားစွဲသည့်အကြောင်းလျှောက်ထုံး။

ဒသရာဇာမင်းသည် ရှိမင်းဘီးတော်၊ ခမည်းတော်ရို့နည်းအတိုင်း ဘိက်သိက်ပွဲသဘင်ကို ခမ်းနားပြည့်စုံစွာ ခင်းကျင်းခံယူတော်မူသည်။ ထိုသို့ဘိက်သိက်ခံပြီး၍ ငါးလဟိသောအခါ ပျားကြီးတအုံသည် အနောက်အရပ်က ပျံလာ၍ ရာဇပလ္လင်၌ မြောက်ဘက်နားကစွဲ၏။ ထိုပျားအရည်ရင့်လတ်သော် အရည်ကိုစုထားခလျှက် မြောက်သို့ပျံသည်။ ထိုနိမိတ်ကို အမတ်မောက်သူဇာမြို့စား က၀ိကျော်လျှောက်ထုံးပြုသည်ကား-

“အသျှင်မင်းမြတ်။ ဘီးတော်စန္ဒသူရိယမင်းလက်ထက် ဘုရားမြတ်စွာ မစ္ဆိမာဒေသကကြွလာတော်မူ၍ မဟာမုနိ ရုပ်ရှင်တော်ကို သွန်းလုပ်ပါသည်။ ကောဇာသက္ကရာဇ် (၄၆၅) တွင် ပုဂံပြည်အလောင်းစည်သူက ဘီးတော်မင်းနန်ကို နန်းတင်လာပါသည်။ နန်းတင်ရာပါသော ပြူတလိုင်းရို့ ပင့်ဆောင်၍မရသော် ဖိုကျင်ထိုးလီရာ ရုပ်ရှင်တော်ကွယ်ခရသည်။ မင်းငါးဆက်မြောက် ကွယ်ပျောက်လျှက်ဟိပါသည်။ ယခုအသျှင်မင်းမြတ်၊ ဘုန်းပညာကျက်သရေ၊ တရားသီလဂုဏ်တော်ကြောင့် ပျားရို့သည် ပန်းဝတ်၌ဟိသော အချိုအရသာမြတ်ကို
ဆောင်ယူဆက်သ၍ မြောက်သို့ထိုပျားပျံသည်မှာ ပျားညွှန်ရာအရပ်သို့ ရုပ်ရှင်တော်မဟာမြတ်မုနိဟိသည် အမှန်ဖြစ်ပါသည်။”

ဤသို့လျှောက်လတ်သော် ပြည့်သျှင်က အမတ်ကြီးဆင်ကဲနှင့် ဒါးပိုင်ကြီးနှစ်ယောက်ကို စေတော်မူ၍ရှာစီသည်။ ရုပ်ရှင်တော်ကို မြောက်အရပ်၌ပင်တွိလတ်၍ ပင့်ဆောင်ယူခပြီးလျှင် အထက်သူရိယမင်း ကိုးကွယ်တော်မူခရင်းအရပ် ကတညုတတောင်တွင် ကောင်းမွန်စွာ ရတနာခုနှစ်ပါးဖြင့်ခြယ်၍ သိမ်တော် ဆောက်လုပ်ပြီး၊ န၀ရတ်ကိုးပါးဖြင့်စီခြယ်သော ပလ္လင်တော်၌တင်၍ ကိုးကွယ်တော်မူသည်။ အရံကျောင်းတရာ ဆောက်လုပ်တော်မူသည်။ ခေါင်းဆီးတော်ကန်၊ လက်ဆီးတော်ကန်၊ မဟာရံတံတိုင်းသုံးထပ်၊ တန်းခါးလေးရပ်၊
အစောင့်အနေ၊ ဆွမ်းတင်စည်တီး၊ မျက်နှာတော်သုတ်တံခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင်စာခြောက်၊ ပြူတထောင်၊ တလိုင်းငါးရာ၊ ကမ်းယံငါးရာ၊ မြုံငါးရာ၊ ချင်းငါးရာ၊ လူပေါင်းလေးထောင်ကို အသီးသီးမြီနီမြီပီးချတော်မူ၍ မော်ကွန်းကျောက်စာထိုးလျှက် ရွှေကရားနှင့် ရီစက်သွန်းချတော်မူသည်။







လျှောက်ထုံးအမှတ် (၉)

ဒသရာဇာမင်းလက်ထက် အမတ်တော်ကိုယ်ရံကြီး ဇေယျဗိုလ်စစ်ချီစဉ် တပ်ဦးတွင်Íဒေါင်းကြိုးကြာငှက်
သားရီကိုကိုက်ချီပျံလာရာ ဖမ်းရသည့်အကြောင်းလျှောက်ထုံး။

ဒသရာဇာမင်းသက်တော်နှစ်ဆယ်တွင် အနောက်ဘင်္ဂလားတဆယ့်နှစ်မြို့ရို့သည် သက်နှင့်ပေါင်းလျှက် သောင်းကျန်းကြသည်။ ထိုအခါ အမတ်ကိုယ်ရံကြီးဇေယျဗိုလ်ကို စစ်ချီတိုက်ခိုက်စီသည်။ အမတ်ဇေယျဗိုလ် စစ်ချီသည့်ကာလ တပ်ဦးတွင် ဝကိးကြာငှက်သည် သားရီတခုကိုကိုက်ချီလျှက်ဝဲပျံလာရာ ငှက်နှင့်သားရီကို ဖမ်းဆီးရမိသည်။ ထိုငှက်နှင့်သားရီကိုမင်းထံဆက်လာသည်။ ထိုနိမိတ်ကို အမတ်ပညာဟိက၀ိကျော်
လျှောက်သည်ကား

“အသျှင်မင်းမြတ်။ တပ်ဦးတွင်မြင်သော နိမိတ်အတိတ်အလိုအရ ထိုငှက်ကြိုးကြာ၊ နံမှာကုလား၊
မှောက်မှားရောယှက်၊ သက်ကားသားရီ၊ မိတ်ဆွီပြုလျှက်၊ ခြားနားချက်မှာ၊ တိတ်လာအညီ၊ သားရီနှင့်ငှက်၊ ပျံလျှက်မလွတ်၊ ကိုင်းညွတ်တုံလာ၊ သွင်းဘဏ္ဍာလည်း၊ မကွာစုံဖက်၊ ပို့ဆက်လာပြန်၊ ထိုကျွန်နှစ်ပါး၊ ကုလားနှင့်သက်၊ ငှက်နှင့်သားရီ၊ အနီမယွင်း၊ ချက်ချင်းမကြာ၊ အောင်မြင်ပါမည်။”

ဤသို့လျှောက်လတ်သော် အမတ်ကြီးသို့ ဆင်ပေါက်တစီးဆုပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၁၀)

ဒသရာဇာမင်းလက်ထက် မဟာမုနိဘုရားချွေးထွက်သည်၊ အချိန်မဟုတ်မိုးကြီးရွာသည်၊ မိုးကြိုး
နန်းမှာကျသည်နိမိတ်များလျှောက်ထုံး။

ဒသရာဇာမင်း အသက် (၃၁) နှစ်ရောက်သောအခါ မဟာမုနိဘုရားမှာချွေးထွက်သည်၊ အချိန်မဟုတ် မိုးကြီးရွာ၍ မြစ်ရီကြီးသည်။ မိုးကြိုးနန်းမှာကျသည်။ ယင်းသို့တိတ်နိမိတ်ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းနှင့်ပတ်သက်၍ ပုရောဟိတ် ပုဏ္ဏား ရာဇဂုရုလျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ တိတ်ထုံမှတ်စု၊ ဣညုအမှာ၊ စူဠာမုနိ၊ အသိတိကျမ်း၊ ဓါတ်ဆန်းဓါတ်ပျက်၊ နရစက်နှင့်၊ ဂြိုဟ်ဟ်ပျက်ဒသာ၊ ဒွါဒရာရုပ်၊ ဥုစ်ကသစ်ဆက်၊ စန်းလက်မလျှော်၊ ဇာတာတော်လည်း၊ နံပေါ်ကိန်းစု၊ ရာဟုမရဏ၊ အထွက်ကဝကံ၊ န၀င်းထုံလည်း၊ တုံသို့အလှမ်း၊ အာယုစန်းမူ၊ ကူးသန်းနင်းပြန်၊ တဖန်ထောင့်မှတ်၊ သမသတ်ခွင်၊ လက်တွင်နံနီ၊ ဂြိုဟ်သျှစ်ထွီလည်း၊ အခြီမလှ၊ အာကာသက၊ ပြသည့်အကြောင်း၊ ဂြိုဟ်ပြောင်းလေးကြိမ်၊ စည်းစိမ်တော်မြတ်၊ နန်းပြဿဒ်နှင့်၊ ဥပါဒ်ကြီးဘိ၊ အနိဝဎုန၊ ကိန်းကအတွိ၊ မမိဝကိက်ကြုံ၊ နံယုန်ဆန်းတက်၊ ဆယ့်နှစ်ရက်တွင်၊ ဂြိုဟ်ဟ်ပျက်အကူး၊ စန်းဦးအပြတ်၊ န၀ရတ်ရွှေဘုံ၊ ကွာကိန်းကြုံပါသည်။ ရှိပညာဟိများ
ထားခသော ဒဏ္ဍန်ကယ်ကျမ်းထွက်ဟိပါကြောင်း”

နှင့်လျှောက်ထားလတ်သော် ပုဏ္ဏားတော်သို့ အသပြာတထောင် ဆုပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၁၁)

အနုလုံ (ငနှလုံး) မင်းလက်ထက် ပြည်စိုးကြီးအမတ်ဗိုလ် ဓမ္ဇဇေယျစစ်ချီစဉ် တပ်ဦးတွင် ကျီးနှင့်ဗျိုင်းခွပ်သည့် လျှောက်ထုံး။

ထိုမင်းလွန်ပြီးနောက် သက္ကရာဇ် (၆၀၈) ခုရောက်သောအခါ နယ်သိမ်းမင်း၏သားတော်ငနှလုံးသည်
နှမတော်စောရွှေနန်းနှင့် ပြည်ကြီးစည်းစိမ်ကို အုပ်စိုးတော်မူသည်။ ထိုမင်းလက်ထက် ကုလားနှင့်သက် ပေါင်းဖက် ဆိုးသွမ်းသည်။ ထိုအခါ ပြည့်သျှင်မင်းက ပြည်စိုးကြီးအမတ်ကို စစ်သူရဲမက်အလုံအလောက်ဖြင့် ချီတက်စီတော်မူသည်။ စစ်သူကြီးအင်္ဂါလေးပါးနှင့်ပြည့်စုံသော အမတ်ဆင်ကဲကြီးလည်း လိုက်ပါချီတက်ရသည်။ ထိုသို့စစ်ချီသောကာလ တပ်ဦးတွင် ကျီးနှင့်ဗျိုင်းခွပ်ကြသည်။ ကျီးအတောင်ကျိုးလျှင်ဖမ်းမိသော အကြောင်းကို မင်းထံလျှောက်ထားသည်။ ထိုအခါ ပညာဟိအမျိုး သားမြီးစဉ်ဆက်လာခသော အမတ်ပညာဟိ ၀ိလိဇ လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ကျီးနံကုလား၊ ဗျိုင်းကားမြန်မာ၊ နံမှာအလို၊ နဂိုယာယီ၊ ကိန်းနှစ်လီတွင်၊ ယာယီကျီးကန်း၊ ပင်ပန်းကုလား၊ ထွားထွားကြီညက်၊ ပျက်မည့်အကြောင်း၊ လုံးပေါင်းပြီးစီး၊ ခရီးမကြာ၊ အောင်မြင်ပါမည်။ ”

ယင်းသို့လျှောက်လတ်လျှင် အမတ်စစ်သူကြီးလည်း မဆိုင်းချီတက်၏။ ကုလားရို့လည်း စစ်တကောင်းအရပ်က တပ်အခိုင်အခန့်ဖြင့် ခုခံတိုက်ခိုက်ကြသည်။ ရခိုင်စစ်သူကြီးလည်း ဖိစီးတိုက်ခိုက်သည်။ ငါးရက်ကြာတိုက်သောအခါ စစ်တကောင်းမြို့ကို ရခိုင်ရို့ရသည်။ ကုလားရို့သည် စစ်တကောင်းမှဆုတ်ခွာကာ ဒါဂါမြို့က ကုလားအိမ်ရှိမင်းနှင့် ပူးပေါင်းပြီး အခိုင်အလုံနီကြသည်။
ရခိုင်အမတ်ကြီးလည်း၊ လောက်ချေးပူရာအရပ်သို့တိုင် ချီတက်လားပြီး တပ်ချစွဲရပ်နီသည်။ ဒါဂါမြို့သို့
ဆက်လက်ချီတက်တိုက်ခိုက်ကြရာ ကုလားမင်းသားက ဗလ၀ါဟူသောဆင်ကိုစီး၍ ခုခံတိုက်ခိုက်သည်။ ရခိုင်အမတ်စစ်သူကြီးက နတ်ယာဉ်ပျံဟူသောဆင်ကိုစီးသည်။ စစ်မြီပြင်၌ ဆင်နှစ်စီးဆုံကြသည်။ နှစ်ဖက်လုံးမှ ဆင်ကိုချွန်းဖွင့်ပြီး ရင်ဆိုင်တိုက်ခိုက်ကြသည်။ ဆင်နှစ်စီးလုံးသည် စွန်ရဲထိုးသကဲ့သို့ အဟုန်နှင့်ဝင်ကြရာ အစွယ်ချင်းယှက်ကြသည်။ ရခိုင်အမတ်ကြီးစီးသော နတ်ယာဉ်ပျံဆင်က ကုလားမင်းသားစီးသော ဗလ၀ါဆင်ကို အစွယ်ဖြင့်ဦးစွာထိုးမိသည်။ ဗလ၀ါဆင်သည် နာကြင်ဒဏ်ပြင်းလှသောကြောင့် နောက်သို့ဆုတ်ပြီး လှည့်ထွက်ရန်
ပြုသည်။ ထိုအခိုက်တွင် ရခိုင်စစ်သူကြီးသည် ကုလားမင်းသားကို လှံဖြင့်ထိုးလိုက်သည်။ ကုလားမင်းသားလည်း ဆင်ပေါ်မှအောက်သို့ လူးကျလတ်သည်။ ရခိုင်စစ်သူကြီးသည် ကုလားမင်းသားကို ဖမ်းမိရလိုက်သည်။ ကုလားစစ်သည်ရို့သည်လည်း ရောက်ရာပေါက်ရာ ထွက်ပြီးကြရသည်။


လျှောက်ထုံးအမှတ် (၁၂)

မင်းထီးလက်ထက် နွားခိုးမှုဖြတ်ရန်လျှောက်ထုံး။

မင်းထီးသည် အသက် (၇) နှစ်အရွယ် သက္ကရာဇ် (၆၄၅) တွင် လောင်းကြက်မြို့ထီးနန်း၌ ဘုရင်ဖြစ်၍
မင်းပွဲသဘင်ညီလာခံပြုရာ၌ မယ်တော်သူဘတ္တာဒေ၀ီ၏မောင်ရင်းတော်သူ ဒါဂါမြို့စားဦးရီးတော် အနန္ဒဘယ ရင်ခွင်ပေါ်၌ ထိုင်တော်မူလျှက်သာခံတော်မူသည်။ မင်းကြီးသည် ရခိုင်ရာဇ၀င်၌ အလွန်ထင်ရှားသော မင်းတပါးဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သူတပါး၌အကျိုးပြုမှုကိုလိုလားသည်။ အကျင့်သီလဟိသည်။ အမျက်စောင်းမာန်နည်းသည်။ ဘုရားပုထိုး၊ သိမ်ကျောင်း၊ ဇရပ်၊ ရီတွင်း၊ ရီကန်များပြုလုပ်လှူဒါန်းတော်မူသည်။ အဂတိတရားမလိုက်စား၊ တရားဖြောင့်မတ်မှန်ကန်သည်။ ဤသို့အစစကောင်းမြတ်သည့် ဂုဏ်ဟိခြင်းကြောင့် အနီးအ၀ီးကျော်ကြားသည်။

မင်းထီးသည် တိုင်းပြည်အုပ်ချုပ်ရန် အမိန့်တော်ပြဌာန်းထားဟိသည်ကား-

“သားမကောင်းလျှင်အဘ၊ မယားမကောင်းလျှင်လင်၊ တပည့်မကောင်းလျှင်ဆရာ၊ ကျွန်မကောင်းလျှင်သခင်၊ သမီးမကောင်းလျှင်အမိကို စီရင်ရမည်။”

ဟူ၍ မင်းအာဏာတော်ဥပဒေငါးရပ်ကို ထုတ်ပြန်လျှက် အုပ်ချုပ်တော်မူသည်။

တနိသောအခါ လောင်းကြက်မြို့နီသူဌီးဓနဉ္စယ၏ကျွန်နှစ်ယောက်သည် နွားတကောင်ကို ခိုးယူသတ်စားကြသည်။ နွားခိုးရို့သည် ထိုအမှုကြောင့် မင်းမှုထမ်းထံအဖမ်းခံကြရသည်။ ထိုအခါ ကျွန်သျှင်သူဌီးသည် မင်းဒဏ်သင့်မည်ကို အလွန်ပင်စိုးရိမ်ခြင်းဖြစ်ကာ များစွာကြောက်ရွံ့လျှက်ဟိကြသည်။ အပြစ်မှချမ်းသာရစီရန် ဦးရီးတော်အနန္ဒဘယထံ
ချဉ်းကပ်ပူဆာကြသည်။ ငွေအသပြာတထောင်ကိုလည်း တံစိုးလက်ဆောင်အဖြစ်ယူပါရန် တောင်းပန်ပြီး ပီးလတ်သည်။

ဦးရီးတော်အနန္ဒဘယသည်လည်း တူတော်မင်းထီးမှာ ငယ်ရွယ်သူဖြစ်၍ မိမိရင်ခွင်၌ပင်ထိုင်လျှက် ဘုရင်ပြုသူ ဖြစ်သည်။ မိမိကိုလည်း ဘခင်သဖွယ်ချစ်ခင်မှတ်ထင်ရိုးဟိသည်။ သို့ကြောင့် ဤနွားခိုးမှုတွင် မိမိကျွန်သျှင်ခံခြင်းမျှဖြင့် ရာဇဒါဏ်မင်းပြစ် မသင့်တန်ရာဟု မှတ်လတ်သည်။ မင်းပြစ်သင့်တော့မည့် သူဌီးအားလည်း သနားခြင်းဟိသည်။ ထို့ကြောင့် ကျွန်သျှင်ခံပီးရန် သဘောတူလိုက်သည်။

အမှုကိုမင်းထီးကိုယ်တိုင်ပင် စစ်မီးတော်မူသည်။ မင်းထီးက နွားခိုးများကိုမီး၏။ “သင်ရို့သည် မည်သည်သူ၏ သားမြီးကျွန်ရို့ပေနည်း။” နွားခိုးရို့က ကျွန်တော်မျိုးရို့သည် ဦးရီးတော်အနန္ဒဘယ၏ ကျေးကျွန်ရင်းများ ဖြစ်ကြပါကြောင်း လျှောက်ထားကြသည်။ မင်းထီးလည်း ဦးရီးတော်သို့မီးမြန်းသည်။ “နွားခိုးများလျှောက်တင်သည် မှန်၏လော။” ဦးရီးတော်ကလည်း မှန်ကြောင်း ထွက်ဆိုလျှောက်ထားသည်။ အမှုမှာ ဦးရီးတော်နှင့်ရာ သက်ဆိုင်၍နီလီရကား ဘုရင်မင်းထီးသည် ရှိအမတ်ပညာဟိမျိုးမှဖြစ်သော စစ်တကောင်းမြို့စား ၀ိမလအမတ်သို့ မီးသည်။

“ဤသို့အာဏာကိုဖျက်သူအား ကျမ်းဂန်အလိုအသို့နည်း။” မည်သို့ဟိသည်ကို ဘီးတော်၊ ဘိုးတော်၊
ထီးနန်းမင်းဆက်စီရင် ထုံးစာဟောင်းနှင့်လျှောက်ထားရမည်။” ဟု အမိန့်တော်ဟိလတ်သည်။

ထိုသောအခါ ပညာဟိအမတ်ဝိမလ လျှောက်ထုံးသော်ကား-

“အသျှင်မင်းမြတ်။ မင်းကျင့်ဝတ်ပကတိတရားခုနှစ်ပါးကို ကျမ်းဂန်လာသည်ကား-
သာမဿာမျာနုဂေါမစ္စော ဇနပဒေါပိသဇ္ဇနော၊ ဒုဂ္ဂံဒုဂ္ဂဂုဏောပေတံ ဒဏ္ဍော ဒေါသာနုရုပကော။ တော
သောအယက္ခယသမ္ပတ္တိ မိတ္တဉ္စဘ ယသံယုတ္တံ။ သတ္တပကတိသောဟောန္တိ၊ ဂုတ္တာန်တိ ၀ိစက္ခဏာ။ ဟူ၍ရာဇနိတိ ကျမ်း၌လာပါသည်။ သာမိ- လိမ္မာတော်ဖြောင့်တရားစောင့်သော ပြည့်သျှင်မင်းလည်းတပါးသာ၊ မျာနုဂေါ- မိမိအသျှင်ဖြစ်သော၊ မင်းအလိုတော်သို့တရားသဖြင့် လိုက်၍ဆုံးမပေတတ်သော၊ အမစ္စော- အမတ်ပညာဟိလည်းကောင်း၊ ဇနပဒေါ-ဇနပုဒ်ပြည်ရွာတိုင်းကား၌ဖြစ်ထွန်းသော၊ သဇ္ဇနောပိ- သူတော်ကောင်းဖြစ်သော ပညာဟိလည်းကောင်း၊ ဒုဂ္ဂံဒုဂ္ဂဂုဏော ပေတံ- ဖျက်ဆီးကူးမြောက်ခြင်းငှာခဲယဉ်းစွာသော မြို့ရိုး၊ တံတိုင်းပြအိုး၊ တန်ဆောင်း၊ ကျုံး၊ မြောင်း၊ ရင်တားနှင့်ပြည့်စုံသော မြို့ဟိခြင်းလည်းကောင်း၊ ဒေါသာနုရုပတော- အပြစ်ဟိသောသူအား အပြစ်အားလျှော်စွာ၊ ဒဏ္ဍောမျက်နှာကြီးငယ်၊ မဖယ်မရွီး၊ ဒဏ်ပီးခြင်းလည်းကောင်း၊ အက္ခယသမ္ပတိတောသော- ပြည်သူရို့၏အခွန်ကိုမလွန်စီရ၊ ဆယ်ဘို့တဘို့ခံယူ၍ မကုန်ခန်းနိုင်သော ကျီကျဘဏ္ဍာ သစ္စာမြောက်မြားစွာဟိခြင်းလည်းကောင်း၊ ဘယသံ ယုတ္တံမိတ္တံ- ရန်သူရောက်လတ်သောအခါ ညီညာကူပံ့ဆောင်ရသော ပြည်ထောင်ဖက်ချင်း မိတ်ဆွီခင်ပွန်း မင်းဟိခြင်းလည်းကောင်း၊ ဣတိ- ဤသို့ နီတိဝိစက္ခဏာ ရာဇနီတိ၌ လိမ္မာကုန်သောပညာဟိရို့သည်၊ ၀ုတ္တာ- ဆိုအပ်ကုန်၏။ ”

ဤသို့ကျမ်းဂန်လာကြောင်းနှင့် အမတ်ကြီးလျှောက်လီရာ ပြည့်သျှင်မင်းအမိန့်တော်ဟိသည်ကား- ငါငယ်တော်မူသော်လည်း ကေသရာဇာ ခြင်္သေ့မျိုးသည် ရွှေဂူ၌ရာအိပ်သကဲ့သို့ ခြင်္သေ့လည်း ရွှေခွက်နှင့်သာတည်သည်။ ဆဒ္ဒန်ဆင်ဖြူမျိုးမှန်လျှင် ဆင်မဲဖွားရိုးမဟိ။ နီလရို့သည် မိမိအရောင်ကိုဖျက်၍မထွန်း၊ သမုဒ္ဒရာရို့မူလည်း ကမ်းကိုရီလျှံရိုးမဟုတ်။ ငါရို့မင်းမျိုး၌လည်း အနီးအ၀ီးမရွီးလီရာ။ အာဏာသားနား၊ ထားသောစကား၊ ဖျက်ရိုးထုံးဟောင်းမလာ။
မင်းတည်ကြည်မှ ပြည်သာသည်။ အနွယ်တော်စောင့်သောတရား မဖျက်သင့်။ ငါလည်း သိတော်မူသည်ပင်။ အမိန့်တော်ဟိ၍ အမှုကို မှန်သည့်အတိုင်းဆုံးဖြတ်သည်။ ဦးရီးတော်အနန္ဒဘယအား လူသတ်ရို့လက်သို့ လွှဲအပ်ပီးလိုက်သည်။

လျှောက်ထုံးပြုသူ အမတ်ကြီးဝိမလသို့လည်း မင်းတုံးမြို့ကိုစားကျေးပီးတော်မူသည်။ သက်တော် (၁၅)
နှစ်သို့ရောက်သောအခါ လွန်လီပြီးသောဦးရီးတော်အနန္ဒဘယ၏သမီးတော်မြတ်ရွှေညာကို တောင်နန်းစံမိဖုရားအဖြစ် ချီမြှင့်တော်မူသည်။ ဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့နည်း ဘိသေကမင်္ဂလာကိုလည်း ခံယူတော်မူသည်။ မင်းထီးသည် (၆၄၅) တွင်နန်းတက်ပြီး၊ (၇၅၁) တွင် နတ်ရွာစံလွန်ကြောင်း ရခိုင်ရာဇ၀င်ကျမ်းများမှာ ပြဆိုသည်။


လျှောက်ထုံးအမှတ် (၁၃)

ရာဇသူ (၀ရဓမ္ဇရာဇာ) မင်းလက်ထက် တောင်နန်းမိဖုရားမြှောက်ရန် လျှောက်ထုံး။

မင်းထီးလွန်ပြီးနောက် သက္ကရာဇ် (၇၅၆) ရောက်သောအခါ သက်တော် (၃၅) နှစ်ဟိ ရာဇသူသည်
ခမည်းတော်နန်းကျငယ် သိဉ္စည်းမင်း၏ထီးနန်းရိုက်ရာကို ဆက်ခံစိုးစံတော်မူသည်။ မင်းပြုသောအခါ
ဝရဓမ္မရာဇာဟူသောအမည်ကို ခံယူတော်မူသည်။ တိုင်းပြည်အုပ်ချုပ်ရန် အမိန့်တော်ပြဌာန်း
ထားဟိတော်မူသည်ကား- “ရှိဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့ ပီးသနားတော်မူခသည့် အဆောင်အရွက် စားကျေးမြို့ရွာ၊ သူကြီးကလန်အစို့၊ အငန်းသားရို့မှာ သားမြီးစဉ်ဆက် စားသုံးဆောင်ရွက်ကြီးစိုးမြဲဟိသည့်အတိုင်း ကြီးစိုးထမ်းရွက်ကြစီ။”

တုတ်ခွန်ဘဏ္ဍာခံယူသုံးဆောင် ဆက်သွင်းသည်များမှာလည်း “အသည်သားရို့မှာ တနှစ်လျှင်အိမ်ကြီးငါးသပြာ၊ အိမ်ငယ်နှစ်သပြာခွဲ။ အစို့အခွန်သားရို့မှာ အိမ်ကြီးဆယ်သပြာ၊ အိမ်ငယ်ငါးသပြာ၊ အရိုင်းရို့မှာ ဓါးတစင်း၊ ယာတခင်းလျှင် သုံးသပြာစီရာ တောင်းခံမြဲထုံးစံဟိသည့်အတိုင်း အစဉ်အလာ ခံယူသုံးစားဆက်သွင်းစီ။ အမှုထမ်းသင်းကိုယ်ရံမှစ၍ ၀င်းသား၊ ဒိုင်းသား၊ ဟရာစီရီရို့ကို အခွန်အတုတ် မတောင်းမခံစီနှင့်။ အစို့ရင်းမှာသာ ထမ်းရွက်နီထိုင်စီ။ မင်း၊ မိဖုရား မင်းသား၊ မူးမတ်ရို့မှာလည်း ရှိကအသီးသီးပီးဖွဲ့တားခ၍ ဟိသည့်လူကိုရာသုံးစီ။ အခြားသူရို့ကို ကပ်ခိုမထမ်းစီနှင့်။ တရားတပေါင်
လက်ရောက်နှုတ်လွန်၊ မြီမှု၊ ရီမှု၊ အိမ်မှု၊ ငွေမှုများမှာလည်း တရားဆွေလေးယောက်။ ပြည်စိုးလေးယောက်ရို့ မြို့လေးမျက်နှာက တရားမဏ္ဍပ်နှင့် စီရင်မြဲကိုစီရင်စီ။ ပြီးပြည့်လျှင် အမှုကြီးငယ်ကိုထောက်၍ ငါးသပြာတန်သည်၊ နှစ်သပြာတန်သည်ကို စီရင်သူကခံယူစားသုံးစီ။ မင်းရာဇာစိုးထူးဆို၍ မကုန်မကျစီနှင့်။ တရားဆွေပြည်စိုးရို့ စီရင်၍မပြီးသော် အမတ်လေးယောက် စုံညီစီရင်ဆုံးဖြတ်စီ။ မပြီးမူ အမှုသည်နှစ်ဦးကို အတွင်းသို့ဝင်စီ။ ခိုးမှုယိုးမှုများမှာလည်း ရိုက်ပုတ်ထောင်းသတ်၍ မစစ်မမီးစီနှင့်။ ပညာဖြင့်သာပေါ်အောင်စစ်။ ခိုးသည်မှန်လျှင်
စာထိုး၍ ဟရီအစို့မှာဖြည့်။ အသက်သီဆုံးလျှင် မည်သူမဆိုသီစားသီစီ။ မှူးမတ်မယားကိုပြစ်မှားသူရို့မှာ
မျက်နှာတွင်ဆီးရီး၍ မောင်းလည်ပြီးလျှင် မိမ္မယောက်ျားနှစ်ယောက်ကို ရီခပ်စီရီအစို့မှာဖြည့်။
ဘိသိက်ဆက်မင်္ဂလာပုဏ္ဏား၊ မရောစီနှင့်။ ရဟန်းသံဃာရို့မှာလည်း မြတ်စွာဘုရားဟောတော်မူရင်းစကားကို ရှည်ကြာထွန်းလင်းအောင် ၀ဋ်ဂါမဏိမင်းလက်ထက် သီဌဘာသာအက္ခရာတင်ထားခသည့် ပိဋကတ်သုံးပုံကိုရာ သင်ကြားလေ့လာရမည်။ ပုထုဇဉ်ရို့ပြုလုပ်သောကျမ်းဂန်များကို မလေ့လာသင့်။ နောက်ကိုလည်း ကျမ်းဂန်မလုပ်စီနှင့်၊ ၀ိနည်းဓိုရ်ဆရာတော်က နိုင်အောင်တားမြစ်။ ”

ထိုသို့အာဏာတော် ပိုင်းဖြတ်ထားတော်မူသည်။ ထိုမင်းသည် နန်းတက်ပြီး တနိသောအခါ မြတ်နိုးတော်မူသောအမတ်ကြီးမနုဟာသမီးမြတ်ကုံးကို တောင်ညာနှင်း၍ ဘိက်သိက်ခံတော်မူရန် ပညာဟိအမတ်မျိုး စစ်တကောင်းစားဝိမလကို မီးတော်မူသည်။ အမတ်ကြီး လျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ မိမ္မကောင်းလက္ခဏာကို ရှိပညာဟိရို့ဆိုလီခသည်ကား ဣတ္တိဘရိယာ၊ အင်္ဂါညီညွတ်၊ မိမ္မမြတ်ရို့၊ လင်ဝတ်လင်မှု၊ အနုအရင့်၊ အခွင့်လိမ္မာ၊ သဒ္ဒါရက်ရက်၊ ရမ္မက်နည်းပါး၊ စကားတည်ကြည်၊ ဆိုသည်အချက်၊ ထွက်လည်းနာဖွယ်၊ ပြစ်ခြောက်သွယ်မူ၊ ယူဖွယ်မဟိ၊ ဟီရိသြတပ်၊ စောင့်ကြပ်ကိုဝယ်၊ ပျက်ရည်သွမ်းမှု၊ မပြုဖြောင့်ဖြောင့်၊ အမျိုးစောင့်၏၊ မထောင့်လိမ့်လက်၊ အိပ်စက်ဝတ်စား၊ အလားအနီ၊ အစီအသုံး၊ ရှိထုံးနှိုင်းညှိ၊ ဂတိမလိုက်၊ စရိုက်ရုန့်ကြမ်း၊ မိမ္မသွမ်းနှင့်၊ မပြွမ်းရောနှော၊ သဘောတည့်မတ်၊ သူ့ထက်မြတ်သည်၊ မန္ဓတ်မင်းနှင့်ထိုက်ရာသောဝ်။ ထိုသို့သောမိမ္မကို စကြာမန္ဓတ်မင်းရို့သော်လည်း ဘိက်သိက်ခံအပ်ကြောင်းကို ထုံးကောင်းဟိပါသည်။ လောကီလက္ခဏာ ကျမ်းတွင်လည်း ရာဇဒေ၀ီမိဖုရားကြီးသည် သီလစာဂံ၊ အကျင့်သီလမြဲခြင်းလည်းကောင်း၊ ကေသမသျှံဆံပင်နက်၍ကောင်းခြင်းလည်းကောင်း၊ လက္ခဏာဝါဒီ
ခြီလက်သေးသွယ်နူးညံ့ခြင်းလည်းကောင်း၊ အရေးအကြောင်းနက်ခြင်းလည်းကောင်း၊ သဒ္ဒီ- အသံသာယာဖွယ် ဟိခြင်းလည်းကောင်း၊ မံသံအသားနူးညံ့ခြင်းလည်းကောင်း၊ ဗဟုတာ- များသော မောင်းမအပေါင်းရို့အား ရိပ်ခြေသိစွာ လိမ္မာခြင်းလည်းကောင်း၊ ထိုအင်္ဂါခုနှစ်ပါး မိဖုရားကြီး၌ဟိအပ်ကြောင်းကိုလည်း ရှိထုံးကောင်းလာပါသည်။ အသျှင်မိဖုရားမြတ်ကုံးသည် ထိုသို့အင်္ဂါရို့နှင့်ပြည့်စုံလျှင် တောင်ညာမိဖုရားကြီး မြှောက်ထိုက်ပါသည်။ ”

ဤသို့လျှောက်လတ်သော် ပြည့်သျှင်မင်းက အမတ်ဝိမလသို့ သပြာတထောင်
ဆုပီးတော်မူသည်။










လျှောက်ထုံးအမှတ် (၁၄)

ဝရဓမ္ဇရာဇာမင်းလက်ထက် နိမိတ်များ လျှောက်ထုံး။

သက္ကရာဇ် (၇၆၃) ခု၊ ထိုမင်းသက်တော် (၄၂) နှစ်ရောက်သာအခါ မဟာမုနိဘုရားရောင်တော်လွှတ်သည်။ ငလျှင်အကြိမ်များစွာလှုပ်သည်။ တော်လဲသည်။ ဥဂ္ဂါပျံသည်။ နတ်အမြှောက်သံ အကြိမ်များစွာကြားရသည်။ တောင်ပြိုသည်။ နန်းသို့မိစ္ဆာဝင်သည်။ နဂါးချီးလွှတ်သည်။ ကြာသပတီးကြယ် လကိုထွင်းသည်။ စနီအင်္ဂါဂြိုဟ်ပျံသည်။ ထိုသို့တိတ်နိမိတ်များကို အမတ်ပညာဟိဝိမလလျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ဘုရားပုထိုးအရောင်လွှတ်သည်၊ တောင်ပြိုသည်များမှာ မင်း၌အကြောင်း ထုံးဟောင်းရှိပါသည်။ ဥဂ္ဂါပျံသည်၊ နဂါးချီးလွှတ်သည် ရပ်သျှစ်မျက်နှာ တိမ်သွီးသို့ မြင်သည်များမှာ မင်း၊ မိဖုရား၊ မင်းသား၊ ဥပရာဇာရို့အကြောင်း။ ငလျှင်အကြိမ်များစွာလှုပ်သည်။ တော်လဲသည်များမှာ ပြည်သူရို့အကြောင်း။ နတ်အမြောက်သံကြားသည်၊ စနီအင်္ဂါဂြိုဟ်ပျံသည်များမှာ စစ်ချီစစ်ရောက်ရာသောအကြောင်း။ ကြာသပတီးကြယ် လကိုထွင်းသည်၊ ကြာသပတီးကြယ်ပျံသည်၊ လကိုထွင်းသည်များမှာ ရဟန်း၊ ပုဏ္ဏား၊ မိကြီး၊ ဘကြီး၊ ဆွီကြီး၊ မျိုးကြီး၊ မှူးကြီး၊ မတ်ကြီးရို့အကြောင်း။ နန်းတွင်းသို့မိစ္ဆာဝင်သည်မှာ နန်းသူရို့သိက္ခာပျက်သည့်အကြောင်း၊ ယင်းသို့ ထုံးဟောင်းလောကီကျမ်းများဟိပါသည်။”

ဤသို့အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းက ၀ိမလအမတ်ကြီးသည် လူအိုဖြစ်ချေပြီ။ ၀င်ထွက်လားလာရာ ရွှေထမ်းစင်စီး၍လားစီဟု ဆုအခွင့်ပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၁၅)

မင်းစောမွန် (နရမိတ်လှ) လက်ထက် ညီတော်ကိုမာန်ဝင်။ သံတွဲကို မတိုက်သင့်ကြောင်းလျှောက်ထုံး။

သက္ကရာဇ် (၇၆၆) ခုနှစ်တွင် ပြည်သူရို့ညီညွတ်ကြပြီး၊ ၀ရဓမ္မရာဇာ (ရာဇသူ) ၏သားတော် မင်းစောမွန်
(နရမိတ်လှ) ကို မိဖုရားစောစစ်နှင့် ထီးနန်းအပ်နှင်းမင်းမြှောက်သည်။ နရမိတ်လှမင်းသည်
ခမည်းတော်လက်ထက်က ရောက်လာသော ပြူမလွန်စားရာဇသူ၏သမီးရွှေဆုံကို မိဖုရားအရာမြှောက်ပြီး ယောက္ခမရာဇသူကို ကိုယ်ရံကြီးအမတ်အရာခန့်ထားသည်။ မိဖုရားရွှေဆုံ၏ဆွီသားမျိုးသားကျေးကျွန်ရို့ကို အသီးသီး ကျေးစားပီး၍ထားသည်။ ထိုသူရို့သည် ပြည်သူရို့ကို နှိပ်ကွက်ရက်စက်ပြုကြသည်။ မင်းလည်း မိဖုရားရွှေဆုံအလိုသို့ရာ လိုက်လျှက်ဟိသည်။ မင်းကျင့်တရားနှင့်မညီ။ ပြုလိုရာပြုသည်။ အမတ်သွန်းများနှင့်ပေါင်းဖက်ပြီး ပျော်မှုမှုရို့ဖြင့်ရာ အချိန်ကုန်လျှက်ဟိသည်။ တိုင်းရေးပြည်မှုများ၌ အားထုတ်မှု နည်းသည်။ ခမည်းတော်လက်ထက်ကဟိနှင့်သော မှူးဟောင်း၊ မတ်ဟောင်းအချို့ရို့သည် ထိုအချက်များကို
မကြည့်မမြင်နိုင်ဟိကြသည်။ သို့နှင့် ခမည်းတော်လက်ထက်က မှူးဟောင်း၊ မတ်ဟောင်း၊ သူကြီးကျေးခေါင်ရို့သည် ညီတော်သံတွဲစား (အလီခင်) ဆီ လားရောက်ခစားလျှောက်ထားကြသည်။ အသျှင့်သားတော် ကြာလျှင်တိုင်းပြည်ပျက်အံ့သောအကြောင်းဖြစ်ပါသည်။ ထီးနန်းတိုင်းပြည်ကို သိမ်းယူတော်မူပါ။ ဤသို့လျှောက်တင်ကြလတ်သော် သံတွဲစားနရနု (အလီခင်) အမိန့်တော်ဟိသည်ကား

“ငါရို့အနွယ်တော် သာကီဝင်မင်းဆက် အမျိုးဖောက်၍ ၀ိလုပ္ပန္နလုယက်တိုက်ဖျက်၊ ထီးနန်းတက်ရိုးထုံးမဟို။ အစ်ကိုမှာ အဘအရာဖြစ်သည်။ မိစ္ဆာမိုက်မှားမကြံရာ။”

ဟု အမိန့်တော်ဟိလတ်သည်။ ထိုအကြောင်းများကို မင်းစောမွန် (နရမိတ်လှ) ကြားသိလီရာ စိတ်မာန်ပြင်းစွာဝင်၍ သံတွဲသို့ချီမည်ဟိသောအခါ ရှိအမတ်ပညာဟိ အသက်တရာ
ဝိမလအမတ်လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိသူဟောင်းစကားဟိပါသည်။ ပင်လယ်မြစ်ကြောင်း၊ ၀ဲခနောင်း၌၊ တိမ်းစောင်းမဖယ်သာ။ မာလိန်အမတ်၊ ရီကြောင်းလွှတ်သော်၊ ကူးခတ်မရောက်ရာ။ ပြည့်သျှင်မင်းမြတ်၊ အကျင့်ချွတ်လျှင်၊ ဥပါဒ်သတ္တ၀ါ၊ ထုံးဟောင်းဟိပါသည်။ ညီတော်သံတွဲစားနှင့်မူးမတ်ပြည်သူရို့ကို မာန်တော်မရောက်ကောင်းပါ။

အသျှင်မင်းကြီးသည် ရှိဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့နှင့်မတူ၊ အမျိုးစောင့်သောတရားပျက်ချေသည်။ ခမည်းတော်စားကျေးပီးခသော သံတွဲမြို့၌ ညီတော်ချမ်းအီးသာယာငြိမ်သက်စွာ နီလတ်သည်။ ထိုသို့ဟိသည်ဖြစ်လျှက် သူလှောင်သူဖျက်ရို့စကားကို နားဝင်တော်မူလျှက် ယောက္ခမတော် အမတ်ရာဇသူကို
ခန့်တော်မူ၍ တနှစ်တကြိမ်တိုက်စီသည်။ သို့တိုက်စီသော်လည်း ညီတော်၌ ဂုဏ်သီလမြဲခြင်းကြောင့်လည်းကောင်း၊ မှူးမတ်ကျေးကျွန် အင်္ဂါစုံစွာဟိသည်ဖြစ်၍လည်းကောင်း၊ သုံးကြိမ်ပျက်ကာ ပြန်ခရပါသည်။ ချီတော်မူမည်ကြံတော်မမူသင့်ပါ။ ရှိကျမ်းဂန်အဆို တလိန်ကရာဇ်မင်းက အဿကမင်းကို စစ်ပြုသောအကြောင်း နိဒါန်းဟောင်းတွင်လည်း
ဆဒ္ဒန်ပြောင်မုန်၊ ရဲဟုန်နှင့်ချိုး၊ ချွန်ချွန်ထိုးသို့၊ အကျိုးဟိသင့်၊ ထိုးခွင့်မသာ၊ မင်္ဂလာအောင်မြီ၊ အနီသင့်ရာ၊ ဗိုလ်ပါဆင်မြင်း၊ သိမ်းသွင်းမပျက်၊ ရဲမက်မပြို၊ ရန်ကိုနှိပ်နွံ၊ အကြံပညာ၊ သည်သာဖြစ်ခဲ၊ သူရဲမယှား၊ လက်ရုံးအားမှာ၊ အမှားအမှန်၊ အလွန်အကျူး၊ သူရူးအင်္ဂါ၊ မိစ္ဆာအကျင့်၊ နိမ့်မြင့်ယှုံးနိုင်၊ အပိုင်ခဲခက်၊လက်နက်ဗိုလ်ခြီ၊ အသီအဆုံး၊ ထုံးမပြုလောက်၊ ထွင်းဖောက်မြောက်မြား၊ ဂုဏ်ကိုးပါးစုံ၊ ပညာလုံမှ၊ ဗိုလ်ပုံမပန်း၊ ဥာဏ်စွမ်းနဂို၊ (----)၊ ကြီးဘိစစ်အင်၊ မြင်းဆင်ရထား၊ ခြီသည်အားနှင့်၊ လေးပါးစုံညီ၊ ရောက်ငြားလီလည်း၊ ဗိုလ်ခြီစီးပြီး၊ စစ်သူကြီးရို့၊ ထုံးမှီးလိမ္မာ၊ သို့ကိုရာလျှင်၊ စစ်အင်လေးမည်၊ အပ်သည်ရှိရိုး၊ ရန်ချိုးနိုင်သည်၊ သူ့ပြည်သာယာ၊ ၀တိံသာသို့၊ ပမာတမျှ၊ အဿကမြင်း၊ စစ်တွင်းယှုံးမည်၊ ဆိုသည်စကား၊ သိကြားစင်လျှက်၊ ပျက်သည်ထုံးစံ၊ နန္ဒိသေန၊ အဿကမတ်၊ ညီညွတ်ပြည့်စုံ၊ ပညာလုံ၍၊ ဗိုလ်ပုံရန်ငြိမ်၊ ကလိန်ဂရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍၊ ကစိကစက်၊ ကြီညက်ဘရမ်း၊ အမတ်သွန်းနှင့်၊ မင်းကြမ်းတသွန်၊ မာန်တံခွန်ကို၊ ကဲလွန်စတင်၊ ကိုယ်ချင်ကိုယ့်ဝယ်၊ အလမ္ပာယ်သို့၊ အန္တရာယ်ရောက်၊ ပြီးပေါက်လမ်းမှား၊
သီပျောက်ငြားလည်း၊ တရားမရ၊ မင်းသုည- ဟုလျှောက်စာထုံးဟောင်းဟိပါသည်။
အသျှင်မင်းမြတ်။ ထိုမှတုံလည်း၊ သူလှောင်သူပျက်၊ ပေါင်းဖက်စကား၊ မင်းကြီးမှားမူ၊ တိုင်းကားမစည်
ပျက်တတ်သည်။ ရှိထုံးဟောင်း အလာတွင်လည်း- ကြွက်ကြီးတွင်းအောင်း၊ ကြွက်ငယ်လောင်းရုံး၊ အပေါင်းတွင်းကိုဖျက်လိမ္မည်။ ကျောင်းတဆယ်ကို သျှင်ငယ်တယောက် စားလိမ့်မည်။ အင်္ကျီခါးတို၊ လူပျိုအမတ်များလိမ့်မည်။ ပုတီးလက်စွဲ၊ လူစဉ်းလဲလည်း များလိမ့်မည်။ ယင်းသောအခါ မိုးမရွာ၊ အစာငတ်မွတ်ယှားလိမ့်မည်။ နတ်မြစ်ကူးတို့၊ လူမပို့လည်းကူးလိမ့်မည်။ ကြွက်မင်းပြီးရာ၊ မစ္ဆိမာသို့ရောက်လိမ့်မည်။ ပြူနှင့်တလိုင်း၊ ငါးဇင်ရိုင်းသို့ပြုလိမ့်မည်။ ကြွက်မင်းတဖန် တွင်းသို့ပြန်သော်၊ အကြံတွင်းသစ်ရှာလိမ့်မည်။ တွင်းသစ်ရခါ၊ များမကြာ၊ ကြမ္မာအသက်ကုန်အံ့သောဝ်။
ထိုသို့သိုက်ဓါတ်ဟောင်းထွက်ဟိပါသည်။ တိုင်းပြည်ပျက်ရာသော အတိတ်ကြီး၊ နိမိတ်ကြီးထင်မြင်သည်မှာလည်း ဓါတ်လေးပါးချောက်ချားဖောက်ပြန်၍ မိုးလည်းမရွာ သတ္တ၀ါရို့လည်းငတ်မွတ်ပင်ပန်း၊ ညှိုးနွမ်းရိပါးရှိသည့်အတွင်း မြို့စားရွာစား၊ ကျွန်းစားချောင်းစားပီးတော်မူသည်မှာလည်း တမြို့တရွာ၊ တချောင်းတစို့မှလွတ်သည်မဟိ၊
ထိုကျေးစားရို့ကလည်း တဒ္ဓ၀၊ မကောင်းသောအမူအကျင့်ရို့ဖြင့် တိုင်းပြည်ပျက်ကြောင်းကိုရာ ပြုကြပါသည်။

အသျှင်မင်းမြတ်။ ညီတော်၊ သားတော်၊ ဆွီတော်၊ မျိုးတော်မှစ၍ မှူးကောင်းမတ်ကောင်းရို့ကို မနှိပ်စက်အပ်ပါ။ နှိပ်စက်ခီသော် ပြည်နာသည်။ ပြည်နာလတ်မူ၊ ရန်သူပေါ်ပေါက်၊ ပြည်လုံးမှောက်၍၊ ပျက်စီးခြင်းသို့ ရောက်တတ်ပါသည်။”

ဟူ၍ အမတ်ကြီးလျှောက်ထားရာ၊ မင်းရိုးမှန်လျှက်၊ သူမိုက်ရို့နှင့်ပေါင်းမိ၍ ပညာဟိစကားကိုမယူ မှောက်မှားသဖြင့် အမတ်ကြီးဝိမလကို မာန်အောင်ကျွန်းသို့ ပို့လိုက်သည်။ များမကြာမီ အင်းဝမင်းခေါင်သား မင်းရဲကျော်စွာတိုက်ခိုက်၍ မင်းစောမွန် အနောက်ကုလားပြည်သို့ပြီးရသည်။
တဆယ့်ကိုးနှစ်ကျော်ကြာပြီးမှ ထီးနန်းပြန်ရသည်။ ထိုကာလ၊ နှစ်နှစ်ဆယ်ခန့်ကို မြန်မာ့တလှည့်၊ မွန်တလှည့် စစ်ပြုအုပ်ချုပ်ကြသည်။
နောက်ဆုံး ကလေးကျေးတောင်ညိုမင်းကို ရခိုင်သားရို့တိုက်၍ ထွက်လားလီမှ မြန်မာနှင့်မွန်ရို့လည်း နောက်ထပ် မလာတော့ပေ။

ဤလျှောက်ထုံး၌ မင်းစောမွန်သည် တရားမစောင့်၊ ပညာဟိစကားမနာယူ၊ မိုက်မှားမှုများကြောင့် တိုင်းပြည် ပျက်ခရသည်ကို မှတ်သား၍ သံဝေဂရဘွယ်ဖြစ်ပါသည်။





လျှောက်ထုံးအမှတ် (၁၆)

နရမိတ်လှ (မင်းစောမွန်) လက်ထက မြို့မပြောင်းသင့်ကြောင်းလျှောက်ထုံး။

နရမိတ်လှမင်းသည် အင်းဝမင်းရဲကျော်စွာ လာရောက်တိုက်ခိုက်သည်ကြောင့် ကုလားပြည်သို့လားရောက်ပြီး ခိုလှုံနီခရာ နှစ်ပေါင်း (၂၂) ကျော်မျှကြာသည်။ ရခိုင်သားရို့တိုက်ခိုက်၍ ကလေးတောင်ညိုမင်း၊ မိဖုရားနှင့် အပေါင်းပါရို့ မြန်မာပြည်သို့ပြန်လားကြသောအခါ နရမိတ်လှညီတော်သံတွဲစား နရသူ (အလီခင်) သည် နောင်တော်ထံလူစေလွှတ်ပြီး လျှောက်ထားစီသည်။ နောင်တော်လည်း ကုလားမင်းအကူအညီဖြင့် ချီလာခ၍
သက္ကရာဇ် (၇၉၁) ခု ရောက်မှ ဒုတိယအကြိမ် ထီးနန်းကို ပြန်လည်စိုးစံရသည်။ သားတော်များကို အိမ်ရှိမပီး။ ညီတော်နရနုကို အိမ်ရှိနှင်းတော်မူသည်။

နရမိတ်လှမင်းသည် ခမည်းတော်လက်ထက်က မှူးကြီး၊ မတ်ကြီး၊ သားမြီးရို့ကို စီစစ်တော်မူပြီး၊
အသီးသီးပညာအရည်အလျှောက် အနိမ့်အမြင့်သူကောင်းပြုတော်မူသည်။ မာန်အောင်သို့အပို့ခံရသူ
အမတ်ကြီးဝိမလ၏သား မြကျော်အောင်ကိုလည်း က၀ိကျော်အမည်နှင့် လေးမြို့ချောင်းကို
စားကျေးပီးတော်မူသည်။ မိမိကား မင်းစောမွန်ကြီးအမည်ကို ခံတော်မူသည်။ မင်းစောမွန်သည် ယခင်နန်းကျစဉ်က အလေ့အကျင့်စရိုက်ဆိုးများကိုပစ်ပယ်၍ သူတော်ကောင်းစရိုက်ကို ပြန်လက်ခံကျင့်သုံးသည်။ ပညာဟိ သူတော်ကောင်းရို့နှင့်ပေါင်းဖက်ကာ ပျက်စီးယိုယွင်းလတ်သောအရာများကို ပြုပျင်ပြီး၊ တိုင်းပြည်တိုးတက် သာယာရေးကို ကြိုးပမ်းဆောင်ရွက်တော်မူသည်။

မင်းစောမွန်သည် ပျက်စီးလျှက်ဟိသော လောင်းကြက်မြို့အဖြစ်ကိုကြည့်ပြီး၊ မနှစ်မြို့နိုင်တော့ချေ။ ထို့ကြောင့် မြို့ပြောင်းမည့်အကြောင်း အမိန့်ဟိတော်မူလတ်သည်။ ထိုအခါ လေးမြို့စားပညာဟိအမတ် က၀ိကျော် လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ သင့်တင့်အပ်သော မြို့ပြ၊ ကျုံး၊ မြောင်းစသော အင်္ဂါခုနှစ်ပါးနှင့်ပြည့်စုံပြီး၊ ပဋိရူပစသော စက်အင်္ဂါလေးပါးညီညွတ် ထွန်းလင်းသောနီရာပင်ဖြစ်စီကာမူ ကျန်းဂန်လာသည်မှာ-
ယတ- အကြင်တိုင်းပြည်၌၊ ရာဇာစ- မင်းသည်လည်းကောင်း၊ မိစ္ဆာသပ္ပေါ- မှားသောအကျင့်
အကြံဟိသည်ဖြစ်၍၊ နိဗ္ဘောဂေါ- ဝေဖန်ခွဲခြမ်း ပီးကမ်းချီမြှင့်ခြင်းကိုမပြု၊ စတုဂတိဂမနော-
လေးပါးသောအဂတိသို့ လိုက်စားလေ့ဟိ၏။ ဗာလုအသေ၀နော- မိုက်သောသူရို့နှင့်ပေါင်းဖက်ယှဉ်တွဲ
မှီဝဲရောနှောလေ့ဟိ၏၊ တံရဌံ- ထိုတိုင်းနိုင်ငံသည်၊ ဒုက္ခံ- ဆင်းရဲပျက်စီးခြင်းသို့ရောက်သည်၊ ဘဝေ- ဖြစ်ရာ၏။ ဤသို့ကျမ်းဂန်လာပါသည်။ အထက်တိုင်းပြည်မပျက်မှီ အသျှင်မင်းမြတ် ထီးနန်းစိုးစံတော် မူသောအခါလည်း၊ ရှိမင်းရို့နည်း ဘိက်သိက်တော်ကို မခံလီခ။ ယခု ကံကုသိုလ်ပီးလာပြန်၍ ထီးနန်းတိုင်းပြည်ကို ရမြဲရပြန်ရာ၊ ဘီးတော်စသော ခမည်းတော်မင်းမြတ်ရို့နည်း ဘိက်သိက်ခံတော်မူပြီးမှ မြို့သစ်ပြောင်းတော်မူလိုလျှင်လည်း ပြောင်းတော်မူသင့်ပါသည်။ ရှိပညာဟိရို့ အမှာစာတမ်းထုံးမှာလည်း- ရဟန်းရို့မှာ၊ ကမ္မ၀ါတင်၊ သိမ်ဝင်သိက္ခာ၊ ဓမ္မာတရားမြဲသင့်ကြောင်း။ မင်းရို့မှာလည်း၊ ဘိက်သိက်ခံရာ၊ သမ္မာမင်းမြတ်ကောင်း- ဟူ၍ ထုံးဟောင်းလာသည့်အတိုင်း ရာဇပုံတွင်လည်း- ရဟန်းသိက္ခာ၊ မင်းမှာဘိက်သိက်၊ သူတော်စိတ်ကို၊ မဖိတ်ကျင့်ရိုး၊ မြတ်အမျိုး- ဟူ၍ ဆိုလတ်သည်။ တိုင်းပြည်သတ္တ၀ါ၊ ကြမ္မာကပ်ဥပါဒ်၊ ဆိုက်ရောက်လတ်၍၊ အနှစ်နှစ်ဆယ်ကျော်မျှ မြန်မာနှင့်မွန်ရို့ မင်းမူလျှက်ဟိလတ်ရာ ဘိက်သိက်တော်မင်္ဂလာရ ပုဏ္ဏားရို့သည် ပန်းတင်၊ စောင်းတီး၊ စန္ဒီ၊ ဟူးရား၊ ဟုန်းနတ်၊ ပရိတ်ရွတ်အစို့ ပုဏ္ဏားရို့နှင့်ရောနှောလျှက်ဟိလတ်သည်။ ဘိက်သိက်မင်္ဂလာတော်ရပုဏ္ဏားရို့ ရှိအစဉ် ကျင့်ရိုးသော်ကား- အင်း၊ မန္တာန်၊ ဆီး၊ ပယောဂ၊ ဟူးရား၊ ဗေဒင်၊ မန္တာန်များကိုလည်း မလေ့လာခြင်း၊ ရီမချိုးမီ ဆီးကွမ်းထမင်းစသည်ရို့ကို မစားခြင်း၊ တူရသွယ်နှင့်စလွယ်ကို မကွာခြင်း၊ ရာသီရောက်သောမိမ္မ၊ မီးနီသောမိမ္မရို့နှင့် မရောမစပ်ခြင်း၊ လင်သီ၊ လင်ကွာမိမ္မကို အိမ်ထောင်ဖက်မပြုခြင်း၊ သားငါး၊ ငါးပိမစားခြင်း၊ တိုင်းသူပြည်သားတိအိမ်သို့ လှည့်လည်လားလာ တောင်းစားမပြုခြင်း။ ပိဋကတ်ကျမ်းဂန် အဘိဓာန်စသော
ပရိတ်မင်္ဂလာပီသစွာ ရွတ်ဖတ်တတ်ခြင်း၊ ကျမ်းဂန်၌လည်း- ရာဇဘိသေကမ္မတော သမ္မောတော၊ သာရဗြာဟ္မ ၀ံသာနုရက္ခိတဗ္ဗော- ဟူ၍ လာဟိတော်မူသောကြောင့် ဘိက်သိက်တော်ဆက် ပုဏ္ဏားရို့၏အင်္ဂါသျှစ်ပါးနှင့်ပြည့်စုံမှ ဘီးတော်ဘိုးတော်စသော ခမည်းတော်မင်းမြတ်ရို့ကို ဘိသိက်တော်ဆက်ရပါသည်။ ဘိက်သိက်သွန်း ရှိရိုးမှန်အောင် ရွီးစစ်တော်မူ၍ ဘိက်သိက်ရီသွန်းခံတော်မူပါ။”

ဤသို့အမတ်ပညာဟိလေးမြို့စားက၀ိကျော်လျှောက်လတ်ရာ
မင်းစောမွန် ကံကုန်ချိန်ရောက်လတ်၍ ဝကိက်တော်မမူ။ သက္ကရာဇ် (၇၉၂) ခု၊ တော်သလင်းလဆန်း (၁) ရက် တလင်္ဂနီနိ၊ ကန်လက်ကန်စန်းနှင့် မြောက်ဦးမြို့ကိုတည်တော်မူသည်။ မြို့တည်မပြီးမှီ ယာယီနန်းနှင့်နီတော်မူစဉ် ဝေဒနာကပ်ရောက်ပြီး နတ်ရွာလွန်တော်မူသည်။ ရခိုင်ရာဇ၀င်သစ်၌ (၇၉၅) ခုတွင်မှ လွန်ကြောင်းဆိုသည်။


လျှောက်ထုံးအမှတ် (၁၇)

မြောက်ဦးမြို့ နရနု (အလီခင်) နှင့် အင်းဝမြို့နရပတိမင်းရို့ အပြန်အလှန်ပြုကြသော ရာဇသံစာသ၀ဏ်လွှာ နှစ်စောင်။

နရမိတ်လှမင်းစောမွန်၏ညီတော်အိမ်ရှိမင်းနရနုသည် နောင်တော်လွန်လျှင် ထီးနန်းဆက်ခံစိုးစံတော်မူသည်။ နန်းတက်မိဖုရားကား စောခမောက်ဖြစ်သည်။ နန်းတက်သောအခါ အလီခင်ဟူသော ကုလားဘွဲ့မည်ကိုလည်း ခံယူလတ်သည်။ ထိုမင်း အလီခင်လက်ထက် အင်းဝဘုရင်ထူပါရုံဒါယကာ နရပတိသည် ရခိုင်သို့ချီလာသည်။ ရခိုင်ရိုးမဖိုးခေါင်နွယ်ချိုတောင်အရပ်သို့ ရောက်လာပြီး တပ်ချရပ်နားနီသည်။ ထိုအကြောင်းကို ရခိုင်ဘုရင် အလီခင်ကြားသိလတ်သော် တပ်အစီရင်နှင့်တကွချီလာပြီး “ကမာ” အရပ်တွင် တပ်ချရပ်နားသည်။ ထို့နောက်
အင်းဝမင်းထံသို့ ရာဇသံစာပီးရန် အမတ်ဥဿလင်းကိုစေလွှတ်လိုက်သည်။ ပီးတော်မူလိုက်သော
ရာဇသံသော်ကား-

ဣတိပိသောဘဂ၀ါ၊ သွက္ခတော၊ သုပ္ပဋိပန္နော- စသော ဂုဏ်တော်တရားသုံးပါးနှင့်အညီ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ သာသနာတော် မညှိုးမနွမ်းစီရ၊ မူလသိက္ခာ၊ မင်းသမ္မာရို့ခံရာသောဘိက်သိက်တရား ဆယ်ပါးသော မင်းကျင့်၊ တဆယ့်နှစ်ဆင့်သော အင်္ဂါ၊ ကြိယာဒသ၊ သတ္တကျက်သရေ၊ လေးတွေသင်္ဂဟ၊ နိစ္စမြဲစွာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာမိတ်ပေါင်း၊ သူမကောင်းနှင့်၊ ကင်းကြောင်းလုံ့လကိုရာ၊ ပညာဗလပြုလျှက်၊ မင်းရို့အား ငါးပါး၌ စရိမာ ဆုတ်ယုတ်တတ်သောလက်ရုံးမာနအားကိုပယ်၍ အနီးအ၀ီးမရွီး ပကတိတရားခုနှစ်ပါးနှင့် သတ္တ၀ါရို့ကို စောင့်ထိန်းလျှက် အုပ်ချုပ်စီရင်လေ့ဟိသောမြောက်ဦးရွှေမြို့တော်ကြီးအသျှင် ကြားရောက်လိုက်သည်။ အင်းဝ
ရွှေမြို့သျှင်အကြည်တော်။

လူသတ္တ၀ါရို့၏ဓမစာရိတ္တသီလ၊ ၀ါရိတ္တသီလ ထိုနှစ်ဝသောတရားကိုရာ ရှည်စွာစွဲမြဲကျင့်ကြံရမည်ကို အသိပညာ သမ္မာတရား မကပ်မဟိခြင်းကြောင့် ဂင်္ဂါဝါလု၊ သဲစုအမျှ၊ ရှိကာလ၌ ပွင့်တော်မူကြသော ဘုရားသျှင်ရို့သည် သင်းပင်းသို့မ၀င်၊ သံသရာစက်ရဟတ်ကမလွတ်၊ တဏှာအိုင်၌ပျော်ပိုက်လျှက်၊ ကေဘုမ္မက၀ဋ်အလယ်၊ အမြင့်အနိမ့်၊ တွိမြဲဓမ္မတာ၊ နိဗ္ဗာန်မှဖီလာ၊ သမုဒယသစ္စာကိုရာ လေ့လာအားထုတ်ကြသည်။ ထိုသတ္တ၀ါရို့၌ တယောက်သောသူအား သမ္မာဥာဏ်ကပ်ရောက်ဖြစ်ပွားဟိပြန်သော် အချီတ္တ၊ ဗဟိဒ္ခရန်မလွတ်ဟိပြန်သည်။ အတိ
ဇာတပဋိသန္ခေနှင့်စွဲရင်းမှန်၍ နိက္ခမဆိတ်ငြိမ်ရာသို့ထွက်လား၍ ကာယ၀ိညတ်၊ ၀ဇီဝိညတ်၊ မနောသမတ်နှင့် ညီညွတ်ပြည့်စုံစီလျှက် သမ္မာပညာတက်မကို ဖြောင့်မတ်စွာကိုင်၍ အလွန်ကြီးကျယ်စွာ ဗလ၀ါမုခ၊ သမုဒယ ၀ဲတဏှာအိုင်မြစ်ထဲမှခွဲခွာ ကူးမြောက်တော်မူသည်။

အနုဇာတ ပဋိသန္ဓေပီးသူရို့၏ထုံးစဉ်လာကို ကျင့်ကြံမြဲစွဲလျှက် အသက်ထက်ဆုံးနီရသည်။ အ၀ဇာကပဋိသန္ဓေ နီသောသားသော်ကား ရှိပညာဟိရို့ထုံးကို မယူဆိုးသွမ်းပျော်ရွှင်၊ သဘင်လေ့လာ၊ သီစာယစ်မျိုး၊ သောက်စားမက်မော၊ အတ္တနောမတိ၊ မိမိအကြိုက်ကိုရာ အဘိဇ္ဈာမတရားသဖြင့် သူတပါးဥစ္စာကိုလိုချင်ခြင်း၊ ဗျာပါဒတရားဖြင့် သူတပါးကို ငြိုငြင်ပျက်စီးအောင်ကြံဆောင်ခြင်း၊ မိစ္ဆာဒိဌိတရားဖြင့် အမှားအလွန် ဖောက်ပြန်ယွင်းချွတ် နှလုံးသွင်းစီခြင်း၊ တကြောင်းတုံလည်း သမ္မာသူတော်ကောင်းရို့နှင့် ခေတ္တပေါင်းဖော်ခဘူးသော စကြာရမန္ဓာတ်မင်းသည် မိစ္ဆာဥာဏ်ဖြစ်ပွား၍ သကြားမင်းစည်းစိမ်အလုံးကို သိမ်းကျုံးထင်မှားချေ၍ ဘ၀မခြား ဒိဌဓမ္မပျက်စီးရလီကြောင်းနှင့် မန္ဓာကုဇာတ်ကျမ်းဂန်လာချေသည်။ သီရိဓမ္မာသောကမင်းမူလည်း ဇဗ္ဗူဒီပါတကျွန်းလုံးကိုအစိုးရသော မင်းဖြစ်တော်မူလျှက် ထိုမင်းကံစဲချိန်နီးတွင် အမှားကိုအမှန်ထင်၍ တိရိစ္ဆာန်ဘ၀ ရောက်ရလီကြောင်းနှင့် အဌကထာစကားရာဇ၀င်များ၌ ပညာဟိရို့ သက်သီပြဆိုခကြသည်။ ဤသည့်
ကျမ်းဂန်အဌကထာများကို နှလုံးသွင်း၍ အကြည်သော်လည်း မင်းမည်ကာမဟုတ်၊ အလာကောင်းလျှက် အပြန်မစောင်းစီရ၊ ကိုယ်ကမကွာ၊ သမ္မာသျှစ်ထပ်၊ စစ်ကွပ်လိမ္မာ၊ ပညာလက်နက်၊ ပိုးပရွက်သို့၊ စစ်တက်လာကြ၊ လောဘသူပုန်၊ ကုန်အောင်သတ်ဖြတ်၊ အခွါတတ်မှ၊ မြတ်ရာသို့ရောက်ကြမည့်အကြောင်း ကြားရောက် လိုက်သည်- အကြည်တော်။

ဤရာဇသံစာသ၀ဏ်လွှာကို ရွှေပီတွင်ရွီး၍ အမတ်ဥဿလင်းစားကို စေလွှတ်တော်မူလိုက်သည်။
ဥဿလင်းစားလည်း အင်းဝမင်းနရပတိထံသို့ရောက်လတ်သော် ရာဇသံသ၀ဏ်ကိုပီးဆက်သည်။ အင်းဝ မင်းကလည်း တောင်တွင်းစား လက်ယာစည်သူကို သံဆက်ခန့်၍ ရခိုင်မင်းထံပီးလိုက်သော ရာဇသံသ၀ဏ်မူကား-

သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗန်၊ ပညက်တည်းဟူသော ဥေယျဓံတရားငါးပါးရို့ကို မသိမမြင်စီတတ်သော အ၀ိဇ္ဇာဖုံးလွှမ်းခြင်းကြောင့် သတ္တ၀ါရို့နစ်မြုပ်လျှက်ဟိသည်ကို ကယ်တင်လိုသော သမာဓိအသိအမှန်လုံ့လ အကျင့်အကြံတော်အားထုတ်သောသတ္တိကြောင့်၊ ကင်းရာဖြစ်သော အသင်္ခတဓါတ်အမြဲတည်ရာ နိဗ္ဗာန်ဆိပ်ဦးသို့ ငါကူးမြောက်ပြီ။ ပုနပုန္နံ- တဖန်ငါ့ကို သင်ရို့နှိပ်စက်ခြင်းမပြုရာပြီ။ ပထမဗုဒ္ခစနစကားတော်၊ အနေကဇာ တိသံသာရံဂါထာကို ဥဒါန်းကျူးတော်မူပြီးမှ လူသုံးပါးရို့အား။ ကုသလာဓမ္မာ အကုသလာဓမ္မာ ထိုနှစ်ပါးသော
တရားတော်ဟောတော်မူသည်။ ကောင်းကျိုးမကောင်းကျိုးဟု လွတ်အစဉ်အားဖြင့် ဥာဏ်နည်းသူရို့ သိလွယ်စွာ။ ထိုမှ မသူတော်ရို့ဆက်ဆံခြင်းမပြုသော မစ္ဆိမာပဋိပဒါ သူတော်ကောင်းလက်နက်ဖြစ်သော အဗျာကတ တရားတော်နှင့်အညီ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောလုံ့လကိုရာ နှလုံးသွင်းလျှက် ဝေနေယျရို့အား စောင့်လေ့ဟိသော ရတနာပုရ၊ အင်းဝရွှေမြို့တော်ကြီးအသျှင် ကြားရောက်လိုက်သည် မြောက်ဦးရွှေမြို့တော်ကြီး
အသျှင်အကြည်တော်။

သတ္တ၀ါရို့တွင် သမ္မာဒိဌိ၊ မိစ္ဆာဒိဌိ နှစ်ပါးဟိသည်၌ မိစ္ဆာရို့ဓလေ့မှာ သံသရာမကုန်၊ စက်ဝဋ်တရား
မပြတ်သောအမှုများကြောင့် ဇာတိဖြစ်လျှက်၊ ရမ္မက်မကွာ၊ ခန္ဓာရုပ်နာမ်၊ အဖန်တလဲလဲမြဲတတ်သော
သတ္တိခိုင်ခန့်ခြင်း။ သမ္မာပညာ- သူတော်ကောင်းရို့သော်ကား။ တယောဘဝေစသော ၀ဋ်သုံးဘုံကိုမြင်သဖြင့် တဒင်္ဂပဟာန်တရားနှင့် တပ်သောတဏှာသမုဒယသစ္စာစွဲရာ ကုသိုလ်အကုသိုလ် ထိုနှစ်ပါးကိုကင်းစီ၍ ကာယသုခ၊ စိတ္တသုခကိုရာခံစားနီသော ပုဂ္ဂိုလ်မြတ်ထံ သန့်ယှင်းသော ပစ္စည်းလေးပါးပီးလှူခဘူးသော အကျိုးထောက်ပံ့လီရာ
လောကီစည်းစိမ်နီရိပ်ပမာ စင်ကြည်လျှက်၊ အကောင်းထင်မှား၊ တရားလွတ်လားလီလျှင်၊ အလာအပြန်မိစ္ဆာဥာဏ် မကင်း၊ အလင်းသို့မရောက်၊ ၀ဲအောက်တွင်သာ၊ လူးလာပနက်၊ ကျိန်စာရွတ်သို့၊ မပျက်ခန္ဓာ၊ သံသရာ၌၊ မိစ္ဆာသို့ အယူမြဲကြောင်း၊ သူတော်ကောင်းဆိုခသော ကျမ်းဂန်ကိုသိ၍ ရက္ခပူရတိုင်း မြောက်ဦးမြို့ပြည်သူရို့သည် အမျိုးဇာတ်တူ၊ အယူမခြား၊ တရားညီကြလျှက် မသမ္မာသောအမှု၊ မပြုမကျင့်အပ်သောအရာကို ကျင့်ကြံကြကြောင်းကြားသိရ၍၊ သာသနာတော်မယွင်းမှားသင့်၊ ပြသဆုံးမမည်လာခရာ အကြည်တော်လည်း မင်းသမ္မာရို့တရားနှင့်မြဲမြံစွာ သတ္တ၀ါအပေါင်းကိုစောင့်ထိန်းကြောင်း အမတ်ဥဿလင်းစား
တင်လျှောက်ချက်အတိုင်း သ၀ဏ်စာတွင်လည်း သူတော်ကောင်းရို့အင်္ဂါပြည့်စုံစွာပါလာသည်။ တရားလိမ္မာ သာသနာတော်ကို စောင့်ယှောက်တတ်သောမင်းချင်းဖြစ်၍ ဓမ္မသ၀နစည်းဝေးပြောဆိုကြရလျှင် သာသနာတော် ပွင့်လင်းသတင်းအရှည် စည်ထွန်းမည်အကြောင်းကို ကြားလိုက်သည်အကြည်တော်။

ဤစာကိုရွှေပီတွင်ရွီး၍ ဥဿလင်းစားနှင့်အတူ တောင်တွင်းစားလက်ယာစည်သူကို ထည့်လိုက်သည်။ ဤသို့လျှင် ရခိုင်မင်းနရနုအလီခင်နှင့် အင်းဝမင်းနရပတိရို့သည် အချင်းချင်းစာသ၀ဏ်ဆက်၍ မိတ်ဆွီမျိုးဖွဲ့ကြသည်။ နှစ်ဖက်သောမင်းရို့သည် မိဖုရား၊ မှူးမတ်၊ မောင်မမိဿံ၊ သားမယား ရို့စုံညီစွာပါကြလျှက် ရခိုင်ရိုးမ ဖိုးခေါင်တောင်ထက်၌ တွိဆုံကြသည်။ တွိဆုံကြသည်မှာ မင်းမှာလည်းမင်းချင်း၊ မိဖုရားမှာလည်းမိဖုရားချင်း၊ သားသမီးချင်း၊ မှူးမတ်ချင်း၊ မယားကတော်ချင်း- မင်းဆွီမင်းမျိုးချင်း၊ မောင်းမမိဿံအခြွီအရံချင်း၊ ဤသို့လျှင်တူရာတူရာအချင်းချင်း တွိဆုံကြပြီး၊ ပေါင်းသင်းဆက်ဆံကြသည်။ စားဘွယ်သောက်ဘွယ်များကို အပြန်အလှန် ကျွေးမွီးစားသောက်ကြသည်။ မိတ်သဟာယဖြစ်ကြပြီး ပြောကြဆိုကြဖြင့် ဖက်လှဲတကင်း
ပျော်ရွှင်ကြသည်။ မင်းနှစ်ပါးတွိဆုံပြောဆိုကြသည်မှာလည်း သဘာဝတူသူတော် ကောင်းချင်းဖြစ်၍ သာယာချေငံ- သမ္မာဝါစာ ကောင်းသောစကားကိုသာလျှင်ပြောဆိုကြပြီး မိတ်သဟာယဖြစ်ကြသည်။ မင်းနှစ်ပါးညီညွတ်ကြပြီးလျှင် ရတနာသုံးပါးကိုတိုင်တည်ပြီး မဟာမိတ်အဖြစ်ခိုင်မြဲကြစီရန် ကတိသစ္စာပြုဆိုကြသည်။ ပြီးလျှင် သားမြီးဆက်များတိုင်အောင် ချစ်ခင်ကြင်နာတရား ခိုင်မြဲပွားစီးစီရန်အကြောင်း မိတ္တာပြုဆုတောင်းကြသည်။
ဤသို့ပြုကြပြီးသော် အင်းဝမင်းက အဘိုးတသိန်းထိုက်သော ပတ္တမြားလက်စွပ်ကို ပီးတော်မူသည်။
ရခိုင်အလီခင်မင်းကလည်း တန်ဘိုးတသိန်းထိုက်သော ပုလဲသွယ်ပီးတော်မူသည်။ မိဖုရားအချင်းချင်းလည်း လက်စွပ်လက်ကောက်၊ အ၀တ်အရုံရို့ကို အပြန်အလှန် ပီးဆက်ဖလှယ်ကြသည်။ သားသမီး၊ မှူးမတ်အခြွီအရံရို့လည်း အချင်းချင်းသင့်ရာကိုယ်စီ ဖလှယ်ခြင်းပြုကြသည်။ ဤသို့ အချင်းချင်းဖလှယ်ခြင်း ပြုကြပြီးသည်နောက် မင်းနှစ်ပါးသည် ညီညွတ်စွာ ညှိနှိုင်းပြောဆိုကြပြီး၊ နိုင်ငံနယ်ပြည်အပိုင်းအခြားကို သတ်မှတ် ထားဟိကြသည်။ ထားဟိသည်မှာ-
ဖိုးခေါင်တောင်ရိုး အရှိဘက်ရီကျကို ရတနာပူရ အင်းဝနိုင်ငံတော်ဖြစ်စီ။ ဖိုးခေါင်တောင်ရိုး အနောက်ဘက်ရီကျကို ဓည၀တီ ရခိုင်နိုင်ငံတော်ဖြစ်စီ- ဟု သတ်မှတ်ပိုင်းခြားတော်မူကြသည်။ ဤသို့သတ်မှတ်ပိုင်းခြားကြပြီးသော် သစ်ပင်ရို့တိသည် ကိုယ့်ဘက်၌ပေါက်မူ ကိုယ့်ဘက်သို့ရာ ညွတ်ကိုင်းကြသည်။ အလယ်၌ပေါက်သော မြက်ဝါးသစ်ပင်ရို့သည် တည့်တည့်မတ်မတ်ပေါက်ကြကုန်သည်။ မင်းနှစ်ပါးရို့သည် မင်းခမ်းမင်းနား၊ မင်းသုံး
မင်းဆောင်ပစ္စည်းများကို ထီးဖြူတော်မှစပြီး အချင်းချင်းလဲလှယ်ကြသည်။ ထိုသို့လဲလှယ်တော်မူပြီးလျှင် သက္ကရာဇ် (၈၁၆) ခု၊ တန်းခူးလဆန်း (၆) ရက် တလင်္လာနိတွင် တပ်စဉ်အတိုင်းဆုတ်ကြလျှက် နေပြည်တော်သို့ ပြန်ကြသည်။ မင်းနှစ်ပါးမိတ်သဟာယဖြစ်ကြလတ်၍ နှစ်တိုင်းနှစ်ပြည်နီပြည်သူအပေါင်း အီးငြိမ်းသာယာ ဟိကြသည်။ ကောင်းလီစွသာလီစွ၊ သာဓုခေါ်ဘွယ် ဖြစ်ခလီသတည်း။






လျှောက်ထုံးအမှတ် (၁၈)

မင်းပါကြီး ကုလားပြည်ကိုသိမ်းရာ အကြံပြုလျှောက်ထုံး။

မင်းရာဇာ၏သားတော် သံတွဲမြို့စား မင်းပါကြီးသည်သက္ကရာဇ် (၈၉၃) ခု၊ နံယုန်လဆန်းတရက် စနီနိ၊ နိခြင်း နှစ်ဗဟိုရ်ကျော်ငါးနာရီတွင် ဆင်ဖြူသျှင်သမီးဖွားစောမင်းနှင့် ရီဆိပ်တဲနန်းတော်ဝယ် ဘိသိက်တော်ခံ၍ မင်းအဖြစ်သို့ ရောက်တော်မူသည်။ မင်းအမည်အားဖြင့်ကား “သီရိသူရိယ စန္ဒမဟာ ဓမ္မရာဇာ” ဟူသောအမည်ကို ခံတော်မူသည်။ မင်းပါကြီးနန်းတက်သောအခါ ကုလားဒီလီပဆာမင်းက အထက်ထုံးဟိခဟိသည့်အတိုင်း လက်မှတ်တံဆိပ်ခပ်နှိပ်လျှက် “ဇောက်ပေါက်သျှာ” ဟူသောမင်းမည်ပါ တံဆိပ်စာပီးပို့သည်။ ထိုအခါမင်းပါကြီး အမိန့်တော်ဟိလိုက်သည်ကား-
ဘီးတော်မင်းစောမွန်ကို အရှိအင်းဝမင်းခေါင်၏သားတော် မင်းရဲကျော်စွာ
တိုက်ဖျက်သည်ကြောင့်ပျက်စီးခရသည်။ (၂၀) နှစ်တိုင်မျှ သက်ပြူတလိုင်းရို့ မင်းပြုအုပ်ချုပ်နီခသည်။
ထိုသောကာလ မင်းစောမွန်သည် ကုလားပြည် ဒီလီပဆာမင်းထံခိုလှုံနီထိုင်ခဘူးသည်။ ထိုသို့
ကျေးဇူးဟိသည်ကြောင့် အထက်က ငါရို့စဉ်ဆက် ရခိုင်နယ်ပြည်ဖြစ်သော ဘင်္ဂါတဆယ့်နှစ်မြို့ကို
ပီးအပ်ကျေးဇူးဆပ်ခရသည်။ ယခုသော် မင်းတဆယ့်နှစ်ဆက် နှစ်ပေါင်း (၇၀) ကျော်ရှိခပေပြီ။ ကျီလောက်ပေပြီ။

ရှိရခိုင်အပိုင် ဘင်္ဂါတဆယ့်နှစ်မြို့အ၀င် မောက်သူဇာမြို့အထိကို ပြန်လည်သိမ်းယူတော်မူမည်။ စစ်မထိုးလိုသော် တဆယ့်နှစ်မြို့ ကုလားဒေ၀န်းဌာနာတိကိုလွှတ်လိုက်စီ။ ထိုသို့အမိန့်တော်ဟိလိုက်သောအခါ ကုလားပြည် ဒေလီပဆာမင်းသည် ကာတီအမည်ဟိသော ကုလားအမတ်တယောက်ကိုရာ အနည်းငယ်သော လက်ဆောင်ဘဏ္ဍာနှင့်စေလွှတ်လိုက်သည်။ တဆယ့်နှစ်မြို့မှ ကုလားဒေ၀န်းဌာနာရို့ကား မလာမရောက်ကြချေ။ တဆယ့်နှစ်မြို့ကိုလည်း ပီးအပ်ခြင်းမပြု။ မင်းပါကြီးသည် အစေအပါးလာရောက်သော ကုလားအမတ်ကာတီကို
တစုံတခုမပြု၊ ကောင်းမွန်စွာလက်ခံဆက်ဆံပြီး ပြန်လားစီသည်။ မင်းပါကြီးသည် ဘင်္ဂါတဆယ့်နှစ်မြို့ကို ပြန်ရလိုရကား စစ်ထိုးစစ်ရန်မှတပါး အခြားမဟိတော့ပြီကို ကောင်းစွာသိဟိတော့သည်။ သို့ကြောင့် စစ်ထိုးရန်လိုအပ်သော အစီအမံများလုပ်ဆောင်သည်။ ထိုသို့လုပ်ဆောင်နီခိုက် ပြည်သူရို့သဘော မည်သို့ဟိသည်ကိုသိလိုသည်။ ထို့ကြောင့် အထောက်တော်များခန့်ထားပြီး ထောက်လှမ်းစနည်းနာစီသည်။

ထို့ကြောင့် ဘုရင့်အထောက်တော်များသည် ပြည်သူရို့အကြားလားရောက်ကြသည်။ ကြားမြင်သိဟိသမျှလည်း မှတ်သားကြသည်။ ပြည်သူရို့အခြေအနီကို အထောက်တော်များကောင်းစွာသိရသည်။ ပြည်သူရို့သည် မင်းကိုချစ်၏။ ရိုသေခန့်ငြား၏။ အားကိုးသမှုဟိကြ၏။ မိမိရို့တိုင်းပြည်မြို့ရွာ တိုးတက်သာယာအောင်
စွမ်းဆောင်နိုင်မည့် မင်းကောင်းမင်းမြတ်တပါးဖြစ်လိမ့်မည်ဟု အားထားယုံကြည်ကြ၏။ ပြည်သူရို့သည်
ရွှင်လန်းတက်ကြွနီကြ၏။ ဟန်တပြင်ပြင်အားတပြုပြုဟိကြ၏။ အထောက်တော်များသည် ပြည်သူရို့အခြေအနီကို ဤသို့ပင်တွိမြင်သိဟိရ၏။ တနိသောအခါ ပြည်သူရို့အကြားဝယ် လွတ်လပ်စွာကစားနီကြသော သူငယ်အုပ်စုတစုကို တွိမြင်ကြရသည်။ ထိုသူငယ်ရို့အုပ်စုမှ ထွက်ပေါ်လာသောအသံတခုကို အမှတ်မထင် ကြားလိုက်ရသည်။ “ကုလားကိုနိုင်လို စဖိုမှာမီးထည့်” “၀သဲးတောင်ကို ထီးတင်” “ကုလားကိုသျှင်ပြု” သူငယ်ရို့သည် ဤသို့ဆိုမြည်ရင်း ကဇာတ်နီကြသည်။ အထောက်တော်များသည် အလွန်ပင်ဝမ်းသာလားကြသည်။ အချေများသီဆိုသောစကားကိုလည်း ကောင်းစွာမှတ်ထားလိုက်ကြသည်။ ဤစကားစုကို အထောက်တော်များသည်
များစွာစိတ်ဝင်တစားဟိကြသည်။ တိုင်းရေးပြည်ရာအကြောင်းပေဟူ၍ကား အကြမ်းဖျင်းနားလည်ကြသည်။

သို့သော်သူရို့သည် ယှင်းလင်းအောင်ကား အကုန်အစင်နားမလည်နိုင်ကြ။ စင်စစ် ဤစကားသည်
အချေရို့နှုတ်မှထွက်လာသော်လည်း အချေရို့စကားမဟုတ်။ တိုင်းပြည်၏အခြေအနီကို အကြောင်းပြုပြီး တတ်သိမြင်စွမ်းသူတဦးဦးက ထုတ်ဖော်လိုက်သောအရာ ဖြစ်နိုင်သည်။ မည်သူမည်ဝါ ဖြစ်သည်ကိုကား အသူမျှ မသိနိုင်။ အထောက်တော်များသည် သူငယ်ရို့ဆိုကြသည်ကို ဆောင်ယူကြပြီး၊ ဘုရင့်ရှိတော်မှောက်သို့ ရောက်ကြသည်။ ဘုရင့်ရှိတော်တွင် အမတ်ကြီးများ ခစားလျှက်ဟိကြသည်။ အထောက်တော်များသည် မိမိရို့ကြားလာသော သူငယ်ရို့စကားကို ဘုရင်ကြီးထံလျှောက်တင်လိုက်ကြသည်။

“ကုလားကိုနိုင်လို စဖိုမှာမီးထည့်” “၀သဲးတောင်ကိုထီးတင်” “ကုလားကိုသျှင်ပြု” ဤစကားစုသုံးစုကို
ကြားရသောအခါ ဘုရင်ကြီးသည် အလွန်ပင်ဝမ်းမြောက်တော်မူ၏။ စကား၏အလားအလာဆိုလိုသည့်
အခြင်းအရာကို ထင်ရှားစွာသိလိုလှ၏။ သို့ကြောင့် ရှိတော်ဝယ်ခစားလျှက်ဟိနှင့်သော အမတ်ပညာဟိ
ကောင်းကျော်ထင်စားသို့ ယှင်းလင်းလျှောက်ထားစီရန် မိန့်တော်မူလိုက်သည်။ ထိုအခါ အမတ်ပညာဟိ
ကောင်းကျော်ထင်စားလျှောက်တင်သည်ကား

“အသျှင်မင်းမြတ်။ “ကုလားကိုနိုင်လို စဖိုမှာမီးထည့်” အလိုသော်ကား သင်္ဘောဆိပ်ဘောင်းတွတ်သည်
စဖိုဖြစ်ပါသည်။ ကုလားမျိုး ဆင်ပလီမုတ်ဆိတ်ကို အခြားအခြားမဟိစီရ။ ပေါင်းတွတ်တွင်သာ ထားရပါမည်။

“၀သဲးတော်ကို ထီးတင်” အလို ၀သဲတောင်ထိပ်၌ နံတော်ဘုရားတည်ရပါမည်။ သျှင်ပြုအလိုမှာ ကုလား ဟိသမျှကို ဆံပင်မထားစီရ၊ ခေါင်းတုံးရိတ်စီရပါမည်။ ရှိသိုက်ဟောင်းတွင်လည်း “ကုလားပုဇွန်၊ ဆယ့်နှစ်တန်ကို မလွန်ရာ” ဟူ၍ လာပါသည်။ မင်းဆယ့်နှစ်ဆက်လည်း သျှင်မင်းမြတ်တွင်စိပါသည်။ နိုင်ငံတော် တဆယ့်နှစ်မြို့ကို အသျှင်မင်းမြတ်လက်ထက်တော်တွင် ရမြဲရပါမည်ဟုလျှောက်သည်။ ”

ထိုအခါ ဘုရင်မင်းကြီးက ကောင်းကျော်ထင်စားကို ဘီးဘိုးဘီဘင်ပီးမြဲဘွဲ့ “၀ိမလ” ဟူသောအမည်ကို ပီးတော်မူသည်။ ဘုရင်မင်းကြီးသည် ပညာဟိအမတ်လျှောက်တင်သည့်အမှုကိစ္စရို့ကိုပြီးစီးအောင် ဦးစွာပထမ စီမံဆောင်ရွက်တော်မူသည်။ ပြီးမှ ကုလားပြည်သို့ချီတက်ရန် အစီအမံပြုတော်မူသည်။ ကြည်းကြောင်း၊ ရီကြောင်း၊ တပ်ပေါင်းများစွာဖွဲ့စည်းသည်။ ဘုရင်ကြီးသည် တိုင်းပြည်ကို နောက်ပိုင်းလုံခြုံအောင် အစီအမံပြုပြီး၊ မိမိကိုယ်တိုင် အကြီးအချုပ်ပြုလုပ်သည်။
ပြည့်သျှင်မင်းကြီး မယူမြစ်ညှာ ပဲလွန်းချောင်း ဂေါ်တောပလ္လင်လမ်းမှ လှံကိုင်ဓါးစွဲသူရဲနှစ်သောင်း၊ ၎င်းင်းတွင် ရိုးစားချစ်သူတဗိုလ်၊ ရမ်းဗြဲစားရဲအောင်နိုင်တဗိုလ်၊ မယူစား ရန်အောင်ဇေယျတဗိုလ်၊ သူရဲပေါင်းငါးသောင်းရို့ကို အမတ်ဆင်ကဲကြီး တပ်တော်ဦးကချုပ်။ ပြည့်သျှင်မင်း အရံတော်သူရဲကောင်း ကိုယ်ရံတော်အမှုထမ်း လေးသောင်း၊ ၀င်းတော်လေးမျက်နှာတွင် ၀င်းသားနှစ်သောင်း၊ သူရဲခြောက်သောင်းရို့မှာ ၀င်းမှူးလေးယောက်တဗိုလ်၊
ကိုယ်ရံတော်တပ်တော်နောက် လှံဓါးစွဲသူရဲတသောင်း၊ ကင်းစားသတိုးကျော်တဗိုလ်၊ ကမံလေးကိုင်
သူရဲတသောင်းမှာ မီးစားလက်ယာကျော်တဗိုလ်၊ သိုင်းတပ်သူရဲတသောင်းမှာ ပန်းတင်းစားသတိုးအောင်တဗိုလ်၊ ရဲမက်ငါးသောင်းကို အမတ်ဓါးပိုင်ကြီးတပ်နောက်ကချုပ်။ လက်ဝဲစစ်ကဲဦးရစ်တောင်စားမင်းလှတင်၊ လက်ယာစစ်ကဲမယူစားမနုဟာရို့နှစ်ယောက်ကို တပ်မရှိနောက်အုပ်ခန့်တော်မူသည်။ သားတော်မင်းတိက္ခာ အိမ်ရှိမင်းမှာ မယူမြစ်ပင်လယ်ကြောင်းချီသည့်ရီတပ်ကိုချုပ်ရသည်။ လှံကိုင်ဓါးစွဲသူရဲကောင်းတသောင်းမှာ
အမ်းစားချစ်သူတဗိုလ်၊ ကမံလှဲကိုင် ကာစွဲသူရဲတသောင်းမှာ မာန်အောင်စားသတိုးမင်းဖြူတဗိုလ်၊
သိုင်းတပ်သူရဲတသောင်းမှာ စစ်တွေစားတဗိုလ်၊ ကိုယ်ရံတော်သူရဲတသောင်းမှာ သားတော်ကိုယ်ရံတော်ဖြစ်သည်။

ကစ္ဆပနဒီမြစ်ညှာ ပီချောင်းဖျား ကျောက်မသာကျောက်ဖျာထက် ဆိတ်ခမွှီးတောင်လမ်း၊ သားတော်သံတွဲစား ဥပရာဇာတပ်၊ ဓါးကိုင်လှံစွဲသူရဲတသောင်း၊ ပန်းထော်စားရန်မျိုးအောင်တဗိုလ်၊ ကမံလေးကိုင်သူရဲတသောင်းမှာ တောင်ကုတ်စားရာဇသူတဗိုလ်၊ သိုင်းတတ်သူရဲတသောင်းမှာ လမူးစား ထွန်းအောင်တဗိုလ်။ ကိုယ်ရံတော် သူရဲတသောင်းမှာသားတော်၊ ကိုယ်ရံတော်သူရဲတသောင်၊ ရဲမက်နှစ်သောင်းမှာ ကုလားတန်စားကိုအချုပ် ဆင်တပ်ကြီးကြပ်ခန့်တော်မူ၍ မြက်ရီနီးရာ တောင်းကမ်းမကြီး၊ ဆင်တော်မပင်ပန်းစီရ။ စိန်တင်ချောင်းဖျား အော်မရလမ်းဖြင့် ဆောင်ယူစီသည်။

စစ်ချီတော်မူလျှင် အရှိတောင်စဉ်ကျေးရွာလမ်းပေါက်များတွင် ကိုယ်ရံတော်ရဲမက်နှစ်သောင်းနှင့် အမတ်ရာဇာကြီးကို အချုပ်ခန့်တော်မူသည်။ တောင်စဉ်ချောင်းစိ၊ အသီးသီးတပ်နှင့်ထားတော်မူသည်။ ပြည်စောင့် မြီးတော်စကြာဝတေးနှင့် အမတ်ပြည်စိုးကြီးရို့အား လှံဓါးကမံဒိုင်းကာ ဒိုင်းစွဲသူရဲနှစ်သောင်း၊ ကိုယ်ရံတော် သူရဲတသောင်း ပီးတော်မူသည်။ ချီတော်မူရာ သုံးသွယ်လမ်းများ၌ အရေးအကြောင်းဟိသော်လည်းကောင်း၊ မြို့တွင်းအရေးအကြောင်းဟိသော်လည်းကောင်း၊ ပေါက်ရောက်လျှောက်တင် လျှင်မြန်စွာသိတော်မူရလီအောင် ပိန်းနှဲချောင်းစားဇေယျဗိုလ်အမတ်သို့ ခြီလျှင်သည်တယောက်ကို အပ်တော်မူသည်။ ထိုသို့ အသီးသီးဝီခွဲစိစပ် ရှိနောက်လုံအောင် စီရင်တော်မူပြီးမှ သက္ကရာဇ် (၈၉၄) ခု၊ တန်ဆောင်ဘုန်း လဆန်း (၉) ရက်နိ အောင်တပ်ထွက်တော်မူသည်။




လျှောက်ထုံးအမှတ် (၁၉)

တပ်တော်ထွက်စစ်ချီစဉ်ဖြစ်သော တိတ်နိမိတ်နှစ်ချက်လျှောက်ထုံး။

ဘုရင်မင်းပါကြီးသည် အထက်ပါအစီအစဉ်ဖြင့် တပ်စုံခင်း၍စစ်ထွက်ချီလာခသည်။ ယင်းသောအခါ စီးတော်ဆင် ဇီဝစိုးသည် ကန်းကျင်သစ်တပင်ကို မာန်ဝင်၍ထိုးလတ်သည်။ ကန်းကျင်သစ်ပင် အမြစ်ကျွတ်ထွက်ပြီးလဲသည်။ ထိုအကြောင်းကို ဆင်ကဲရို့လျှောက်လာသည်။ ထိုစဉ်၌ပင် မိုးစည်းကျွန်းသူကြီး ကောင်းလှအောင်ကလည်း ငါးကျွဲတကောင်ဆက်လာသည်။ ထိုတိတ်နိမိတ်နှစ်ခုကို အမတ်ပညာဟိဝိမလလျှောက်ထုံးကား

“ကာလာဝက၊ ၀င်္ဂေယျနှင့်၊ ပဏ္ဍာရခေါ်၊ ပေါက်ကျော်တမ္ဗ၊ ပိင်္ဂလဟု၊ စသည်ကျော်ဟိုး၊ ဆင်ဆယ်မျိုးထက်၊ တန်ခိုးအလွန်၊ ဆဒ္ဒန်ပြောင်မြတ်၊ ပတ်ရပ်ညီညာ၊ လက္ခဏာကား၊ သန္တာစွယ်ရောင်၊ အာပေါင်စွေးစွေး၊ ဖွေးဖွေးဖြူစင်၊ ငွေစင်အလား၊ စွယ်ဖျားအညီ၊ လက်ယာချီ၏။ နာရီနှစ်ဖက်၊ နားရွက်နှာနု၊ မစုမညွတ်၊ သရပတ်သို့၊ မပြတ်မစောက်၊ နောက်ရှိဦးကင်း၊ မစင်းမလုံး၊ ကိုယ်လုံးကျော့ယှင်း၊ ရီဆင်းညာတင်၊ လေးခွင်စက်ပန်း၊ မချွန်းမပု၊ သျှစ်ခုအစွန်း၊ လ၀န်းသဏ္ဍန်၊ မှင်ရေးခံသို့၊ (----)၊ ရီကြည်းနှစ်သွယ်၊ညာဘယ်မရွီး၊ အပြီးအလွှား၊ နဂါးဦးချီ၊ ရာသီသုံးမည်၊ ငါးတည်သုံးချက်၊ မုန်သက်မကြူး၊ ထိပ်ဦးလည်တိုင်၊ကြံ့ခိုင်စွမ်းသန်၊ ရဲမာန်တည်းတည်း၊ ခြီသည်းနီချက်၊ ကျောက်မျက်နီလာ၊ ပမာမခြား၊ နှာမောင်းဖျားတွင်၊ပတ္တမြားရိပ်၊ အရောင်ဖိတ်သို့၊ အအိပ်သုံးလီ၊ အနီလေးပါး၊ အစားသုံးချက်၊ မကွက်မသန်း၊ တောင်ကျွန်းဇဗ္ဗူ၊ ဆင်ဟူသမျှ၊ မာနမပြိုင်၊ ဦးဆိုင်မတန့်၊ ကြောက်လန့်ယှောင်ပြီး၊ မြသွီးနှာချပ်၊ ပြီးခတ်ရာဟု၊ စက္ခုကောက်မြဲ၊
ပုလဲအာနီ၊ စုံညီမယွင်း၊ ဆင်များမင်းကား၊ နိချင်းမလောက်၊ ခြောက်ဆယ်ခန့်ကွာ၊ ယူဇနာကို၊ မကြာလျှင်မြန်၊ နိချင်းပြန်သည်။ ဆဒ္ဒန်ပေါက်ကျော်၊ ဆင်တော်မြတ်မျိုး၊ ဇီဝစိုးလျှင်၊ အောင်မင်္ဂလာ၊ စကြာကွန့်မြူး၊ တပ်တော်ဦးတွင်၊ ကန်းကျင်သစ်ကြီး၊ ကျိုင်းထီးတမျှ၊ ပမာဏကို၊ ငင်ချထိုးလှဲ၊ ခြိမ့်သဲပဲ့တင်၊ သျှစ်ခွင်တုန်ရိုက်၊ တိုက်စက္က၀ါ၊ နှံ့စွာကြောက်မင်း၊ မာန်သွင်းအလို၊ ထိုကုလားပြည်၊ မတည်ထွားညက်၊ ပျက်မည်မလွဲ၊ ငါးကျွဲဆက်လာ၊ ဘင်္ဂါဆယ့်နှစ်၊ ပုဆစ်ညွတ်တုပ်၊ လက်အုပ်ချီမြှောက်၊ ရွှေစက်အောက်သို့၊ ပို့ရောက်လာပြီ၊ ဒေလီဖဆာ၊ ဇာတာနွမ်းညှိုး၊ ခိုကိုးမည်ချည်း၊ အလှံလှဲ၍၊ ကပ်ဆည်းဝင်လာ၊ ရတနာရည်၊ မိုးသို့စွေမျှ၊ ကျက်သရေစုံ၊ ရွှေဘုံရိပ်ဖွား၊ ကုလားရင်သွီး၊ မင်းသမီးကို၊ အပြီးတဖန်၊ ဆက်မည်မှန်သည်၊ လျှင်မြန်ပြီးစီး၊ ဘုန်းနီမီး။ ”

ထိုသို့အမတ်ဝိမလလျှောက်လတ်သော် ဘုရင်မင်းဗာကြီးသည် လွန်စွာနှစ်သက်တော်မူ၏။ စစ်တပ်ထွက်တော်ကပင် စစ်တကောင်းမြို့သည် ရှိဘီးတော်၊ ဘိုးတော်ရို့လက်ထက် အမတ်ဝိမလရို့အမျိုး စားရိုးဖြစ်သည်။ အမိန့်တော်ဟိ၍ ၀ိမလအမတ်အား စစ်တကောင်းမြို့ကို မြို့စားပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၂၀)

မင်းပါကြီးလက်ထက် တပင်ရွှေထီးချီလာရာတွင် မဟာပညာကျော်လျှောက်ထုံး။

ဘ၀သျှင်မင်းပါကြီးသည် အထွတ်အမြတ်သို့ရောက်တော်မူလျှင် ညီတော်မင်းအောင်လှကို သံတွဲစားအရာမှနှုတ်၍ သားတော်ဥပရာဇာကို မြီးတော်နှင့်ထိမ်းမြားတော်မူ၍ သံတွဲမြို့စား ပီးတော်မူသည်။ ညီတော်သံတွဲစား မင်းအောင်လှ မကြည်မလင်၍ တောင်ငူနှင့်ဟံသာဝတီပြည်ကို အစိုးရသော မင်းတရားရွှေထီးထံ လက်ဆောင်လက်နက်အများနှင့် ၀င်ရောက်ဆည်းကပ်ပြီး စစ်ကူတော်မူပါဟူ၍ အသနားခံခွင့်ပန်လျှောက်ထားလတ်သည်။ ထိုအခါ မင်းတရားရွှေထီးက ယောက်ဖတော်ဘုရင့်နောင်ကျော်ထင်နော်ရထာကို တပ်ဦးထားပြီးလျှင် သက္ကရာဇ် (၉၀၈)
ခုတွင် ချီလာတော်မူသည်။

မင်းတရားရွှေထီးလာကြောင်းကြားသိတော်မူလတ်၍ စနည်းနာစီသည်။ ပထမစနည်းမှာ “ကျီးသာ၍ဧည့်လာသည်။” ဒုတိယစနည်းမှာ “လသာသည်ပြန်လီဦး အုန်းပင်သျှင်ဖမ်းမိမည်။” တတိယစနည်းမှာ “အိပ်၍နီ လှီဦးတိုင်၊ ပဲ့တိုင်ကို ခိုင်အောင်စိုက်၊ ပေါင်းမိုးဖျာကို လိပ်၍သွင်း” ဟူ၍ စနည်းသုံးရပ်ရလတ်သည်။ ထိုစနည်းသုံးရပ်အလိုကို အမတ်ပညာဟိ စစ်တကောင်းမြို့စားမဟာပညာကျော် လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ပထမစနည်း “ကျီးသာ၍ ဧည့်လာသည်” မှာ သံတွဲစားညီတော်မင်းအောင်လှသည်
ဟံသာဝတီပြည့်သျှင် တောင်ငူမင်းထံလျှောက်လီသောကြောင့် မင်းတရားရွှေထီး ဧည့်သည်ပမာသာလာရောက်၍ ပြန်ပါလိမ့်မည်။ ဒုတိယစနည်း “လသာသည်ပြန်လီဦး၊ အုန်းပင်သျှင်ဖမ်းမိမည်” ဆိုသည်မှာ ဘုန်းပညာကျက်သရေနှင့်ပြည့်စုံသော မင်းမျိုးစိုးမိုးတော်မူသော တိုင်းပြည်သာယာဆဲဖြစ်၍ မင်းတရား ရွှေထီးရန်မူလာလျှင် မင်းတရားရွှေထီးကိုဖမ်းရပါလိမ့်မည်။ သို့ရာတွင်“ ပြန်လီဦး”ဆိုသောအဆိုသော်ကား နောင်ဘုန်းပညာမဟိသော မင်းလက်ထက် အုန်းဟူသောနံအရ ဤမြောက်ဦးမြို့တော်ကို အရှိကပြူရို့ ဖျက်ဆီးပိုင်နိုင်လီရာသော အကြောင်းမူလျှက် စနည်းထွက်ပါသည်။ တတိယစနည်း “အိပ်၍နီ လှီဦးတိုင်၊ ပဲ့တိုင်ကို
ခိုင်အောင်စိုက်” အလိုသော်ကား လောင်းလှီကို တိုင်ကြိုးထိန်းပါသည်။ ပြည်ထိန်း အမတ်ကြီးနှစ်ယောက်ကို လက်ဝဲလက်ယာထွက်၍ခံရပါမည်။ အသျှင်မင်းမြတ် ချီတော်မမူသင့်၊ “ပေါင်းမိုးဖျားကို လိပ်၍သွင်” အလိုတော်မှာ- တောင်ငူမင်းလာလမ်း တောင်ဘက်မြို့ရွာတပြင် စပါးများကို မြို့တွင်းသို့သွင်း၍ထားရပါမည်။ ”

ယင်းသို့လျှောက်လတ်သော် ပြည့်သျှင်မင်းပါကြီးလည်း ကြိုက်တော်မူသည်။ မြို့တွင်းတွင် ကိုယ်ရံသူရဲပေါင်း ငါးသောင်းရို့ကို လက်နက်အစုံနှင့်ကြီးကြပ်၍ အစောင့်အနီထားပြီးမှ အမတ်ကိုယ်ရံကြီး၊ ဒါးပိုင်ကြီးနှစ်ယောက်ရို့အား သူရဲတသိန်း၊ ကိုယ်ရံငါးသောင်းပီးတော်မူ၍ လက်နက်အစုံနှင့် မီငူကျွန်း၊ ရမောင်းကျွန်းများတွင်ထားတော်မူသည်။ သားတော်စစ်စံတင်မြို့စား၊ ချစ်နှောင်းမင်းဖယောင်းကိုလည်း မြိုသက်လင်းကဲ၊ ချောင်းသားခမွီး၊ လေးထူးလေးခွ၊ ကထူးစသော လူမျိုးစုရို့နှင့် ဖိုးခေါင်တောင်အရှိဖက်သို့ ချီတက်တော်မူသည်။ သားတော်အိမ်ရှိဥပရာဇာမင်း တိက္ခာကိုလည်း၊ ဘင်္ဂါတဆယ်နှစ်မြို့က ကုလားသင်္ဘော သုံးဆယ့်ငါးစင်းနှင့် မော်တင်က အစောင့်အနီထားတော်မူသည်။ ယင်းသို့အသီးသီးခန့်တော်မူပြီးမှ ဆင့်ဆိုတော်မူသည်ကား တောင်ငူမင်းတရားရွှေထီးလာရောက်လျှင် အရှိကဆီးဆို့၍မတိုက်နှင့်။ ချီလာ၍
မြို့တော်နားသို့ရောက်မှ နောက်ကပိတ်ဆို့ပြီးလျှင် ရိက္ခာမရှာစီရ၊ တိုက်ဖျက်ရမည်။ အမိန့်တော်ပြန်ဆိုလျှက် ထားတော်မူသည်။ တောင်ငူမင်းတရားရွှေထီးသည် သက္ကရာဇ် (၉၀၈) ခု၊ တပို့တွဲလဆန်း (၂) ရက်နိ လောင်းကြက်မြို့ဟောင်းတွင် တပ်ချနီလာသည်။ ၎င်းင်းလဆန်းသုံးရက်နိ မြောက်ဦးမြို့တော်ကိုတိုက်သည်။

ရခိုင်ဘက်မှ မီးပေါက်၊ ပြောင်း၊ လေးများများဖြင့်ပစ်ခတ်သဖြင့် မင်းတရားရွှေထီးဘက်မှ အသီအပျောက်များသဖြင့် ဆုတ်ခွာနီရသည်။ အမတ်ကြီးနှစ်ယောက်လည်း နောက်ကပိတ်ဆို့ တိုက်ကြသည်။ သားတော်စစ်စံတင်မြို့စား ချစ်နှောင်း (မင်းဖလောင်း) သည် မင်းတရားရွှေထီးတပ်မှ ရိက္ခာမရှာနိုင်စီရန် အရှိတောင်စဉ်မြို့ရွာများကို ၀င်ရောက်ပြီး အိမ်နှင့်ဆန်စပါးများကို မီးတိုက်ဖျက်ဆီးလိုက်သည်။ ယင်းသောအခါ မင်းတရားရွှေထီးသည်
စစ်ပြေငြိမ်းရေးအတွက် ယောက်ဖတော်ဘုရင့်နောင်ကျော်ထင်နော်ရထာကို ရခိုင်ဘုရင်မင်းပါကြီးနှင့်တွိဆုံရန် စေလွှတ်တော်မူသည်။

မင်းပါကြီးသည် အတွိခံတော်မမူ၊ ပြည်စိုးကြီးအမတ်ဓမ္မဇေယျနှင့်ရာ တွိဆုံပြီးပြောဆိုစီသည်။
တရားသဘင်ပြုရာမဏ္ဍပ်၌ တွိဆုံကြသည်။ ထိုအခါ အမတ်ပြည်စိုးကြီး ဓမ္မဇေယျက ကျော်ထင်နော်ရထာသို့ မီးသည်ကား “အမတ်ကြီးရို့ပြည်တွင် ရတနာသုံးပါး၊ ဘုရားတရားတော်ကိုကြည်ညိုပါ၏လော။ ပြည့်သျှင်မင်းလည်း မင်းကျင့်တရားဆယ်ပါး၊ ရာဇဂုဏ်သျှစ်ပါးမြဲပါ၏လော။ မူးမတ်ရို့ကော အင်္ဂါသျှစ်ပါးပြည့်စုံကြပါ၏လော။ ”
ဤသို့မီးသည်။ ထိုအခါ တောင်ငူအမတ်ကြီးကျော်ထင်နော်ရထာဆိုသည်ကား “ကျွန်ုပ်ရို့တိုင်းပြည်တွင်
သာသနာတော်ထွန်းလင်း၊ မင်းလည်းဘုန်းအာဏာကြီးကျယ်၊ မှူးမတ်ရို့သည်လည်း အင်္ဂါစုံစွာ
ပညာဗလပြည့်ဝကြသည်ပင်” ဟုဆိုလတ်သည်။ ယင်းသို့ဆိုလတ်သော် အမတ်ပြည်စိုးကြီးဓမ္မဇေယျက
ဆိုပြန်သည်ကား “ဘုရားစသောသူတော်ကောင်းရို့ဆုံးမတော်မူသောတရား၊ ကျမ်းဂန်လာသည်မှာ-
ဒုစရိုက်တရားဆယ်ပါးကိုစောင့်ထိန်းသောအရပ်၌ သာသနာတော်တည်ရာသည်။ ထိုဒုစရိုက်တရားဆယ်ပါး မစောင့်ထိန်းသိမ်းသောအရပ်သားရို့သည် လူမိုက်ဓလေ့ ဆိုးသွမ်းကြမ်းတမ်းယုတ်နွမ်းသော အမှုနှင့်ရာ အသက်ထက်ဆုံး ကျင့်ကြံနီထိုင် ကြရာသည်။ သူတော်ကောင်းရို့ဟိသောအရပ်၌ ရာဇဟီနံ အကျင့်မဟိ အမျိုးမစောင့်သော မင်းယုတ်သည် အကယ်၍စိုးမိုးအံ့။ ထိုမင်းအား အမတ်ကောင်းရို့သည် မမှားမယွင်းစီရန် အသက်မငဲ့ လျှောက်တင်ရမြဲဖြစ်သည်။ မင်းနှင့်အမတ်ရို့စုံလျှက်ဆိုးသွမ်းလတ်သော် သံဃာတော်ရို့
ကျိုးကြောင်းပြသ ဟောပြောဆုံးမရမြဲဖြစ်သည်။ ကျမ်းဂန်အလာ ရှိပညာဟိရို့စကားအမှာတွင်လည်း-
ရီမြီဦးခိုင်၊ နိုင်ငံပိုင်မူ၊ တိမ်းယိုင်ရှိလမ်း၊ အကျင့်သွမ်းသည်၊ မင်းကျွမ်းဝင်ဘိ၊ မတ်က၀ိရို့၊ နှိုင်းညှိကုန်ငြား၊ မင်းပါးလျှောက်သင့်၊ ကြီးမြင့်ဂုဏ်သျှင်၊ နားမ၀င်၍၊ မင်းပင်ကျင့်ရာ၊ တူစွာစရိုက်၊ မင်းလိုလိုက်၍၊ မတ်မိုက်နှင့်မင်း၊ သင်းပင်းညီစွာ၊ ပြုပြန်ကြမူ၊ ဓမ္မသဘင်၊ မင်္ဂလာကျော်၊ သံဃာတော်ရို့၊ အဟောဝတ၊ ရှိကမင်းပေါင်း၊ မှူးမတ်ကောင်းရို့၊ မစောင်းတည့်မတ်၊ ကျင့်ဝတ်ကျမ်းဂန်၊ မလွန်မယုတ်၊ ဖော်ထုတ်ပြသ၊ ဆုံးမထုံးစံ၊ လှူခံသူမြတ်၊ ရဟန်းဝတ်နှင့်၊ လျှောက်ပတ်သင့်စွာ၊ ပြောဆိုရာသည်၊ စဉ်လာနိဂုံး၊ ရှိကျင့်ထုံး - ဟူ၍ ရှိပညာဟိရို့စကား မိန့်ကြားကျမ်းဂန်လာဟိပါသည်။” ဤသို့ရခိုင်အမတ်ကြီးမှပြောဆိုပြီးသောအခါ ဘုရင့်နောင် ကျော်ထင်နော်ရထာမှလည်း သင့်လျှော်လျှောက်ပတ်သောစကားကို ပြန်လည်ပြောဆို ဆွေးနွေးကြသည်။ ထိုနိအဖို့တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ရခိုင်အမတ်ကြီးနှင့်ရာပြောဆိုပြီး ပြန်လားရသည်။ ရခိုင်ဘုရင်နှင့်မတွိခရပေ။ နောက်တနိတွင် ဘုရင်မင်းပါကြီးသည် ဘုရင့်နောင်ကျော်ထင်နော်ရထာကို ကိုယ်တိုင်အတွိခံပြီး ကောင်းမွန်စွာလက်ခံပြောဆိုသည်။ ဘုရင်မင်းပါကြီး မိန့်ကြားသည်ကား “ရီမဟိသောကန်၊ ဆန်မဟိသောစပါး။ တရားမဟိသောမင်း၊ ကောင်းဆိုးမသိသောမီး၊
ခရီးရောက်ရာလား၍ ကြွက်ကိုစားသည့်မြီ။ ဤသတ္တ၀ါငါးပါးရို့သည် ပဉ္စဘုတ်မည်၍၊ သူတော်ကောင်းရို့ မှီခိုရာမအပ်။ အကျိုးအပြစ်ကိုလည်းမသိ။ ထိုသတ္တ၀ါရို့ဟိရာအရပ်ဒေသ၌ အရှည်မထွန်းလင်းနိုင်ရာ။ ရန်သူမျိုးငါးပါးနှင့်ဆက်ဆံရများလတ်သည်ပင်။ အစ်ကိုရို့တောင်ငူမင်းလည်း၊ လက်ရုံးမာနအားလွန်သည်။ ပညာဟိနှင့်နီးကပ်ပေါင်းစီဦး” ဟူ၍ အမိန့်တော်ဟိလတ်သည်။ အမတ်ကျော်ထင်နော်ရထာပြန်သောအခါ ပြည့်သျှင်မင်းသည် စစ်တကောင်းမြို့စား မဟာပညာကျော်အမတ်ကို ထည့်တော်မူလိုက်သည်။


လျှောက်ထုံးအမှတ် (၂၁)

မင်းတရားရွှေထီးထံ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံး။

အမတ်ကြီးမဟာပညာကျော်သည် ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့်အတူ လိုက်လာခရာ လောင်းကြက်စခန်းဟိ မင်းတရားရွှေထီးထံရောက်ဟိပြီး ၀င်ရောက်ခစားသည်။ မင်းတရားရွှေထီးထံ မဟာပညာကျော် လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ လောကသုံးပါး၏အထွတ်အထိပ်ဖြစ်တော်မူသော မြတ်စွာဘုရား ဆုံးမတော်မူသည့်တရားကို မတည်သောသူရို့သည် သံသရာဝဋ်ဒုက္ခ ဆင်းရဲရှည်ပါသည်။
ရှိသူတော်ကောင်းရို့စကား၌လည်း သင်္ဘောစီးလျှက်၊ ရီရိုးရီကြောင်းကို မသိတတ်သောမာလိန်။
တောဝင်လတ်လျှက် တောစဉ်ကိုမသိတတ်သောမုဆိုး။ ပြည့်သျှင်မင်းဖြစ်လျှက် မှူးမတ်အရည်အနိမ့်အမြင့်ကို မသိတတ်သောမင်း။ အမတ်ဖြစ်လျှက် မင်းရိပ်မင်းခြေ၊ အရှည်အလျှား၊ စကားသင့်မသင့်ကို မသိတတ်သောအမတ်။ “စတုဟီန အနိဌံ ဥမ္မတ္တတကော” ဤလေးဦးသောသူယုတ်ရို့သည် အလိမ္မာမဟိသည်ဖြစ်၍ သီခြင်းမလှသီရကြောင်း ထုံးဟောင်းဟိပါသည်။ တရားလိမ္မာ၊ သံသရာအပြစ်ကိုသိသော မင်းကောင်းမင်းမြတ်ရို့သည် အနီးအ၀ီး၊ သူ့သားကိုယ့်သားမရွီး၊ ဆုံးမတော်မူကြောင်း ရှိသူဟောင်းရို့အဆို
လာပြန်သည်မှာ- ကျင့်ချော်ဓမ္မ၊ သဇီဝအား၊ ပြစ်မှားပြင်းဟိန်၊ ဇီဝိတိန်ကို၊ ညှိုးပိန်လီစီ၊ ခြွီသော်လည်းကောင်း၊ တကြောင်းမိုက်မဲ၊ သူ့ပစ္စည်းကို၊ ချုပ်တည်းမဲ့ငြား၊ ပြစ်မှားသဖြင့်၊ မသင့်ပချေ၊ သူ့ဆွေဇနီး၊ ချစ်သမီးနှင့်၊ ရောနှီးဆက်ဆံ၊ သုံးပါးကံမူ၊ စီမံလောဘ၊ နသစ္စဟု၊ ယွင်းခွစကား၊ သူနှစ်ပါးကို၊ ခိုက်ပွားရန်စစ်၊ ဒေါသဖြစ်အောင်၊ ချောပစ်တတန်၊ မျက်မာန်ကြမ်းဝကတ်၊ ဖရုဿမျိုး၊ အကျိုးမဲ့လျှင်။ သိန်ဖျင်းဝါစာ၊ မိန့်မှာစတု၊ ဒေါသခု၍၊ သူ့ရပ်ရိပ်ငြိမ်၊ စည်းစိမ်ခြွီရံ၊ သူကောင်းထံကို၊ ဖိတ်ခွနဂ္ဃိ၊ ငါ့ဟာတိဟု၊ ဖြစ်ဘိစီလို၊ အဆိုအရေး၊ မကြံတွေးလိမ့်၊ မိုက်မှေးတကြောင်း၊ စောင်းမြောင်းငြူစူ။ အယူမှောက်လှန်၊ မိစ္ဆာဥာဏ်နှင့်၊ သုံးတန်ကာယ၊ စသည်အားထုတ်၊ ကိုယ်နှုတ်နှလုံး၊ ဆောက်တည်သုံးက၊ ပိတ်ဖုံးလေးပါး၊ ပယ်တန်းခါး။”ဟူ၍ စပ်ဆိုဆုံးမတော်မူပါသည်။ ပြည့်သျှင်မင်းသည် ပြည်သူရို့အား သမ္မာအာဇီဝ ကောင်းမွန်သော အသက်မွီးဝမ်းကျောင်းပြုကြစီရန် ကြီးမောင်းခတ်ဆော် စည်တော်ရိုက်သွင်း၍ တနိသုံးကြိမ် ဆုံးမတော်မူရာသည်။

“အသျှင်မင်းမြတ်။ လက်ရုံးအားကိုး အလိုဟိသောမင်းသည် ရန်ပို၍၊ ထိုပြည်သူရို့မှာလည်း
လက်ရုံးမာနကြီးခြင်းကြောင့် စည်းစိမ်မရှည်။ ရန်သူငါးပါး၊ ဆက်ဆံများရာသည်။ နှလုံးအားကို အလိုဟိသော မင်း၏တိုင်းသားပြည်သူသည် အပူသောကကင်းခြင်းကြောင့် မိဘသားမြီးစဉ်လာ သပြာတောင်းတင်းမကုန်၊ ဆက်ဆံခံစားလျှက် မပျက်စည်ထွန်း၍ ဘုရားစသောသူတော်ကောင်းရို့ အချီအမွမ်းခံရကြောင်းကို ပညာဟိများ မှာထားတော်မူပါသည်။ ကျမ်းဂန်၌လည်း-
ရုက္ခသကသဟဿာနိ၊ ပုပ္ဖရုက္ခောဝ၊ သောဘတိ။ နရာသတသဟဿာနိ၊ ရူပ၀န္တောဝသောဘတိ။
ရူပသတသဟဿာနိ၊ ပညာဝန္တောဝသောဘတိ။ - ဟူ၍ လာဟိပါသည်။
ရုက္ခ သတသဟဿာနိ- သစ်ပင်တသိန်းရို့တွင်၊ ပုပ္ဖရုက္ခောဝ- အပွင့်ဟိသော သစ်ပင်သည်သာလျှင်
သောဘတိတင့်တယ်၏။ နရာသတသဟဿာနိ- လူပေါင်းတသိန်းရို့တွင်၊ ရူပ၀န္တော-
အဆင်းလှသောသူသာလျှင်၊ သောဘတိ- တင့်တယ်၏။ ရူပတသသဟဿာနိ- အဆင်းလှသော
လူတသိန်းရို့တွင် ပည၀န္တောဝ- ပညာဟိသောသူသာလျှင်၊ သောဘတိ- တင့်တယ်၏။ ဤသို့လာသောကြောင့် ပညာအရင်းဖြစ်၍ မင်းကျင့်မကွာပညာနှင့် တိုင်းပြည်ကို စောင့်ထိန်းရာသောအကြောင်း ကျမ်းဟောင်းလာဟိပါသည်။ ထိုမှတဖန် ကျမ်းဂန်လာသည်မှာ-
ခန္ဓာနိစွာ ခယဌေန၊ ဘယဌေနဒုက္ခာစတေ၊ အနတ္တာသရကဌေန၊ ဣတိပိသော ပုနပုန္နံ။
ခန္ဓာ- ခန္ဓာတရား ရုပ်နာမ်နှစ်ပါးရို့သည်၊ ခယဌေန- ကုန်တတ်ပျက်စီးတတ်သောကြောင့်၊ အနိစ္စာ-
အနိစ္စမည်ကုန်၏။ တေစ- ထိုခန္ဓာငါးပါးရုပ်နာမ်တရားရို့သည်ပင်လျှင် ဘယဌေန- ဖီးဟိသည်ဖြစ်သောကြောင့်၊ ဒုက္ခာ- ဒုက္ခမည်ကုန်၏။ တေစ- ထိုခန္ဓာငါးပါး ရုပ်နာမ်တရားရို့သည်ပင်လျှင်၊ အသာရကဌေန- အနှစ်သာရမဟိခြင်းကြောင့်၊ အနတ္တာ- အနတ္တမည်ကုန်၏။ ဣတိပိ- ဤသို့လည်း၊ သော- ထိုခန္ဓာငါးပါး ရုပ်နာမ်တရားစုရို့ကို၊ ပုနပုန္နံ- အဖန်တလဲလဲ၊ ပစ္စပေက္ခိတဗ္ဗော- ဆင်ခြင်အပ်၏။ ဤသို့လာဟိခြင်းကြောင့် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ၊ ဤငါးပါးရို့ကို ဓါတ်လေးပါး ပြုပျင်စီမံအပ်သည်ဖြစ်၍ အစမထင်သံသရာဝဋ်၌ အနိမ့်အမြင့် စက်ရဟတ်ပမာ၊ တွိရမြဲဓမ္မတာကို၊ ငါမင်းတကားဟူ၍ ထောင်လွှားလတ်သော် ထိုမင်းပြည်သူရို့သည်လည်း ဘုရားအဆုံးအမသာသနာတော်မတည်၊
မင်းအလိုဟိရာလိုက်၍ ကြမ်းတမ်းယုတ်မာဆိုးသွမ်းကြောင်းကို ကျမ်းဂန်ပြဆိုသည်မှာ-
ပုတိမိစ္ဆ၊ ကုသက္ကေယောန ရောဥပနိယှတိ။ ကုသသမ္ပိ ပုတိဝါယတိ၊ ဧ၀ံ ဗာလုပသေ၀နာ။
ယောနရော- အကြင်သူသည်၊ ပုတိမိစ္ဆ၊ ပုတ်သောငါးကို၊ ကုသဂ္ဂေန- သမန်းမြက်နှင့်၊ ဥပနီယှတိ- ထုပ်၏။ တဿ- ထိုသူ၏ ကုသသမ္ပိ- သမန်းမြက်သည်လည်း၊ ပုတိ- အပုတ်နံ့ကို၊ ၀ါယတိ- လှိုင်၏။ ဧ၀ံ- ဤအတူ၊ဗလုဝသေနာ- သူမိုက်နှင့်ပေါင်းဖက်သောသူရို့ကို၊ ဒဌဗ္ဗာ- မှတ်အပ်၏၊ - ဟူ၍ လာပါသည်။ ယင်းသို့လာသည်ကို ပညာဟိရို့ဆိုတော်မူကြပြန်သည်ကား-
မင်းလည်းမင်းကြမ်း၊ အမတ်သွမ်းနှင့်၊ အကျွမ်းမိတ်ဝင်၊ သို့တည်းလျှင်မူ၊ ပြည်သူရိပွတ်၊ မင်းတည်းမြတ်က၊ အမတ်ထို့တူ၊ ပြည်သူမညှိုး၊ စစ်ထိုးမဟိ၊ မရိသတ္တ၀ါ၊ ရီစာမယှား၊ ခိုးသားမပေါ်၊ မြင်မြော်သသူ၊ ကြည်ဖြူမြတ်နိုး၊ရီခမိုးသို့။ - ဟူ၍ ဆိုပါသည်။ အများသာမိကအသျှင်မင်းရို့မှာ ပညာရာ အာဓိမလဖြစ်၍ ဆိုလာသောသူအား ရည်လားတခု၊ လူမှုတရပ်၊ အမတ်ဂုဏ်ရည်၊ ဆိုသည်စကား၊ ထိုလေးပါးကို သိရာသောအကြောင်း ကျမ်းဂန်လာပြန်သည်ကား- ကုဒေသဉ္စဣမိတ္တဉ္စ၊ ကုလုလဉ္စကုဗန္ဓ၀ံ။ ကုဒါရဉ္စ ကုဒါသဉ္စ၊ ဒုရတောပရီဝဇ္ဇယော။ ကုဒေသဉ္စ- မကောင်းသောအရပ်ကိုလည်းကောင်း၊ ကုဗန္ဓ၀ဉ္စ- မကောင်းသောအဆွီအမျိုးကိုလည်းကောင်း၊ ကုဒါသဉ္စ- မကောင်းသောကျွန်ကိုလည်းကောင်း၊ ဒူရကော- ၀ီးစွာ၊ ပရီဝဇ္ဇယေ- ယှောင်ကြဉ်ရာ၏။ ”

ဤသို့ လောကီလောကုတ္တရာနှစ်ဖြာသောအကြောင်း ထုံးဟောင်းကျမ်းဂန်အတွက်နှင့် လျှောက်လတ်သော် တောင်ငူမင်းတရားရွှေထီးသည် အလွန်ကြိုက်တော်မူ၏။ သို့နှင့် အမတ်ကြီးမဟာပညာကျော်ကို ရွှေသပြာတရာ၊ ငွေသပြာတထောင်ဆုပီးတော်မူသည်။ ပြည့်သျှင်မင်းသို့ကား- စောရန်နိုင်ဟူသောဆင်နှင့်မြင်းနှစ်စီး၊ ဆင်စီးမြင်းစီးမင်းဝတ်တန်ဆာအစုံနှင့် ပီးတော်မူ၏။ ပြည့်သျှင်မင်းပါကြီးကလည်း စပါးတသိန်းငါးသောင်းပီးတော်မူ၏။

တောင်ငူမင်းတရားရွှေထီးသည် သက္ကရာဇ် (၉၀၈) ခု၊ တပေါင်းလဆန်း (၉) ရက်နိတွင် ဓည၀တီရခိုင်ပြည်မှ ဟံသာဝတီနေပြည်တော်သို့ ပြန်တော်မူ၏။


လျှောက်ထုံးအမှတ် (၂၂)

မင်းဖလောင်းလက်ထက် မြို့သစ်ပြောင်းသင့်မပြောင်းသင့်လျှောက်ထုံး။

မင်းပါကြီးလွန်ပြီးနောက် မင်းလေးဆက်မြောက်၊ သက္ကရာဇ် (၉၃၃) ခုနှစ်ရောက်သောအခါ မင်းပါကြီး၏သားတော် ချစ်နှောင်းမင်းဖလောင်းသည် မိဖုရားရှင်လတ်နှင့်အတူ ထီးမွီနန်းမွီဆက်ခံစိုးစံတော်မူရသည်။ ထိုရောအခါတနိတွင် ပြည့်သျှင်သာကီဝင်မင်းဖလောင်းကို ဟူးရာဖြူ ဟူးရားညိုရို့က လျှောက်ထားကြသည်။ “အရှင်မင်းမြတ် မြောက်ဦးမြို့သည် မြို့သက်ကုန်ပြီ၊ ဓည၀တီမြို့ဟောင်းကိုတည်တော်မူသင့်ကြောင်း” လျှောက်ထားသည်ကို ပြည့်သျှင်မင်းက ပြောင်းလျှင်မည်သို့အကျိုးအပြစ်ဟိမည်ကို မှူးမတ်ကလျှောက်ထားရမည်။ အမိန့်တော် ဟိလတ်သည်။ ယင်းသောအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးတင်သည်ကား

“အရှင်မင်းမြတ်။ ရှိပညာဟိရို့ဆိုခသော ထီးနန်းစိုက်ရာ ပဋိရူပကျသော စက်လေးပါးညီသော
အောင်မြီမင်္ဂလာအရပ်၌ မြို့တည်၍ ထီးနန်းစိုက်ရသော် မြတ်စွာဘုရားဓါတ်တော်မွီတော်၊ ပိဋကတ်တော်ကျမ်းဂန်၊ သီလ၀န်၊ ဂုဏ၀န်၊ ဆရာမွန်၊ ဆရာမြတ်၊ မှူးမတ်ကောင်းပြည့်စုံ၍ သာသနာထွန်းလင်းခြင်း၊ ပြည်သျှင်မင်းဘုန်း ကျက်သရေတိုးခြင်း၊ ကာဠာဝက၊ ဂင်္ဂေယျ၊ တမ္ဗ၊ မိင်္ဂလ- စသော ဆင်ဆယ်မျိုးထက် တန်ခိုးလွန်သော ဆဒ္ဒန်ဆင်ဖြူရောက်တော်မူခြင်း၊ ခုနှစ်ပြည်ထောင်သောမင်းရို့ ၀ပ်စင်းကြည်ညို၍ သမီးရတနာ ဆက်သရောက်ဟိခြင်း၊ ရွှေငွေကျောက်သံပတ္တမြားပွားများခြင်း၊ ရန်သူမျိုးငါးပါးရို့ မဖျက်ဆီးနိုင်ရာ၊ ရန်မာန်တကာရို့ကို အောင်မြင်ခြင်း၊ ပညာရှိရို့မှာသောစကားထုံးပုံအရ။ “ပတ၀ိကုမ္ဓိမင်္ဂလ စကုမဟာလာဘ” ဟု
ကျမ်းဂန်၌လည်း ထွက်ဟိပါသည်။ မြောက်ဦးမြို့တည်စကသည် ယခုတိုင် ရန်သူဖျက်ဆီးနိုင်ဘူးသည် မဟိပါ။ ထိုမင်္ဂလာလေးပါးပြည့်စုံစွာနှင့် တိုင်းပြည်သာယာ၊ သတ္တ၀ါရို့ငြိမ်းချမ်း၊ ဥတုရာသီပြောင်းညီ၍
သာသနာတော်ထွန်းလင်းလျှက်ပင်ဖြစ်ပါသည်။ သတ္တ၀ါရို့တရားလွတ်၍ မင်းမသမာ စိုးလာသောမြို့ရွာကို ပြောင်းသည်မူလျှက် သာယာမြဲမဟုတ်။ မြို့ပြောင်းများလျှင် ပြည်သူရို့မီးသို့ပူသည်သာ။ ရှိသူဟောင်းအဆရှိပါသည်။ ငြိမ်းချမ်းသာယာစွာ ပြည်သူရို့အား ရင်တော်သားကဲ့သို့ အုပ်စိုးစံတော်မူပါ။

တကြောင်းမှာလည်း- အာကာမိုးလတ်၊ နက္ခတ်နီလ၊ န၀တာရာ၊ သျှစ်ဖြာဂြိုလ်လား၊ ဂြိုဟ်စား၊ ဂြိုဟ်စု၊ ဥတုသုံးလီ၊ ရာသီသုံးရပ်၊ နီကြပ်လပုတ်၊ မြီလှုပ်တော်လဲ၊ နတ်ပွဲအမြောက်၊ ပစ်ဖောက်အသံ၊ ဥပါပျံနှင့်၊ သည်းထန်မိုးစွေ၊ နီလည်းနှစ်စင်း၊ လတွင်းကြယ်လား၊ နဂါးစက်နတ်၊ တောင့်ခတ်ဖီလာ၊ ယတြာနှင့်၊ ဇာတာစန်းလက်၊ ဂြိုဟ်ပျက်ငှက်ယုတ်၊ စုန်းဘုတ်တစ္ဆီ၊ ဖွတ်မြွီပျားစွဲ၊ မြီကွဲတိမ်ခို၊ မိုးကြိုးလောင်မီး၊ ရီစီးညာဆန်၊ မြတ်မွန်ပုထိုး၊ အခိုးရောင်ခြည်၊ ထွက်သည်ထုံးဟောင်း၊ နိမိတ်ပေါင်းမှာ၊ လောကီသာတည်း၊ ပညာဝေဖန်၊ အမြင်သန်မှ၊ သုတက၀ိ၊ အသိမြောက်မြား၊ တရားကိုရာ၊ လိမ္မာနိစ္စ၊ သာမိနဇာတ်၊ ထုံးမှတ်သင့်စွ၊ သီလ၀မင်း၊ နှလုံးသွင်းသို့၊ ရန်တင်းမာန်ပယ်၊ ပျောက်ရချေသည်၊ မှန်ပေမုချ၊ ယွင်းမခွ- ဆိုသောစကားဟိပါသည်။ လောကီမှုဆိုသမျှ၊ သူတော်ကောင်းကို အပြစ်မပြုနိုင်ပါ။”

ဟုအမတ်မဟာပညာကျော် လျှောက်လတ်ရာ ပြည်ရှင်မင်းကြီးလည်း အလွန်ကြိုက်တော်မူလီ၏။ အမတ်ကြီးသို့ စားကျေးတမြို့ ရမ်းဗြဲငယ်ကို ထပ်၍ပီးတော်မူ၏။











လျှောက်ထုံးအမှတ် (၂၃)

ရခိုင်ဘုရင် မင်းဖလောင်းထံမှ တောင်ငူဘုရင်(ဘုရင့်နောင်) ကျော်ထင်နော်ရထာထံသို့ စာသ၀ဏ်ပီးပို့ခြင်း။

တပင်ရွှေထီးမင်းလွန်ပြီးနောက် စစ်သူကြီးကျော်ထင်နော်ရထာသည် တောင်ငူဟံသာဝတီထီးနန်းကို သက္ကရာဇ် (၉၁၃-၉၄၃) ရသည်။ မင်းပါကြီးလက်ထက် ရခိုင်သို့ရောက်စဉ် မင်းဖြစ်မည် ဟောလိုက်ဘူးသော စကြာဝတေးပုဏ္ဏားကိုဆုပီးလို၍ မှော်ပိစားကိုအခေါ်စီလိုက်သည်။ မင်းဖလောင်းကြီးသည် မှော်ပိစားနှင့်အတူ စကြာဝတေးပုဏ္ဏားကို ထည့်တော်မူလိုက်သည်။ ထိုစကြာဝတေးပုဏ္ဏားနှင့်အတူ ဘုရင့်နောင် ကျော်ထင်နော်ရထာထံသို့လည်း စာသ၀ဏ်ပီးပို့လိုက်သည်။ သ၀ဏ်စာမှာ-

“ရုက္ခသတ သဟဿာနီ၊ ပုပ္ဖရုက္ခောဝသောဘတိ။
နရသတ သဟဿာနီ၊ ရူပ၀န္တောဝသောဘတိ။
ရူပသတဿသဿာနီ၊ ပည၀န္တောဝသောဘတိ။
ယင်းသို့ကျမ်းဂန်လာသည်နှင့်အညီ တဆင့်ထက်တဆင့် ချမ်းသာလိုသောနှလုံးသွင်းလျှက် သတ္တ၀ါရို့အား ထိန်းအပ်သောတရား မင်းကျင့်မကွာ-
ခန္ဓာနိစ္စ ခယတ္တေန၊ ဘ ယတ္တေန ဒုက္ခာစတေ။
အနတ္တာ အသာရကတ္တေန၊ သမ္ပဇာနောစပဏ္ဍိတောဝေပသောပုနပ္ပုန။
ပါဠိတော်အရ- ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာရို့သည်ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ဓါတ်လေးပါးပေါင်းစည်းလျှက် မပျက်ခိုင်ခန့်သောသတ္တိကြောင့် သံသရာသတ္တ၀ါရို့ ၀ဋ်တရားကို မြင်လတ်သောဥာဏ်ဖြင့် မည်သူမခြား ရင်တော်သားကဲ့သို့ သင်္ဂဟတရားလည်း ကိုယ်၌မြဲလျှက်သော သဘောအတိုင်း အခြားပြည်ထောင်မင်းရို့မူလည်း ယင်းသို့တရားမကွာ သာသနာတော်တည်ပါစီသော မိတ္တာရီဖြင့် ပို့လေ့ဟိသော မြောက်ဦးမြို့ ရွှေနန်းတော်ကြီးသျှင် ကြားလိုက်သည်။
ဟံသာဝတီပြည့်သျှင် အကြည်တော်။ သမ္မာသတိ အသိဂုဏ်တော်ကြောင့် သစ္စာလေးပါးတရားကို အလင်းမြင်တော်မူသော မြတ်စွာဘုရားသည် ကုသလာဓမ္မာ၊ အကုသလာဓမ္မာ အာဏာပညတ်၊ သတ္တ၀ါကွပ် ဆုံးမတော်မူသည်။ လောကီ၌လည်း တတိုင်းတပြည် အစိုးရမင်းသာလျှင် ဆင်းရဲချမ်းသာ ပြည်သူသတ္တ၀ါရို့ကိုပြုနိုင်မည်။ တကြောင်းမူလည်း-မင်းကောင်းမှ အမတ်ကောင်းရာသည်၊ အမတ်ကောင်းမှလည်း ပြည်သူကောင်းရာသည်။ မင်းအမတ်ပြည်သူညီမှလည်း တိုင်းပြည် သာယာကြောင်း ထုံးဟောင်းဟိသည်။ သို့ရာတွင် အများသာမိက မင်းသာ မူလအရင်းဖြစ်ချေသည်။ အမတ်နှင့်ပြည်သူညီမျှစီကာမူ မင်းသွမ်းမင်းဆိုးငြားလတ်သော်။ ထို့အတူ ပြည်သူရို့ဆိုးကြောင်း ကျမ်းဂန်လာသည်မှာလည်း-
ပုတိမစ္ဆံကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပုတိံဝါယန္တိ၊ ဇ၀ံဗာလုပသေ၀နာ။
ထိုသို့ကျမ်းဂန်လာသည်နှင့်အညီ မင်းဆိုးမင်းသွမ်းရို့အစိုးရသောအရပ်ဌာန၌ သူတော်ကောင်းရို့
ယှောင်အပ်သောကြောင့် မှူးကောင်းမင်းမြတ်ဟိသောတိုင်းပြည်သို့ ထိုသူတော်ကောင်းကူးပြောင်းသင့်ကြောင်း။
မင်းကောင်းအမတ်ကောင်းရို့ထိန်းသောနိုင်ငံ၌ ဘုရားသာသနာတော်တည်ကြောင်းကို ကျမ်းဂန်လာသည်မှာ-
ခမာဇာဂရိယုဌာနနံ၊ သံဝိဘာဂေါဒယိက္ခနာ။
နာယကဿဂုဏာဧတေ၊ ဣစ္ဆိတဗ္ဗာသတံဂုဏော။
အသိခက် (သိထိုက်) သောအကြောင်းဟိသည်ဖြစ်၍ ရှိပညာဟိရို့ဆိုပြန်ရာ၌ကား-
မင်းလည်းမင်းကြမ်း၊ အမတ်သွမ်းနှင့်၊ အကျွမ်းမိတ်ဝင်၊ သို့တည်းလျှင်မူ၊ ပြည်သူရိပွတ်၊ မင်းတည့်မတ်က၊ အမတ်ထို့တူ၊ ပြည်သူမညှိုး၊ စစ်ထိုးမရှိ၊ မရိသတ္တ၀ါ၊ ရီစာမယှား၊ ခိုးသားမပေါ်၊ မြင်မြော်သသူ၊ ကြည်ဖြူမြတ်နိုး၊ ရီခမိုးသို့၊ ပြည့်ဉဖိးစုံလင်၊ တိုင်းခွင်အခြား၊ မင်းတပါးလည်း၊ သနားမိတ်ဝင်၊ ချစ်ခင်လေးမြတ်၊ နှံမ့်ပတ်ညာညီ၊ မြို့နီပြည်သူ၊ သျှင်လူသောင်းသောင်း၊ မဂ်လမ်းကြောင်းသို့၊ ထုံးဟောင်းမလပ်၊ ထုံးသစ်ထပ်လျှက်၊ သျှစ်ရပ်ဒိသာ၊ ပွင့်လင်းသာသည်၊ ကမ္ဘာစဉ်ဆက်ဥဒါန်းတည်း။ - ဟူ၍ပညာဟိစကားအလာကိုထောက်၍ အကြည်တော်လည်း မင်းမည်ကာမဟုတ်၊ မင်းရို့အား ပညာဗလဟိသူဖြစ်သည်။ သို့ရာတွင် သတိမလစ်စီရာဆိုသော ရည်ဘွားတခု၊ ပြစ်မှုတရပ်၊ အမတ်ဂုဏ်ရည်ရို့ကို သိစီသောအကြောင်း၌-
ကုဒေနသဉ္စ၊ ကုမတ္တဉ္စ၊ ကုလုကဉ္စ၊ ကုဗန္ဓ၀ံ။
ကုဒါရဉ္စ ကုဒါသဉ္စ၊ ဒုရုတော ပရိဝဇ္ဇယော။
ကျမ်းလာသည်နှင့်အညီ မင်းစေမင်းသုံး မူးမတ်အင်္ဂါပြည့်စုံစွာနှင့်- လောကီလောကုတ္တရာ၊ နှစ်ဖြာသော
အကျိုးလှစီချင်ကြောင်းကို ရောက်ရင်းမိတ္တာတွင်ထပ်ကာ ပို့ရောက်ကြောင်းကြားလိုက်ပါသည် အကြည်တော်။ ”

မှော်ပိစားလည်းရောက်လတ်လျှင် စကြာဝတေးပုဏ္ဏားနှင့်အတူ ၀င်ခစားသည်။ ဘုရင့်နောင်
ကျော်ထင်နော်ရထာသည် ဆိုခသည့်အတိုင်း ငွေကိုယ်လေးချိန်နှင့် ရွှေသပြာတရာ၊ စကြာဝတေးပုဏ္ဏားကို ဆုပီးတော်မူသည်။ မြောက်ဦးပြည့်သျှင်နှင့်တကွ မြင်းစီးတန်ဆာနှင့် လက်ဆောင်ပီးလိုက်ပြီး၊ စကြာဝတေးပုဏ္ဏားကို ပြန်ပို့လတ်သည်။










လျှောက်ထုံးအမှတ် (၂၄)

မင်းဖလောင်းလက်ထက် ဥဿလင်းစားအရေးတွင် မင်းအားညွှန်ပြသည့်လျှောက်ထုံး။

တရံရောအခါ ဥဿလင်းစားငပေါင်တိုကို စိန်တင်စားအရာပီးမည်ဟိသော် မတ်ကြီးမဟာပညာကျော် လျှောက်သည်ကား

“အသျှင်မင်းမြတ်။ ဥဿလင်းစားငပေါင်တိုသည် စစ်ထိုးမှု၌အလွန်လိုသည်။ အကျိုးအပြစ်ကို အမှန်သိမည်မထင်ပါ။ စိန်တင်အရပ်သားရို့သည် ကိုက်တတ်သောခွီးပမာဖြစ်သည်။ ထိုသူနှစ်ဦးရို့ကို အတူမထားသင့်ပါ။”

လျှောက်သော်လည်း ငပေါင်တိုသမီးမြသွင်ညိုသည် မင်း၏ကိုယ်လုပ်တော်ဖြစ်၍ အမတ်ကြီးစကားကို ယူတော်မမူဘဲ၊ ဥဿလင်းစားငပေါင်တိုကို စိန်တင်စားအရာပီးတော်မူသည်။ ငပေါင်တိုလည်း စိန်တင်စားအရာဖြင့် စိန်တင်ချောင်းသို့ ထွက်လားနီထိုင်ရာ ခုနှစ်လဟိမှ၊ စိန်တင်ချောင်းသားအရိုင်းများနှင့် ခြားနားလတ်သည်။ ထိုအကြောင်းများကို မင်းကြီးသိတော်မူလတ်လျှင် အမတ်ပညာကျော်လျှောက်သည်ကား

“အသျှင်မင်းမြတ်။ ရာဇာမင်းရို့သည် အမစ္စာနံ- အမတ်ရို့အား၊ အနီးအ၀ီးထားရာ၌ လည်းကောင်း၊ ပေါသကော- အများသူရို့ဆိုလာသော စကားကိုလည်းကောင်း၊ နာပိကတံ- ဆင်ခြင်နှိုင်းညှိမှု မဟိမူလျှက်၊ နတာတဗ္ဗံ- မိမိစိတ်အလိုမပြုရာ၊ သပိခတစ- ဆင်ခြင်နှိုင်းညှိပြီးမှသာလျှင်၊ တာတဗ္ဗံ- ပြုရာဆိုရာ၏။ တကာတဗ္ဗံ- ဆင်ခြင်သော သဘောမဟိမူကား၊ သန္တာပေါ- မှားသောအမှုဖြင့် ပျက်စီးခြင်းသို့၊ ဘဝေ- ရောက်ရ၏။ မဟာရာဇာဘ၀သျှင်မင်းမြတ်၊ မနုဿဝင်္ဂံ- ကောက်သောသဘောဟိတတ်သောသူမူကား၊ အလဒ္ဒသတ္တပေါ- အကုသိုလ်အမှုကို အားထုတ်တတ်သော လင်းကဲဒူးဗသျှူးမျိုးသည်လည်းကောင်း၊ ကုလဟိန္နကုလား၊
တရုတ်မျိုးများလည်းကောင်း၊ ဧတေ၀- ထိုအမျိုးသားရို့သည် မဇ္ဇပါနံ- သီရည်သီရက်သောက်စားခြင်း၊
ပါဏာတိပါတာသူ၏အသက်ကို သတ်ဖြတ်စားတတ် ရက်စက်ခြင်းပြုလေ့ဟိသော နှလုံးစွဲသည်ဖြစ်၍ ၀ိပရိတာယ- ဖောက်ပြန်သောစိတ်ခိုင်ခန့်ခြင်းနှင့်သာ၊ သဗ္ဗဒါ- အခါခပ်သိမ်းဟိလတ်သည်။ မဟာရာဇာ- ဘုန်းသမ္ဘာနှင့်ပြည့်စုံသော အသျှင်မင်းမြတ်၊ အနိဌိ- ယုတ်သောအမှုကိုအလိုအားဖြင့်ပြုသော၊ ပုရိသ- ယောက်ျားလည်းကောင်း၊ ဇာဂံ- သီလမဟိ သွမ်းသွပ်ဝန်တိုသော၊ ဣတ္တိ- မိမ္မလည်းကောင်း၊ မန္တာစ- ထိုးကွင်းဆီးဝါးမန္တရားကိုအလိုဟိတတ်သော ဟူးရားဖြူဟူးရားညိုရို့သည် လည်းကောင်း၊ ၀ီဿ- သီစီတတ်သော အဆိပ်လည်းကောင်း၊ သိင်္ဂံ- ဦးဂြိုဟိသောသတ္တ၀ါလည်းကောင်း၊ သပ္ပေါ- အဆိပ်ဟိသောမြွီလည်းကောင်း၊ ဥမ္မတ္တကော- အရူးလည်းကောင်၊ နဒီ- မြစ်လည်းကောင်း၊ ပိဿသေန- ထိုသူရို့အားယုံသောအမှုဖြင့်၊
နောပပဇ္ဇတေ- မပြုအပ်။ တသ္မာ- ပဇာကြောင့်နည်းဟူမူကား၊ ဥဒုမ္ဗရပတ္တော- ရီသဖန်းသီးသည်၊ ဗာဟိရာ- အပ၌၊ ရတ္တမေ၀- အရောင်အဆင်းဟိ၏။ အန္တော- အတွင်း၌မူကား၊ ကိမိလိသမ္ပုန္န- ပိုးကောင်အများ စက်ဆုတ်ဖွယ်ဟိသကဲ့သို့၊ ဒုဇ္ဇနဟဒယ- သူယုတ်ရို့သညာသည်။ နအတ္တိ- အကျိုးမဟိ၊ ဘိဇ္ဇနံ- ပျက်စီးတတ်၏။ ပဏ္ဍိတော- ပညာဟိသောသူရို့အသိမူကား၊ သူရိယေ- နီသည်၊ ၀ိပရိတာယ- ဖောက်ပြန်သဖြင့်၊ ပစ္ဆိမဘာဂေ- အနောက်မျက်နှာက၊ ဥဒယတိ- ထွက်ပေါ်ရာ၏။ မေရုမြင့်မိုရ်တောင်သည်၊ ၀ိပရိတေန- ဖောက်ပြန်သဖြင့်၊ နမတိ- ညွတ်ရာ၏။ တဒိ- အကယ်မလွဲ၊ နရဂ္ဂိ- ငရဲမီးသည်၊ သိတလိ- ချမ်းမြေ့ရာ၏။ ပဒုမာ- ကြာပန်းသည်၊ ပဗ္ဗတဂ္ဂေ- တောင်ထိပ်ပေါ်၌၊ ၀ိကေဿ- ပွင့်ရာ၏။ သာဓုဝါစာ- သူတော်ကောင်းရို့စကားသည်၊ ကုဒါစနံ- တရံတဆစ်မျှ၊ န၀ိပရိတေ- မပေါက်လီ။ သေလေ- တောင်မည်ကာမျှ၌၊ မဏိကျောက်မြတ်သည်၊ နတ္တိ- မဟိ။
ဝဇေ- ဆင်မည်ကာမျှ၊ မုတ္တာဂဇံ- ဆင်ဖြူမဟုတ်။ ၀နေ- တောမည်ကာမျှ၌၊ နစန္ဒနဉ္စ-စန္ဒကူးမဟိ။ မနုေဿ- လူမည်ကာမျှ။ နပဏ္ဍိတော- ပညာဟိမဟုတ်။ မဟာရာဇာန-အသျှင်မင်းမြတ်။ လောကေ- လောက၌၊ ဘိက္ခု- ရဟန်းသည် အသန္တုဌာ- လိုချင်တတ်သာအမှုရို့ကို ပြုသဖြင့်လည်းကောင်း၊ ကုလဒူ သဟာ- အာပတ်၌ အသက်မွီးခြင်းလည်းကောင်း၊ ပြုတတ်သော အကြင်ရဟန်းသည်၊ သန္တာပေါ- မှားသောအပြစ်ဟိခြင်းကြောင့် ပျက်စီးရာ၏၊ ရာဇာနေပိ- မင်းရို့မှာလည်း၊ နာရံနံ- မိမ္မစကားကိုနားထောင်ခြင်းကြောင့်လည်းကောင်း၊ ဟီနအာမစ္စော- မင်းမှားစီမှုပြုတတ်သော အမတ်ယုတ်နှင့် လိုက်သင့်ရောနှောပြုတတ်ခြင်းလည်းကောင်း၊ အဇယံ- မအောင်အပ်သူအား၊ ဇယံ- အောင်ခြင်းအမှုကိုပြုတတ်ခြင်းလည်းကောင်း၊ တသာ- ထိုသို့ သဘောအကျင့်ဟိသော၊ ရာဇာ- မင်းသည်၊ သန္တာပေါ- မှားသောအမှုဖြင့် ပျက်စီးခြင်းသို့၊ ဘဝေ- ရောက်၏။
မာတာဟိနဿ- အမိယုတ်သောသားသမီးရို့သည်ကား၊ သုဘာသိတော- ကောင်းသောအမှုရို့ကို၊ နပေဿာယျ- မပြုတတ်ပြီ။ ပိတာဟိံနဿ- အဘယုတ်သောသားသမီးရို့မူကား၊ ပဉ္စကာမကော- ငါးပါးသီလရို့ကို၊ နပေဿယျ- မစောင့်မကျင့်လွန်စွာသွမ်းသဖြင့်၊ အ၀ိဇ္ဇာမှုကိုပြုတတ်၏။ ၀ိသာ ဓုမော- မိဘမယုတ်၊ ပုတ္တဿအတိဇာတော- မြင့်မြတ်သောသားရို့မူကား၊ ယော- အကြင်သူသည်၊ သမ္ဗုဒ္ဓာနံ- ဘုရားလောင်းပမာ သူတကာထက်ထူးသောအကြံလည်းကောင်း၊ အမနုဿပစ္စ- သူတပါးရို့မပြုနိုင်သောအမှုကိုလည်းကောင်း၊ အမနုဿမစ္စ- သူတပါးမမြင်နိုင်သော အမှုကိုလည်းကောင်း၊ ကမ္မတော- ဆောင်တတ်မြင်တတ်၏။ တာနိဝေ- အဓွန့်ရှည်သောအမှုရို့ကို ဆောင်တတ်ခြင်းဟိ၏။

ယော- အကြင်သူမြတ်အား၊ ဗန္ဓုမိတ္တံ- အဆွီခင်ပွန်းကောင်း၊ အနာဂတံ- နောင်ပွင့်အပ်သော ဘုရားလောင်းသာ။ ထိုသူသည်၊ အနာလဝေါ- မမြင်သော၊ အလဒ္ဓေါ- စဉ်းလဲအကြံပညာဥာဏ်လည်း သူတပါးထက် သာလွန်တတ်သော၊ တိပနံ- ဆန်းကြယ်သောစကားကိုလည်းဆိုတတ်သော၊ တထာဂတာ- လာခြင်းကောင်းသော သူရို့အား ပညာသ၀ိဒ္ဓေါ- ဆင်ခြင်သိရာသောအကြောင်းမူလည်း၊ ဥဒကေ- ရီတိမ်ရီနက်ကို သိလိုသော်၊ ကုမုဒ္ဓမာလံ- ကြာရိုးကြာစွယ်ကိုမြင်သဖြင့်သိရာသည်။ ပထ၀ီပမာနံ- မြီကောင်းမကောင်းကို သိလိုသော်၊ တိထာမိလာကံ- မြီဇာမြက်ကိုမြင်သဖြင့်သိရာ၏။
ကုလဇာတံ- အမျိုးမြတ်သူအားသိလိုမူ၊ ၀ိနယေ ဗဟုသုတ ပညာဗလံ။ ဗဟုသု- သူ့ထက်လွန်၍
အကျိုးကိုဆောင်ရွက်တတ်ခြင်း။ ပညာဗလံ- ပညာအားကြီးခြင်း။ ယော- အကြင်သူသည်၊ ကုလဇာတော-သူ့ထက်မြင့်မြတ်သောသူရို့အား၊ သုရက္ခိတော- ကောင်းစွာစောင့်တတ်၏။ အဒ္ဓုနော- မိမိကိုယ်၌၊ ဒုက္ခိတော- အကယ်၍ဆင်းရဲအံ့။ တိနိကမ္မံ- ယုတ်သောအမှုကို၊ နဘာဇေယ- မပြုမကျင့်မပြောမဆိုပြီ၊ တံ- ထိုသူသည်၊ မေဓါဝိ- ပညာဟိဟူ၍၊ ညေယျ- သိရာ၏။
ရာဇာနော- မင်းရို့သည်၊ ကောယာမောဝ- တယံသာလျှင်၊ သေယျော- အိပ်စက်ရာ၏။ တြိတမ္မံ-
သုံးယံသော်ကား၊ ဗဟူ- များသောပြည်သူသတ္တ၀ါရို့သာယာခြင်းကိုလည်းကောင်း၊ သံသာရ၀ဋဒုက္ခတော- သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရာသောတရားကိုလည်းကောင်း၊ ၀ါယမော- လုံ့လထုတ်၍နီရာ၏။

အမစ္စော- အမတ်သည်ကား၊ ဒွေယာမေ- နှစ်ယံသာလျှင်၊ သေယျော- အိပ်စက်ရာ၏။ ဒွေပရံ- နှစ်ယံမူကား ဆိုခပြီးသောအမှုကိုလည်းကောင်း၊ ဆိုရအံ့သောအမှုကိုလည်းကောင်း၊ မိမိအကျင့်သီလမြဲစီသောအမှုကို လည်းကောင်း၊ ၀ါယမော- လုံ့လပြု၍နီရာ၏။

သဗ္ဗ- ခပ်သိမ်းသောသူရို့မှာကား၊ တိယာမော- သုံးယံသာလျှင်၊ သယျောအိပ်ရာ၏။ ဧတော-တယံမူကား၊ သမ္မာဝါယမော- ကောင်းသောအသက်မွီးခြင်းကိုနှလုံးသွင်းလျှက် မိမိသီလဖြင့် မြဲစီရာသောလုံ့လဖြင့်နီရာ၏။ စတုအနေ ကမတော- လေးယံလုံးအိပ်သောသူမူကား၊ ဥမ္မတ္တတော၊ အရူးလည်းကောင်း၊ ယာစကော- တောင်း၍စားတတ်သော၊ ယာစကာ- လည်းကောင်း၊ မဇ္ဇပါနံ- သောက်တတ်သောသူသည်လည်းကောင်း၊ တြိ- ထိုသုံးမျိုးသော်ကား၊ စတု- လေးယံလွန်စွာ အိပ်တတ်၏။

ဌာနဉ္စ- အကြင်ဌာနအရပ်၌၊ ရာဇသုည- မင်းသည်စိုးမိုးအံ့၊ သာရာဇာ- အကြင်မင်းသည်၊ ပညာသ၀ံ-
ပညာမဟိခြင်းကြောင့်၊ ပရေသံ- သူတပါးရို့စကားကို၊ ခလေခလေ- ယုံမှားတတ်၏။ ပုရိသက္ကုတ္တိ လာဘံ။ ပုရိသံ- ယောက်ျားလည်းကောင်း၊ ဣတ္တိ- မိမ္မလည်းကောင်း၊ ဓနံ- ဥစ္စာပီးသည်ဟိသော်၊ လာဘံ- လာဘ်ကိုခံယူတတ်၏။ နတထာဂတော- လာခြင်းမကောင်း ထိုမင်းရို့စိုးသောအရပ်၌၊ အတိတံ- အပင်၊ ပတ္တိ- အရွက်၊ ဖလံအသီးရို့သည် မဖွံ့ဖြိုးအရသာမဟိရာ။ ၀သန္တော- မိုးသည်လည်း၊ နကမ္ပတိ- မညီမညွတ်ဟိရာ၏။ ၀တ္တံ- မွှီးရနံ့ရို့သည်လည်းနည်းကုန်၏။

မဟာရာဇာ- အသျှင်မင်းမြတ်။ သူရေ- သူရဲကောင်းကိုလိုသော်၊ ဒသပူရိသံ- ကျိတ်သောယောက်ျား၌၊
ဧတော- တယောက်သောသူသည်၊ သူရော- သူရဲကောင်းကိုရပါအံ့။ ပဏ္ဍိတော- ပညာဟိမူကား၊
သဟေဿသု- တထောင်သောသူ၌ရှာသော်လည်း၊ ဧကော- တယောက်သောသူကို၊ ဇာယတော- ကြံခြင်းငှာ၊ နတ္တိ- ပဇာမှာရအံ့နည်း။ ဗာလော- အကြင်သူမိုက်သည်၊ ယာဝဇီဝံ- အသက်ထက်ဆုံး၊ ပဏ္ဍိတံ- ပညာဟိနှင့်၊ ပတိရူပသတိ- ပေါင်းဖက်မိသော်လည်း၊ ဗာလော- လူမိုက်သည်၊ ဓမ္မံ- တရားကို၊ ကိဇာနာတိ- ပဇာမှာ သိရအံ့နည်း။

ပဏ္ဍိတာ- ပညာဟိရို့မူကား၊ အတ္တဓနံ- ကိုယ်ဥစ္စာယှားပါးခြင်းကိုလည်းကောင်း၊ မနောဒုက္ခံ-
နှလုံးဆင်းရဲခြင်းကိုလည်းကောင်း၊ အမနုဿဇာနံ- သူမိုက်လှည့်စားသောစကားကို လိုက်နာခြင်းလည်းကောင်း။ နာရိပုတ္တညာတကာနံ- သားမယားမိဘဆွီမျိုးရို့ဆိုးသွမ်းသော အမှုတိကိုလည်းကောင်း၊ အတ္တဒေါသံ- မိမိဒေါသဟိခြင်းကိုလည်းကောင်း၊ ပရော- သူတပါးရို့အား၊ နဇညာ- မသိစီရာ။ ပရဿ- သူတပါး၏၊ ဒေါသံ- ဒေါသကိုရာ၊ ဇညာ- သိစီရာ၏။ အဒန္တံ- မယဉ်ကျေးသောသူအား၊ ဓနံ- ဥစ္စာပီးကမ်းမြှောက်မြှင့်၍ ယဉ်ကျေးစီရာ၏။ ဒေါသံ- ဒေါသအမျက်ကြီးသောသူအား၊ အဉ္စလီ- ချီပင့်ပြောဆိုခြင်းဖြင့် ယဉ်ကျေးစီရာ၏။

ကာကေ- ကျီးများအလယ်၌၊ သာမင်္ဂါ- ဟင်္သာငှက်သည်၊ နသောဘတိ- မတင့်တယ်၊ ဂေါဏော-
နွားရို့အလယ်၌၊ သီဟရာဇာ- ခြင်္သေ့မင်းသည်၊ နသောဘတိ- မတင့်တယ်။ ဗာလာနံ-သူမိုက်ရို့အလယ်၌၊ ပဏ္ဍိတော- ပညာဟိသည်၊ နသောဘတိ- မတင့်တယ်။
အနုဒကာ- ရီမဟိသော၊ နဒီ- မြစ်သည်၊ နသောတတိ- မတင့်တယ်။ ဣတ္တိ- မိမ္မရို့သည်၊ အသာမိကာ-
လင်မဟိမူ၊ နသောဘတိ- မတင့်တယ်၊ ပုရိသော- ယောက်ျားသည်၊ အဘရိယာ- မယားမဟိက၊ နသောဘတိ- မတင့်တယ်။ ရာဇာ- မင်းရို့၌၊ နအမစ္စောဗလံ- ပညာအားဟိသောအမတ်မဟိက၊ နသောဘတိ- မတင့်တယ်။ အမစ္စေ- အမတ်၌လည်း၊ ပညာသ၀ံ- ဆန်းကျယ်သောဥာဏ်ပညာမဟိက၊ နသောဘတိ- မတင့်တယ်။ ရာဇာနံ- မင်း၌လည်း၊ နာရီစ- မိမ္မအလိုသို့လိုက်သဖြင့်၊ နသောဘတိ- မတင့်တယ်။ ဣတ္တိ- မိမ္မရို့၌၊ ရူပံ-အဆင်းဟိလျှက်နှင့်၊ ဇာဂံ- အကျင့်မဟိက၊ နသောဘတိ- မတင့်တယ်။ ဘိက္ခူ- ရသေ့ရဟန်းရို့၌၊ ခမာ-သည်းခံခြင်းမဟိသောရဟန်းသည်၊ နသောဘတိ- မတင့်တယ်။ ရုက္ခာ- သစ်ပင်ရို့သည်၊ နပတ္တိ- အရွက်မဟိက၊ နသောဘတိ- မတင့်တယ်။ မုတ္တဂဇံ- ဆင်ဖြူဖြစ်လျှက်၊ ခရသ- ကြမ်းတမ်းသဖြင့်၊ နသောဘတိ- မတင့်တယ်။ နာဝါလောင်းလှီရို့၌၊ နပဒံ- တက်မဟိက၊ နသောဘတိ- မတင့်တယ်။ သိံင်္ဂ- ဦးဂြိုဟိသောသတ္တ၀ါရို့၌ နသိံင်္ဂ- ဦးဂြိုမဟိက၊ နသောဘတိ- မတင့်တယ်။ မဟာရာဇာ- အသျှင်မင်းမြတ်၊ မနုဿာနံ- လူရို့၌လည်းကောင်း၊
ဒေ၀ါနီ- နတ်ရို့၌လည်းကောင်း၊ ဗုဒ္ဓသာသနံ- တရားသြဇာအရသာထက်၊ ၀ရံ- မြတ်ခြင်းသည်၊ နတ္တိမဟိ။ ပညာသ၀ံ- ပညာဥာဏ်ဟိ၍ထိုးထွင်းသိမြင်တတ်သောသူထက်၊ ၀ရံ- မြတ်ခြင်းသည်လည်း၊ နတ္တိ- မဟိ။ စတုသစ္စံ- လေးတန်သောသစ္စာစကားထက်၊ ၀ရံ- မြတ်ခြင်းသည်၊ နတ္တိ- မဟိ။ အတ္တသမံ- ကိုယ်ထက်ယုံသင့် ချစ်အပ်သင့်သောသူလည်း၊ နတ္တိ- မဟိ။ ”

ထိုသို့ ထုံးသက်သီနှင့် အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးအမိန့်တော်ဟိသည်ကား
“ငပေါင်တို၏အဘမှာပြူ၊ အမိသော်ကားကုလား၊ ပြူကုလားရောနှောသည့်သား၊ သင်းဘီးဘိုးရို့သည်လည်း မှူးမျိုးမတ်မျိုးမဟုတ၊် သင်းအဘငနှိုးသည် ခမည်းတော်ဘုရား ကုလားပြည်ကိုသိမ်းတော်မူသောကာလမှ အမှုထမ်းလိုကြောင်းလျှောက်သော် အပြန်တွင် ထမ်းရည်ကိုကောက်၍ ရိုးစားအရာပီးတော်မူသည်။ သင့်အဘအသုံးရသောကြောင့် သင်းကိုကျေးရွာပီးသည်။ သို့ရာတွင် သင်းကို ဇာသို့ပြုရမည်” မီးသော် အမတ်ကြီး လျှောက်ပြန်သည်ကား

“အသျှင်မင်းမြတ်။ သူမိုက်ကိုနိုင်လိုမူ- မြှောက်မြှင့်၊ ရှိသူဟောင်းရို့စကားအတိုင်းသာ ငပေါင်တိုကို
မြှောက်မြှင့်တော်မူရပါမည်။ ”

လျှောက်လတ်လျှင်- ပြည့်သျှင်မင်းကြီးကလည်း ရာဇပရိယာယ်ဖြင့် မြို့သစ်စားသို့ စာပီးတော်မူပြီးမှ စိန်တင်စားငပေါင်တိုကို မြို့သစ်စားအရာ ကျေးကြီးရွာကြီးပီးတော်မူသည့် အမိန့်တော် အပ်တော်မူလီရာ၊ ငပေါင်တိုကားမြှောက်၍ အလုံးအရင်းများပြီကြံလျှက် မြို့သစ်ကိုသိမ်းမည်ဟု ဗိုလ်ခြီနှင့် လားလီ၏။ မြို့သစ်စားလည်း၊ ရဲမက်နှစ်သင်းခွဲပြီး၊ အသင့်ထားရာ ငပေါင်တိုကို လာလမ်းကဆီးလို့ဖမ်း၏။ ငပေါင်တိုကို မြို့သစ်စားဖမ်းမိပြီး၊ ပြည့်သျှင်သို့ဆက်ပို့လှာသည်။ ယင်းသောအခါ ငပေါင်တိုကို စီရင်မည်ဟိသည်တွင် အမတ်ကြီးလျှောက်ပြန်သည်ကား

“အသျှင်မင်းမြတ်။ ကျွန်ငပေါင်တိုကို ဆယ်နှစ်ကျော် ဥဿလင်းချောင်းစားပီးထားသည့်ကာလ မည်သို့မျှ အကြောင်းမဟိပါ။ တန်ရာတွင်မထား လွန်၍ထားချေသောကြောင့် ငပေါင်တို မာန်မြောက်ခြင်းရာ ဖြစ်ပါသည်။ အနီအထား အစားကျေးရွာသင့်တော်မှ အရှည်သဖြင့် ကျေးကျွန်အသုံးရတော်မူပါမည်။ လူနှင့်မတန် လွန်လျှက်ပြုချေသော် ကျွန်ကိုအသျှင်စီရင်ရသဖြင့် ကျေးကျွန်ကုန်ပါမည်။ ငပေါင်တိုကို အသျှင်မင်းမြတ် အမြှောက်လွန်၍ ငပေါင်တို မာန်လွန်သည့်အမှုသာဖြစ်ပါသည်။ ”

လျှောက်လတ်သော်- ငပေါင်တိုကို ချမ်းသာပီးတော်မူ၍၊ သားမယားစည်းစိမ်နှင့်တကွ အမတ်ကြီးလက်သို့ အပ်တ်ာမူ၏။


လျှောက်ထုံးအမှတ် (၂၅)

မင်းဖလောင်းလက်ထက် မရုစားငစနီအား အပြစ်မှလွတ်စီသောလျှောက်ထုံး။

တရံရောအခါမူလည်း ပြည့်သျှင်မင်းကြီးသည် ငယ်ကျွန်ငစနီကို မရုစားအရာပီးတော်မူသည်။ ငစနီသည် စားကျေးမရုသို့ထွက်လားလီသောအခါ မင်းသုံးမင်းဆောင် ရွှေကွမ်းချပ်ကိုဆောင်၍စားသုံးသည်။ ထိုအကြောင်းကို မင်းကြီးကြားသိတော်မူရာ ငစနီကိုခေါ်တော်မူသည်။ ကျေးစားအရာမှနှုတ်ပြီးလျှင်၊ မင်းမပီးမူလျှက် မင်းသုံးမင်းဆောင်ကိုသုံးသည်။ အပြစ်လိုက်စီရင်မည်ဟိရာ အမတ်ကြီးမဟာပညာကျော် လျှောက်သည်ကား-

“အသျှင်မင်းမြတ်။ အနဘိက္ခိ- သဘင်သည်လည်းကောင်း၊ ကတပတာ- သတ်ပုတ်ခြင်းကို အလိုဟိသော သူလည်းကောင်း၊ ပညာသ၀ံ- ထိုးထွင်းသိတတ်သောပညာမဟိ။ ဆိုမိဆိုရာနှင့် သူ့အတင်းကို ပုတ်ချပြောတတ်သူလည်းကောင်း၊ ဗုဒ္ဓသာသနံ- သာသနာ့ဝန်ထမ်းရဟန်းဖြစ်လျှက် ထိုးထွင်းလက်ဖွဲ့၊ဆီးဝါးမန္တရားကိုလေ့လာသော ရဟန်းလည်းကောင်း၊ အမစ္စော- အမတ်ဖြစ်လျှက် မင်းသုံးမင်းဆောင်ကို အလိုဟိခြင်းလည်းကောင်း၊ မဇ္ဇပါနံ- သီရည်သီရက်ကြိုက်တတ်သော သူလည်းကောင်း၊ ရာဇာမင်း၏အချစ်ကို ယုံသောသူလည်းကောင်း၊ သိံင်္ဂ- ဦးဂြိုဟိသောသတ္တ၀ါတိနှင့် ရောနှောကျွမ်းဝင်ပြုတတ်သောသူလည်းကောင်း၊ အဌ- ထိုသျှစ်ယောက်သောသူရို့သည်၊ ဥမ္မတ္တကော- သူရူးအနှမ်းပင်တည်း။

ရာဇာဗလံတုသမစ္စော ဝေဿ၀တော။
ရာဇာမင်းရို့၊ ဗလံ- အားပြုရသော၊ ဝေဿ၀တော- နတ်နှင့်တူသော၊ စတု- လေးယောက်သော
ဝင်းမှူးအမတ်ရို့သာလျှင်၊ သံလျှက်လက်စွဲ၍၊ ရာဇာ- မင်းနီသောနန်းတော်သို့ ၀င်စီရာသည်။ ဗဟုသုတ
လောကီပညာကိုလိုသော်၊ ၀ိဇ္ဇာမန္တာန်ကိုတတ်သောသူထံ ဆည်းကပ်ရာသည်။ ရာဇမစ္စေ- မင်းအချစ်ကိုလိုမူ၊ ဣစ္ဆာဂတော- မင်းကြိုက်သောအမှုကို ရွက်ဆောင်ရာသည်။ သစေ- သူတပါးရို့မူကား၊ ပေသနေ- စေပါးသောအခွင့်၌၊ ဇာနေယျ- စုံစမ်းဆင်ခြင်ရာသည်။

အသျှင်မင်းမြတ်။ အနီးထားအပ်သောသူ၊ အ၀ီးလွှတ်အပ်သောသူ၊ ထိုနှစ်ဦး၌ အ၀ီးထားသင့်သူအား
အပါးအနီး၌ထားလတ်သော် မင်းရိပ်မင်းခြည်၊ မင်းနီမင်းလား၊ မင်းပါးမကျွမ်း၊ ဟော့ရမ်းသွမ်းသွပ်ပေရာသည်။ အနီးထားသင့်သူအား အ၀ီး၌ထားလတ်သော်- မင်းကျွမ်းဝင်၍ မဆင်မခြင် ကျင့်တတ်ပါသည်။ ရှိပညာဟိရို့စကားတွင် မင်းကလွန်သော် မာန်ကိုသိမ်းသင့်ကြောင်း ဆိုပါသည်”

လျှောက်လတ်လျှင် ငစနီကို အပြစ်မှချမ်းသာပီး၍ အတွင်းသုံးမြဲသုံးတော်မူသည်။



























လျှောက်ထုံးများ အမှတ် (၂၆ )

သူမိုက်ရို့စကားကို မယုံအပ်ကြောင်းလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းဖလောင်းသည် ရိုးကျွန်းသို့ဆင်ဖမ်းမည်ထွက်တော်မူသည်။ မင်းကြီးသည်
ဆင်တော်နတ်သျှင်နောင်ကိုစီး၍ ဆင်ရိုင်းကိုဖမ်းအံ့သောငှာ တောတောင်အနှံ့လှည့်ပတ်လီရာ အစာမွတ်သိပ်၍ ပင်ပန်းတော်မူသည်။ ထိုရောအခါ အမတ်ကြီးသည် ရီမြီ့မင်းရို့ ဆင်ခြင်အပ်သောအရာကို ထုတ်ဖော်ပြသ၍ မင်းကြီးထံ လျှောက်ထားသည်ကား

“အသျှင်မင်းမြတ်။ ရီမြီကိုအစိုးရသောမင်းရို့သည် ဆင်ထိန်း၊ မြင်းထိန်း၊ သဘင်သည်၊ မုဆိုး၊ တံငါရို့နှင့် အကျွမ်းမ၀င်ရာ၊ ပရံ- သူတပါးရို့ သွေးဆောင်ရာအရပ်သို့လည်းကောင်း၊ ပရံ- သူတပါးရို့ဆိုလာသော စကား၌လည်းကောင်း၊ မယုံမလားရာ။ သူတထူးစကားကို ယုံသောအမှုကြောင့် အသက်မွီးယုတ်သော မုဆိုးတံငါမှတုံလည်း မှားကြောင်းထုံးဟောင်းဟိပါသည်။
မနူက လက်ပန်းသည်ယောက်ျားသည် လက်ပန်းပညာ အင်္ဂါစုံတတ်သူဖြစ်လျှက် ဗလဒေ၀နှင့်
ဆိုင်ပြိုင်ကြမည်ဟိရာ၌ သ၀န်တိုဟူသောအမတ်က ဆီးဝါးပီးလတ်သည်။ ထိုဆီးကိုယုံသဖြင့် ပေါ့လျှော့ချေ၍ ဗလဒေ၀သတ်သောဒဏ်ကြောင့် ပွဲအတွင်း ဓနူကသီဆုံးရဖူးသည်။
မစ္ဆရိယ- တံငါမူလည်း အခါခပ်သိမ်း မိမိပိုက်ချက်ကို အလိုဟိသောကာလ တံငါတဦးလှည့်ဖြားဥာဏ်ဖြင့် ငါးအများကိုလောင်း၌တင်၍ မစ္ဆရိယ- တံငါအိမ်ဆိပ်သို့လိုက်လာသည်။ မစ္ဆရိယ တံငါက မည်သည့်အရပ်က လာသနည်း မီးလတ်သော် ဂင်္ဂါမြစ်ဝ၌ ပိုက်ခတ်ကောင်း၍ရခကြောင်း လှည့်ဖျားပြောလတ်သည်။ ထိုတံငါ လှည့်ဖြားပြောသောစကားကို မစ္ဆရိယ တံငါယုံလတ်၍ မိုးထက်စောစောထ၍ တပည့်ငါးရာနှင့်လားလီပြီး ဂင်္ဂါမြစ်ဝတွင် ပိုက်ချလတ်သည်။ ပင်လယ်၌ လှိုင်းတံပိုးကြီးစွာဖြစ်လတ်၍ မစ္ဆရိယတံငါနှင့် တပည့်ငါးရာရို့
သီဆုံးကြရသည်။

အယုဇ္ဈပူရတိုင်း၌ ဒွါရာဝတီမြို့က ဇမ္ဗူဒီပါကိုအစိုးရသော ဒသဘာတိကညီနောင်တကျိပ်ရို့သည်
ပျက်ချိန်နီးလတ်သော် အမတ်ယုတ် ဂုံးချောစကားကိုယုံမိကြသည်။ ညီနောင်တကျိပ်ရို့သည် ရီကဇာတ်ရာ၌ အမတ်ယုတ်၏ဂုံးချောစကားကိုယုံသဖြင့် အချင်းချင်းသတ်ပုတ်ကြ၍ သီဆုံးဘူးသည်။
ယင်းသို့ထုံးဟောင်းဟိသည်ဖြစ်၍ အမှုတကာကို ယုတ္တာယုတ္တိကို မိမိဥာဏ်ဖြင့် ဆင်ခြင်ပြီးမှတဖန် ပညာဟိရို့နှင့် ညှိပြန်ရာသည်။ သူမိုက်အများ ဆိုးကောင်းမြှောက်မြှင့် နှိမ့်ချဆိုသော်လည်း၊ အကျိုးအပြစ်မဟိ၊ ပညာဟိတယောက် အပြစ်ကိုကြောက်လျှက် အကျိုးလို၍ဆိုသည်ကိုရာ အလိုရှိအပ်ပါသည်။ ထိုသို့ ထုံးဟောင်းဟိသည်နှင့်အညီ ရှိပညာဟိရို့ဆိုခသောစကားမူလည်း-
အကြင်သူ၊ လူ့ပကတိ၊ မမိရှည်ကြာ၊ မိစ္ဆာဇီဝ၊ လုံးပမ်းကြ၍၊ အစမထင်၊ ချစ်သျှင်မြတ်ဖျား၊ ဘုရားသာသနာ၊ ရောင်ဝါမ၀င်း၊ အလင်းမနှော၊ သဘောမကုန်၊ သူ့ဘုံနတ်ရပ်၊ ကြမ္မာတတ်မင်း၊ နှောင်အိမ်တွင်းသို့၊ မကင်းဇာတိ၊ မိမိခန္ဓာ၊ သူရာယစ်မျိုး၊ ငါးပါးဆိုးလည်း၊ မညှိုးမဝကံ၊ တောခြုံပိတ်ပေါင်း၊ တဏှာချောင်းတွင်၊ ဥက္ခောင်းမွန်းနစ်၊ အသစ်သစ်သာ၊ ၀ိညာဉ်ဧကန်၊ အမှန်တပ်လျှဉ်၊ သံယောဇဉ်လည်း၊ မယှဉ်သောအား၊ ကံသုံးပါးမူ၊ တန်းခါးဟင်းလင်း၊ သားချင်းချင်းဖြင့်၊ နှိမ်နင်းတတ်စွာ၊ သတ္တ၀ါကို၊ ပညာဝေဖန်၊ အမြင်သန်မှ၊ သူ့ဥာဏ်သူ့ဂုဏ်၊ မသုန်မဖျင်း၊ အလင်းဝိဇ္ဇာ၊ သံသရာ၌၊ ဖီလာမလား၊ သုံးပါးဗိန္ဓု၊ လဟုသရ၊ အမှတ်အခြေ၊ ညာဏ်ရည်ညာဏ်သွီး၊ ဆိုရီးလိမ္မာ၊ သူ့ပုစ္ဆာကို၊ လွယ်ကာဖြေရ၊ တခဏချင်း၊ မကြွင်းသိမူ၊ သူတယောက်ပင်၊ ချီမွမ်းလျှင်မှ၊ လူတွင်လူမြတ်၊ နတ်ကားကြည်ညို၊ မဂ်ဖိုရကြောင်း၊ ဆုမတောင်းလည်း၊ လုံးပေါင်းပြီးစီး၊ ဆုရပြီးတည့်၊ ထုံးမှီးကျမ်းလာ၊ သို့အရာတွင်၊ ပညာမပြောင်၊ မောဟဆောင်၍၊ သံကြောင်ပဒ၊ ပရမရို့၊ ဒေါသထူထူ၊ ငြူစူစောင်းမြောင်း၊ မကောင်းစရိုက်၊ သူမိုက်ကုဋေ၊ သင်္ချေသင်္ချာ၊ ညီညာမြှောက်မြှင့်၊ တဖြင့်စုတ်ငဲ့၊ ကဲ့ရဲ့ချုတ်ချ၊ ဆိုပြန်ကလည်း၊ မြူမျှမသန်း၊ မနွမ်းစီရာ၊ ဥပမာကား၊ ဂင်္ဂါရီကြော၊ တိုက်လွင့်မျောသည့်၊
သင်္ဘောထိုလမ်း၊ ဆိပ်ကမ်းမမြင်၊ ပင်လယ်ပြင်၌၊ ဇာတွင်ဇာသို့၊ ရောက်ဖို့သနည်း။ အသဲကြွီလု၊ တရုရုနှင့်၊ ဗိုလ်ထုများစွာ၊ လူတကာထက်၊ သီတာမြစ်လမ်း၊ သိနိုင်စွမ်းသည်၊ ဖြောင့်တန်းမတိမ်း၊ ရွက်သိမ်းရွက်ဖွင့်၊ ဆိုက်သင့်အရပ်၊ လီကပ်လီကြောင်း၊ မစောင်းရအောင်၊ ဆောင်နိုင်သူအား၊ တယောက်သားရာ၊ ထင်ရှားကျော်ဟိန်၊ မာလိန်ခေါ်ကြ၊ ထိုနှင့်ဆသော်၊ ဇင်္ဂလသား၊ တရားဇာမှာ၊ သိနိုင်ရာလိမ့်၊ မိစ္ဆာရို့ကံ၊ လောဘလျှံသည်၊ မငံပညာဟော့ရမ်းတည်း။

သူမိုက်ရို့လက္ခဏာ ကျမ်းဂန်လာသည်မှာလည်း- ဒေါသောအတ္တံ နဇာနာတိ၊ မောဟောဓမ္မံ နပဿတိ၊ အတ္တသမံနဇာနာတိ၊ ယထာယဒေါသော ယောဗာလော အမနုဿဗာလော။ - ဟူလျှက် သူမိုက်ရို့စကားကို မယုံအပ်သောအကြောင်း”

ထုံးဟောင်းကျမ်းဂန်နှင့် လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း ကြည်ညိုတော်မူရကား ရွှေကွမ်းချပ်ကို ပီးသနားတော်မူ၏။













လျှောက်ထုံးအမှတ် (၂၇)

အကျင့်ပျက်မိဖုရား သျှင်နှောင်းအရေးတွင် ကယ်မသောလျှောက်ထုံး။

တရံရောအခါမူလည်း မြောက်မိဖုရားသျှင်နှောင်းသည် မိမ္မစိုးမော်လိပ် ကုလားတယောက်ကိုဆီးပီး၍ အင်္ဂါစုံအခါ ယဉ်ပါးကြသည်။ ထိုအခါ မိစ္ဆာနတ် နန်းသို့ဝင်၍ခြောက်လှန့်သည်။ လင့်ကောင်ပိုးငှက်ဆိုးသည် မင်းစက်တော်ခေါ်သော အဆောင်သို့ဝင်၍မြည်သည်။ မင်းသုံးမင်းဆောင်ကျိုးပျက်သည်။ ထိုအကြောင်းကို မင်းကြီးမီးတော်မူရာ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ဘီးတော်ရာဇိန္ဒမင်းသည် ဥယျာဉ်သို့ထွက်တော်မူရာ၊ ရထားတော်ဝင်ရိုးကျိုးလတ်သည်။ ထိုအကြောင်းကို အမတ်ကြီးစိတ္တ၀ရလျှောက်လတ်သည့်ထုံး၌ အဆိုသော်ကား- ရာဇာဒေ၀ီ- မင်းမိဖုရားရို့သည်လည်းကောင်း၊ ရာဇပုတ္တိ- မင်း၏သားသမီးတော်ရို့သည်လည်းကောင်း၊ ဟိနေန- ယုတ်သော၊ ကုလေန- အမျိုးနှင့်၊ သံခါသေတိရော- ယှက်ပေါင်းဖော်မိအံ့။ ရညော- မင်း၏၊ ပရိဘောဂေါ- အသုံးအဆောင်သည်၊ ဘိဇ္ဇတိ- ကျိုးပျက်ယွင်းယိုတတ်၏။ မိစ္ဆာဒေ၀ါဒယော- မသမာသော မိစ္ဆာနတ်ဆိုး၊ လင့်ကောင်ပိုးငှက်ဆိုးစသည်ရို့သည်၊ ရာဇနိဝေသနံ- မင်း၏နီရာနန်းတော်တိုက်ခန်းသို့၊ ပ၀ီသတိ- ၀င်ရောက်တတ်၏။ ဤသို့လျှောက်လတ်မူ ထိုမင်းကြီးရာဇိန္ဒသည် မည်သို့မဆိုနီတော်မူ၍ မင်း၏ပရိယာယ်ဖြင့် စူးစမ်းတော်မူရာ သမီးတော်သုဝဏ္ဏကုမ္မာရီသည် စောင်းသမားနှင့်ယဉ်ပါးကြောင်း သိတော်မူ၏။

ဤသို့ထုံးဟောင်းလာသည်ကိုထောက်လျှင် ယခုလည်းအကြောင်းထင်လာပြန်သည်။ နန်းသူရို့ သိက္ခာမထိန်းဆိုရန် ဟိချေပြီထင်ပါသည်”

ဟုလျှောက်လတ်သော် မင်းကြီးလည်းခပ်မဆိတ်နီတော်မူ၏။ အကြောင်းကို စုံစမ်းတော်
မူသောအခါ မိဖုရားနှင့်ကုလားမှားကြောင်းသိတော်မူ၏၊ ထိုအကြောင်းကို မတ်ကြီးသို့ပြန်ဆိုတော်မူရာ
အမတ်ကြီးလျှောက်သောထုံးမူကား

“ဘုန်းကျက်သရေကြီးမြတ်တော်မူသောအသျှင်မင်းကြီး။ ရှိပညာဟိရို့ဆိုခသော ကျမ်းဂန်၌လာဟိသည်မှာ- ဣတ္တိ- မိမ္မရို့သည်၊ ၀ါမောရာဂေါဒ- ရာဂကိုလုံ့လထုတ်ခြင်း၌၊ ပူရိသော- ယောက်ျားထတ်၊ ဒွေဂုဏံ- နှစ်ဆလွန်၏။ ပဒုရာပိ- စဉ်းလဲခြင်းကောက်သောဥာဏ်၌ကား၊ စတုဂုဏော- လေးဆလွန်၏။ ခလေခလဿ- ပြုတတ်သောအမှုရို့၌ကား၊ ဆဂုဏော- ခြောက်ဆလွန်၏။ ကာမဂုဏော- ကာမဂုဏ်၌တပ်မက်ခြင်းဖြစ်သည်ကား၊ အဌဂုဏော- သျှစ်ဆလွန်၏။ သဗ္ဗနဒီ- ခပ်သိမ်းသောမြစ်ရို့သည်၊ ၀င်္က- ကောက်ကွေ့လျှက်ရာ ဟိသည်၏၊
သဗ္ဗ၀နာ- ခပ်သိမ်းသောတောသို့၌၊ ကုဿ- သစ်ပင်ရို့သည်၊ ၀င်္က- ကောက်ကွေ့၏။ သဗ္ဗေ-
ခပ်သိမ်းကုန်သော၊ ဣတ္တိ- မိမ္မရို့သည်၊ ဧကနေ၀- မိမိအလိုဟိရာ တယောက်သောသူနှင့်တွိလျှင်၊ ၀င်္ဂံ-
ကောက်ကွေ့ဖောက်ပြန်တတ်၏။ ယင်းသို့ ကျမ်းဂန်လာပါသည်။
တရားတော်မှာလည်း သစ္စာလေးပါးတွင် သမုဒယသစ္စာသည် တဏှာအမြစ်၊ ထိုသမုဒယသစ္စာတဏှာ၏အမြစ်ကို မဖြတ်နိုင်ကြ၍ သတ္တ၀ါရို့သံသရာရှည်သည်။ ထိုသို့မိုက်မှားလျှက် အစဉ်လာခသော- အ၀ိဇ္ဇာနှင့်တဏှာ မူလသဘာဝရို့ကြောင့်ပြုကြသော ထိုသူရို့အပြစ်ကို ထိုသူရို့နှင့်ပျောက်စီရပါမည်။ တရား၌လိမ္မာသော၊ ပညာဟိသောသူတော်ကောင်းမည်သည် သူတထူးပြုသောအပြစ်ကိုသိသော်လည်း ပြန်၍ပြုခြင်းမဟိ၊ သူ့ထိုက်သူကံ ဟိသင့်ပါသည်။”

လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း ထိုသူနှစ်ဦးကို မည်သို့အပြစ်မပီး၊ မိဖုရားနှင့်ကုလားကို မာန်အောင်ကျွန်းသို့ ပို့ထားရုံမျှသာ ပြုတော်မူသည်။


လျှောက်ထုံးအမှတ် (၂၈)

မင်း၏သားတော်လတ် သံတောင်စား အပြစ်ကျူးလွန်ရာတွင်လျှောက်ထုံး။

တရံရောအခါ သားတော်အလတ်၊ သံတောင်စားငစုန်သည် သံတောင်ရွာအသည်သားတယောက်ကို
အသီသတ်လတ်သည်။ ထိုအကြောင်းကို မင်းကြီးကြားသိလီ၏။ ထိုအခါမင်းကြီးက သံတောင်စားငစုန်ငယ်သည် ပြည်သူရို့အားနှိပ်စက်သတ်ဖြတ်ရာ မည်သို့စီရင်ထုံးဟိသနည်းဟု အမတ်ကြီးမဟာပညာကျော်သို့ မီးတော်မူသည်။ ယင်းသောအခါ အမတ်ကြီးလျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ သားတော်သံတောင်စားသည် ခမည်းတော်အာဏာကိုပြိုင်လျှက်၊ အာဏာပိုင်
အစိုးရပြုသည်တရပ်၊ နောင်တော်များမပြုကျင့်ဝံ့သောအမှုကို ပြုကျင့်သည်ဖြစ်၍ နောင်တော်များကို
ကျူးလွန်သည်လည်းတပြစ်၊ မှူးမတ်ပြည်သူရို့ကို မခန့်မလေးဆိုးသွမ်းသည်လည်းတချက်၊ ပြည့်သျှင်မင်းမှတပါး ပြည်သူရို့ဇိဝိတိနြေ္ဒကို မပိုင်ချေ။ ရှိထုံးဟိလျှက်မတည်။ ရှိထုံးစံဟောင်းများကိုဖျက်၍ ကျင့်သည်လည်းတမှု၊ ဤသို့အပြစ်လေးပါးထိုက်သော သားတော်ဖြစ်ပါသည်။ ”

လျှောက်လတ်သော် စားကျေးမြို့ရွာဥစ္စာ ကျေးကျွန်များကို သိမ်းလတ်သည်။ ၀မ်းဝရုံနှင့် မြုံရို့နီရပ် မရိပ်ချောင်းညာဝေလာတောင်သို့ သားတော်သံတောင်စားကို ပို့တော်မူသည်။






လျှောက်ထုံးအမှတ် (၂၉)

သူဌီးခြန္သာႀကီး သားသမီးအမြီမ ျဖတ္ထံုး။

မင်းဖလောင်းကြီးစိုးစံစဉ် မိုးစဲကျွန်းတွင် သူဌီးခွန်သာကြီးသီလွန်သည်။ ထိုအခါ တမိတည်းသား
ယောက်ျားငါးယောက်၊ မိကွဲသားသမီးနှစ်ယောက် ကျန်ဟိခသည်။ ထိုသားသမီးခုနှစ်ယောက်ရို့
အမွီခွဲဝေမှုတရားကို တရားသူကြီးလေးဦးစီရင်ချက်နှင့်မပြီးလိုကြ၍ ပြည့်သျှင်မင်းကြီးထံ အယူခံမှုဝင်ရောက် လျှောက်ထားလာကြသည်။ ပြည့်သျှင်မင်းကြီးသည် အမှုကို ကိုယ်တိုင်ဆုံးဖြတ်တော်မမူ၊ အမတ်ကြီးမဟာပညာကျော်သို့ လွှဲအပ်ဆုံးဖြတ်စီတော်မူသည်။ ထိုအခါ အမတ်ကြီးစီရင်ဆုံးဖြတ်သည့်ထုံးမူကား

“တရားသူကြီးတိစီရင်သော ဓမ္မသတ်ထွက်၌ အနိမ့်အမြင့် အခွဲအ၀ီဟူသမျှတွင် အမှားတစေရာများသည်။ ထိုဓမ္မသတ်စာကို ရှိပညာဟိရို့စွန့်ခကြောင်း ကျမ်းဂန်လာသည်။ အမှန်ကိုသိတတ်ဆိုတတ်မှ ပညာဓမ္မသတ်မှန် ဖြစ်သည်။ ထိုစာဓမ္မသတ်များမှာ သညာအက္ခရာမျှရာ အမှားများ၍ အမှန်နည်းသည်။ အကြောင်းမူလည်း၊ အကယ်၍ သူဌီးခွန်သာကြီးသည် သူပုန်သူကန်ပြုလျှက် အသျှင်မင်းကြီးအားပြစ်မှားလတ်သော်၊ မယားကြီးသား၊
မယားငယ်သားဟူ၍ အမွီစားဓမ္မသတ်ထွက်အလိုက် ခွဲခြားပြီး အပြစ်မပီးချေ၊ သားချင်းအတူ သားသီလည်းသီ၊ ရှင်လည်းရှင်လျှောက်၊ မင်းပြစ်ရောက်ရသည်။ ထိုသို့သောအကြောင်းကြောင့် မိဘဆိုးသွမ်းလီရာ သားသမီးရို့ ဇိဝိတိနြေ္ဒမှတုံသော်လည်း ကင်းရသည်။ ထိုသို့ဆိုးမွီခံရသောထုံးဟိလျှက်၊ ကောင်းမွီ၌လည်း ထိုနည်းအတူရာ ခံယူကြစီ။”

စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာရွာလီသောကြောင့် ပြည့်သျှင်မင်းကြီးက
အမတ်ကြီးသို့ ပတ္တမြားလက်စွပ်တကွင်း တရားဆုချီမြှင့်ပီးသနားတော်မူသည်။












လျှောက်ထုံးအမှတ် (၃၀)

ပြည်သူဆင်းရဲသားရို့အမွီကို မင်းရို့ ခံသင့်မခံသင့်လျှောက်ထုံး။

မင်းဖလောင်းကြီးလက်ထက်တော် တရံသောအခါမူလည်း၊ စစ်တကောင်းမြို့တွင် သူဌီးဦးစီရာလီ သီလွန်၏။ ထိုသောအခါ စစ်တကောင်းမြို့စားလာရောက်ပြီး ဦးစီးရာလီတွင် အမွီခံသားမြီးမဟိကြောင်းလျှောက်ထားသည်။ ပြည့်သျှင်မင်းကြီးက ပြည်သူဆင်းရဲသားရို့အမွီကို မင်းခံစားသင့်သည်၊ မခံစားသင့်သည်ကို အမတ်ကြီးအား မီးတော်မူသည်။ ထိုအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ဘုရားလောင်းမင်းကောင်းမင်းမြတ်၊ သာကီဝင်နွယ်တော်စဉ်လာအကြောင်း
ထုံးဟောင်းကျမ်းဂန်၌ဟိပါသည်။ ပြည်သူရို့လုပ်ခွန်ထွက် ဆယ်ဘို့တဘို့ကိုရာ မင်းရို့ဘဏ္ဍာခံထိုက်ကြောင်း ရှိအမှာဟိပါသည်။ ပြည်သူသာမိက ခတ္တိယအစိုးရသည့် ရီမြီသျှင်ဖြစ်လျှက် မင်းမျိုးမဟုတ်သောသူရို့၏အမွီကို ခံယူထုံးမဟိပါ။ ရီမြီပိုင်မင်းဖြစ်လျှက် ဆင်းရဲသားရို့အမွီကိုခံယူခီသော်၊ ၀ိလုပ္ပန္န- လုယက်ဖျက်ဆီး၍ မင်းမူသောမင်းမျိုးရို့ ခံယူသောထုံးလည်း ကျမ်းဂန်တွင်ဆိုလျှက်ဟိပါသည်”

လျှောက်လတ်သော် ပြည့်သျှင်မင်းမြတ်အမိန့်တော်ဟိသည်ကား “ငါရို့မှာလည်းသားမြီးမဟိမူ မင်းဆွီမင်းမျိုးရို့ မင်းရိုးမပျက် ထီးနန်းတက်ရသည်။ ဆင်းရဲသားရို့မှာလည်း ထိုသို့အလျှောက် သားမြီးမဟိမူ၊ ဆွီမျိုးအမွီခံရာသည်။ သူဌီးဦးစီရာလီအမွီကို ဆွီမျိုးရို့က ခံယူစီ” အမိန့်တော် ဟိလတ်သော် ရာဇပလ္လင်ပေါ်၌စိုက်သော ကနက္ကဒန်ထီးဖြူ ပွင့်လီသတည်း။














လျှောက်ထုံးအမှတ် (၃၁)

အကျင့်ပျက်သော တန်ဆောင်မိဖုရားအရေးတွင် မင်းအားညွှန်ပြသောလျှောက်ထုံး။

တရံရောအခါ တန်ဆောင်မိဖုရားသည် ဘိသိက်တော်ဆက်ပုဏ္ဏားကို အနောက်တန်းခါးကခေါ်သွင်းပြီး အဆောင် လက်ဖွဲ့တောင်း၏။ ပုဏ္ဏားလည်း မိဖုရားသို့ လက်ဖွဲ့ပြုလုပ်ပီး၏။ ဤသို့အကြောင်း မင်းကြီးကြားသိတော်မူ၏။ ထိုအကြောင်းနှင့်ပတ်သက်၍ မင်းကြီးမိန့်ကြားလတ်သည်ကား
အကြောင်းဖြစ်ကြသည်၌ မိဖုရားသည် အင်္ဂါမဟိသူဖြစ်၏။ ပုဏ္ဏားလည်း ဘိက်သိက်တော်ဆက်
မင်္ဂလာပုဏ္ဏားအရာပျက်သည်။ အနောက်တန်းခါးမှူးနှင့် မိမ္မစိုးမော်လိပ်ရို့လည်း ရှိထုံးမသိ၊
ယင်းသို့လေးဦးသောသူရို့ အပြစ်ဟိကြလတ်ပြီ။ မည်သို့ပြုသင့်ကြောင်း မတ်ကြီးမဟာပညာကျော်သို့
မီးတော်မူသည်။ အမတ်ကြီးလျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ မိဖုရားအင်္ဂါ (၇) ပါးကို ရှိပညာဟိရို့ဆိုခသည်မှာ-

ရာဇာဒေ၀ီ- မိဖုရားသည် သီလဇာဂံ- အကျင့်သီလ ဖြောင့်မှန်ခြင်း။
မံသံ- အသားနူးညံ့စွာနှင့်ပြစ်ဆာကင်းခြင်း။
လက္ခဏပါဒံ- လက်ခြီသေးသွယ်နူးညံ့ခြင်း။
ကေသမယှံ- ဆံပင်နက်၍ကောင်းခြင်း။
ရူပံ- အဆင်းလှခြင်း။
သဒ္ဒံ- အသံသာယာဖွယ်ဟိခြင်း။
ဗသုကာ- များသောမောင်းမရို့ ချစ်ကြောက်ဖွယ် ဟိသောစကားကိုဆိုတတ်ခြင်း။

ထိုသို့ ထုံးဟောင်းလောကီကျမ်းဂန်နှင့်အညီ ပြည့်စုံသောအင်္ဂါဟိလျှင် မိမ္မမြတ်ဖြစ်ပါသည်။ ယခုအသျှင်မိဖုရားသည် ဇာဂံ- အကျင့်သီလမမှန် သွမ်းသော့ချေသည်။ မိဖုရား၊ မင်းသမီး၊ မင်းသားရို့ သွမ်းသော့အမှုရို့ကို ပြုရိုးထုံးစံမဟိပါ။ အနောက်တန်းခါးက ယောက်ျားကို မိမ္မထံယူ၍မသွင်းရ ထုံးဟိပါသည်။ တန်းခါးမှူးနှင့် မိမ္မစိုးမော်လိပ်ရို့ မိဖုရားအလိုသို့ပါသည်မှာလည်း မင်းသုံးသောကျေးကျွန်ရို့သည် မင်းခွင့်မရမူလျှက် မင်းမိဖုရားအလိုသို့လိုက်၍ အမှုအပေါင်းရို့ကို မလျှောက်မထားရာ။ ရှိပညာဟိရို့ထုံးဟိလျှက် လွန်၍ကျင့်သောသူအား မင်းမသုံးအပ်။ ဘိသိက်တော်မင်္ဂလာပုဏ္ဏားရို့မှာလည်း ကနံတာရို့အကျင့်၊ သော့သွမ်းသောအမှု၊ ဟူးရာဗေဒင်သင်၍ ဟူးရားတတ် ပုဏ္ဏားများကဲ့သို့ အင်း၊ မန္တန်၊ လက်ဖွဲ့ လုပ်ဆောင်ပီးကမ်းဟောပြောမပြုရ၊ ပြုက ပြုသူပုဏ္ဏား၌ သိက္ခာမဟိပါပြီ။ ထိုပုဏ္ဏားသွန်းသော ဘိက်သိက်ကိုမခံအပ်။
ရှိသူတော်ကောင်းရို့ဆိုခသော လောကီကျမ်းဂန်လာသည်မှာ ရဌ- အကြင်တိုင်းပြည်၌၊ ရာဇ- မင်းသော် လည်းကောင်း၊ ရာဇဒေ၀ီ- မိဖုရားသော်လည်းကောင်း၊ ရာဇပုတ္တ- သားသမီးတို့သည်လည်းကောင်း၊ ရာဇပရောဟိ- မင်း၏ပုဏ္ဏားသည်လည်းကောင်း၊ ရာဇအမစ္စော- မင်း၏အမတ်သည်လည်းကောင်း၊ အလီဒေါ ဟီနီဇာဂံ- မဟုတ်မမှန်ယုတ်သောအကျင့်ကို ကျင့်ကြလတ်အံ့။ တထာ- လာခြင်းမကောင်းသောသူရို့ဟိသော၊ ရဌ- အကြင်တိုင်းပြည်၌၊ ဗဟု- များသောသတ္တ၀ါရို့သည်၊ အနီလော- ဆင်းရဲဒုက္ခနှင့် အနီမမြဲ ဖောက်လွဲဖောက်ပြန် ယူမိယူရာ မသမာသော ပညာထွန်းလတ်၍ စည်းစိမ်မတည်၊ အရှည်မကောင်း ပျက်စီးလီရာသည်။ ဥတုရာသီ၊ မညီမဖြောင့်၊ ဓါတ်လေးပါးချောက်ချားလျှက် ယမုနာစသောမြစ်၊ ကန်ရီတွင်း၊ ချောင်းမြောင်းရို့သည်လည်း ခန်းခြောက်ကုန်အံ့။ ငံသောအရာရောက်ကုန်အံ့။ ပထ၀ီမြီသည်လည်း
တုန်လှုပ်ကြွေးကြော်အံ့။ မင်္ဂလာမဟိသော တိမ်မိုးဝကိးလောင်မီးကျခြင်းစသော မကောင်းသည့်အနိဌာရုံအပေါင်း မကောင်းသောအကြောင်းရို့သည် စုပေါင်းကျရောက်တတ်ပါသည်။ အသျှင်မင်းမြတ်။ ဘုန်းပညာကျက်သရေ သုံးပါးပြည့်စုံတော်မူသော ဘီးဘိုးစဉ်လာ ခမည်းတော်ရို့ ကျင့်ထုံးကျင့်လမ်းရို့သည် ဘုန်းကြီးသက်ရှည် ကျက်သရေတော်ထွန်းကြောင်း ထုံးဟောင်းဖြစ်ပါသည်။”

သူတော်ကောင်းတရားနှင့် အမတ်ကြီး လျှောက်လတ်သော် ပြည့်ရှင်မင်းမြတ် အမိန့်တော်ရှိပြန်သည်ကား “ငါရို့မင်းမျိုးသည် နိဇင်္ဂလမင်းမျိုးမဟုတ်၊ မဟာသမ္မတ၀ံသ သကျသာကီဝင်သန့်စင်မြင့်မြတ်သော မင်းရိုးမှန်ပေသည်။ အမတ်ကြီးလျှောက်သောစကားလည်း ရှိပညာဟိရို့ထားခသော ထုံးဟောင်းသူတော်ကောင်း စကားမှန်ပေသည်။ ကျမ်းဂန်လာသည်မှာလည်း-

သကျရုပ်ပုရေသန္တံ၊ မဟာသိပ္ပွံနသိက္ခတံ။
ကိစ္ဆာဝုတ္တိအသိပ္ပဿ၊ ဣတိပုစ္ဆာနတပ္ပတံ။

ထိုသို့ကျမ်းဂန်ထွက်သည့်အတိုင်း သူတော်ကောင်းစကားဖြစ်လျှင် ကျင့်အပ်သိအပ်သူသည်ပင်။
သူယုတ်ထားခသော မတရားအဓမ္မထုံး၊ အဘိဇ္ဇာ၊ ဗျာပါဒ၊ မိစ္ဆာဒိဌိ ထိုသို့စသောအမှုပါချေလျှင် ပယ်သင့်သည်။ မင်းရို့ကျင့်ရာ ကမ္ဘာဦးတရား၌-

ဒါနံသီလံ ပရိစ္စာဂံ၊ အဇ္ဇ၀ံမန္ဒ၀ံတပံ အကောခံအ၀ိဟိံသဉ္စ၊ ခန္တီစ အ၀ိရောဒနံ။

ဤသို့ရှိဦးစွာကပင် တိုင်းပြည်အစိုးရသော မင်းရို့ကျင့်ထုံး ဘုရားမြတ်စွာဟောတော်မူခကြောင်းကို အထင်အပေါ် ကျမ်းဂန်လာလျှက်ဟိပါသည်။ သူတော်ကောင်းထုံးကိုယူသော်အကျိုး၊ သူယုတ်သူမိုက်ထုံးကိုဝကိက်မူ အပြစ်ရောက်ကြောင်းကိုလည်း အဇာတသတ်မင်းသည် သူယုတ်နှင့်ပေါင်းမိချေ၍ အဘကိုအသီသတ်ပြီးမှတဖန် မြတ်စွာဘုရားသျှင်ကို ပြစ်မှားပြန်သည့်နောက်မှ ပညာရှိဇီဝကစကားကိုနာခံ၍ ဘုရားနှင့်တွိရာ ကံကြီးမှ
အနည်းငယ်ချမ်းသာလီကြောင်း ကျမ်းဂန်လာဟိပေသည်။ မိဖုရား၊ ပုဏ္ဏား၊ တန်းခါးမှူး၊ မိမ္မစိုး မော်လိပ်ရို့သည် သူယုတ်အကျင့်အကြံအ၀င်ကို ကျင့်ကြံကြသူများဖြစ်သည်။ မင်းမသုံးအပ်ပြီ၊” အမိန့်တော်ဟိ၍ မိဖုရားကိုဥယျာဉ်မှာ ဖြည့်သည်၊ ပုဏ္ဏားကို ပန်းတင်အစို့မှာဖြည့်သည်။ မိမ္မစိုးကို
သစ်ခုတ်ယာခုတ်အစို့မှာဖြည့်သည်။ တန်းခါးမှူးကို ရီခပ်စီရီအစို့မှာဖြည့်သည်။ ယင်းသို့ပြီးမှ
အမတ်ကြီးလျှောက်ပြန်သည်ကား

“အသျှင်မင်းမြတ်။ ပြည့်သျှင်မင်းရို့၌ ဘုန်းတပါး၊ ကျက်သရေတပါးဟိပါသည်။ ဘုန်းကျက်သရေ
နှစ်ပါးစုံဟိသောမင်းသည် စည်းစိမ်ရှည်ကြောင်း။ ဘုန်းရာဟိ၍ ကျက်သရေမဟိသောမင်းရို့မှာ စည်းစိမ်တိုရာသည်။ ဘုန်းပညာကျက်သရေနှင့်ပြည့်စုံသော မင်းထိန်းသော၊ ရဌ- အကြင် တိုင်းပြည်သတ္တ၀ါရို့သည်၊ အတီသော- လူဆင်းရဲခြင်းသည်၊ နတ္တိ- မဟိ။ ရှိပညာဟိအမှာ ကျမ်းဂန်လာသည်မှာလည်း-
သဗ္ဗဒါနံ၊ ဓမ္မဒါနံ ဇိနာတိ။
သဗ္ဗရသံ၊ ဓမ္မရသံ ဇိနာတိ။
တဏှာက္ခယော သဗ္ဗဒုက္ခံဇိနောတိ။ ”

ဟူ၍ ယင်းသို့သူတော်ကောင်း စကားကျမ်းဂန်အလာနှင့် အမတ်ကြီးလျှောက်လီပြန်ရာ ပြည့်သျှင်မင်းမြတ်လည်း ကြိုက်တော်မူလတ်၍ အမတ်ကြီးသို့ ငွေထွီးခံသနားတော်မူသည်။


လျှောက်ထုံးအမှတ် (၃၂)

မင်း၏ပတ္တမြားလက်စွပ် သုံးကြိမ်တိုင်ပြန်ရောက်သည်တွင် မှုခင်းစီရင်သောလျှောက်ထုံး။

တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန် ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မြိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီး မင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်”

လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို
အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည်
ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌
ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းတိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။

အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကို ဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက် ကျီးတကောင် ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင်
ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်း ပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက
တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံ လျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍ သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည် ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ
အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား

“လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး
ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။
မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး
ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့်
သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်။”

ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ
ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူလီ၏။


လျှောက်ထုံးအမှတ် (၃၃)

ရဟန်းတပါး၏ ရွှေငွေအမွီမှုဖြတ်ထုံး။

တရံရောအခါ၌ ကျောင်းနီပုဂ္ဂိုလ်ရဟန်းတဦး သီလွန်သည်။ ထိုရဟန်း၌ ငွေအသပြာနှစ်ထောင်၊ ရွှေအသပြာတရာ ကျန်ခသည်။ ထိုဥစ္စာကို ရဟန်းမိဘဆွီမျိုးရို့ကလည်းရလိုသည်။ ကျောင်းနီရဟန်းသာမဏေရို့ကလည်း ရလိုသည်။ ကျောင်းတကာရို့ကလည်းရလိုသည်။ သုံးဦးသားရို့ အလုအယက်အငြင်းအခုံဖြစ်လျှက် မင်းကြီးထံ လျှောက်ကြသည်။ ပြည့်သျှင်မင်းက အမတ်မဟာပညာကျော်သို့အပ်လီသည်။ အမတ်ကြီးစီရင်သောထုံးမူကား

“ရတနာသုံးပါးအ၀င်ဖြစ်သောရဟန်းသံဃာရို့၌ ဘုရားသျှင်ခွင့်ပြုသော်မူသည်မှာဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ စတုမဓုစသော ဆီး၊ ဤလေးပါးကိုရာ သုံးဆောင်အပ်ကြောင်း၊ ထိုမှတပါး ဂဟာပဏစသောရွှေများမှာ ဘိက္ခုသံဃာသံသရာကို ကြောက်တတ်သောချစ်သားရဟန်းရို့၊ နကမ္ပတိ- မအပ်ပြီ။ ပညတ်တော်မူခသော ကျမ်းဂန်နှင့်အညီ ကဟာပန- စသော ရွှေငွေများကို ဆည်းပူးထားခသည်မှာ ဘုရားအာဏာတော်ကိုဆန်၍ ကျင့်သည်။ လူရို့၌ မင်းအာဏာကိုဆန်သော် မင်းဒဏ်ထိုက်ရာသည်။ ရဟန်းရို့မှာလည်း ဘုရားအာဏာတော်ကို ဆန်သောသူရို့သည်၊ သာသနပစ္စတ္တိက- သူယုတ်ရတနာသုံးပါးအ၀င်သံဃာမဟုတ်၊ လူဖြစ်လတ်ပြီ။ လူကဲ့သို့ သဂြိုလ်ရမည်။

ထိုသို့အမွီ ရွှေငွေစသောကဟာပဏရို့မှာ ထိုသူဟိစဉ် ရဟန်းသံဃာတော်အမှတ်ဖြင့်လှူမိကြသည်။ အလှူမမြောက်၊ လူချင်းပီးသကဲ့သို့ရာဖြစ်သည်။ မိမိရို့ပီးသောဥစ္စာထင်ရှားဟိလျှင် အသီးသီးယူကြစီ။ ထိုသူအလျှောက် ကူးသန်းရောင်းဝယ်ရှာမှီး၍ရသည့် ကဟာပဏစသော ရွှေငွေဟိရစ်သည်များမှာ ထိုသူနှင့်အတူ နီရင်းစီးပွားရှာဘက်ရဟန်းရို့ အမွီကိုလိုလျှင် လူဝတ်လဲ၍ ထိုသူမိဘသားချင်းရို့နှင့် ညီမျှခွဲဝေယူကြစီ။

ရဟန်းသုံးဆောင်ထိုက်သော ပစ္စည်းလေးပါးမှာ မြတ်စွာဘုရားပညတ်တော်မူသောသိက္ခာတော်ကို
ကြည်ညိုစောင့်ထိန်းသော ရဟန်းသံဃာရို့က ခံယူသုံးဆောင်စီ။ ကျောင်းဒကာမှာ မလပ်စီ။ ”

ယင်းသို့စီရင်သောအခါ အမတ်ကြီးရှိ မင်းရင်ပြင်၌ ပန်းပေါက်ပေါက်ရို့သည် ကြဲလျှက်ကျလတ်သော်
ပြည့်သျှင်မင်းကြီးလည်း အလွန်ကြည်ညိုလျှက် ထွက်စည်ဝင်စည်ကို အမတ်ကြီးသို့ တရားဆုပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၃၄)

ငွေအိုးတွိရာ အ၀ီမညီမှုဖြတ်ထုံး။

တရံရောအခါ လူတဦးသည် ငွေအိုးဟိသောစာညွှန်းကိုရသည်။ မိမိမလား၊ ယောက်ကိုလွှတ်လိုက်သည်။ ထိုသူသည်လည်း လူတဦးအား ငါးသပြာပီးမည် ဆီးမြစ်တူးရန်လိုက်ခပြော၍ခေါ်လားသည်။ စာညွှန်းရာအရပ်သို့ ရောက်သောအခါ လူငှားကိုတူးစီသည်။ ထိုအခါ ငွေသပြာသုံးထောင်ပါဟိသောငွေအိုးကိုရသည်။ ထိုသူသုံးဦးရို့
ငွေသုံးထောင်ကိုခွဲဝေယူရန် မညီမညွတ်ဖြစ်ကြသည်။ ထိုပုစ္ဆာမှုနှင့် မင်းထံရောက်ကြလတ်သော် ပြည့်သျှင်မင်းက မဟာပညာကျော်သို့အပ်၍ စီရင်စီရာ အမတ်ကြီးစီရင်သော ထုံးသော်ကား

“ရီပိုင်မြီပိုင်တွင် ရသမျှဥစ္စာ မင်းဘဏ္ဍာနှင့်မကင်း။ ဆယ်ဘို့တဘို့ မင်းနှင့်ထိုက်သည်။ ရသောသပြာ (၃၀၀၀) မှ (၃၀၀) အသပြာကို မင်းဘဏ္ဍာဆက်သွင်းသင့်သည်။ ထိုမှကျန်သောအသပြာရို့မှာမူကား-
မည်သည့်အရပ်မှာဟိသည် ညွှန်သောသူသည် အမိအဘနှင့်တူသည်။ ငါးသပြာလိုချင်လိုက်သောသူမှာ
ကျွန်နှင့်တူသည်။ ထိုသူတကိုယ်ဘိုး ငါးသပြာရသင့်သည်။ ညွှန်သောသူနှင့်လိုက်သောသူရို့မှာ ဆိုးတူကောင်းဖက်၊ မကွဲသင့်။ အညီအမျှခွဲဝီယူကြစီ။”

ဤသို့စီရင်လတ်သော် ကနက္တဒန်ထီးဖြူ အလိုလိုပွင့်သည်။ ထိုအကြောင်းကို
ပြည့်သျှင်မင်းကြီးသိလတ်ရာ အမတ်ကြီးကို မယားအတွက် မိဖုရားလတ်အဆောင်အရွက် တရားဆု
ပီးပြန်လီသတည်း။


လျှောက်ထုံးအမှတ် (၃၅)

သီဟိုဠ်မင်းက ပဟေဠိသ၀ဏ်စာပို့ရာဖြေကြားသည့်လျှောက်ထုံး။

တရံသောအခါ သီဟိုဌ်ကောလမ္ပမင်းသည် ရခိုင်မင်းသို့ပီးပို့ရန် ရွှေပီကိုလိပ်၍ အနားတွင် “မီး၊ ရီ” ဟူသော အက္ခရာနှစ်လုံးကိုရွီးပြီး၊ ရွှေပီကိုဖြန့်လျှက် သေချာစွာထည့်လတ်သည်။ ၎င်းင်းရွှေပီကို သံဖြစ်သူအားအပ်နှံပြီး ရခိုင်မင်းထံပီးပို့ရန်စေလိုက်သည်။ သီဟိုဌ်တမန်လည်းလာလတ်ပြီး ရောက်လတ်သော် ရခိုင်မင်းထံ ရွှေပီကိုဆက်သသည်။ ရခိုင်မင်းလည်း ထိုရွှေပီကိုကြည့်ရှုရာ စာတလုံးမျှမတွိမမြင်ဖြစ်သည်။ ထိုအခါ ပြည့်သျှင်မင်းက ရွှေပီကို အမတ်ကြီးမဟာပညာကျော်သို့ အပ်တော်မူသည်။ အမတ်ကြီးလည်း သီဟိုဌ်မင်းသည် ပညာစမ်းသော အမှုသာဖြစ်ချေမည်ကြံလျှက် ရွှေပီကိုလိပ်၍ပွတ်သည်။ အတန်ငယ်ပွတ်မိသောအခါ အညီအညာဖြစ်ပြီး စာလုံးအက္ခရာနှစ်လုံးတွိရသည်။ စာနှစ်လုံးမှာ- မီး၊ ရီ ဤမျှသာဖြစ်သည်။ အမတ်ကြီးလည်း
ထိုရွှေပီကို မင်းကြီးထံပြန်ဆက်သည်။ ထိုအကြောင်းကို အမတ်ကြီးက အဓိပ္ပါယ်ဖွင့်ဆို လျှောက်ထားလတ်သည်

“အသျှင်မင်းမြတ်။ ရှိပညာဟိရို့စကားပုံဆိုထုံးရှိပါသည်။ “မီး” လွန်သော်ခြစ်သည်၊ “ရီ” လွန်သော်ပျစ်သည်။ ရာဇပျိုဏ္ဍတွင်လည်း- ပြည်ကြီးဝန်ကို၊ အိုးတန်ဆန်ခတ်၊ မင်းကျင့်ဝတ်နှင့်၊ လျှောက်ပတ်သင့်စွာ၊ စီရင်ရာသည် - ဟု ပါဟိပါသည်။
ဤသို့အလားတူစွာ သီဟိုဠ်မင်းကပီးသော အက္ခရာနှစ်လုံးသည် ပြည့်သျှင်မင်းသို့အမီး။ မီးကဲ့သို့ကျင့်သည်၊ ရီကဲ့သို့ကျင့်သည်။ ပြည့်သျှင်မင်းသည် မီးကဲ့သို့ပြင်းသောအာဏာဖြင့်ကျင့်မူ၊ ပြည်သူပင်ပန်းရာသည်။ ရီကဲ့သို့ကျင့်မူ၊ မှူးမတ်ပြည်သူ မလေးမခန့်ပြုရာသည်။ ရီမကြီး၊ မီးမလွန်ကျင့်ရာသောကြောင်း ပီးသောစာဖြစ်ပါသည်။ ”

ဤသို့အမတ်လျှောက်လတ်ရာ သီဟိုဠ်တမန်ရို့လည်း အလွန်ကြည်ညိုခြင်းဖြစ်၍ ပြည့်သျှင်မင်းသို့ လက်စွပ်တော်ဆယ်ကွင်း၊ အမတ်ကြီးသို့ငါးကွင်း ဆက်သပူဇော်သည်။ သီဟိုဠ် တမန်ရို့ပြန်သောအခါ ထိုရွှေပီတွင် နီ-လ၊ ဟူသောအက္ခရာနှစ်လုံးကို အမတ်ကြီးက ရွီး၍ပီးလိုက်ရာ ဆောင်ယူ၍ပြန်လားကြသည်။








လျှောက်ထုံးအမှတ် (၃၆)

သီဟိုဠ်ကျွန်း သူဌီး၏အဘိုးလက်ထက်ကမြီဟောင်းအမှုဖြတ်ထုံး။

တရံသောအခါ သီဟိုဠ်ကျွန်း၊ တမ္ဗူလသူဌီးမြီးဂုမ္ဘီသတ်လာရောက်၍ ဘိုးတော်တမ္ဗူလသူဌီးသည် မြောက်ဦးမြို့သို့ ဘီးတော်စလင်္ကာသူမင်းလက်ထက် သင်္ဘောနှင့်အရောင်းအ၀ယ်ရောက်ပါသည်။ ထိုအခါ အဘိုးတမ္ဗူလနှင့် ပေါင်းထွတ်သင်္ဘောဆိပ်သူဌီး အုန်းအာသန်ရို့နှင့် ချစ်ကြည်ယုံမှတ်ကြ၍ အသပြာတသိန်းအပ်နှံထားခပါသည်။ သူဌီးအုန်းအာသန်အမွီကိုဆက်ခံစားသူ မြီးဒေါ်တလီကိုပီးသင့်ကြောင်း၊ ပြည့်သျှင်မင်းထံလျှောက်ထားသည်။ ပြည့်သျှင်မင်းက အမှုကို အမတ်ပညာကျော်သို့လွှဲအပ်စီရင်စီသည်။ အမတ်ပညာကျော်စီရင်သောထုံးသော်ကား

“အုန်းအာသန်မြီးသူဌီးဒေါ်တလီကိုမီးကြည့်ရာ အပ်သည်မအပ်သည်ကိုမသိ၊ မင်းဆယ်ဆက်မြောက်
နှစ်တရာကျော်ဟိခပါပြီ။ အစဉ်အဆက်လည်းပြောသံမကြားဘူးပါဆိုသည်။ သီဟိုဠ်ဂုမ္ဘီသတ်က လူကြီးနှစ်ဦး ယုံမှတ်ပီးအပ်ကြသောကာလ သ၀န်သကလဟူသောတောင်ထိပ်ဟိ ညောင်ပင်ရင်းတွင် နှစ်ဦးလက်မှတ်စာကို ကျောက်ဖျာကြီး၌ရွီး၍ ထိုညောင်ပင်ကြီးမြောက်ဘက်နားတွင် ဉမှပ်နှံထားခကြောင်း၊ အဘိုးသူဌီးရွီးမှတ်ထားသော မှတ်စာပါကြောင်း”

တင်ပြသည်။ ထိုညွှန်ရာသို့ လားရောက်ရှာဖွေစီရာ ကျောက်ဖျာမဟိ၊ ညောင်ပင်ကိုကား ခုတ်သည့်အငုတ် ဟိလျှက်တွိရသည်။ ယင်းသောအခါ ပေါင်းထွတ်သင်္ဘောဆိပ်အကြီးကိုခေါ်၍ သ၀န်သကလတောင်ထိပ်၌ ညောင်ပင်ကို မည်သည့်ကာလက မည်သူခုတ်လှဲသည်၊ ထိုတောင်က ကျောက်ခဲကျောက်ဖျာကို မည်သူယူဘူးသည်ကို မီးလတ်၍ သင်္ဘောဆိပ်အကြီးပြန်ပြောသည်မှာ- သူဌီးဒေါ်တလီအဘရှာအလင် တိုက်တည်သောအခါ ကျောက်ဖျာကြီးတခု ယူဘူးပါသည်။ ညောင်ပင်မှာ သင်္ဘောသားရို့ ထင်းခုတ်ယူကြောင်းထွက်ဆိုသည်။ ကျောက်ဖျာကို
သင်္ဘောဆိပ်တွင် ခင်းလျှက်ထားခကြောင်းထွက်ဆိုသည်။ ထိုကျောက်ဖျာကိုလားရောက်ပြီး လှန်ကြည့်ရာ သူဌီးနှစ်ဦးလက်မှတ်စာကို တွိရသည်။ ယင်းသောအခါ

“အပ်ထားခသည်မှန်ပြီ။ မင်းဆယ်ဆက်၊ နှစ်ပေါင်း (၁၀၀) ကျော်ကြာသော်လည်း
မင်းရိုးမင်းဆက်ရာ ဆက်တော်မူသည်၊ ထီးကျိုးစည်ပေါက်မဟုတ်၊ ကျမ်းဂန်လာသည်မှာ ကပိလ၀ှယေ- ကပိလ၀တ်ပြည်၌၊ စတုရာသီတိသဟဿရာဇိနော- သျှစ်သောင်းလေးထောင်သောမင်းရို့သည်၊ ဘေရိသတ္တ ကောနာမ- ထီးကျိုးစည်ပေါက်မည်သည်ကား၊ နတ္တိ- မဟိ၊ ရာဇဂဟ- ရာဇဂြိုဟ်ဟ်ပြည်၌လည်းကောင်း၊ မိဓိလနဂရေ- မိဓိလာပြည်၌လည်းကောင်း၊ ဧ၀မေ၀- ထို့အတူလျှင်တည်း။ ဝေသာလိယံပန- ဝေသာလီပြည်၌မူကား၊ အဇာတသတ်တိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ပါဋလိပုတ်ပြည်၌ ပဉ္စကမင်းကို
ခိုးမှုငနန္ဒာတိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ထီးကျိုးစည်ပေါက်ဟိကြောင်းလာသည်။ ဤရက္ခပူရတိုင်း၌လည်း ရှိမင်းရို့လက်ထက် လုယက်ဖျက်ဆီးသဖြင့် မင်းကြမ်းမျိုးခြားဆယ်ဆက်ဖြစ်ဘူးသည်။ ဘီးတော်မင်းစောမွန် လက်ထက်လည်း ပြည်ထမ်းပိုးကျိုးဘူးသည်။

ယင်းသို့အကြောင်းဝကံသောကာလရို့၌ရာ အမှုရို့ကိုပလပ်စီရာသည်။ မင်းရိုးမင်းမျိုးမပျက် စိုးဆက်ရှည်ကြာ ကမ္ဘာပတ်လုံးကြာလျှင်လည်း၊ ထိုပြည်ထီးကျိုးစည်ပေါက်မဟိ။ သာကီဝင်မင်းမျိုးမှန်သည်။ အပ်နှံလုယက်၊ ခိုးဝှက်သမျှအမှုပ စီမဆိုသင့်။ သို့ရာတွင် ထိန်းသူထင်ရှားဟိ၍ တောင်းကြပီးကြလျှင် သဘောတူ အပီးအယူနှင့် ညီစီသင့်သည်။ ထိန်းရင်းအပ်ရင်းသူချင်းမဟုတ်လီ။ သားတဆက်မြီးတတန်ထိန်းသိမ်းလျှက် နှစ်ပေါင်းတရာကျော်
ထိုဥစ္စာပျောက်ဆုံးလျှင်လည်း ပီးလျှော်ရမည်ပင်ဖြစ်သည်။ တသောင်းသပြာကိုထိန်းသူရစီ။ ကိုးသောင်းသပြာကို သီဟိုဠ်ပြည် သူဌီးဂုမ္ဘီသတ်သို့ပီး၍ အထက်ကအဘိုးနှစ်ဦးထားခသော သက်သီလက်မှတ်ကျောက်စာကို ဖျက်သိမ်းကြ။”

စီရင်လတ်သော် နွီကာလပင်ဖြစ်လျှက် မိုးသည်းထန်စွာရွာလီ၏။ သူဌီးနှစ်ဦးကြည်လင်ကျေနပ်ကြ၍
သပြာတထောင်စီကို အမတ်ကြီးသို့ပူဇော်ကြ၏။ ပြည့်သျှင်မင်းကြီးကလည်း ပတ္တမြားလက်စွပ်တကွင်း
အမတ်ကြီးသို့ တရားဆုပီးတော်မူ၏။





လျှောက်ထုံးအမှတ် (၃၇)

သူဌီးတဦး မြီမျြုပ်အသပြာခိုးခံရမှုကို ဖော်ထုတ်စီရင်သောဖြတ်ထုံး။

တရံသောအခါ သူဌီးတဦးသည် ငွေသပြာတသောင်းကို မြီ၌မြှုပ်နှံဝှက်ထားသည်။ ဤသို့ထားသည်ကို
လူတဦးသိမြင်၍ တူးဖော်ယူသည်။ သူဌီးလည်းထားသည့်ဥစ္စာကို ကြည့်မြဲကြည့်ရှုရာ မမြင်မတွိ။ ထို့ကြောင့် ချောင်းတွင်ငါးရှာနီသူနှစ်ဦးကိုခေါ်၍ ရိုက်နှက်စစ်မီးသည်။ ထိုတံငါနှစ်ဦးလည်း ယူသည်မှန်၏။ မြစ်လယ်သို့ချမိပါသည်ဆို၍ ထိုသူနှစ်ဦးကို မင်းထံသို့ပို့ဆက်သည်။ မင်းကြီးသည် ထိုသူနှစ်ဦး၌ ရိုက်နှက်သော ဒဏ်ရာကိုမြင်လျှင် ဆင်ခြင်တော်မူသည်။ သူဌီးထံ ထိုသူရို့ဆိုသောစကားကို အမှန်မယူသာ။ ကြောက်လန့်၍ ဆိုသည်လည်းဖြစ်နိုင်၏ဟုဆင်ခြင်ကာ အမတ်ကြီးမဟာပညာကျော်သို့အပ်တော်မူသည်။ အမတ်ကြီးစီရင်သော
ထုံးမူကား

ထိုနှစ်ယောက်ထားသောနှောင်အိမ်သို့ လိမ္မာရေးခြားဟိသူတယောက်ကိုပြောဆိုမှာထားလျှက် အပြစ်ဟိဟန်ပြု၍ သွင်းထားသည်။ ဆယ်ရက်ခန့်ဟိသော် ထိုသူကို လွှတ်စီ၍မီးလီရာ ထိုသူနှစ်ဦးရို့ယူသည်မဟုတ်ကြောင်း လျှောက်လတ်သည်။ အမတ်ကြီးသည် မဟုတ်ကြောင်းသိသောအခါ ထိုသူနှစ်ဦးကိုလွှတ်စီပြီး၊ ယုံလောက်သော သူထံ၌အပ်နှံထားသည်။ ငွေသျှင်သူဌီးနီသော အရပ်အနီးဝန်းကျင်ကျေးရွာများသို့ မင်းစေတမန်များလွှတ်လျှက်
ထောက်လှမ်းကြည့်ရှုစီသည်။ တမန်ရို့ကြည့်ရှုလီရာ လူတဦးသည်သဘင်ခံလျှက် အလှူကြီးပီးနီသည်ကို တွိခရကြောင်း အမတ်ကြီးထံလျှောက်ထားသည်။ အမတ်ကြီးသည် ထိုသူကိုခေါ်စီ၍မိတ်ဆွီဖွဲ့သည်။ မိတ်ဆွီဖြစ်လာသောအခါ အသပြာတထောင်တန်သော လက်စွပ်တကွင်းကို သပြာငါးရာနှင့်ရောင်းပီးပါဟုအပ်သည်။ ထိုသူလည်းယူလားပြီး အခြားသူများထံပြသည်။

အသပြာတထောင်တန်ကြောင်းပြောဆိုသည်။ ထိုသူလည်း တထောင်တန်သည်ကို ငါးရာနှင့်ရချေပြီဟူ၍ ခိုး၍ရထားသောသူဌီးငွေသပြာငါးရာကို လက်စွပ်ရောင်းရငွေသပြာပြုလျှက် အမတ်ကြီးသို့ပီးသည်။ အမတ်ကြီးသည် ထိုသူပီးအပ်သောသပြာကို သူဌီးအားခေါ်၍ပြသည်။ သူဌီးက မိမိသပြာငွေများစစ်မှန်ပါကြောင်း လျှောက်ထားထွက်ဆိုသည်။ အမတ်ကြီးသည် မိတ်ဆွီဟန်ပြုခသောသူအား ခေါ်ယူစစ်ဆီးသည်။ ထိုသူလည်း ယူမိသည်မှန်ပေကြောင်း ထွက်ဆိုလျှောက်ထားသည်။ ထိုအခါ အမတ်ကြီးစီရင်ထုံးသော်ကား

“ငါးရှာသူနှစ်ယောက်ကို သူဌီးက နာကြင်စွာရိုက်ပုတ်ပြီး သူခိုးဖြစ်သည်ဟု ပို့အပ်လာသောအပြစ်
အသပြာတထောင်လျှော်ပီးစီ။ ထိုခိုးသူ အလှူပီးမည်ဟိလျှင် အရပ်အနီးအကြီးဦးကိုင်ရို့က ထိုသူ၏လက္ခဏာကို မကြည့်။ ရှိနှင့်မတူ။ ဤသူဥစ္စာဇာကရသည်။ ဇာကုန်ကိုရောင်း၍ နှစ်လမကြာ အမြတ်စွန်းရသည်။ မစူးမစမ်းနီကြလတ်သည်မှာ အလိုပါရာရောက်သည်။ လှူ၍ကုန်သမျှကို လုပ်သူကိုင်သူ စားသောပရိတ်သတ်ရို့က ပီးယော်စီ။ ခိုးသူမှာမင်းဒဏ်ခံစီ။”

ဤသို့စီရင်သောအခါ မြောက်ဦးနတ်နီသော ညောင်ပင်တရွက်မလွတ် ကန်တော့လတ်သည်။ ပြည့်သျှင်မင်းကြီးက တရားဆု ဆင်ပေါက်နှစ်စီး၊ အမတ်ကြီးသို့ ပီးတော်မူသည်။



လျှောက်ထုံးအမှတ် (၃၈)

သံတွဲမြို့ကို မည်သူ့အားစားစီသင့်ကြောင်းလျှောက်ထုံး။

အခါတပါး၌ပြည့်သျှင်မင်း ဖလောင်းကြီးတွင် သမက်တော်သံတွဲစားသီလွန်သည်။ ထိုအခါပြည့်သျှင်မင်းကြီးသည် သံတွဲမြို့ကို အမတ်သံကိုင်နောင်အားပီးမည်ဟိသောအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား

“သံတွဲမြို့သည် အစွန်အဖျား၊ ပြူတလိုင်းရို့နှင့်အနီးအစပ်၊ အမတ်သံကိုင်နောင်မှာ လက်ရုံးရည်သာဟိသည်။ အမြော်အမြင်နှလုံးရည်ဟိသူမဟုတ်။ ရှိသူဟောင်းစကားတွင်လည်း၊
ပြူကိုအမြှောက်၊ တလိုင်းကိုအကောက်၊ ကုလားမှာမီးပေါက် - ဟု ဆိုရိုးဟိပါသည်။ တတိုင်းတပြည်သို့ သံတမန်စေသောအမတ်၊ တိုင်းစွန်ပြည်ဖျားထားသောအမတ်၊ ထိုနှစ်ဦးမှာ
လက်ရုံးရည်ကား တန်ရုံသာလိုပါသည်။ နှလုံးရည်သော်ကား၊ လွန်တိုင်းအကျိုးဟိကြောင်း ကျမ်းဂန်ထွက်သည်မှာ- ရာဇူနံ- မင်းရို့၏ဓနံဥစ္စာမည်သည်ကား၊ အမစ္စောဗလံ- ပညာဟိသောအမတ်လျှင်တည်း။
ယင်းသို့ထုံးဟောင်းနှင့်အညီ သူအကောက်အကွေ့လာခသော် ကောက်လိမ်ဆန်းကြယ်သောဥာဏ်နှင့် နှိမ်နှင်းချိုးဖျက်နိုင်မှ အောင်ရာသည်။ နှလုံးရည်ဟိသောသူ၌ လက်ရုံးရည်မှာ အလွန်ဟိအောင်ပြုပျင်နိုင်ကြောင်း အဿတမင်းအမတ် နန္ဒိသေနကဆိုသောစကား နိပါတ်တော်၌ ထင်ရှားဟိပါသည်။

သံတွဲမြို့စားထားရန် အမတ်တော်လေးမြို့စားသည် လေးထုတောင်ပေါ်သား၊ တရားမဟိ၊ သူ့စည်းစိမ်ကို ဖျက်ဆီးတတ်လျှက် အလွန်ဆိုးသွမ်းယုတ်မာအနိုင်ပြုကျင့်နှိပ်စက်တတ်သော အမျိုးကိုသော်လည်း၊ ယဉ်ကျေးမှုနှလုံးရည်လက်နက်ရို့ဖြင့် ယဉ်ကျေးစီတတ်သော ပညာဗလဟိသူဖြစ်ပါသည်။ ဤသည်ကိုထောက်၍ လေးမြို့စားဝန္ဒသူကို သံတွဲစားပီး၍ ၀န္ဒသူသားကျော်သူကို လေးမြို့စားပီးတော်မူလျှင် သင့်လှပါသည်။
အသျှင်မင်းမြတ်။ လက်ရုံးရည်မှာ သူမိုက်အတတ်၊ နှလုံး၏အစေကျွန်သာဖြစ်သည်။ နှလုံးရည်ဟိသောသူအား အမှုအပေါင်းပြီးကုန်ပါသည်။”

လျှောက်လတ်သော် မင်းကြီးလည်းကြိုက်တော်မူ၍ လေးမြို့စားဝန္ဒသူကို
သံတွဲမြို့စားအရာပီးတော်မူသည်။ ထိုသို့ပီး၍တနှစ်ခန့်ဟိလျှင် ပုသိမ်ဟိုင်းကြီးတွင်ဟိသော တလိုင်း၊ ပြူလူဆိုး (၅၀၀၀) သံတွဲမြို့သို့ဝင်ရောက်ကာ ကျွန်ခံလာရသည်။


စစ်ချီရာတိတ်နိမိတ်များအကြောင်းလျှောက်ထုံး။

မင်းဖလောင်းကြီးလက်ထက် တရံရောအခါ၌ စစ်ချီထွက်နိမိတ်များအကြောင်း၊ အာကာသတိတ်၊ နီလ၊ နက္ခတ်၊ တိမ်ခိုး၊ မီးခိုးရို့ကို ပြည့်သျှင်မင်းကြီးက မီးတော်မူလတ်သော် အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ တပြည်သို့စစ်ထွက်သောအခါ၌ ရှိက မီးလောင်သည်ကိုမြင်လတ်သော် အရိတ္တတိတ်၊ ထိုစစ်ချီတက်၍ စစ်ပြိုင်လတ်မူ စစ်သူကြီးရန်သူလက်သို့ရောက်အံ့။ လက်ယာဘက်ကမ်းလောင်၍မြင်မူ-ဂဇအဿတိတ်၊ ဆင်ကောင်း၊ မြင်းကောင်း တဖက်ရန်သူလက်ရောက်အံ့။ လက်ဝဲဘက်ကမ်းလောင်၍မြင်မူ-ယက္ခ၀န္တတိတ်၊ ထိုစစ်အောင်မြင်ပြီးပြည့်စုံအံ့။ နောက်ကမီးလောင်၍မြင်မူ- သကာလာဘတိတ်
ထိုစစ်ချီရာအလုံးစုံပြီးမြောက်၍ ထိုပြည်နှင့်တကွ သမီးကညာရတနာအပေါင်း ဆက်သ၀ပ်လျှိုးကျိုးနွံလျှက် ၀င်လာအံ့။

စစ်ထွက်သောအခါ ရဲလံနောက်သို့လဲသော် ပြည့်သျှင်မင်းသီအံ့။ ရန်သူသော်လည်းပျက်အံ့။ ရှိသို့လဲသော်-ထိုပြည်မင်းသီအံ့။ ပြည်တပါးသော်လည်းစစ်ပြု၍နီလတ်မှ ချီအံ့။ အလံကျိုးသော် ရန်သူနိုင်အံ့။ ကိုယ်ခံ၍ပြီးလာရအံ့။ စစ်ထွက်သောအခါ၌ စစ်သူကြီးစီးသောမြင်း၊ အသံပြင်းစွာမြည်မူ၊ စစ်သူကြီး ရန်သူ့လက်နက်ထိအံ့။

စစ်သူကြီးစီးသောဆင်မြင်းရို့သည် ပြူ၍ အခြားကိုထိုးသော်၊ ကန်ကျောက်နင်းကျိုးသော် စစ်သူကြီး
ကျက်သရေတိုးတက်အံ့။ ထိုစစ်ပြီးကုန်အောင်မြင်အံ့။ စစ်ထွက်သောအခါ လက်ဝဲလက်ယာချီလားလတ်သော် ရဲမက်တပ်အပိုင်းအနင်းပြတ်၍ချီမူ ထိုစစ်ပျက်ပြီးရအံ့။ စစ်သူကြီးဆောင်းသောထီးမှအသုံးအဆောင်ရို့ကို လီပွီဆောင်ယူလတ်မူ ထိုစစ်မပြိုင်ရ၊ နှစ်ပြည်ထောင် သင့်တင့်ပြောဆိုကြ၍ သာယာမှုငြိမ်းချမ်းပြေလည်ကြအံ့။
စစ်သူကြီးအသုံးအဆောင်ကျိုးပျက်ပျောက်ဆုံးလတ်သော်၊ ထိုစစ်သူကြီးမယားသော်လည်းကောင်း သီအံ့။ ယောက်ျားတပါးနှင့်သော်လည်းကောင်းနီအံ့။ အိမ်သော်လည်းမီလောင်အံ့။ စစ်ထွက်သောအခါ စစ်သူကြီးသော်လည်းကောင်း၊ စီးသောဆင်မြင်းသော်လည်းကောင်း လဲသော်၊ ထိုစစ်သူကြီး
အိမ်သို့မပြန်လာဘဲသီလတ်အံ့။ စစ်ထွက်သောအခါ၌မိုးရွာသော် ထိုစစ်ငတ်မွတ်ယှားပါး၊ သူရဲဗိုလ်ခြီ၊
ဆင်မြင်းသီပျောက်နာဖျားများအံ့။ စစ်ထွက်ရာ လူသီလက်ဝဲကမြင်မူ စစ်မဟိ၊ တဖက်ရန်သူပြန်လီအံ့။
လက်ယာမြင်သော် ကိုယ့်ရဲမက်သူရဲကောင်း၊ သူ့လက်သို့ရောက်အံ့။ စစ်သူကြီးညှိုးငယ်ရအံ့။ နိမ့်သောမြီကြမ်း၊ ရီထွက်သောမြီ။ စသောအမှုကို မသိသောသူရို့အား စစ်သူကြီးမခန့်ရာ။ ဤကား စစ်ကြီးစစ်ထွက် တိတ်နိမိတ်ပရိယာယ်။

တိမ်ပရိယာယ်။ စစ်ထွက်သောအခါ တိမ်သည်နီလျှက် လူရုပ်သဏ္ဍာန်လက်စွဲကိုင်ပြလတ်မူ ထိုနိ
မရပ်မဆိုင်းရာသည်။ တိမ်သည် တမိုးလုံးမည်းပုတ်၍မြင်လတ်သော် ထိုစစ်ကြီးစွာတိုက်ရအံ့။ တိမ်သည် မိမ္မရုပ်ကဲ့သို့ အ၀တ်ဉခံသည့်သဏ္ဍာန်မြင်လတ်မူကား ရန်ကိုနိုင်အံ့။ တိမ်သည် လူရုပ်ကဲ့သို့ ဥက္ခောင်းမပါ မြင်လတ်မူကား- စစ်သူကြီးလက်နက်ထိအံ့။ တိမ်သည် ခြင်္သေ့ကဲ့သို့အရုပ်သဏ္ဍာန်မြင်သော် စစ်အောင်အံ့။ တိမ်သည် နွားရုပ်ကဲ့သို့မြင်လတ်မူကား- စစ်မပြိုင်ခင်ပျက်အံ့။ တိမ်သည် နဂါးရုပ်သဏ္ဍာန်မြင်လတ်မူကား-စစ်ပြိုင်လီ အာင်အံ့။ တိမ်သည် မြွီကဲ့သို့မြင်မူကား- ထိုစစ်ရှည်ကြာအံ့၊ အစားယှားပါးအံ့။ တိမ်သည် သတိုးစစ်သည်တန်ဆာကဲ့သို့ဆင်လျှက် သဏ္ဍာန်လူရုပ်မြင်လတ်မူကား- ထွက်၍မလိုက်ရာ။
သူအလာခံ၍တိုက်လျှင် အောင်အံ့။ တိမ်သည် ကျေးရုပ်သဏ္ဍာန်မြင်လတ်မူကား- ရဲမက်ဝပြောသာယာအံ့။ တိမ်သည် ဥဒေါင်းရုပ်သဏ္ဍာန် မြင်လတ်မူကား- စစ်သူကြီးကျက်သရေဟိအံ့။ ဆင်မြင်းလန့်သော် စစ်မပြိုင်ရာ။ တိမ်သည် စိမ်းစိမ်းနှင့်ဝါ၀ါ ရောလျှက်မြင်လတ်သော် ကုန်သည်ရို့ပြန့်ပြောသာယာအံ့။ တိမ်သည် အစိမ်းအပြာတန်းလျှက်မြင်လတ်သော်
ဆန်စပါးပွားအံ့။ အနာအဖျားနည်းအံ့။ တိမ်သည် အစိမ်းနှင့်အဖြူ ထောင်လျှက်လှိုင်းသဏ္ဍာန်မြင်လတ်သော် တိုင်းတပါးက တမန်ရောက်အံ့။ တိမ်သည် ပုဏ္ဏားသဏ္ဍာန်မြင်လတ်သော် မင်းဆွီမင်းမျိုးကိုပြစ်မှားအံ့။ တိမ်သည် မိချောင်းရုပ်သဏ္ဍာန်မြင်လတ်သော် မင်းဆွီမင်းမျိုးညှိုးငယ်မသာမယာဟိအံ့။ တိမ်သည် လဖိုင်ကဲ့သို့
အရုပ်မြင်လတ်သော် မင်းမိဖုရားသမီးရို့ အခြားသူနှင့်နှောအံ့။ တိမ်သည် နက်နက်မဲမဲတန်းလျှက်
ထိုအတွင်း၌ဆီးရေးသကဲ့သို့ အစင်းတပိုင်း အကွေ့အကောက်တပိုင်းမြင်လတ်သော် မိုးကောင်းအံ့၊ မြွီများအံ့။ တိမ်သည် နည်း၍အပြောက်အပြောက်မြင်လတ်သော် ကြမ်းပိုး၊ အိမ်မျှောင်၊ ပိုးဟပ်၊ ကြွက်၊ တက်တီတူးများအံ့။ တိမ်သည် အစိမ်းအတန့်အတန့်မြင်လတ်သော် မိုးဦးမကောင်း၊ မိုးလယ်မိုးနှောင်းကောင်းအံ့။ တိမ်သည် အဖြူဆီးရေးသကဲ့သို့မြင်လတ်သော် ဆင်ဖြူရအံ့။ တိမ်သည် ထီးကဲ့သို့ အမိုးအထွတ်အစုံနှင့် အဖြူတစိ မြင်လတ်သော် တပြည်မင်းလက်ကလက်ဆောင်အံ့။ တိမ်သည် မြူကဲ့သို့ အတက်ကျိုးလျှက်မြင်လတ်သော် နန်းက ပြည့်သျှင်မင်းဆင်း၍ပြီးရအံ့။ တိမ်သည် တံခွန်ကဲ့သို့ အပြာမြင်လတ်သော် မင်းကိုအမတ်ပုန်စား၍ အမတ်သီအံ့။ တိမ်သည် တံခွန်ကြက်လျှာကဲ့သို့မြင်လတ်သော် ခိုးသူထူ၍ မင်းကိုပြစ်မှားအံ့။ တိမ်သည် အဖြူ၌အပြာကွက်
လှိုင်းသဏ္ဍာန်မြင်လတ်သော် မိဖုရားကြီး ဘုန်းကျက်သရေတိုးအံ့။ တိုင်းတပါးကမိတ်ဆွီ ၀င်ရောက်ဆက်သလာအံ့။ တိမ်သည် တမိုးလုံး သျှဥ့်မျက်နှာသွီးကဲ့သို့နီနီတွတ်တွတ် အကန့်အကန့်မြင်လတ်သော် ထိုပြည်တိုင်းလုံးသတ္တ၀ါ ဥပါဒ်ကြီးစွာရောက်အံ့။ စစ်ကြီးပေါ်အံ့။ အိမ်ရှိမင်းသီအံ့။ တိမ်သည် နီ၍လည်းကောင်း၊ တောင်ကဲ့သို့ အလုံးအဆိုင်းဖြစ်လတ်သော် တပြည်ကသူလျှိုရောက်လာအံ့။ တိမ်သည် လှီသဏ္ဍာန်မှောက်လျှက်မြင်လတ်သော်
လားသောလူရို့ပျက်စီးအံ့။ တိမ်သည် အပြာတွင်အဖြူပြောက်မြင်လတ်သော် ပြည့်သျှင်မင်းကျက်သရေတိုးအံ့၊ မူးမတ်ညှိုးငယ်အံ့။ တိမ်သည် ဆင်ရုပ်၊ ကျားရုပ်၊ ကျွဲရုပ်၊ သမ၀ိရုပ်၊ ယုန်ရုပ်၊ လင်းတရုပ်၊ နဂါးရုပ်၊ မိချောင်းရုပ်၊ လပိုင်ရုပ်များသဏ္ဍာန်ကဲ့သို့မြင်လတ်မူ ဇင်္ဂါးလတိတ်၊ သတ္တ၀ါအပေါင်းရို့ ပြည်အမှုများအံ့။ တိုင်းပြည်သောကဟိအံ့။ တိမ်သည် ဆင်ချွန်းကဲ့သို့နှစ်ခုဆိုင်းလျှက်မြင်လတ်သော် ဆင်သီမြင်းပျောက်များအံ့။ တိမ်သည်
လှီသဏ္ဍာန်ကဲ့သို့တည့်မတ်စွာမြင်လတ်သော် ပြည်သူသာယာဝပြောအံ့။ တိမ်သည် အနက်အပြာ အတန့်အတန့် ထောင်လျှက်မြင်လတ်သော် မီးလောင်အံ့။ တိမ်သည် အဖြူတွင် အလယ်နိမ့်၍ အနားနှစ်ဘက်ထောင်လျှက်၊ အဖျားအစိမ်းရောင်မြင်လတ်သော် မင်း (--)။ တိမ်သည် သက်တန့်ပမာကိုင်းညွတ်လျှက် နှစ်ခုအလယ်၌ အဖြူအနားနှစ်ဖက် အဖျားခြင်းဆက်၍မြင်လတ်သော် မင်းယာယီလားသော် ဥပါဒ်ရောက်အံ့။ တိမ်သည် ခရမ်းသီးသဏ္ဍာန် နှစ်လုံးပြိုင်လျှက် အနီတစိမြင်လတ်သော၊ မူးမတ်ပြည်သူရို့ အချင်းချင်းအမျက်လို၍ ရန်ရှက်တင်အံ့။ တိမ်သည် ပန်းပွင့်ကဲ့သို့မြင်လတ်သော် မရဘူးသောလာဘ်လာဘရအံ့။ တိမ်သည် ဥဒေါင်းရုပ်ကဲ့သို့မြင်လတ်သော် မင်းမှာသားရအံ့။ မင်း၌ရောဂါရအံ့။ တိမ်သည် တိမ်ဖြူလ၀န်းကဲ့သို့ သဏ္ဍာန်အတွင်း၌ရပ်လျှက်မြင်လတ်သော် ပြည့်သျှင်မင်းအသက်ရှည်အံ့။ တိမ်သည် ကျွဲကောင်ကဲ့သို့
မြင်လတ်သော် မရဘူးသောလာဘ်လာဘရအံ့။ တိမ်သည် မြီကအနက်သပိတ်လုံးပမာ သုံးလုံးထွက်က
ထိုသုံးလုံးအတွင်း၌ ကျိတ်ခိုးအပြာထွက်သည်ကို မြင်လတ်သော် မြီ၌ဟိသမျှ အပင်အသီးပျက်အံ့။
တိမ်သည် တောင်ကဲ့သို့နီ၍ ထိုတိမ်ထက်လျှပ်တ၀င်းဝင်းမြင်သော် မစ္ဆိမာကျိတ်မည်၏။ မင်းနှင့်ပြည်သူ
သတ္တရုဖြစ်အံ့။ တိမ်သည် အပြာနှင့်အ၀ါရောလျှက် အကျားအကျားနီသည်ကိုမြင်လတ်သော် ထိုနိ၌
လျှပ်တ၀င်းဝင်းစွပ်သော် အာကာသကျိတ်မည်၏။ ပြည့်သျှင်မင်းယာယီလားရအံ့။ ပြည်သူပြည်သား
ဥပါဒ်ကြီးစွာရောက်အံ့။ ဤကား တိမ်ပရိယာယ်တည်း။

နီပရိယာယ်။ နီတွင် အနီသန်း၍မြင်လတ်သော် ပြည်သူဥပါဒ်ဖြစ်အံ့။ နီတွင် အ၀ါတန်း၍မြင်လတ်သော်
သူဌီးသူကြွယ်သီပျောက်ပျက်စီးအံ့။ နီတွင်အဖြူလွှမ်း၍ နီရယ်ပြုသည်ကိုမြင်လတ်သော် သူရဲကောင်းသီအံ့။ နီတွင်အထက်ကား အနီ၊ အောက်ကားအ၀ါ၊ အလယ်မှာ အမဲသန်းလျှက်နီသည်ကိုမြင်လတ်သော် စစ်ချီလွန်၍ ထိုစစ်ပျက်အံ့။ နီတွင် လူခြီကဲ့သို့မြင်မူကား စစ်မအောင်ရာ။ နီတွင် ၀က်ရုပ်သဏ္ဍာန်မြင်လတ်သော် ခိုးသူများအံ့။ နီတွင် အထက်အောက်အနီ၊ အလယ်အမည်းသန်းသည်ကိုမြင်လတ်သော် မင်းသားမင်းသမီးသီအံ့။ နီမှာ အလယ်အမည်း၊ အနားနှစ်ဖက် အဖြူသန်းသည်ကိုမြင်သော် ပြည့်သျှင်မင်းခရီးမလားရာ။ လားလျှင် ဥပါဒ်ရောက်အံ့။ နီသည် မင်ကဲ့သို့ခဲ၍ ပတ်လည်အနီအ၀ါမီးရောင်ကဲ့သို့ဖြစ်သော် မင်းကိုအမတ်ပုန်စားအံ့။ နီတွင်
ကြက်ခြီခတ်မြင်သော် မင်းအနာရောက်အံ့။ နီ၌ တံခွန်ကြက်လွှာကဲ့သို့မြင်သော် မိဖုရား၊ မင်းသား၊
မင်းသမီးရို့သီအံ့။ နီတွင် ရဲလံကဲ့သို့မြင်သော်စစ်ရောက်အံ့။ နီသည်ဖြူ၍ နီအထက် အ၀ါရောင်ထွက်သော် အစာယှားပါးငတ်မွတ်အံ့။ နီသည် အထက်အနီ၊ အောက်အမဲမြင်လတ်သော် မိုးခေါင်အံ့။ နီသည် အလယ်တွင်ဖြူ၍ အနားပတ်လည်နီလျှက်မီးလျှံရောင်ကဲ့သို့မြင်သော် မိုးသည်းအံ့။ နီတွင် အလယ်တွင်အနီ၊ အနီးအနားလေးချက် အဖျားထွက်၍မြင်သော် မိုးသီးများစွာကျအံ့။ နီသည် အလယ်တွင်အပြာ၊ အနားလေးချက် အနီအကွက်၍မြင်သော် မိဖုရားကြီး ယောက်ျားတပါးနှင့်ရောနှောအံ့။ ဂိမန္တဥတု၌ နီဝါ၍ထွက်သော် ပထ၀ီဓါတ် ထိုရာသီ၌မင်းမူသည်။
ပူပြင်း၏။ ကမ္ဘာနာကျောက်၊ ၀က်သက်ထူအံ့။ ဦးခေါင်းနှင့်ဝမ်း သတ္တ၀ါရို့၌အနာရောက်အံ့။ ၀သန္တဥတု၌
နီဖြူ၍ထွက်သော် ထိုရာသီ၌အာပေါဓါတ်အဓိက မင်းမူသည်။ လူနာဖျားနည်းအံ့။ မိုးကောင်းအံ့။ ဟေမန္တဥတု၌ နီတွင်ထွက်သော တေဇောဓါတ် ထိုရာသီ၌မင်းမူသည်။ အချမ်းနည်းအံ့။ သတ္တ၀ါရို့ ခြီနှင့်ဦးဂေါင်းအနာရောက်အံ့။ အပွင့်အသီးနည်းအံ့။ အတောင်ဟိသော သတ္တ၀ါဥပါဒ်များအံ့။ ထိုရာသီသုံးပါး၌ နီသည် အပြာနှင့်အနက် ရောင်ရောလျှက်ထွက်သော် ထိုရာသီသုံးခု၌ ပင်ဝါယောဓါတ် အဓိကမင်းမူသည်။ ပြည့်သျှင်မင်းယာယီ မလားရာ။ ပိုးမွှားထူအံ့။ ဆင်မြင်းကျွဲနွားဥပါဒ်ရောက်အံ့။ မိုးရီခါးအံ့။ သစ်ပင်တကာအနာများအံ့။ ထိုဥတုသုံးပါးတွင် နီဝန်းတခြမ်းဖြူ၊ တခြမ်းစိမ်းမြင်လတ်သော် ထိုနိ မိုးသည်းထန်စွာရွာအံ့။ နီနီရုံ အ၀န်းနီလတ်မူလည်း ထိုနိမိုးသည်တခဏရွာအံ့။ နီသည် လရောင်ကဲ့သို့ဖြူ၍၀န်းလျှက် အစိမ်းအနီအရောင်များစွာမြင်လတ်သော် မင်းကို ပြည်သူရို့ပူဇော်အံ့။ နီထွက်ရာ ကြယ်တလုံးအပါး၌နီလျှက်ပါလာသော် ပြည့်သျှင်မင်းသီအံ့။ နီသည်အစိမ်းအပြာအိမ်ဖွဲ့လတ်သော် အမတ်ကြီးသီအံ့။ နီသည် တွတ်တွတ်နီ၍၀င်လတ်သော် အနာရောက်အံ့။ နီသည် ဖြူ၍ အနက်ကျက်သရေမြင်လတ်သော် မင်းယာယီနီမကောင်းအံ့။ နီသည်
အခိုးသုံးသွယ်ဖြာထွက်သည်ကိုမြင်လတ်သော် တပြည်ကစစ်ရောက်အံ့။ နီဝန်းတွင် အပြာရောင်နှစ်ထပ်
မြင်လတ်သော် ထိုမြို့ထိုရွာပျက်အံ့။ မင်းတပါးသို့ပြီးရလီအံ့။ နီဝန်းတွင် လကဲ့သို့မြင်လတ်သော်
အချင်းချင်းစစ်ဖြစ်အံ့။ နီတွင် ခင်ပုတ်ငှက်သဏ္ဍာန်မြင်လတ်သော် ခိုးသားဓါးပြထ၍ သွီးချောင်းစီးအံ့။ နီသည် တိမ်ပြာတခြမ်းအုပ်လျှက်ထွက်လတ်သော် မိဖုရားကိုပြစ်မှားလီအံ့။ နီနှစ်စင်းထွက်သည်ကိုမြင်လတ်သော် မုန်တိုင်းကြီးစွာလာအံ့။ မိဖုရားသီအံ့။ နီသည် အမဲရောင်မြင်လတ်သော် မီးလောင်အံ့။ နီသည် အလယ်ဖြူ၍ အနားနီသည်ကိုမြင်လတ်သော် သန္ဓေမိမ္မရို့ပျက်အံ့။ နီထွက်သောအခါ ခြင်္သေ့ရုပ်၊ ကျွဲရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ၀က်ရုပ်၊ ဆိတ်ရုပ်များသဏ္ဍာန်မြင်လတ်သော် ထိုပြည်မြို့ရွာမသာ ဖီးကြီးစွာဖြစ်အံ့။ ဤကား နီပရိယာယ်တည်း။

လပရိယာယ်။ ကြာသပတီးကြယ် လသို့မြင်လတ်သော် တိုင်းပြည်ချောက်ချား၍ စပါးပြောင်းပဲပျက်အံ့။ လ၌ အစိမ်းတ၀က်ဟိ၍မြင်လတ်သော် မင်း၌အနာရောက်အံ့။ လဆန်း၌ တောင်သို့စောင်းမူ မိုးခေါင်အံ့။
အနာအဖျားထူအံ့။ မြောက်သို့စောင်းသော် မီးလောင်အံ့။ မိုးနှောင်းကောင်းအံ့။ လပြည့်နိ၌ တခြမ်းမြင်လတ်သော် သူပုန်သူကန်များအံ့။ လမှောက်၍မြင်လတ်သော် မင်းသီအံ့။ လဆန်းကို လပြည့်ကဲ့သို့ အရစ်ကုန်ဝင်လျှက် မြင်လတ်သော် ပြည်သတ္တ၀ါဥပါဒ်ရောက်အံ့။ လပြည့်၌ လငယ်၍မြင်လတ်သော် ငတ်မွတ်ကြအံ့။ လကြီး၍ မြင်လတ်သော် ပြည်သူဝပြောသာယာအံ့။ လအလယ်မည်း၍မြင်လတ်သော် ငတ်မွတ်ယှားပါး မြို့ရွာပျက်အံ့။ လသည် မူယောစည်ကဲ့သို့ အလယ်ကြီးသည်ကိုမြင်လတ်သော် ထိုပြည်သာယာအံ့။ လတွင် အလယ်၌ အပေါက်နှင့်မြင်လတ်သော် မင်းကိုသူတပါးလက်ဆောင်ဆက်ရောက်အံ့။ လထူသည်ကိုမြင်လတ်သော် မိဖုရား၌ သားကောင်းရအံ့။ လဆန်းကြီး၍ပေါ်လာသော် ပုဏ္ဏားရို့ဥပါဒ်ဖြစ်အံ့။ လဆန်းငယ်၍ပေါ်ပေါက်လာသော်
မှူးမတ်ဥပါဒ်ရောက်အံ့။ လဆန်းအမြင်၌ လရှည်၍ပေါ်လာသော် သူဌီးသူကြွယ်၊ ကုန်သည်ရို့ ဥပါဒ်ရောက်အံ့။ လသည် မှန်ကဲ့သို့မြင်လတ်သော် ရဟန်းရို့ဥပါဒ်ဖြစ်အံ့။ လအနားကိုလည်း ငါးကြင်းကဲ့သို့ အခိုးထွက်သည်ကို မြင်လတ်သော် ပြည်ထဲချမ်းသာအံ့။ လဆန်းလကွယ် လနှစ်ခုထပ်လျှက်မြင်လတ်သော် ပြည့်သျှင်မင်းကြီး အနာကြီးစွာရောက်၍သီအံ့။ လထွက်သောအခါ တိမ်နီလရှိနီသည်ကိုမြင်လတ်သော် ကုန်းရီလားသမျှခရီးသည်ရို့ ချမ်းသာအံ့။ လအခိုးထွက်သည်ကိုမြင်လတ်သော် မင်းနှင့်ပြည် သူရို့စစ်ဖြစ်အံ့။ သောက်ကြာကြယ် လနှင့်တွိသော်
မင်းရို့မိဖုရား တခြားသူနှင့်ရောနှောအံ့။ လမွန်းတည့်တွင်မြင်လတ်သော် ပြည်သတ္တ၀ါချမ်းသာ၍ အလှူဒါနများအံ့။ လမွန်းလွဲမှ တွိလတ်သော် ပြည့်သျှင်မင်းမှာ သမီးကညာရောက်အံ့။ လ၀င်ခါနီးတွိလတ်သော် တိုင်းပြည်သတ္တ၀ါ ပူဆာညှိုးနွမ်းအံ့။ လ နှစ်စင်းကြယ်တွိလတ်သော် မင်းဥပါဒ်ရောက်အံ့။ လနှင့်အင်္ဂါကြယ်တွိလတ်သော် မင်းကို တိုင်းပြည်စွန်ဖျားသူပြစ်မှားအံ့။ ဗုဒ္ဓူးကြယ် လနှင့်တွိလတ်သော် ငတ်မွတ်ယှားပါးမိုးခေါင်အံ့။ လ၌ကျိပ်ခိုးထွက်သော် ပြည်ပျက်အံ့။ လကို ရောတိဏိကြက်တိုက်နှင့်တွိလတ်သော် တရားဟိသောမင်းကောင်းပေါ်အံ့။ ဆိုင်းတန်းနှင့်
ကြက်တိုက်လကိုတွန်း၍လားမူ ပြည်ပျက်အံ့။ တြတ္တိတာကြယ်နှင့်လတွိသော် ငလျှင်လဆက်လှုပ်အံ့။ ရေ၀တီနက္ခတ် လနှင့်တွိလတ်သော် မင်းမိဖုရားသီအံ့။ သင်္ဘောကြယ် လနှင့်တွိသော် စကြာဝတေးမင်းသော်လည်း ခန္ဓာကင်းအံ့။ ဖျောက်ဆိတ်ကြယ်နှင့် ကြက်တိုက်အကြား လလားသော် ငလျှင်ကြီးစွာလှုပ်အံ့။ သင်္ဘောနှင့် ပုန္နဖုသျှအကြား လလားသော် ဆင်မြင်းကျွဲနွားသီပျောက်များအံ့။
ရေ၀တီ၊ ဟသတ၊ သတဘိသျှ၊ အသလီဿ၊ ပြုဗ္ဗာသဠ် ထိုနက္ခတ်ရို့ လနှင့်လက်ယာလှည့်လားကြ၍
တွိကြလတ်သော် စစ်ကြီးရောက်အံ့။ လမင်းလက်ယာ ၀ိသာခါ၊ အနုရာဓလား၍တွိကြလတ်သော် ပြည်ရွာပျက်အံ့။ လမင်း လက်ယာသွာတိ မာသနက္ခတ်လား၍တွိကြလတ်သော် မင်းကြီးဥက္ခောင်းဆီးရအံ့။ မာဃ၊ မူလနက္ခတ်နှင့် တွိကြသော် ရီနီသတ္တ၀ါဥပါဒ်ရောက်အံ့။ ၀ိသာခါနှင့်နဂါးတွိကြသော် ငတ်မွတ်ယှားပါးလီအံ့။ စနီကြယ်၊ အင်္ဂါကြယ်တွိကြမူကား မြင်သောပြည်အပြစ်၊ ထိုမင်း ငါးလနှင့်ပျက်စီးအံ့။ စနီအင်္ဂါပြန်၍ ဟသတ မူလရေ၀တီရို့
နက္ခတ် (၇) ခုနှင့်ယှဉ်သော် မိုးခေါင်အံ့။ စစ်ရောက်အံ့။ ဤကားလပရိယာယ်။

နက္ခတ်ပရိယာယ်။ စိတြနက္ခတ်အရောင်ညှိုးသော် စမ္ပာနဂိုရ်ပြည် မငြိမ်မ၀ပ်ဟိအံ့။ သွာတိနက္ခတ်အရောင်ညှိုးသော် ဓည၀တီပြည်မငြိမ်မ၀ပ်ဟိအံ့။ အနူရာဓနက္ခတ်အရောင်ညှိုးသော် သင်းတွဲပြည်မငြိမ်မ၀ပ်ဟိအံ့။ ဇေဌနက္ခတ် အရောင်ညှိုးသော် ကမ္ဘောဇပြည်မငြိမ်မ၀ပ်ဟိအံ့။ မူလနက္ခတ်အရောင်ညှိုးသော် တက္ကသိုလ်ပြည် မငြိမ်မ၀ပ်ဟိအံ့။ ပြုဗ္ဗာသဋ်နက္ခတ်အရောင်ညှိုးသော် ပဉ္စလရာဇ်ပြည်မငြိမ်မ၀ပ်ဟိအံ့။ ဥတ္တရာသဋ်နက္ခတ်အရောင်ညှိုးသော် ဓမ္ပာပြည်မငြိမ်မ၀ပ်ဟိအံ့။ ၀ိသာခါနက္ခတ်အရောင်ညှိုးသော် ဝေသာလီပြည်မငြိမ်မ၀ပ်ဟိအံ့။ သတဘိသျှနက္ခတ်
အရောင်ညှိုးသော် ကောသမ္ဘီပြည်မငြိမ်မ၀ပ်ဟိအံ့။ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်အရောင်ညှိုးသော် ရာဇဂြိုဟ်ပြည်
မငြိမ်မ၀ပ်ဟိအံ့။ သရ၀ဏ်နက္ခတ်အရောင်ညှိုးသော် မောရပြည်မငြိမ်မ၀ပ်ဟိအံ့။ မနသိဌနက္ခတ်အရောင်ညှိုးသော် သီဟိုဠ်ပြည်၊ သျှမ်းပြည်မငြိမ်မ၀ပ်ဟိအံ့။ ရေ၀တီနက္ခတ်အရောင်ညှိုးသော် ဣန္ဒပတ္တနဂိုရ်ပြည် ကုသီနာရုံပြည် မငြိမ်မ၀ပ်ဟိအံ့။ အသ၀နီနက္ခတ်အရောင်ညှိုးသော် ပုဂံပြည်မငြိမ်မ၀ပ်ဟိအံ့။ ဘရဏီနက္ခတ်အရောင်ညှိုးသော်
ကပိလ၀တ်ပြည်မငြိမ်မ၀ပ်ဟိအံ့။ တြတ္တိကာနက္ခတ်အရောင်ညှိုးသော် ရုံပြည်မငြိမ်မ၀ပ်ဟိအံ့။ မိဂသိနက္ခတ် အရောင်ညှိုးသော် ယွန်းပြည်မငြိမ်မ၀ပ်ဟိအံ့။ ပုန္နဖုသျှနက္ခတ်အရောင်ညှိုးသော် ကလိဂရာဇ်ပြည် မငြိမ်မ၀ပ်ဟိအံ့။ အသလီဿနက္ခတ်အရောင်ညှိုးသော် ဇင်းမယ်သထုံမငြိမ်မ၀ပ်ဟိအံ့။ မာဃနက္ခတ်အရောင်ညှိုးသော် အမြ၀တီပြည်
မငြိမ်မ၀ပ်ဟိအံ့။ ပြုဗ္ဗဖလဂုနိနက္ခတ်အရောင်ညှိုးသော် ဗာရာဏသီမငြိမ်မ၀ပ်ဟိအံ့။ ဥတ္တရဖလ၀ုနိနက္ခတ် အရောင်ညှိုးသော် မိထီလာပြည်မငြိမ်မ၀ပ်ဟိအံ့။ သ၀နီနက္ခတ်အရောင်ညှိုးသော် ပြုဗ္ဗာဝတီပြည် မငြိမ်မ၀ပ်ဟိအံ့။ ဖုသျှနက္ခတ်အရောင်ညှိုးသော် ပဲခူးပြည်မငြိမ်မ၀ပ်ဟိအံ့။ ဤကားနက္ခတ်ပရိယာယ်။

ကြယ်ပရိယာယ်။ ၀ိသာခါနက္ခတ် အင်္ဂါကြယ်ထိလတ်သော် လူနာလူဖျားများအံ့။ အင်္ဂါကြယ်
အရောင်ထိုး၍ထွန်းသော် မင်း၏သားကြီးသမီးကြီးရို့သီကြီပျက်စီးအံ့။ ရောဟဏီနှင့်ဖျောက်ဆိပ်ထိကြသော် လီပြင်းစွာလာအံ့။ သွာတိနှင့်မိတြထိကြသော် ရာဟုဂြိုဟ်စီးမူ နံရောက်တိုင်းပြည်မီးသို့ပူရအံ့။ ငတ်မွတ်ယှားပါးအံ့။ ယောက်ျားတယောက်ကို မိမ္မတကျိတ်ရှာလတ္တံ့။ ကြယ်တံခွန် အရှိမျက်နှာကထွက်သော် ထိုအရပ်ပျက်အံ့။ တောင်ဘက်ကထွက်သော် တောင်ဘက်မျက်နှာဟိ တိုင်းပြည်မြို့ရွာစည်ကားအံ့။ အနောက်က ကြယ်တံခွန်ထွက်သော် အနောက်မျက်နှာတိုင်းပြည်မြို့ရွာ မသာဟိအံ့။ နောက်မျက်နှာကသူပုန်ပေါ်အံ့။
မြောက်ဘက်မျက်နှာကကြယ်တံခွန်မြင်မူ ပြည့်သျှင်မင်းဥပါဒ်ကင်းအံ့။ တိုင်းပြည်ဝပြောစည်ပင်အံ့။
ရက်စဉ်ကြယ်ကိုနိမှတ်၍ ကြယ်ထွန်းသည့်ကြယ်နံရောက်ရာ တိုင်းပြည်မြို့ရွာစည်ပင်အံ့။ ဤကား
ကြယ်ပရိယာယ်တည်း။

မြီပရိယာယ်။ ထိုမှတပါးလည်းမြီအင်္ဂါမူ- ဖြူသောမြီပုဏ္ဏား နွားနို့အစာလိုအံ့။ အနံ့သော်ကားကြာတံဆိပ်
အနံ့ဟိအံ့။ ထိုမြီတွင်နီသော်ဘုန်းကြီးအံ့။ ကျေးကျွန်များအံ့။ နီသောမြီကားမြီမင်းတည်း၊ ပိတောက်ပန်းသင်းသော အနံ့ဟိ၏။ ထမင်းအရသာစားလိုအံ့။ ထိုမြီထက်နီသော်မင်းဖြစ်အံ့။ အဆင်းမဲသောမြီကား မြီကျွန်တည်း၊ သီရည်သီရက်ကိုအစာလို၏။ အနံ့ညှီနံ့ရ၏။ ထိုမြီထက်မနီရာ။ ဥယျာဉ်လယ်ယာသာလုပ်ရအံ့။ အဆင်းဝါရောင်ဟိသောမြီကား အနံ့သော် ပူပုပ်နံ့ဟိအံ့။ အစာသော်ကား ဆင်သားလိုအံ့။ ရဟန်းနီအပ်၏။ အရောင်များယောင်ဟိသောမြီကား ကေသပံသုသေလောဒကမြီမည်၏။ အစာသော်ကား သားတလိုအံ့။ မြို့တည်၍ မနီရသောမြီ။ အနံ့သော်ကား ပဒုမာကြာအနံ့ဟိ၏။ ထိုမြီ၌ လပြည့်ဝန်းပမာ မျက်နှာကဲ့သို့ဟိ၏။ ညီညွတ်သော
မြီဒူးလေးကိုင်းကဲ့သို့ဟိသောမြီ၊ နွားခေါင်းပမာဟိသောမြီ၊ လတခြမ်းကဲ့သို့ဟိသောမြီ၊ ထိုမြီသုံးရပ်သည်
စီးပွားချမ်းသာ၊ ဥစ္စာတိုးတက်ကျက်သရေဟိအံ့။ လိပ်ကုန်းကဲ့သို့ဟိသောမြီ၊ အိုးကင်းမှောက်ထားသော
ပမာဏဟိသောမြီ။ မြင်းခေါင်းပမာဏဟိသောမြီ၊ လျှလျှလုံးလုံးဟိသောမြီ။ ကြက်ပမာဟိသောမြီ။
ဘီလူးရုပ်ပမာဟိသောမြီ၊ နဂါးကျစ်ကဲ့သို့ဟိသောမြီ။ ထိုမြီ (၇) ရပ်၌မနီအပ်။ စီးပွားချမ်းသာမဟိ။
အနာအဖျားထူအံ့။ ဖြူသောမြီ၊ နီသောမြီ၊ ပြာသောမြီ၊ ထိုမြီသုံးရပ်၌လည်း လက်ယာနိမ့်၍ လက်ဝဲမြင့်သောမြီ၊ မှူးမတ်နီသော် မင်းဖြစ်အံ့။ သူဆင်းရဲနီသော် စီးပွားတိုးတက်အံ့။ အရှိမြင့်၍ အနောက်နိမ့်သောမြီ၌နီသော်လည်း စဉ်းလဲဝန်တို ဂုံးချောကောက်ကျစ်တတ်အံ့။ အထက်မြင့်၍ အနားနိမ့်သောမြီ၌နီသော် ရန်များအံ့။ ထိုမြီ၌ ကျောက်ခါးကဲ့သို့ဟိအံ့။ တောင်ကမြင့်၍မြောက်ကနိမ့်သော မြီ၌နီသော် ထိုအောက်ပလ္လင်ကဲ့သို့ဟိ၏။
တောင်ကအင်းဟိအံ့၊ မြောက်ကရေစီးအံ့။ အရှိကအိုင်ဟိအံ့။ မြီမင်္ဂလာ ရွှေငွေများအံ့။ အမှုတကာကိုနိုင်အံ့။ အနားပတ်လည်ပြန့်၍ အလယ်နိမ့်သောမြီ၌နီသော် ထိုမြီအောက်ကျောက်ဟိ၏။ အကောင်းအဆိုးများအံ့။ ဤကားမြီပရိယာယ်။ ယင်းသို့အကြောင်း ရှိပညာဟိရို့ဆိုခသည်လောကီမှု၌ ယတြာရသ၀တီ ကျမ်းထွက်ဟိပါသည်။ ယင်းသို့အကြောင်း တိနိမိတ်ရို့ကိုလည်း အကြောင်းဆိုက်အံ့သော တိုင်းပြည်ရို့ကသာ ဆင်ခြင်ခြင်းဟိကြောင်း စာဟောင်းညွှန်လျှက်ဟိပါသည်။ ထိုအကြောင်းထင်လတ်သော် မင်းကိုပြခြင်း၊ မိဖုရား၊ မင်းသား၊ မှူးမတ်၊ ရဟန်း၊ ပုဏ္ဏား၊ ပြည်သူစသော၊ ကျွဲနွားဆင်မြင်းစသော သတ္တ၀ါရို့ဖြစ်ရာအကြောင်း ခွဲဝေစိတ်ဖြာသိတတ်မှ အဖြစ်အပျက်ညှိနှိုင်းပါသည်။ လောကီမှာ မှန်တိုင်းသိချင်သော၊ လောကုတ္တရာမှုမှာလည်း
မြတ်စွာဘုရားဆုံးမတော်မူသောတရားကို အမှန်သိ၍ကျင့်ဆောက်တည်ခြင်း။ ယင်းသို့စုံမှ လောကီလောကုတ္တရာ နှစ်ဖြာတတ်ပွန်၊ သူတော်မွန်ဟူ၍ ကျမ်းဂန်ထွက်ပါသည်။ တကြောင်းတုံလည်း ရန်သူကိုအောင်နိုင်သော အမတ်အင်္ဂါကိုဆိုခသော သေနင်္ဂပျို့အလာသော်ကား-
ဆဒ္ဒန်ပြောင်မုန်၊ ရဲဟုန်နှင့်ချိုး၊ ချွန်ချွန်ထိုးသို့၊ အကျိုးဟိသင့်၊ ရို့ခွင့်မသာ၊ မင်္ဂလာအောင်မြီ၊ အနီသင့်ရာ၊ ဗိုလ်ပါဆင်မြင်း၊ သိမ်းသွင်းမပျက်၊ ရဲမက်မပြိုင်၊ ရန်ကိုနှိပ်နွံ၊ အကြံပညာ၊ သည်ရာဖြစ်ခ၊ လူရဲမယှား၊ လက်ရုံးအားမှာ၊ အမှားအမှန်၊ အလွန်အကြူး၊ အရူးအင်္ဂါ၊ မိစ္ဆာအကျင့်၊ နိမ့်မြင့်ရုံးနိုင်၊ အပိုင်ခဲခက်၊ လက်နက်ဗိုလ်ခြီ၊ အသီအဆုံး၊ ထုံးမပြုလောက်၊ ထွင်းဖောက်မြောက်မြား၊ ဂုဏ်ကိုးပါးစုံ၊ ပညာလုံမှ၊ ဗိုလ်ပုံမပန်း၊ ဥာဏ်စွမ်းနဂ္ဃိ၊ တွင်းပြင်ဟိက၊ ကြီးဘိသခင်၊ ဆင်မြင်းရထား၊ ခြီသည်အားနှင့်၊ လေးပါးအစုံ၊ ရောက်လာတုံသည်။ ပိုက်ဉခံပြီးစီး၊ စစ်သူကြီးသို့၊ ထုံးမှီးလိမ္မာ၊ သို့ကိုရာလျှင်၊ စစ်အင်လေးမည်၊ အပ်သည်ရှိရိုး၊ ရန်ချိုးနိုင်သည်၊ ပညာရည်ကြောင့်၊ ရွှေပြည်သာယာ၊ ၀တိံသာသို့၊ ပမာတူမျှ၊ အဿကမင်း၊ စစ်တွင်းရှုံးမည်၊ သို့သည်စကား၊ သိကြားစင်လျှက်၊ ပျက်သည့်ထုံးမှန်၊ နန္ဒိသေန၊ အဿကမတ်၊ ညီညွတ်ပြည့်စုံ၊ ပညာလုံ၍၊ ဗိုလ်ပုံရန်ငြိမ်၊ ကလိင်္ဂရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍၊ ကဓိကစက်၊ ကြေညက်ဘရမ်း၊ အမတ်သွမ်းနှင့်၊ မင်းကြမ်းတသွန်း၊ မာန်တံခွန်ကို၊ ကဲလွန်စတင်၊ ကိုယ်သျှင်ကိုယ်ဝယ်၊ အလမ္ပါယ်သို့၊ အန္တရာယ်ရောက်၊
ပြီးပေါက်လမ်းမှား၊ သီပျောက်ငြားလည်း၊ တရားမရ၊ မင်းပါပ။
ထိုသို့ဆိုခပြီးသော ရှိပညာဟိရို့စကားလည်းဟိပါသည်။ ”

ယင်းသို့ ထုံးဟောင်းသက်သီနှင့် အမတ်ကြီးလျှောက်လီရာ ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား
“မင်း၊ မိဖုရား၊ မင်းသား၊ မင်းသမီး၊ ဆွီတော်၊ မျိုးတော်မှစ၍ အမတ်မြို့စား၊ ကျေးစားအတွင်း
သုံးအပြင်သုံးသမျှရို့သည် အမတ်ကြီး မဟာပညာကျော်စကားကိုနာခံပြီးမှ လျှောက်တင်ခွင့်ဟိသည်များကို လျှောက်ထားစီ။”
ပညတ်တော်မူသည်။ အမတ်ကြီးသည်လည်း မင်း၊ မိဖုရား၊ မင်းသား၊ မှူးမတ်၊ ပြည်သူဟူလျှက်မခြား၊ အမှုလားကိုရာ ရှိနောက်တိုင်းထွာပြသဆုံးမ၍ မင်းထံလျှောက်ခွင့်များကို လျှောက်လတ်သော် မည်သူတယောက်ညှိုးခြင်းမဟိ၊ အမတ်ကြီးစကားကိုနားထောင်ကြလီ၍ ထိုပြည်သာယာငြိမ်းအီးသည်။

မှတ်ချက်။ ။ ဤစစ်ချီရာ တိတ်နိမိတ်များလျှောက်ထုံးသည် ရှိအထက်ကာလများကပင် ရခိုင်စဉ်လာ
သုံးစွဲလာကြသော လောကီမှုဆိုင်ရာ ယတြာဃ၀တီကျမ်းမှထုတ်နှုတ်ပြီး မင်းဖလောင်းကြီးလက်ထက်အခါ မင်းမီးသောကြောင့် အမတ်ကြီးမဟာပညာကျော် လျှောက်ထားခြင်းပြုခသည်။




လျှောက်ထုံးအမှတ် (၃၉)

သားတော်သံတောင်စားငစုန် အပြစ်ကျူးလွန်ရာတွင်လျှောက်ထုံး။

အခါတပါး၌ မင်းဖလောင်းကြီး၏သားတော် သံတောင်စားငစုန်သည် မြုံရို့အရပ်က လင်းကဲ၊ မြုံ၊ သက်ရို့နှင့် ပူးပေါင်း၍ခြားနားပြီးသော် ဒါဂါမြို့စားကောင်းညွန့်သူကို အလိုသို့ပြည့်လျှင် ပြည်ပိုင်အမတ်ကြီးခန့်မည်။ ဤသို့အကြောင်းကို ဒါဂါမြို့သို့ လူစေလွှတ်ပြောဆိုစီသည်။ ထိုအခါ ကောင်းညွန့်သူကြံသည်ကား-တောသတ္တ၀ါကိုလိုလျှင် အိမ်သတ္တ၀ါနှင့်ရင်းနှီးဖမ်းရသည်။ သားတော်ငစုန်သည် ဆိုးသွမ်းသောအကြံဖြင့် မသင့်ရာကို ကြံဘိသည်။ သို့သော် ဆိုလာသောစကားကို အလိုတူမပြုက အကျိုးမဲ့အကျိုးယုတ်ရာ ဖြစ်ချေမည်။ သို့ကြောင့် အလိုသို့ပါဟန်ပြုပြီး ဖမ်းမည်ကြံသည်။ သို့နှင့် သံတောင်စားငစုန်က စေသောသူအား သင့်လှပါသည်။
ရဲမက်လက်နက်များလည်း အသင့်ပင်ဖြစ်ပါသည်။ မည်သည်ကိုမျှ စိုးတော်မမူပါနှင့်။ လက်ဆောင်ပဏ္ဍာ လျှောက်စာနှင့် လူထည့်လိုက်သည်။ ထိုအကြောင်းကို ပြည့်သျှင်မင်းကြီး ကြားသိတော်မူ၍ အမတ်မဟာပညာကျော်ကိုမီးတော်မူသည်။ ထိုအခါအမတ်ကြီး လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ဒါကာမြို့စားကောင်းညွန့်သူ ဘီဘိုးအစဉ်အမျိုး မှူးရိုးမတ်မျိုးဖြစ်ပါသည်။ ထီးနန်းမင်းဆက် အ၀ီးအနီးထားသမျှ မည်သည့်ကာလတွင်မျှ သူပုန်သူကန်လူဆိုးလူသွမ်းရို့နှင့် ပေါင်းဖက်၍ အသျှင်မင်းအား မိုက်မှားဘူးသည်မဟိပါ။ ခမည်းတော်ဘုရားလက်ထက် ကုလားပြည်ကို သိမ်းယူပြီးသောကာလပြန်ကြသောအခါ ဒါကာမြို့စားကောင်းညွန့်သူ အဘသတိုးဖြူအမတ်သည် စီးသောလှီ၌ စစ်ချီစဉ်က ပီးသနားတော်မူသော ပေါင်းဖြူကိုဆင်လျှက်စီးသည်။ ထိုအခါ ခမည်းတော်ဘုရားက စစ်ချီသာ ငါပီးတော်မူသည်။ စစ်ပြန်လျှင် သိမ်းသင့်လျှက်မသိမ်း။ သတိုးဖြူသည် မာန်မြောက်၍လွန်သူဖြစ်သည်။ မျက်တော်မူလျှက် အပြစ်နှင့် မာန်အောင်သို့ ပို့ထားတော်မူသည်။ တနှစ်ကျော်နီရသောအခါ အရှိပြူတလိုင်းမင်းရို့က စေလွှတ်ခေါ်စီရာ မှူးကောင်းမတ်ကောင်းရို့ အင်္ဂါနှင့် စုံညီစွာပီးလိုက်သောစာမူလည်း၊ မတ်ကောင်းရို့အင်္ဂါနှင့် စုံညီစွာ ပီးလိုက်သောစာမူလည်း၊ ၀ိဒေဟရာဇ်အမတ်- မဟောသဓာကို ပဉ္စာလရာဇ်မင်းကခေါ်သော် ကျေးဇူးသစ္စာသျှင်မှစ၍ သားမြီးဆက်ကာမှန်သမျှစိုးမိုးလျှင် ကျေးဇူးသစ္စာစောင့်အပ်ကြောင်း ထုံးဟောင်းနှင့်လျှော်စွာ စာပီးလိုက်ပါသည်။ အမျိုးအရိုးကို ဒါဂါမြို့စားကောင်းညွန့်သူ ဖျက်မည်မဟုတ်ပါ။
အကြောင်းဆိုက်ရာတွင် ဥာဏ်ဆင်၍ ဒါကာစားကြံသည့်အမှုသာ ဖြစ်ပါသည်။ ပြစ်ပီးထားသောသားတော် သံတောင်စားသည် လင်းကဲ၊ မြုံ၊ သက်ရို့နှင့် ပူးပေါင်းဆိုးသွမ်းသည့် အရာမှာလည်း အရေးမဆိုလောက်ပါ။ အမတ်တော် ဒါကာစားကောင်းညွန့်သူတယောက်နှင့် ပြီးကုန်ပါလိမ့်မည်။”

လျှောက်လတ်ရာ ပြည့်သျှင်မင်းကြီးလည်း မင်းသို့မဆို နီတော်မူသည်။ ယင်းသို့ အမတ်ကြီးလျှောက်သည်ကို ဒါဂါမြို့စားကောင်းညွန့်သူကြားသိလီရာ ငါ၌အရေးရောက်ပြီးကြံလျှက်
သံတောင်စားမှာသောနိရောက်လတ်သော် ရဲမက်လက်နက်ဗိုလ်ခြီစည်းကြပ်လျှက် သံတောင်စားဟိရာသို့ ချီလားသည်။ တွိသောအခါ ဒါကာစားဆိုသည်ကား “အသျှင်မင်းသား တပ်ဦးချီတော်မူပါ။ ကျွန်တော့်နောက်ကကွပ်၍ စစ်အားပီးပါမည်။” ဆိုလတ်သော် သံတောင်စားလည်း အားရ၍ချီလားလီသည်။ သက်၊ မြို၊ လင်းကဲရို့မှာ တောင်ခြီသာကျွမ်း၍ လှီမှုရီမှု မကျွမ်းကြချေ။ မယူမြစ်ဝသို့ရောက်သော အခါကာလ ဒါဂါစားက မိမိလူရို့ကို အသင့်ထားပြီးသော် မြို့နှင့်လည်းနီးပြီ၊ သံတောင်စားနှင့်တိုင်ပင်ရန်ဟိသည်ဆိုလျှက်၊ တပ်ဦးသို့လာခသည်။ ရောက်လျှင် ဒါဂါစားက သံတောင်စားသို့ပြောသည်။ “အသျှင့်သားတိုင်ပင်ရန် ကျွန်တော့်လှီသို့တက်ပါ” ဆိုသည်။ သံတောင်စားလည်း ယုံမှတ်သောနှလုံးဖြင့် နောက်ပါလူအတန်သာခေါ်၍ ဒါဂါစားလှီသို့တက်သည်။ ထိုသောအခါ ဒါဂါစားက မိမိလှီများကို ရှိနောက်ထား၍ ပိတ်ဆို့ထားစီသည်။ ထိုသို့စီစဉ်ပြီးသော် သောင်းသောင်းငြာဝိုင်းလျှက် သံတောင်စားကို ဖမ်းဆီးလိုက်သည်။ မြစ်ရီလည်းတက်ပြီဖြစ်၍
မြို့တော်သို့ ထွက်ချီလားကြရာ နံနက်အချိန်ဆိုက်ရောက်ကြသည်။ ဒါဂါစားသည် နန်းတော်သို့ဝင်ပြီး
သံတောင်စားကို မင်းကြီးထံဆက်သသည်။ သံတောင်စားလူများဖြစ်သော သက်ခေါင်းအကြီး၊
မြိုလင်းကဲခေါင်အကြီးနှင့် နောက်ပါလူအများကိုလည်း ဒါဂါစားသမက်သောင်းတီးစားက
ဖမ်းဆီးဆက်သလာပြန်သည်။ ယင်းသောအခါ အမတ်ကြီးမဟာပညာကျော်လျှောက်သည့်ထုံးကား

“အသျှင်မင်းမြတ်။ ဘုရားသျှင်တကာဖြစ်တော်မူသောဗိမ္မိသာရမင်းကြီး မိဖုရား၌ အဇာတသတ်မင်းကို
ပဋိသန္ဓေစွဲယူသောကာလ မကောင်းသော တိနိမိတ်ထင်သဖြင့် အကြိမ်ကြိမ် သန္ဓေကိုဖျက်ကြောင်း
မင်းကြီးသိတော်မူသည်။ ထိုရောအခါ အမိန့်တော်ဟိသည်ကား- “သျှင်မိဖုရား သံသရာဝဋ်ဒုက္ခဟိသော
လူသတ္တ၀ါရို့သည် မိကြီးဘကြီးဆွီမျိုးစသောသူအား အပြစ်ထိုက်ငြားသော်လည်း အမျိုးစောင့်သောတရားကို သူတော်ကောင်းရို့မဖျက်ရာချေ။ မိဖုရားကမွီးဖွားသောသားသည် တရားမစောင့် အ၀ဇာတသားဖြစ်ခ၍ ငါ့အားမှားလိုသော်လည်း ငါသာသီစီရာသည်။ သူ့အားမှားသောအသိဖြင့် တရားမလွတ် ကောင်းလီရာ” ဤသို့မိန့်တော်မူကြောင်း ကျမ်းဂန်ထင်ရှားထွက်ဟိပါသည်။ ထိုမှတပါးလည်း မင်းရို့ဘုန်း လက်ရုံးကျက်သရေတော်ခုနှစ်ပါး၊ လူရို့အားမည်သည်ကို ကျမ်းဂန်ဆိုသည်မှာ-ရာဇူနံ- မင်းရို့၏၊ ဓနံ- ဥစ္စာမည်သည်ကား၊ အမစ္စောဗလံ- ပညာဟိသော အမတ်အားလျှင်တည်း။ ပုရိသာနံ-ယောက်ျားရို့၏၊ ဓနံ- ဥစ္စာ မည်သည်ကား၊ အတိဂုဏော- ပညာဂုဏ်လျှင်တည်း။ ဣတ္တိနံ- မိမ္မရို့၏၊ ဓနံ-ဥစ္စာမည်သည်ကား၊ ရူပဇာဂံအဆင်းအကျင့်တည်း။ သပ္ပါနံ- မြွီရို့၏၊ဓနံ- ဥစ္စာမည်သည်ကား၊ ၀ိသံ-
အဆိပ်လျှင်တည်း။ ဘိက္ခူနံ- ရဟန်းရသေ့ရို့၏၊ ဓနံ- ဥစ္စာမည်သည်ကား၊ သီလံ- သီလအစဟိသောကိုယ်ကျင့် တရားလျှင်တည်း။ မင်္ဂလာတရားဦးတွင်လည်း မာတာပိတာ- မိဘရို့သည်၊ ပုတ္တဒါရသ- သားသမီးရို့၌လည်းကောင်း၊ ပုတ္တဒါရသ- သားသမီးရို့သည်၊ မာတာပိတာ- မိဘရို့၌လည်းကောင်း၊ ဥာတကာနဉ္စ- ဆွီမျိုးသားချင်းရို့၌လည်းကောင်း၊ သင်္ဂဟ- ကျွေးမွီးပီးကမ်းမစသင့်သည်။
တကြောင်းမူလည်း မဟာရာဇာ- အသျှင်မင်းမြတ်၊ မာတာပိတာစ- မိဘရို့ကိုလည်းကောင်း၊ ဂုရုစ- ဆရာသခင် ကျေးဇူးသျှင်ရို့ကိုလည်းကောင်း၊ ညာတကာနဉ္စ- ဆွီမျိုးသားချင်းရို့ကိုလည်းကောင်း၊ အမစ္စေစ- မင်းအကျိုးကိုလို၍ဆောင်တတ်သော အမတ်ကိုလည်းကောင်း၊ ဥမ္မတ္တကောစ- အရူးကိုလည်းကောင်း၊ ဘိက္ခုစ-သံသရာဖီးကိုရှုလေ့ဟိသော ရသေ့ရဟန်းကိုလည်းကောင်း၊ ပဏ္ဍိတောစ- ပညာဟိသူတော်ကောင်းကို လည်းကောင်း၊ သတ္တန္နမေ၀- ထိုခုနှစ်ပါးသောသူရို့အား၊ ရာဇာ- မင်းသည်၊ ဒေါသိ- အမျက်ဟိသဖြင့်၊ ဇီဝိတိနြေ္ဒ- သီစီသောပျက်စီးခြင်းကို၊ နပေဿယျ- မပြုအပ်။ ထိုသို့အကြောင်း ထုံးဟောင်းသက်သီ ကျမ်းဂန်ဟိသည်။

သားတော်သံတောင်စားမှာ- ဇမ္ဗုပတီမင်းနှင့်တူပါသည်။ သားတော်ကိုပါအောင် ခေါ်ဆောင်ယူနိုင်သော
ဒါကာစားမှာ သကြားတမန်နှင့်တူပါသည်။ အသျှင်မင်းမြတ်တုံသော်ကား ဘုရားသျှင်နှင့် ဥပမာတူပါသည်။ ယင်းသို့အကြောင်း ထုံးဟောင်းဟိသည့်အတိုင်း ပြည့်သျှင်မင်းကြီး မတိမ်းမစောင်းရချေ။ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးဟိလှ၍ ဘုရားစသောသူတော်ကောင်း ပညာဟိချီမွမ်းစီရာ။”

မှူးကောင်းမတ်ကောင်း ပညာဟိစုံစွာ ပညာဗလအားကြီးသော အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးက “ငစုန်ငယ်သည် အလိမ္မာမဟိသူဖြစ်သည်။ လိမ္မာအောင်သွန်သင်ပြသဆုံးမ စီခိုင်းသိမ်းထားလီလော့” အမိန့်တော်ဟိ၍ အမတ်ကြီးမဟာပညာကျော်သို့ အပ်တော်မူလိုက်သည်။

ဒါဂါစားကောင်းညွန့်သူကိုမူကား သားတော်သံတောင်စားအဆောင်အရွက် အ၀တ်တန်ဆာပီးတော်မူသည်။ ဒါဂါစားသည် သနားတော်မြတ်ကိုရာ ခံယူသည်။ မဆောင်မသုံး၊ ပြည့်သျှင်မင်းကြီးသို့ ပြန်လည်ဆက်သပြီး လျှောက်ထားသည်ကား

“အသျှင်မင်းမြတ်။ မူးမတ်ကျေးကျွန်ကို သဒ္ဓါတော်မူ၍ သားတော်သမီးတော်ရို့နည်း ပီးသနားတော်မူသော်လည်း၊ အသျှင့်သားတော်အဆောင်နှင့်တူအောင် မသုံးဆောင်အပ်ပါ။ မူးမတ်အသုံးအဆောင်မျှကိုသာ သုံးဆောင်ထိုက်ပါသည်။ လွန်၍ပြုချေသော် အလိမ္မာမဟိသောသူရို့ကို တန်ဆာဆောင်၍ မာန်မြင့်တတ်ပါသည်။ သနားတော်ကိုခံရလျှင် သုံးဆောင်ရသကဲ့သို့ တထေ၀တူဖြစ်ပါသည်။ ရှိပညာဟိထားခသောထုံးလည်းဖြစ်ပါသည်။”

ဤသို့လျှောက်လတ်သော် မင်းသားအဆောင်အရွက်ကို ပြန်သိမ်းတော်မူသည်။ အမတ်ကြီးရို့နည်း
အဆောင်အရွယ် ပီးသနားတော်မူသည်။ သားတော်သံတောင်စား သက်၊ လင်းကဲ၊ မြို၊ အကြီးခေါင်းများကိုလည်း အသက်မသတ်။ ကုသိုလ်တော်ရတနာပုံဘုရားမှာ လှူတော်မူသည်။



လျှောက်ထုံးအမှတ် (၄၀)

ရုံပြည် ပသီကုလားမင်းအား မင်းကြီး၏ဘုန်းတော်ကိုသိစီသော အစီရင်လျှောက်ထုံး။

တရံသောအခါ ရုံပြည်ပသီ ကုလားမင်းက ရက္ခပူရတိုင်း၌ သာကီဝင်မင်းဖလောင်းကြီးသည်
ဘုန်းကျက်သရေပညာနှင့်ပြည့်စုံသည်။ အမတ်ပညာဟိများသည်။ ဤသို့ကြားသိရသည့်အတိုင်း
မှန်သည်မမှန်သည်ကိုသိလိုပေသည်။ သို့နှင့် အရေး၌လိမ္မာသော ကုလားအမတ်တယောက်ကို
စုံစမ်းစီရန်စေလွှတ်သည်။ ကုလားအမတ်ဒါကုစီသည် စုံစမ်းရန်ရောက်လာသည်။ ထိုကုလားအမတ်သည် ဆက်သရန် လက်ဆောင်တော်ပတ္တမြားခုနှစ်လုံးပါဟိကြောင်း ပတ္တမြားအထုပ်ကိုပြသည်။ ထိုသောအခါ မဟာပညာကျော်အမတ်က ငါရို့အသျှင်ကို အတိုင်းတိုင်းအပြည်ပြည်က ဆက်ရောက်သမျှ သဘင်ကြီးစွာခံပြီးမှ သွင်းမြဲဖြစ်သည်။ ထိုသို့ပြောပြီး ပတ္တမြားထုပ်ကို သံတဲတွင်အစောင့်အနီနှင့်ထားလျှက်နီစီသည်။ ပြီးသော်မှ အမတ်ကြီး မဟာပညာကျော်သည် မင်းထံဝင်၍လျှောက်ထားသည်။

“အသျှင်မင်းမြတ်။ ကုလားမျိုးရို့တွင် ပသီကုလားသည် အကောက်အလိမ်အညစ်ထူလှပါသည်။ ယခုလာသူ ဒါကုစီသည် ပသီကုလား၊ သင်းရို့အသျှင်လည်း ပသီလူမျိုးဖြစ်ပါသည်။ မည်သို့စေကြောင်းဆက်ရန် လက်ဆောင်လည်း မည်သို့ပါကြောင်းများကို သိအောင်ပြုပြီးမှ ရှိတော်သို့ဝင်စီပါမည်။”

လျှောက်လတ်သော် မင်းကြီးလည်း သဘောကြိုက်တော်မူသည်။ ယင်းသောအခါ အမတ်ကြီးသည် အထုပ်ကိုကြည့်ရှုသည်။ ရွှေချည်ဖြင့် ယက်သည့်ပမာ လုံခြုံစွာထုပ်ထားသည်ကို မြင်တွိသည်။ အမတ်ကြီးတွေးကြံသည်ကား-

ဤကဲ့သို့ ထည့်ရိုးမဟိသည်ကို ထည့်ခသည်။ ထိုအထုပ်၌ အကြောင်းထူးပါသည်။ ဤသို့ဆင်ခြင်လျှက်
အကြံပြုသည် အဘိုးတထောင်တန်သော ပရိကပါရာဟူသောပိတ်အုပ်ကို ခ၀ါသည်သို့ အစုတ်အပြတ်မပါပြပြီးသော် ခ၀ါသည်မမြင်မီ ကတ်ကျေးနှင့် ခုံညှင်းခန့်ကိုက်ဖြတ်လိုက်သည်။ ပိတ်အုပ်ကိုခေါက်သိမ်းပြီး ခ၀ါသည်သို့ ပီးအပ်လိုက်သည်။ ခ၀ါသည်လည်း ပိတ်အုပ်ကိုယူခပြီး အိမ်သို့ရောက်လျှင် ဖွတ်လျှော်၍လှန်းသည်။ ပိတ်အုပ်တွင်ပါဟိသောအပေါက်ကို တွိမြင်သောအခါ အလွန်ကြောက်လန့်လားသည်။ သင်္ဘောဆိပ်သို့လားပြီး အပေါက်ဖာတတ်သောသူကိုရှာရာ သင်္ဘောမှ အပ်လျှိုသမားတယောက်ရ၍ ဖာစီသည်။ မူလအထည်သားနှင့်တူအောင် ဖာပြီးမှအမတ်ကြီးသို့ အပ်သည်။ ထိုအခါအမတ်ကြီးသည် ကိုက်ယူထားသောပိတ်စကိုပြပြီး မီးသည်။ မည်သူဖာသည်ကို အမတ်ကြီးမီးရာ ခ၀ါသည်က ဖာသူကိုပြသည်။ အမတ်ကြီးကြံပြန်သည်ကား “မရမာကိုပြာဒါ၊ကုလားမှာမဲနာ” ရှိသူဟောင်းရို့ဆိုရိုးဟိသည်။ ထိုကုလားကိုခေါ်၍မီးရမည်။ ခ၀ါသည်ကိုပြောလျှင် ခ၀ါသည်လည်း ကုလားကိုခေါ်၍ပီးသည်။ အမတ်ကြီးသည် ကုလားကိုမီးသည်။ ကုလားကအမတ် ဒါကုစီယူလာသောအထုပ်ကို သူဉခပ်ပီးရကြောင်း၊ ၎င်းင်းအထုပ်တွင် အဘိုးမထိုက်သော ပတ္တမြားအပျက် ခုနှစ်လုံးပါကြောင်းပြောပြသည်။ ထိုအခါ အမတ်ကြီးက သင်္ဘောကုလားအား ဤသို့မီးကြောင်းကို တပါးသောသူကိုမျှ မသိစီနှင့်ပြောပြီး အသပြာတရာပီး၍ သံတဲမှ ကျောက်ထုပ်ကို တိတ်တဆိတ်ယူစီသည်။ အမတ်ကြီးသည် ကျောက်ထုပ်နှင့် ပြည့်သျှင်မင်းကြီးထံဝင်သည်။ ကျောက်ထုပ်ကိုဖွင့်ရာ ချက်ကျောက်ပတ္တမြားခုနှစ်လုံးကို တွိသည်။ အမတ်ကြီးသည် ထိုချက်ကျောက်ပတ္တမြားခုနှစ်လုံးကို ဖယ်ထုတ်ပြီး၊ သပြာတထောင်စီတန်သော ပြည့်သျှင်မင်းပတ္တမြားခုနှစ်လုံးကို ထည့်သည်။ ထိုသို့ထည့်ပြီး ကုလားအား အထုပ်ကို
မူလအတိုင်းခြုပ်စီသည်။ ထို့နောက် ၎င်းင်းအထုပ်ကို ထားမြဲအတိုင်း သံတဲတွင်ပြန်၍ထားစီသည်။ ထိုသို့ အကောက်ဥာဏ်ပြုလာသောအမှုကို အကောက်ဥာဏ်ဖြင့်ပြု၍ဆောင်စီပြီးမှ ကုလားအမတ်ဒါကုစီကို အတွင်းတော်သို့သွင်း၍ အထုပ်ကိုဖွင့်စီသည်။ အထုပ်တွင် အဘိုးများစွာထိုက်သော ကျောက်ကောင်းခုနှစ်လုံးကို ကုလားအမတ်မြင်တွိသည်။ အလွန်လည်း အံ့သြခြင်းဖြစ်သည်။ ခိုဒါအသျှင်အမှန်ဖြစ်ပေသည်ဟူ၍ ကုလားအမတ် ကြောက်လန့်ရိုသေစွာနှင့် မကာဘုရား၊ ကုလားရို့ အထွတ်အထိပ်မှန်ပေသည်ဆိုလျှက် အကြိမ်များစွာ
ဘာသာရှိခိုးခြင်းဖြင့်ရှိခိုးသည်။ ထိုကုလားအမတ်ဒါကုစီပြန်သောအခါ မင်းကြီးက အစ်ကိုရို့ အသျှင်ရုံမင်းသို့လည်း ပတ္တမြားခုနှစ်လုံး ပီးလိုက်မည်။ ကျောက်ကောင်းခုနှစ်လုံးကို ကုလားသို့ပြပြီးသော် အမတ်ကြီးသို့ ထိုကျောက်ကို အပ်တော်မူသည်။ အမတ်ကြီးလည်း မင်းအပ်သောပတ္တမြားခုနှစ်လုံးကို ကုလားအမတ်ကြီးဒါကုစီရှိတွင် ကောင်းမွန်စွာထုပ်သည်။ ကုလားမဟိသည့်နောက်အခါ ကုလားတွင်ပါရင်း ချက်ကျောက်ခုနှစ်လုံးကို ထိုအထုပ်နှင့်တူအောင် ထုပ်စီပြီးမှ ထိုအထုပ်ကို ကုလားအမတ်သို့အပ်သည်။ ကုလားအမတ်လည်း အထုပ်ကို
ကောင်းမွန်စွာဆောင်ယူ၍ပြန်သည်။ ရုံပြည်သို့ရောက်၍ ရုံမင်းထံအထုပ်ကိုဆက်သသည်။ ထိုအထုပ်ကိုဖွင့်ကြည့်ရာ ပီးလိုက်ရင်း ချက်ကျောက်ခုနှစ်လုံးကိုတွိရသည်။ ရုံမင်းက အမတ်ဒါကုစီအား အကြောင်းကိုမီးသည်။ ထိုအခါ ကုလားဒါကုစီက သိမြင်ခရသည့်အတိုင်း စုံလင်စွာလျှောက်ထားသည်။ ကုလားမင်းက မကာဘုရား ခိုဒါအသျှင်အမှန်ပင်ဖြစ်သည်။ ဖူးမြော်သင့်သည်။ ထိုသို့ပြီးလျှင် ရုံမင်းကိုယ်တိုင် လက်ဆောင်ပဏ္ဍာအများ သင်္ဘောအစင်းတရာနှင့် လာရောက်ဖူးမြော်သည်။













လျှောက်ထုံးအမှတ် (၄၁)

ရိုးကျွန်းမှ သျှင်ယောင်စေတီဖျက်မှုတွင်လျှောက်ထုံး။

တရံရောအခါ ပုဂံမြို့နီဆိုသူ ရဟန်းတဦးရောက်လာသည်။ ရိုးကျွန်းအမရာတောင်တွင်နီသည်။ ထိုရဟန်းအား ရိုးကျွန်းသားရို့ ကြည်ညိုလျှက် ကိုးကွယ်နီကြသည်။ စည်းချောင်းစားသတိုးအောင်သည် ထိုအမရာတောင်သို့ သမင်လိုက်မည်လားသည်။ ထိုရဟန်းနှင့်တွိပြီး နှီးနှောပြောဆိုရင်းနှီးကြသည်။ သတိုးအောင်သည် ထိုမှပြန်လာပြီးသောအခါ အမတ်ကြီးထံဝင်ရောက်ခစားပြီးလျှောက်ထားသည်။ ပုဂံသားရဟန်းတပါး ယိုးကျွန်းအမရာတောင်မှာ တွိခရကြောင်း၊ တရားဓမ္မနှင့် သူတော်ကောင်းလက္ခဏာ ကြည်ညိုဘွယ်ရာ ဟိပါကြောင်းနှင့်လျှောက်သည်ကို မင်းကြီးက အမတ်မဟာပညာကျော်သို့မီးသည်။ ထိုအခါ မဟာပညာကျော် လျှောက်ထားသည်ကား

“အသျှင်မင်းမြတ်။ စည်းချောင်းစားသတိုးအောင်သည် သူတော်ကောင်းကိုသိနိုင်မည့် ပညာဟိအံ့မထင်ပါ။ ရှိသူတော်ကောင်းရို့စကားတွင် အမှုတကာကို ယုတ္တိယုတ္တာနှိုင်းညှိမသိတတ်သူအား မနူဿဗာလသူမိုက်၊ သူမိုက်အင်္ဂါလေးပါးဟိကြောင်း၊ လေးပါးဟူရာ၌- မေထုန်မှီဝဲခြင်း၊ အိပ်စက်ခြင်း၊ ၀စ္စာစားခြင်း၊ သက်မွီးဥစ္စာရှာဖွေခြင်း။ ထိုအကြောင်းမျှနှင့်ရာ နီလေ့ဟိသူသည်သူမိုက်။ ထိုသူမိုက်ရို့သည် အစားမတတ် အ၀စား၊
ခရီးမသိ အရောက်လား၊ စကားမတတ် စရိုက်ပြော၊ ကျိုးပြစ်မသိ ဆိုမိဆိုရာဆိုတတ်ပါသည်။ ယင်းသို့
ထုံးဟောင်းစကားဟိပါသည်။ စည်းချောင်းစားအမတ်သတိုးအောင်သည်လည်း၊ ပညာဟိထံ ဆည်းကပ်သည်မဟိ။ သူယုတ်ရို့နှင့်ရောနှောပေါင်းသင်း၊ သားငါးထိုးသတ် သောက်စားမူးယစ်၊ ပျော်ရွှင်မှုများပြုလျှက် နီလေ့ဟိသူရာ ဖြစ်ပါသည်။ စည်းချောင်းစားတွိခသောသူသည် စည်းချောင်းစားနှင့်တူသောသူရာ ဖြစ်တန်ရာပါသည်။ ”

လျှောက်လတ်သော် မင်းကြီးမည်သို့မဆိုနီတော်မူသည်။ ထိုမှများမကြာမီ ၎င်းင်းသူသည် အမရာတောင်ထိပ်၌ဟိသော ဓါတ်တော်ဇာတီကို တူးဖြိုသည်။ ထို၌ ရှိမင်းရို့ဌာပနာခသော ရွှေငွေရို့ကိုအကုန်ယူ၍ ထွက်ပြီးကြောင်းသိ၍ ရိုးကျွန်းသားရို့လည်း ထိုသူကိုဆောင်ယူခပြီး ရွှေငွေများနှင့်အတူ မင်းကြီးထံပီးဆက်ကြသည်။ ထိုအခါ အမတ်ကြီးက မင်းထံလျှောက်လျှောက်ထားပြန်သည်ကား

“အသျှင်မင်းမြတ်။ တရားကျမ်းဂန်လာသည်မှာ ဗုဒ္ဓါ ကုစ္ဆေန၊ ဓမ္ဓာ ကုစ္ဆန၊ သံဃာ ကုစ္ဆန။ ထိုသုံးပါးသော ရတနာမြတ်ရို့အား ပြစ်မှားသောသူသည် အပြစ်သံသရာဝဋ် လေးစွာခံရမည့်သူဖြစ်ပါသည်။ ထိုသူယုတ်မာအား သူတော်ကောင်းရို့ ယှောင်ယှားအပ်ကြောင်း ကျမ်းဂန်လာပါသည်။ ယခုအမှု၌ သူယုတ်မာ သူတော်ကောင်းထင်မှတ်ပြီး ရိုးကျွန်းသားရို့ ဆည်းကပ်ပေါင်းဖက်ကြသည်ကြောင့် ရှိမင်းရို့ကောင်းမှုပျက်စီးခြင်း ဖြစ်ရပါသည်။ သျှင်ယောင်ပြုသူနှင့် ရိုးကျွန်းသားရို့မှာ သူခိုးနှင့်လက်ခံသူအလား လောကပမာတူဖြစ်ပါသည်။ သင်းရို့နှစ်ဦးလုံးပင် သံသရာ၌အပြစ်ထိုက်ရာသည်။ ဤအရာတွင် ဆရာပြုသူဖျက်ဆီး၍ ပျက်လီသော ဓါတ်တော်ဇာတီကို အထက်နည်းတူ ကောင်းမွန်သပ္ပါယ်လီအောင် ထိုသျှင်ယောင်ယူလာသော ရွှေငွေဌာပနာများကို
ထည့်မြဲထည့်၍ ရိုးကျွန်းသားရို့ကို တည်လုပ်စီရပါမည်။ ထိုဓါတ်တော်ဇာတီ ပြီးစီးမြောက်လတ်အောင်လည်း အမတ်စည်းချောင်းစားက ကြီးကြပ်ရပါမည်။ ထိုပုဂံသားသျှင်ယောင်ကို အများသိစိမ့်သောငှာစာထိုး၍ မိမိနီရပ်သို့ နှင်ထုတ်လိုက်ရပါမည်။” 

လျှောက်လတ်သော် ပြည့်သျှင်မင်ကြီးလည်းကြိုက်တော်မူ၍ အမတ်ကြီး
လျှောက်တင်သည့်အတိုင်း အသီးသီးစီရင်သည်။ စည်းချောင်းစားသတိုးအောင်လည်း နောက်နောင်မတော်သမျှ အမတ်ကြီးဆုံးမတော်မူပါ ၀န်ချပြီး ၀တ်စုံတန်ဆာနှင့် ကန်တော့သည်။


လျှောက်ထုံးအမှတ် (၄၂)

ကုလားမျာလီ မီးချောင်းစားအရာတောင်းခြင်းနှင့် မိဖုရားကြီးလာဘ်စားမှုလျှောက်ထုံး။

တရံရောအခါ၌ မီးချောင်းစားသီလွန်သည်။ ထိုမီးချောင်းစားအရာကို ခေါင်းထုပ်ကျွန်းနီ ကုလားမျာလီက သပြာတထောင်ပီးပြီး၊ မိဖုရားကြီးထံတောင်းခံသည်။ မိဖုရားကြီးလည်း သပြာတထောင်ယူပြီး၊ မင်းကြီးထံလျှောက်သည်။ ထိုအခါမင်းကြီး အမိန့်တော်ဟိသည်ကား- “နံက်မင်းပွဲခံရာ၌ ကုလားမျာလီကို လျှောက်စီလော့” ထိုသို့အမိန့်တော်ဟိသည်ကြောင့် ကုလားမျာလီသည် နံနက်မင်းပွဲခံရာ ၀င်ရောက်လျှောက်ထားလာသည်။ ယင်းသောအကြောင်းကို အမတ်ကြီးမဟာပညာကျော်လျှောက်သည်ကား

“အသျှင်မင်းမြတ်။ ရခိုင်နှင့်ကုလားသည် လူချင်းသာတူသည်။ စိတ်ချင်းမတူပါ။ ရခိုင်ရို့ မိရိုးဖလာအယူအကျင့်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်ကြပါသည်။ သို့ဖြင့် သာသနာတော် အရှည်ဆက်ပြီး မပျက်မစီးတည်တံ့လာခပါသည်။ ယင်းသို့ ရခိုင်နှင်ကုလား အယူမတူချေ။ ကုလားရို့သည်
ရုပ်ပွားဆင်းတု၊ ဓါတ်တော်မွီတော်များကို အဉ္စလီ-လက်အုပ်ချီမိအံ့၊ လက်ကိုဖြတ်၍ပစ်စီ၊ ယင်းသို့
ကုလားဘုရားအမှာ ကျမ်းဂန်ဟိသည်ဆိုသောအယူနှင့် နီသူများဖြစ်ပါသည်။ ရခိုင်ရို့ မင်းကျင့်ဝတ်
သင်္ဂဟတရားလေးပါး၌လည်း မြတ်စွာဘုရားအယူတော်ကို ပြည်သူရို့အားညွှန်ပြဆုံးမတတ်မှ
မင်းကောင်းမင်းမြတ်ဟူ၍ ရခိုင်ရို့ဘုရားဗုဒ္ဓဘာသာကျမ်းဂန်လာပါသည်။ ကုလားနီရပ်ကျေးရွာမှာ
ရခိုင်ကိုမှူးမတ်တင်လျှင် ကုလားအယူကွယ်၍ ရခိုင်အယူသို့ရောက်အောင် သွေးဆောင်ပါသမျှသည်
မင်းမှူးမင်းမတ်၌ အကျိုးလိုရာရောက်ပါသည်။ မင်း၌လည်း သင်္ဂဟတရားတည်ပါသည်။ ယင်းသို့မဟုတ်
ရခိုင်ရို့မြို့ကျေးရွာများမှာ ကုလားကိုမှူးမတ်ထားလတ်သော် ကုလားအယူသို့ပါအောင် သွေးဆောင်ပြုလီရာ ရခိုင်မှာ ဗုဒ္ဓဘာသာတရားကွယ်လွတ်၍ ကုလားအကျင့်အယူသို့ပါလတ်သော် ပြည်သူအားသနားခြင်းမဟိ၊ ထိုမင်းအစိုးရသောတိုင်းနိုင်ငံ၌ မိုးမမှန်၊ အသီးအပွင့်မညီ၊ အရသာမဟိ၊ ဥတုရာသီမဖြောင့်၊ ဓါတ်လေးပါးခြောက်ခြားကြောင်း ရှိပညာဟိရို့ အမှာဟိပါသည်။ မျာလီကို ကျေးစားရွာစားပီးတော်မူလိုလျှင် တိုင်းပြည်တော်အတွင်း ကုလားမြို့ရွာအများဟိပါသည်။ မိမိရို့အကျင့်အမူ တူရာသဘာဝချင်းညီသော ကျေးရွာများကိုရာ ကျေးစားရွာစားပီးရပါမည်။ အသျှင်မိဖုရားလည်း သိက္ခာတော်ခုနှစ်ပါးစသော သာဓုနရတရားကို လွှတ်တော်မမူသင့်ပါ။”

လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးကလည်း မိဖုရားကြီးသည် တခါတရားလွတ်ချေသည်။
အမတ်ကြီးက “အကျိုးအကြောင်းပြသ၍ဆုံးမလျှောက်ထားရမည်။” အမိန့်တော်ဟိသည်။ မိဖုရားကြီးလည်း ရှက်ခြင်းကြီးစွာဖြင့် ကုလားမျာလီသို့ ငွေသပြာတထောင်ပြန်ပီးပြီးလျှင် အမတ်ကြီးကိုခေါ်စီသည်။ အမတ်ကြီးရောက်လတ်သော် နောက်နောင်မလျှော်သမျှ သမီးအမှတ်ထား၍ဆုံးမပါ။ အမိန့်တော်ဟိပြီးသော် အမတ်ကြီးသို့ ၀တ်စုံတန်ဆာ ဆုပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၄၃)

မိမ္မတဦး၏သန္မေသျှင်ယိုးစွပ်မှုဖြတ်ထုံး။

တရံသောအခါ၌ တောနီရဟန်းတဦးကို မိမ္မတယောက်သည် နိစဉ်မပျက်ဆွမ်းပို့လှူသည်။ ထိုမိမ္မသည်
ဆွမ်းပို့ထားပြီး၊ ကျောင်းခြံစည်းရိုးပြင်ဘက်ဟိ သစ်ပင်အောက်တွင် အမြဲအိပ်လျှက်နီပြီးမှ အိမ်သို့ ပြန်လာလေ့ ဟိသည်။ ကာလအတန်ကြာလတ်သောအခါ ထိုမိမ္မ၌ပဋိသန္ဓေဟိသည်။ ထိုမိမ္မလည်း အရှက်ရအခက်ဝကံလီရကား၊ နီးရာဖမ်းဆွဲရလီတော့သည်။ သန္ဓေသျှင်အဖြစ် ရဟန်းကိုပင် စွဲစွပ်သည်။ တောန်ီရဟန်းကလည်း မဟုတ်မမှန် မှားယွင်းကြောင်းငြင်းဆိုသည်။ သို့နှင့် အမှုမှာ အောက်ခြီတွင်မပြီးနိုင်ဘဲ ပြည့်သျှင်မင်းကြီးသို့တိုင် ရောက်လာသည်။ မင်းကြီးလည်း အမှုကို အမတ်မဟာပညာကျော်သို့အပ်သည်။ ထိုအခါ အမတ်ကြီးစီရင်သောထုံးမူကား

မိမ္မရို့တွင် ပဒုမနီ၊ စိတ္တရနီ၊ သင်္ခါရနီ၊ ဟတ္တရနီဟူ၍ လေးမျိုးဟိသည်။ ထိုလေးမျိုး၌ ဟတ္တရနီ၊ စိတ္တရနီ၊
မိမ္မနှစ်မျိုးသည် ဒွေဣတ္တိဇဂကုလဲ- ယုတ်သောမိမ္မမျိုးဖြစ်သည်။ ဟတ္တရနီ ကုလယက္ခဇာတကံ၊ စိတ္တရနီ
ကုလဗျဂ္ဃဟီနံဟူ၍ ရှိပညာဟိရို့ အမှာဟိသည်။ ဟတ္တရနီမိမ္မသော်ကား- ယက္ခာ- ဘီလူးစိတ်နှင့်တူ၍
အစားလွန်၏။ စိတ္တနီမိမ္မသော်ကား ဗျဂ္ဃာကျားစိတ်နှင့်တူ၍ အအိပ်လွန်၏။ ယင်းသို့လောကီ ကျမ်းဂန်လာသည်။
ဤမိမ္မသော်ကား စိတ္တရနီလက္ခဏာပင်ရှိချေသည်။ အအိပ်လွန်ရာသောအကြောင်းဟိမည်။ ဥာဏ်ဖြင့်
အမတ်ကြီးဆင်ခြင်သည်။ အမှုကိုလည်း ပြီးအောင်စီရင်မည်။ ဆွမ်းကိုလည်း ပို့မြဲပို့စီဆို၍ မိမ္မဆွမ်းမပြတ်ပို့သည်။ ဆွမ်းပို့ပြီးသော် ယခင်နီရာ၌ပင် အိပ်မြဲအိပ်၍ နီပြန်သည်။

အမတ်ကြီးသည် ထိုမိမ္မဆွမ်းပို့ရာနောက်သို့လိုက်ပြီး အထောက်တော်များကို လျှို့ဝှက်ထောက်လှမ်းစီသည်။ အထောက်တော်ဖြစ်သူလည်း ထိုမိမ္မနောက်မှလိုက်၍ လျှို့ဝှက်ကြည့်ရှုသည်။ ထိုအခါ ဆွမ်းပို့အပြီး သစ်ပင်အောက်၌ အိပ်လျှက်ဟိသောမိမ္မအား ထိုသစ်ပင်ပေါ်၌နီသော မျောက်ထီးကြီးသည် ဆင်းလာခပြီး၊ စပ်ရှက်မှုပြုသည်ကို မျက်ဝါးထင်ထင်တွိမြင်ရသည်။ ထိုအထောက်တော်သည် မိမိတွိမြင်ခရသည့်အဖြစ်ကို
အမတ်ကြီးသို့ တင်ပြလျှောက်ထားသည်။ အမတ်ကြီးသည် ထိုမိမ္မအားခေါ်စီပြီး ရောက်လာသောအခါ
အမတ်ကြီးက “ဟဲ့ မိမ္မ ကျောင်းကဆွမ်းပို့၍အပြန် နင်အိပ်နီသောသစ်ပင်ထက်၌ နင့်လင်ဟိသည်။ မွီးသောအခါ မျက်နှာတွင်အမွီးပေါက်၍ မျောက်ခေါင်းကဲ့သို့ပါလိမ့်မည်ဆို၍ ထိုမိမ္မကိုပြန်စီသည်။ သန္ဓေလစိ၍ဖွားသော် သူငယ်မှာခေါင်းမှာ မျောက်ခေါင်း၊ ခြီလက်မှာ လူ့ခြီလူ့လက်၊ ဖွားမြင်သည်။ ထိုအကြောင်းကို ပြည့်သျှင်မင်းကြီးကြားသိတော်မူလတ်သော် အမတ်ကြီးသို့ တရားဆု သပြာတထောင်ပီးတော်မူသည်။ ထိုတောနီရဟန်းအားလည်း ပစ္စည်းလေးပါးဒါယကာ ပြည့်သျှင်မင်းကြီးခံတော်မူသည်။


လျှောက်ထုံးအမှတ် (၄၄)

ယိုးဒယားအမတ်ဟောင်း ကံသာမြို့စားအား ချီမျြောက်ကယ်မသည့်လျှောက်ထုံး။

တရံရောအခါ ပဲခူးမင်းကျော်ထင်နော်ရထာသည် ယိုးဒယားမြို့ကို လားရောက်တိုက်ခိုက်သည်။ ယိုးဒယားမင်း ဗျာသာတိရာဇာ၏အမတ် ဘွန်စောမှိုင်းသည် လက်လွတ်ထွက်ပြီးရသည်။ အမတ်ဘွန်စောမှိုင်းသည် မြောက်ဦးမြို့ မင်းဖလောင်းကြီးခြီတော်ရင်းသို့ ရောက်ဟိခိုလှုံသည်။ ပြည့်သျှင်မင်းကြီးသည် အမတ်ဘွန်စောမှိုင်းအား အ၀တ်အစားနီအိမ်များပီးပြီး၊ အမတ်မဟာပညာတော်နှင့်အတူ ထွက်ဝင်ခစားစီ။ အမိန့်ဟိသည်။ ထိုမှ နောက်ငါးလခန့်ကြာလတ်သော် ယိုးဒယားအမတ် ဘွန်စောမှိုင်းအရည်အချင်းကို အမတ်ကြီးသိဟိလီရာ လျှောက်ထားသောထုံးမူကား

“အသျှင်မင်းမြတ်။ ယိုးဒယားအမတ်ဘွန်စောမှိုင်းသည် လက်ရုံးရည်ထက် နှလုံးရည်ကောင်းဟိသူဖြစ်သည်။ မောဟတရားအားကြီးသူ မဟုတ်ပါ။ မူးမတ်ကောင်းရို့ လက္ခဏာဟိအင်္ဂါစုံသော မင်းသုံးရန်လိမ္မာသောဥာဏ်ဟိသူ ဖြစ်ပါသည်။ ”

လျှောက်လတ်သော် ပြည့်သျှင်မင်းကလည်း ထိုသူ့နှလုံးရည်ကို ငါလည်းသိတော်မူပြီးဖြစ်သည်။
အမိန့်တော်ဟိ၍ အမတ်ဒါကာစားသမီး ကိုယ်လုပ်တော်မင်းညိုကို ထုတ်၍ ပီးမြားတော်မူပြီး၊ ကံသာမြို့ကိုလည်း စားစီတော်မူသည်။ တနှစ်ခန့်ဟိသောအခါတွင် ကံသာမြို့မြောက်ဘက် တလခရီးတွင်ဟိသော ကပ္ပိရုပီမြို့မင်းကို ယဉ်ကျေးအောင် နှလုံးရည်ဖြင့်ဖြည်ဖြောင်း၍ ကံသာမြို့စားဘွန်စောမှိုင်းနှင့် မိတ်ဆွီဖြစ်ကြသည်။ ကပ္ပိရုပီမင်းမာရသွန်သည် သမီးနာလိမလ္လာကိုဆက်သွင်း၍ ဒါးမကျိုး၊ လှံမကျိုးပဲ ကပ္ပိရုပီမင်းခြီသော်ရင်းသို့ ၀င်ရောက်လာရသည်။

တနိသောအခါ ပဲခူးမင်းကျော်ထင်နော်ရထာကစေဟန်နှင့် လူနှစ်ယောက်သည် ကျိမ်တလီလမ်းကလာကြသည်။ တောင်ခွင်စားကခေါ်ချေသော် အတွိမခံ၊ စာကိုပစ်ချခပြီး ထွက်ပြီးသည်။ တောင်ခွင်စားသည် ထိုစာကိုယူခပြီး ပြည့်သျှင်မင်းထံဆက်သသည်။ ထိုစာကိုထည့်သော စာထုပ်တံဆိပ်လက်မှတ်ကိုကြည့်ပြီး ဖွင့်ဖြီ၍ကြည့်ရှုရာ
စာတွင်ပါသည်ကား-
အမတ်ဘွန်စောမှိုင်းသည် ကျေးဇူးသစ္စာကိုစောင့်သိရိုသေစွာ အမှုတော်ထမ်းဆောင်၍ ရက္ခပူရတိုင်းကို
အလိုတော်ပြည့်လျှင် ပိတ်ခလုံမြို့စားသနားတော်ခံစိမ့်မည်။ မင်းရို့စကား ဆင်စွယ်ပမာ ဖောက်ပြန်ခြင်းမဟိ။ ပကတိထားတော်မူ၍ ရက္ခပူရတိုင်းသို့ စေတော်မူလိုက်သည်။ သုံးနှစ်ကျော်ဟိပြီ၊ မည်သို့အကြောင်းအရာ မည်သည့်ရက်လချီသော်မူကား အရေးတော်ကုန်မည်။ ထိုပြည်၌ မူးမတ်မြို့စား မည်သူရို့နှင့် ပေါင်းဖက်ညီညွတ်မိသည်များကို နှလုံးရည်ပြည့်ဝသည့်အတိုင်း စေလူရောက်ချိန်သင့်လျှက် မရောက်မလာသည်မှာ မပေါက်မရောက်မစေသာ၍ရာ ကြာသည်။ ယိုးဒယားမင်းအမတ်ဖြစ်သော်လည်း၊ မှူးကောင်းမတ်ကောင်းရို့ အင်္ဂါပည့်စုံသူဖြစ်၍ ပညာအလျှောက် ယုံကြည်စေသုံးတော်မူသည်။ အမှုကိုဥာဏ်ဖြင့်ကြံပြီးသော် မှာတော်မူရင်း အမှုစကားရောက်အောင်လျှောက်တင်စေလွှတ်မှ ပညာဟိအင်္ဂါမြောက်မည်။ -ယင်းသို့ စာတွင်ပါလာသည်ကို ကြားတော်မူလီရာ အမတ်ကြီး မဟာပညာကျော်ပြည့်သျှင် မင်းထံလျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ မင်းနှင့်အမတ်ရို့၌ ၀င်္ကတရိတေဒ- ကြံနည်းဖြင့် ကြံရာသောအကြောင်းသည်လည်း
ဥပ္ပကပ်ဥာဏ်- ဥပါယ်တမည်ဖြင့်စဉ်းလဲ၍ အမှာအတာ စကားရောက်ပေါက်ဟိသည်ဟူလျှက် တိုင်းပြည်၌ဟိသော မလိုသူရို့ကိုသီစီကြောင်း စကားအမှာအထားစာပီးချ၍ကြံခြင်း။ ပယောဂဥာဏ်ဖြင့် အင်းမန္တာန်၊ ဆီးဝါး၊ ယတြာပြု၍ ထိုသူအား သီစီမှုကြံခြင်း ထိုသို့နှစ်မျိုးဟိပါသည်။ တကြောင်းမူလည်း- အကြည်တော် ကျော်ထင်နော်ရထာမင်းသည် တပါးနိုင်ငံ၌ မင်းပြုလျှက် စစ်မက်အလိုကြီးစွာ သတ္တ၀ါအပေါင်း သီကြီပျောက်ဆုံး လက်ရုံးမာနထောင်လွှား၊ မတရားအကျင့်အကြံ၊ ဘုရားစသောသူတော်ကောင်းရို့ မနှစ်လိုသော အယူနှင့်နီလတ်သော် ထိုမင်းအား မိမိတိုင်းသူပြည်သားရို့ကလည်းကောင်း အခြားတိုင်းတပါးသားရို့ကသော်လည်းကောင်း၊ ငြိုငြင်ကြ၍ပျက်ဆီးစီလိုခြင်းဟိ၍ နှလုံးဖြင့်ဖန်လီသောဥာဏ်။ “ဉခံထဲခဲပစ်” ပြုသော
အကြောင်းလည်း ဟိရာပါသည်။ ယင်းသို့သော အကြောင်းတခုနှင့် စာသာဖြစ်ပါသည်။ ကံသာမြို့စားဘွန်စောမှိုင်း ကျေးဇူးသစ္စာတော်ကို ဖောက်ပြန်စဉ်းလဲသဖြင့် ထိုစာတွင်ပါသည့်အတိုင်း ကျင့်ကြံဝင်ရောက်လာသူမဟုတ်ပါ။ ”

လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်းကြိုက်တော်မူ၍ ကန်သာမြို့စားအမတ်ဘွန်စောမှိုင်းကို ခေါ်၍မျှပင် မီးတော်မမူ “သ္မိသံ” ဟူသော အမည်ကိုထပ်၍ ပီးပို့သနားတော်မူသည်။






လျှောက်ထုံးအမှတ် (၄၅)

ငယ်ကျွန်ငလုံးတင် အမ်းမြို့စားတောင်းရာလျှောက်ထုံး။

တရံရောအခါ အမ်းစားချစ်သူသီလွန်၍ ပြည့်သျှင်မင်းငယ်ကျွန်ငလုံးတင်က အမ်းစားအရာကို
မင်းထံလျှောက်တောင်းသည်။ ပြည့်သျှင်မင်းက အမတ်ကြီးမဟာပညာကျော်ကိုဆိုချေတော့ အမိန့်တော်ဟိလီရာ ငလုံးတင်လည်း အမတ်ကြီးထံလာ၍ အကြောင်းကိုဆိုလာသည်။ အမတ်ကြီးက ယခုစားနီသော ခွန်သေရသင်္ဘောကင်းသာကောင်းသည်။ အမ်းစားအရာနှင့်မတော်- ယင်းသို့ဆိုလိုက်သည်ကို ငလုံးတင်မနီ၊ ငယ်ကျွန်ဖြစ်သောဂုဏ်ကို ကိုးစားလျှက် နံနက်မင်းပွဲခံသောအခါ လျှောက်ပြန်သည်။ ပြည့်သျှင်မင်းက အမတ်ကြီးကို မီးတော်မူရာ အမတ်ကြီးလျှောက်သည်ကား

“အသျှင်မင်းမြတ်။ ရီမြီကိုအစိုးရသောမင်းရို့၌ အနီးအ၀ီးမရွီးသာ၊ ပြည်ကျိုးမင်းကျိုး နှစ်မျိုးသိတတ်သူအား မင်းနီးပါး၌လည်းကောင်း၊ အ၀ီးကျေးရွာစားပီးရာ၌ လည်းကောင်း၊ ပြည်ကျက်သရေဟိ၍ ပြည့်သျှင်မင်း၌ ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးဟိလှသည်ပင်ဖြစ်သည်။ မလိမ္မာသောသူရို့ ကျိုးပြစ်မသိ၊ မိမိစိတ်ကြိုက် မင်းလိုလိုက်သည်ဟူလျှက် ပြည်သူရို့ထံ၊ ထုပ်ခွန်ဘဏ္ဍာများစွာယူငင်၊ ပြည့်သျှင်နှလုံးသင့်စီရန် ချီမြှင့်ပီးကမ်းခြင်း ပြုလီက ပြည်ရွာမသာယာ၊ သတ္တ၀ါပင်ပန်းချေက ထိုသူကြောင့် မင်းအပါယ်လားရာသည်။ တကြောင်းမူလည်း
သူတယောက်ကိုသဒ္ဒါတော်မူ၍ တိုင်းပြည်မြို့ရွာ၊ ပြည်သူရွာသားအပျက်မခံကောင်းပါ။ ငယ်ကျွန်တော်
ငလုံးတင်သည် ပညာဟိနှင့်ပေါင်းဖက်ခြင်းမဟိ၊ ကြက်တိုက်အန်ခတ်၊ စောင်းငြင်းပတ္တလား၊
သောက်စားပျော်ရွှင်မှုနှင့်သာ နီမိနီရာ၊ ဆိုမိဆိုရာ ပညာမဟိပါ။ ထိုသူအား တမြို့တရွာစားချေသော် မြို့ရွာပျက်၍ သတ္တ၀ါပင်ပန်းခြင်းသို့ ရောက်မည်အမှန်ဖြစ်ပါသည်။ အပါးတော်တွင်ရာ ၀မ်းစာဝရုံပီးလျှက် ထားသင့်ပါသည်။ ”

လျှောက်လတ်သော် ပြည့်သျှင်မင်းလည်းကြိုက်တော်မူ၍ ငလုံးတင်ကို စားမြဲသင်္ဘောကင်းနှင့်သာ
ထားတော်မူသည်။ အမ်းစားနီရာကိုမူကား ကံသာမြို့စားသ္မီသံ၏ညီ ဗြဲကွန်ဆိုင်ကို ဗြသမွန်အမည်နှင့်
မြို့စားပီးတော်မူသည်။




လျှောက်ထုံးအမှတ် (၄၆)

ထားဝယ်သား တထောင်ခန့်ခိုဝင်လာရာလျှောက်ထုံး။

တရံရောအခါ ထားဝယ်စား အလောမှုတတ်ညွန့်သည်ယောက်ျား၊ မိမ္မလူပေါင်းတထောင်မျှနှင့် ၀င်ရောက်လာသည်။ ထိုသောအခါအမတ်ကြီး မဟာပညာကျော်လျှောက်ထားသည်ကား

“အသျှင်မင်းမြတ်။ တတ်ညွန့်ရို့သည် ရှိဘီးတော်များလက်ထက် မရိမ်ချောင်းနီ မြုံကိုးခေါင်းအမျိုးသားရို့ ငြိမ်သက်စွာမနီ၊ မြို့ရွာကိုတိုက်ဖျက်၊ လုယက်ဆိုးသွမ်းယုတ်ကြမ်းသော အကျင့်ကြောင့် ထိုအရပ်က သင်းရို့ကိုခေါ်၍ ဘီတော်ဒသရာဇာမင်းက မာန်အောင်ကျွန်းတွင် ချထားတော်မူရာ တနှစ်ခန့်ဟိသောအခါတွင် ထွက်လားလီ၍ ယိုးဒယားနှင့် ပဲခူးနှစ်ပြည်အကြားတွင်နီလီရာ မြုံကိုထားဝယ်တွင်သည်။ ယင်းရို့နှင့်တူသော
ဇာတိရင်းဥပမာသော်ကား- တော၌ကြီးပြင်းသောသတ္တ၀ါကို၊ လူယူ၍မွီးထားလတ်သော်
တပါးသောအကောင်ဖြစ်လျှင် ယဉ်ကျေးပျော်ပိုက်ကြသည်ပင်၊ တောကြက်အမျိုးသည်ကား လုံစွာထားမှနီပါသည်။ မလုံလွတ်ချေမူ တောသို့သာလားသည်။
ထို့အတူ မြုံ၊ ထားဝယ်၊ ပသျှုး၊ လေးတူး၊ ချင်း၊ လင်းကဲ၊ ကချင် အမျိုးသားရို့သည် တောကြက်နှင့်တူပါသည်။ တိုက်ယူလုယက်စားသောက်မပြုရသော် အရှည်နီမည့်လူမျိုးမဟုတ်ပါ။ လူနီမြို့ရွာအနီးအပါးထားချေမူ သင်းရို့သွေးဆောင်ရာပါ၍ လူဆိုးကြောင့် လူကောင်းပျက်တတ်ပါသည်။ သင်းရို့ချည်းတစုတည်း အုန်းကျွန်းမှာချထား၍ အုန်းသီးဘဏ္ဍာကိုရာ သင်းရို့က နှစ်စဉ်ဆက်သွင်းစီရမည်။ ”

လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း ကြိုက်တော်မူသည်။ မြုံ၊ ထားဝယ်ရို့ကို အုန်းကျွန်းမှာချထားသည်။


လျှောက်ထုံးအမှတ် (၄၇)

ခမည်းတော်နန်းဟောင်းရာ ဖျက်သင့်မဖျက်သင့်လျှောက်ထုံး။

အခါတပါး၌ ဒါဂါမြို့စားထံသို့ ကုလားသူဌီးအစလင်ဆိုသူ ရောက်လာသည်။ ထိုသူဌီးသည် အထက်မင်းပါကြီးသည် ကုလားဘင်္ဂါတဆယ့် နှစ်မြို့ရို့ကိုသိမ်းယူစဉ် ဒါဂါမြို့၌ နန်းတော်ဆောက်လုပ်စံတော်မူခသော မြီနီရာဟောင်းတွင် တိုက်ဆောက်လိုသည်။ သို့ကြောင့် ဒါဂါစားသို့ ရွှေသပြာတထောင်ပီးပြီး ထိုမြီကို ရလိုကြောင်းပြောသည်။ ဒါဂါစားက ဘုရားခမည်းတော်စံခသော နန်းတော်နီရာဖြစ်သည်။ နီတော်မဆိုဝံ့သိမ့်၊ သူဌီးရွှေသပြာတထောင်ကို
မင်းကြီးထံဆက်သ၍ လျှောက်တင်ဦးမည်။ ယင်းသို့ဆိုပြီး ပြည့်သျှင်မင်းကြီးထံလျှောက်ထားလာသည်။
မင်းကြီးကားမည်သို့မျှမဆို၊ မဟာပညာကျော်သို့ရာ ကြည့်တော်မူသည်။ ထိုသောအခါအမတ်ကြီး
လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိကာလ၌ ၀ါသုဒေ၀မင်းသည် အယုဇ္ဈပူရတိုင်း ဒွါရာပတိမြို့တွင်မင်းပြုသည်။ ဇဗ္ဗူဒီပါ တကျွန်းလုံးကိုလည်း အုပ်စိုးတော်မူရသည်။ သို့ဖြစ်လျှက် ထိုမင်းပျက်ချိန်နီးလတ်သော် အမျိုးမစောင့်၊ မင်္ဂလာတရား လွတ်လီသောကြောင့် ထိုမင်း သီခြင်းမလှသီရသည်။ ဝေသာလီမြို့တွင်လည်း ဗြဟ္မဏရာဇာမင်း၏ အနွယ်တော်ခြောက်ဆက် နောက်သရဘန်မင်း၏အနွယ် တဆယ့်ခြောက်ဆက်အဆုံး ဗြဟ္မသိဒ္ဓိမင်းသည် ပျက်ချိန်နီးလတ်သော် မိဘဘိုးဘီးအသုံးအဆောင်ကိုဖျက်၍ ရှိမင်းရို့ အလားအနီအစား အပြောမတူ၊ ရှိထုံးလွတ်သောကြောင့် ကပ်ဥပါဒ်ဆိုက်ရောက်ပျက်စီးဘူးပါသည်။ ဓည၀တီမြို့တည် မာရယူမင်းအနွယ် ငါးဆယ့်လေးဆက်အဆုံး၊ မင်းငယ်ပျော်လှစည်သူသည်
ကျိုးပြစ်မသိတတ်သော သူယုတ်မာရို့စကားကိုနာ၍ ဘီးတော်ဘိုးတော် ခမည်းတော်ရို့အားပြစ်မှားလျှက် ကန်သုံးဆင့်မြို့ဟူ၍ တည်ပြီးသော် ရှိမင်းရို့လုပ်ခသော အခမ်းအနား၊ ဘုရား၊ ပုထိုး၊ ဂူကျောင်း၊ ဇရပ်များကိုဖျက်ဆီး၍ အမတ်မိုက်ရို့နှင့် ပေါင်းဖက်ပျော်ပါးနီသည်။ အမျိုးမစောင့် တရားမဟိလီခြင်းကြောင့် ပြည်သူရို့ငြိုငြင်ခြင်းဟိလတ်သောအခါ အမတ်သုံးယောက်ပုန်စား၍ ထိုမင်းလွန်ရသည်။ တိုင်းပြည်ကို ပုန်စားသူ အမတ်သုံးယောက်ရို့ အုပ်စိုးကြသည်။

လူရို့၌ မိကြီးဘကြီးရို့လုပ်ဆောင်ထားခသော အခမ်းအနား၊ အဆောက်အဦးရို့ကို မဖျက်ကောင်းလှပါ။ ဖျက်ဆီးချေသော် အကျိုးမဟိ။ အပြစ်သာရောက်ပါကြောင်း ထုံးဟောင်းသက်သီဟိပါသည်။”

ထိုသို့ အမတ်ကြီး လျှောက်လတ်သော် ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား
“ခမည်းတော်ဘုရား ကုလားပြည်ကိုချီတော်မူသောကာလ စံတော်မူခသောစခန်း၊ နန်းတော်ရာများတွင်
ကျေးရွာချထားတော်မူခသည့်အတိုင်း မပျက်စီရ။ ကြီးကျယ်အောင်ကိုရာပြုစီ။ စစ်တကောင်း၊ ဒါဂါမြို့များတွင် တည်ထားခသည့် မြို့နန်းများကိုလည်းမပျက်မစီးစီရ။ ကောင်းမွန်စွာ အစောင့်အနီနှင့်ထားစီ။”ယင်းသို့ အမိန့်တော်ထားပညတ်တော်မူပြီး၊ ဒါဂါစားဆက်သော ရွှေသပြာတထောင်ကိုလည်း ပြန်ပီးတော်မူသည်။ ဒါဂါစားကလည်း ထိုရွှေကို သူဌီးကြီးသို့ပြန်ပီးပြီး၊ အဓွန့်ရှည်တည်တန့်အောင် နန်းတော်ရာတွင် ကျောက်မော်ကွန်းတိုင် စိုက်ထားသည်။


လျှောက်ထုံးအမှတ် (၄၈)

ပြင်မြို့ဟောင်း ဖျက်သင့်မဖျက်သင့်လျှောက်ထုံး။

တရံရောအခါ ပဲခူးမင်းကျော်ထင်နော်ရထာချီလာသည်ဟု ကြားလတ်သော် ပြည့်သျှင်မင်းဖလောင်းကြီးသည် ပြင်မြို့ကြီးကို ကောင်းမွန်ခိုင်ခန့်အောင်ပြုလုပ်စီသည်။ တန်းခါး၊ ပြအိုး၊ ကျုံး၊ မြောင်းများကိုလည်းပြုလုပ်ရမည်ဟု အမိန့်တော်ဟိသည်။ လုပ်ဆောင်ကြသောအခါ၌ လက်ဆီးကန်နှင့်အိုင်ရို့အကြား မြို့တထပ်ဆီးကာလျှက် လုပ်ရသည်။ ကျောက်အုတ် မလုံမလောက်ဟိသည်။ ပြည့်သျှင်မင်းကြီးက ပန်းဈီးမြောင်းဖျား တောင်ဘက်၌
မြို့နှစ်ထပ်ဟိသည်မှာ ပြင်မြို့သည် ရီကာလုပ်ဆောင်ထားခသော အရာသာဖြစ်သည်။ မြို့တံတိုင်း အ၀င်မဟုတ်။ ပြင်မြို့ကိုဖျက်၍ယူစီ။ အမိန့်တော်ဟိလတ်သည်။ ထိုအခါအမတ်ကြီး မဟာကျော်လျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ ဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့ သင့်လျှော်တင့်အပ်သော အမှု၊ လုပ်ဆောင်ထားခသမျှကို မဖျက်ဆီးကောင်းပါ။ တကြောင်းတုံလည်း လူရို့၌ အသျှင်အထွတ်အထိပ်ဖြစ်သော မင်းဧကရာဇ်ရို့စံတော်မူရာ မြို့၊ နန်း၊ ထီး၊ ဗဟိုရ်စည်၊ နာရီ၊ ထိုလေးပါးရို့သည် စတုစက်ထွန်းရာမင်္ဂလာချည်းဖြစ်၍ အဟောင်းအနွမ်းဟူသမျှကို ရှိမင်းရို့သုံးဆောင်ဘူးသည့်ထုံးမဟိ၊ မသုံးဆောင်သင့်ပါ။ ဥပမာသော်ကား- အပင်ထက်၌ ပွင့်သောပန်းသည် ထိုအပင်က ကြွီလီမူ တဖန်ထိုအပင်သို့ ထိုပန်းပွင့်မရောက်နိုင်ပြီကဲ့သို့ ရှိသူရို့လုပ်ဆောင်ထားသမျှကို မိမိနီရာတွင်သာ ဟောင်းနွမ်းဆွီးမြိစီရာသည်။ နောက်သားယူ၍ မင်္ဂလာမပြုအပ်။ တကြောင်းမူလည်း ရီမြင်းသနင်း မင်းရို့ကျင့်ရာ အဓိပတိသုံးရပ်ဟိပါသည်။
မင်းစက်တော်မူသော ကျက်သရီ နန်းတော်ဆောင်။
သဘင်ခံရာ ရာဇပလ္လင်ဟိသော နန်းဆောင်။
ဘေရီစည်ကြီး ဗဟိုရ်ဟိသော နန်းဆောင်။
ထိုသုံးရပ် အဓိပတိရို့သည်လည်း ပြည့်သျှင်မင်းဟိလျှက် မဆိတ်မညံအပ်ပါ။”

ယင်းသို့ ထုံးဟောင်းသက်သီနှင့် အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းလည်း ကြိုက်တော်မူ၍ ထင်းမီးသမား ကုလားတသောင်းရို့ကို အဉ္စနနဒီမြစ်ဖျား၌ဟိသော ကျောက်ရို့ကို ဆောင်ယူစီပြီးမှ လက်ဆီးကန်နှင့်အိုင်နှစ်ခုအကြား၊ မြို့ရိုး၊ သူရဲပြီး၊ သူရဲခို၊ ပြအိုး၊ တန်းခါးဟိသမျှမကောင်း ဟောင်းနွမ်းပျက်ဆီးသည်များကိုလုပ်ဆောင်၍ သူရဲလက်နက်အစုံ၊ ကြည်းရီအပြည့်စည်းကြပ်ပြီး မော်တင်ကြောင်း၌လည်း ဒါဂါစားကို သင်္ဘောနှစ်ဆယ့်ငါးစင်းနှင့်စောင့်ကြပ်နီစီသည်။
ညီတော်ကုလားတန်စားကိုလည်း ကိုယ်ရံတော်သူရဲငါးသောင်းပီးတော်မူ၍ အမတ်ကိုယ်ရံတော်ကြီးနှင့်
တောင်စဉ်ချောင်းပေါက်တိုင်း၌ ပိတ်ဆို့နီစီသည်။



လျှောက်ထုံးအမှတ် (၄၉)

ဒီလီမြို့ကို တိုက်ယူသင့်မသင့်လျှောက်ထုံး။

တရံရောအခါ မောက်သူဇာမြို့စားဥတ္တမကျော်ခေါင်က ဒီလီမြို့ကုလားပသီမင်းသည် ပြည်သူရို့ကို
နှိပ်စက်ပြုကျင့်လေ့ဟိသည်။ တိုင်းပြည်မြို့ရွာ မသာမယာ၊ မြို့ရွာပျက်ပြားလျှက် ဆူပူသောင်းကျန်းဟိပါသည်။ ဒီလီမြို့ကို တိုက်ယူတော်မူလျှင် အလွယ်နှင့်ရပါမည်ဟူ၍ ပြည့်သျှင်မင်းဖလောင်းကြီးထံ လျှောက်ထားလာသည်။ ထိုရောအခါ အမတ်ပညာဟိ မဟာပညာကျော်လျှောက် ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိဘီးတော်ဘိုးတော်မင်းများလက်ထက် ကုလားနိုင်ငံ ဒီလီမြို့သည်ရက္ခပူရ တိုင်းအပိုင်မဟုတ်ချေ။ အနောက်မျက်နှာ မောက်သူဇာမြို့။ အနောက်မြောက်ဘက် ဘိလတ်မြို့တွင်အဆုံး။ ယင်းသို့ ကျောက်စာသမိုင်း ရာဇ၀င်အထင်အရှားဟိပါသည်။ ဘီးတော်မင်းစောမွန်လက်ထက် အရှိဘက်မင်းစော်ကဲကြီးသား မင်းဆွီသည် မြတ်စွာဘုရား သာသနာတော်မှအပဖြစ်သော အကျင့်အယူကိုရာနှစ်လိုသောမင်းဖြစ်၍ သူတော်ကောင်းပညာဟိရို့
စကားကိုမနာမယူ၊ သူယုတ်မာရို့စကားကိုရာနာယူသောကြောင့် တရားလွတ်လျှက် ရှိကအငြိုးမပြေမကုန်သည်ဖြစ်၍ မင်းဆွီသား မင်းရဲကျော်စွာ လာရောက်ဖျက်ဆီးသောအခါ ဘီးတော်မင်းစောမွန်သည် ထွက်ပြီးယှောင်နီရသော ကာလ အနောက်ဘင်္ဂါတဆယ့်နှစ်မြို့ကို ရာရလျှက် အုပ်ချုပ်နီရသည်။ ထိုသောကာလ ဒီလီမင်းကပင် အရှိဘက် ပြူ၊ တလိုင်းရို့ကို တိုက်ခိုက်စီ၍ မင်းစောမွန်ကို နန်းတင်သည်။ ယင်းသို့ကျေးဇူးကြောင့် ဘင်္ဂါတဆယ့်နှစ်မြို့ကို
ဒီလီမင်းအပိုင်ပီးအပ်ခသည်။ သို့ကြောင့် မင်းတဆယ့်နှစ်ဆက်၊ နှစ်ပေါင်းတရာကျော် ဘင်္ဂါတဆယ့်နှစ်မြို့ရို့ကို ကုလားမင်းပိုင်ဖြစ်ဟိခပါသည်။

ဘုရားခမည်းတော် မင်းပါကြီးလက်ထက်ရောက်မှသာ ရှိရိုးအတိုင်း ဘင်္ဂါတဆယ့်နှစ်မြို့ရို့ကို သိမ်းယူတော်မူသည်။ ထိုသည့်အခါ တရားမဟိသောမင်းကဲ့သို့အလွန်ပြုသော် ဒီလီမြို့တိုင်အောင် အလွယ်နှင့်ရမည်ကိုသိတော်မူလျှက် မသိမ်းမယူ။ ၀ိလုပ္ပန္နနိ ဇင်္ဂလမင်းကဲ့သို့မပြုသင့်၊ အမိန့်တော်ဟိ၍ ရှိအစဉ် နိုင်ငံတော်ကိုရာ သိမ်းယူပြန်ခဲ့ပါသည်။

အသျှင်မင်းမြတ်။ လုယူတိုက်ဖျက်၊ သတ်ဖြတ်ညှင်းဆဲ၊ လက်နိုင်သမျှပြုသောအမှုရို့သည် သူတော်ကောင်း၊ မင်းကောင်း၊ အမတ်ကောင်းရို့ အလေ့မဟုတ်ပါ။ သူယုတ်မိစ္ဆာ၊ ပညာကင်းသောသူရို့အလေ့ရာဖြစ်ပါသည်။
ဥပမာထုံးသော်ကား- သူယုတ်ရို့အကျင့်အကြံသည် ခွီးနှင့်တူသည်။ ခွီးရို့သည် မိမိတပ်စွမ်းသော
အမှုကိုမြင်လျှက်မူ ရှက်ခြင်းမဟိ။ ဒေါသပြင်းစွာ နိုင်တတ်နှိပ်စက်တတ်သောအကျင့်ဟိခြင်း၊ ခင်မင်သောကြောင့် အမျိုးစောင့်ခြင်းမဟိ၊ ကျီးရို့မှာမူကား- အကြောင်းဆိုက်ရောက်လတ်ဟိမူ၊ မိမိရို့အမျိုးဝိုင်းအုံစုရုံးလျှက်၊ အမျိုးသားချင်း နှိက်စက်လေ့မဟိ။ ကောင်းလည်းအတူ၊ ဆိုးမူအမျှ ပြုလေ့ဟိခြင်း၊ ယင်းသို့ပမာ လူမိစ္ဆာမျိုးရို့သည်လည်း၊ ခွီးကဲ့သို့ နိုင်ထက်ပြုလေ့ဟိပါသည်။ ရှိပညာဟိရို့ဆိုခသောအကြောင်းမှာလည်း- ရီမဟိသောကန်၊ ဆန်မဟိသောစပါး၊ တရားမဟိသောမင်းမျိုး၊ အခိုးမဟိသောမီး၊ ထိုလေးခုသည် အလားတူကြောင်း ထုံးဟောင်းဟိရာ၌ ရီမဟိသောကန်သည် သတ္တ၀ါရို့ မှီခိုရာမဟိခြင်းကြောင့် မစည်ကားရာ။ ဆန်မဟိသော စပါးဖျင်းရို့သည်လည်း အသုံးမဟိစွန့်ရသည်။ တရားမဟိသောမင်းမူလည်း ဆိုမိဆိုရာနှင့် တိုင်းပြည်မစည်ကားရာ၊ အခိုးမဟိသော မီးဟူသည်ကား တန်ဘိုးဟိသည်မဟိသည်မသိ၊ အဆိုးအကောင်းမခွဲခြား၊ လောင်မိလောင်ရာလောင်တတ်ခြင်း။ ယင်းသို့ အနိဌလေးပါးတူကြောင်း ထုံးဟောင်းဟိပါသည်။

တကြောင်းမူလည်း ဥတ္တမကျော်ခေါင်နီရပ် မောက်သူဇာ၊ ကုလားမင်းနီရပ် ဒေလီနှင့် အနီးအစပ် ဖြစ်ကြ၍ သော်လည်းကောင်း၊ ကျေးကျွန်အမှုထမ်းချင်းသော်လည်းကောင်း၊ ရန်ရှက်တင်ကြရာ ဒေါသအလျှောက် ပျက်စီးစီလိုလျှက် လျှောက်လာသည့်အကြောင်းလည်း ဖြစ်ရာပါသည်။ မောက်သူဇာမြို့စား မတရားသောစကားကို လျှောက်လာသူအား ထိုအရပ်၌ထား၍ သင့်မည်မဟုတ်ပါ။”

အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း ကြိုက်တော်မူ၍ တောင်ခွင်စားဇော်တသူကို တောင်ခွင်ကနှုတ်၍ မောက်သူဇာမြို့စားပီးတော်မူသည်။
ကင်းစားချင်းဖိုကိုလည်း ကင်းကျေးကနှုတ်၍ တောင်ခွင်စားအရာပီးတော်မူသည်။ ကင်းချောင်းသားရို့သော်ကား
တိန်းနီဆိုတိုင်းနာသောသူများဖြစ်၍ မောက်သူဇာမြို့စားဥတ္တမကျော်ခေါင်ကို ကင်းစားအရာ၌ထားတော်မူသည်။




လျှောက်ထုံးအမှတ် (၅၀)

ဆင်ကဲကြီးသီလွန်ရာတွင်လျှောက်ထုံး။

တရံရောအခါ အမတ်တော်ဆင်ကဲကြီး ဇေယျဗိုလ်ကွယ်လွန်သည်။ မှူးမတ်ရို့အကြောင်းကို ပြည့်သျှင်မင်း သိတော်မူလို၍ အမတ်တွင် သက်ဟိသက်မဲ့ဟိသမျှ ပစ္စည်းစာရင်းယူရမည်။ အမိန့်တော်ဟိလတ်သည်။ သို့နှင့် စာရင်းယူကြသည်။ စာရင်းယူသောအခါ ကျေးကျွန်၊ ကျွဲနွား၊ လယ်ယာဥယျာဉ်နှင့် မူးမတ်အဆောင်အရွက်များ စာရင်း။ ၎င်းင်းပြင် ရွှေသပြာခုနှစ်ဆယ်၊ ငွေသပြာတထောင်ရကြောင်း ပြည့်သျှင်မင်းကြီးထံလျှောက်လတ်သော် အမိန့်တော်ဟိသည်ကား “ဆင်ကဲကြီးဇေယျဗိုလ်သည် ဘီဘိုးဆင်းသက်၍ ဆင်ကဲအမတ်ကြီးအရာနှင့်လာသူ၊ ခမည်းတော်ဘုရား လက်ထက်တော်ကသည် ယခုတိုင်အထိအသက်သျှစ်ဆယ်ကျော်မှ သီလွန်သည်။
သပြာဥစ္စာမဟိသည့်အရာမှာ မည်သို့အကြောင်းအရာဟိသည်ကိုလျှောက်ထားရမည်။” အမိန့်တော်ဟိလတ်သည်။ ထိုအကြောင်းကို အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား

“အသျှင်မင်းမြတ်။ သာကီဝင်မင်း မင်းသုဓမ္မရာဇာ၊ ပညာပဏ္ဍိတောစသောမင်းကောင်းရို့၌၊ လာဘောဓနံ-ရွှေငွေသပြာများကို မတရားသဖြင့်မယူခြင်း။ နသဘာသဘင်မဟုတ် သွမ်းသောအလေ့ကိုမပြုခြင်း။ မုသာဝါဒစသောအမှုရို့ကို မဆိုခြင်း၊ တထာဂတာ- အလာအလား၊ အစားအအိပ် အပြောအဆိုအနီတတ်သော ရာဇညော- မင်းရို့စိုးသောနိုင်ငံသည် အလွန်သာယာဘွယ်ဟိ၏။ သူတော်ကောင်းရို့၌လည်း အပေါင်းသင့်ရာ သူတော်ချင်းချင်း၊ သူယုတ်ရို့၌လည်း သင်းပင်းသင့်စွာ သူယုတ်မာချင်း။ ယင်းဆိုခပြီးသော ရှိပညာဟိစကား။ မင်းချစ်အပ်သောသူ တကျိပ်လေးယောက်သောအမတ်ကောင်းသည်-
၁။ မင်းအပါယ်မှလွတ်အောင် ပြောဆိုတတ်သောသူ
၂။ အကျင့်သီလပညာဟိသောသူ
၃။ မင်း၏အသက်ကိုစောင့်သောသူ
၎။ မင်း၏အကျိုးကိုဆောင်ရွက်တတ်သူ
၅။ မင်း၌အမှုဟိသောအခါ အဖော်ရသောသူ
၆။ မင်း၏ရန်သူကို အောင်တတ်သောသူ
၇။ မြို့ရွာကို စည်ပင်အောင်ပြုတတ်သောသူ
၈။ မင်းအကုသိုလ်၌ပျော်ပိုက်၍ ကောင်းကျိုးမမိလျှော့ရာ ကောင်းစွာလျှောက်တတ်သောသူ
၉။ တည်ကြည်သိမ်မွိသောသူ
၁၀။ အမှုကြီးငယ်ကို ပြီးအောင်စီရင်နိုင်သောသူ
၁၁။ သူတပါးမလားဝံ့သောခရီးကို လားနိုင်သောသူ
၁၂။ သူရဲကောင်းသောသူ
၁၃။ အမြိန်အရသာကို ကောင်းစွာချက်တတ်သောသူ
၁၄။ တိုင်းတပါးမှာဟိသောသူရို့အား၊ ရောက်အောင်သွေးဆောင်ယူနိုင်သောသူ
ထိုသူရို့အား မင်းပြစ်မရောက်ရာ။

ရန်အောင်သော အကြောင်းလေးပါးမူကား
၁။ သစ္စံ- မှန်သောစကားကိုဆိုခြင်း
၂။ ဓမ္မံ- တရားသဖြင့်ကျင့်ကြံခြင်း
၃။ ၀ီရိယံ- ပညာဝီရိယဟိခြင်း
၎။ လုံ့လခေမံ- ပညာလုံ့လဟိခြင်း။

မပေါင်းအပ်သောသူ ငါးယောက်မှာကား
၁။ အအိပ်ကြူးသောသူ
၂။ ယစ်မျိုးဝကိက်သောသူ
၃။ မိုက်သောသူ
၎။ အမျိုးမစောင့်သောသူ
၅။ စဉ်းလဲကောက်ကျစ်သောသူ

စကားအရာ အင်္ဂါလေးချက်မူကား-၁၄၄

၁။ သူဘာသိတ၀ါစာ- ကောင်းသောစကားကိုဆိုတတ်ခြင်း
၂။ ပီယ၀ါစာ- တရားနှင့်ညီသောစကားကို နာဘွယ်ချစ်ဘွယ်ဖြစ်အောင်ဆိုတတ်ခြင်း
၃။ သစ္စ၀ါစာ- မှန်သောစကားကိုရာဆိုတတ်ခြင်း
၎။ ဓမ္မ၀ါစာ- တရားနှင့်လျှော်သောစကားကိုရာ ဆိုတတ်ခြင်း။

ဂတိလေးပါးမူကား
၁။ ဆန္ဒာဂတိ- အမှားအမှန်မရွီးမူလျှက် ထိုသူအလိုသို့လိုက်တတ်ခြင်း
၂။ ဒေါသာဂတိ- အမျက်ဒေါသနောက်သို့လိုက်တတ်ခြင်း
၃။ မောဟာဂတိ- မိမိမိုက်၍မှားခြင်း
၎။ ဘယာဂတိ- ဖီးကိုကြောက်၍လိုက်နာခြင်း

စသော နည်းနာရို့နှင့်အညီ အမတ်တော်ဆင်ကဲကြီးသည် မူးကောင်းမတ်ကောင်းအင်္ဂါနှင့် ပြည့်စုံသောသူ ဖြစ်ပါသည်။ မတရားနည်းဖြင့် ရွှေငွေကိုမရှာမှီးသည်ကြောင့် ပစ္စည်းဥစ္စာနည်းပါးရသည်ဖြစ်ပါကြောင်း”

နှင့်လျှောက်လတ်သော် ပြည့်သျှင်မင်းလည်းကြိုက်တော်မူ၍ အမတ်တော်ဆင်ကဲကြီးကို တိုက်တော်ကငွေထုတ်၍ သဂြိုဟ်တော်မူသည်။



ရခိုင်လျှောက်ထုံးများ အမှတ် (၅၁ မှ ၇၂) ထိ
--------------------------------------------

ဗလကျော်သူနှင့် တုရင်မဏိသူရို့ ခိုဝင်သည့်အရေးတွင်လျှောက်ထုံး။

တရံရောအခါ အင်းဝမြို့နိုင်ငံကို ပဲခူးမင်းကျော်ထင်နော်ရထာ တိုက်ခိုက်သိမ်းယူသည်။ အင်းဝမင်းစည်ကျော်ထင်ကိုလည်း လက်ရဖမ်းဆီးယူဆောင်လာလတ်သည်။ ထိုအခါ အင်းဝမင်းစည်သူကျော်ထင်၏အမတ် လောင်းရှည်စားဗလကျော်နှင့် အမြင့်မြို့စားတုရင်မဏိ သူနှစ်ယောက်သည် လွတ်ရာသို့ထွက်ပြီးကြသည်။ ထိုသို့ထွက်ပြီးကြရာ ရခိုင်ပြည့်သျှင်မင်းထံရောက်ဟိကြသည်။ ရခိုင်မင်းက စားရန်ရိက္ခာနီအိမ်များပီးပြီး ကောင်းစွာထားတော်မူသည်။ တလခန့်ဟိသောအခါ အင်းဝမင်းအမတ်နှစ်ဦးအရည်အသွီးကို အမတ်ကြီးမဟာပညာကျော်သို့ မီးတော်မူသည်။ အမတ်ကြီးမဟာပညာကျော် လျှောက်တင်သောထုံးမူကား

“အသျှင်မင်းမြတ်။ လောကီလောကုတ္တရာနှစ်ပါးတွင် လောကုတ္တရာ၌ တဏှာကုန်ရာသောတရားကို မြတ်စွာဘုရားဟောကြားတော်မူသည်ကား-
အနေကဇာတိသံသရံ၊ သန္ဓာဝိဿံအနိဗ္ဗံတံ။
ဂဟကာရံဂဝေသန္တော၊ ဒုက္ခာဇာတိပုနပ္ပုနံ။
ဂဟကာရကဒိဌောသိ၊ ပုနေဂေဟံနကာတသိ။
သဗ္ဗာ တေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသခံ။
ဝိသင်္ခါရဂတံစိတ္တံ၊ တဏှာနံခယမဉ္စဂါ။
ဤစကားတော်သည် ပထမတရား

တဒ္ဒဒါနိဘိက္ခဝေအာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရ၊ အပ္ပမာဒေန၊ သမ္ပါဒေထ။
ဤစကားတော်ကားအဆုံးတရား
ယင်းသို့ကျမ်းဂန်လာသည့်အတိုင်း၊ သံသရာဝဋ်ရို့ကုန်ရာဖြစ်သော တဏှာ၏အကြောင်းကို သိအပ်ရာသည်။ တဏှာကုန်ဆုံးသော် သံသရာလည်းဆုံးလီတော့ကြောင်း ဗုဒ္ဓ၏အစဦးနှင့်အဆုံး တရားတော်ဖြစ်ပါသည်။ ယင်းနှင့်စပ်၍သိရာသောအကြောင်း လောကီမှုမှာလည်း မင်းကောင်းမင်းမြတ်ရို့ နီရပ်မြို့အင်္ဂါခုနှစ်ပါးဟိကြောင်း ကျမ်းဂန်လာသည်မှာလည်း-
သာမျာမစ္စောသခါကောသော၊ ဒုဂ္ဂဉ္စ၀ိဇိတံဗလံ
ရဇ္ဇာနိသိသတ္တေကေ သိယုံပကတိထောပိစ။
ထိုသို့ကျမ်းဂန်လာရာ၌-
၁။ တရားကိုသိ၍ လိမ္မာစွာအမျိုးကိုစောင့်သောမင်းလည်းတပါး။
၂။ မင်းနှင့်တိုင်းပြည်ကျက်သရေဟိအောင်ဆောင်နိုင်သော အကျိုးအပြစ်ကိုသိ၍ လောဘ၊ ဒေါသ၊ မောဟစသော ပညာဟိအမတ်ကောင်းလည်းတပါး။
၃။ စစ်မက်မဟိ တိုင်းတပါးမင်းရို့အား မိတ်ဆွီဝင်ခြင်းလည်းတပါး။
၎။ ပြည်သူရို့အခွန်ကိုမလွန်စီရ၊ မှန်သောဘဏ္ဍာ၊ ဥစ္စာရွှေငွေ၊ ဆန်ရီစပါးများခြင်းလည်းတပါး။
၅။ ကျုံး၊ မြောင်း၊ မြို့ရိုး၊ ပြအိုး၊ တန်ဆောင်းခိုင်လုံစွာ မြို့တွင်းမြို့ပြင် သန့်စင်ယှင်းလင်း၊ စက်ဆုတ်ဖွယ်
မဟိစီရ၊ ညီညွတ်ခြင်းလည်းတပါး။
၆။ ကျေးလက်နိုင်ငံ စည်ကားခြင်းလည်းတပါး။
၇။ ရဲမက်ဗိုလ်ခြီ၊ မြင်း၊ ဆင်စသော လက်နက်မီးပေါက်များခြင်းလည်းတပါး။

ယင်းသို့စုံသော တိုင်းပြည်ကိုမှသာ တိုင်းကြီးပြည်ကြီးပီ၍ မင်းကောင်းမင်းမြတ်နိုင်ငံဟူ၍ ကျမ်းဂန်လာပါသည်။ ထိုမှတပါးတည်း ပညာဟိအင်္ဂါဟိ ပြန်ပါသည်။

သုစိပုဘာဝိနိမုတ္တာ၊ ကထံသောပဏ္ဍိတော တောဘဝေ။
သုစိပုဘာနမုစ္စတာ၊ တသ္မာ ပဏ္ဍိတော ဟောတိ။

ထိုသို့ကျမ်းဂန်လာသော လေးခွန်းအက္ခရာနှင့်ဆင်ခြင်သော် လောင်းရှည်စားဗလရဲကျော်သည် အင်္ဂါမဟိသူ။ မူးမတ်စဉ်အနွယ်မ၀င်၊ တဒင်္ဂဖြစ်သော သူလက္ခဏာဖြစ်ပါသည်။ မြင့်စားတုရင်ပဏိမူကား ပညာဥာဏ်လျှောက် ပတ်စွာမူးရိုး၊ မတ်ရိုး၊ မတ်မျိုး လက္ခဏာဟိပါသည်။”

ယင်းသို့အကြောင်း လောကီလောကုတ္တရာနှစ်ဖြာသော ကျမ်းလာထုံးဟောင်းနှင့် လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးအမိန့်တော်ဟိသည်ကား “လူနှစ်ယောက်အရည်ကို ငါလည်းသိတော်မူသည်ပင် သို့ရာတွင် ချမ်းသာလို၍ မှီခိုလာသူအား ချမ်းသာစီရာသည်။ သူမကောင်းမူ သူ့၌ရာအပြစ်၊ ငါမူကား အကျိုးသားဖြစ်မည်”  မိန့်တော်မူ၍ တုရင်မဏိသူမှာ မီးပြ၊ ကင်းဗလရဲကျော်ကို ပြွန်ရှည်ကင်းစားအရာ ပီးတော်မူသည်။

ထိုသို့ပီးတော်မူ၍ တနှစ်ခန့်ဟိမှ ဗလရဲကျော်သည် ကင်းခွန်ငွေကိုခိုးယူပြီး တရွေးချောင်းလမ်းက အရှိပြည်သို့ထွက်ပြီးသည်။ ထိုသူအား ချင်းရို့ဖမ်းမိပို့ဆက်လာကြသည်တွင် အမတ်ကြီးလျှောက်ပြန်သည်ကား

“အသျှင်မင်းမြတ်။ သူယုတ်ရို့အင်္ဂါ လက္ခဏာကို ကျမ်းဂန်လာသည်မှာလည်း-
အလသောစ ပမာဒေါစ၊ အနတ္တ ဒေစသံသယော။
နိဒ္ဒါတန္တိစ တေဆိဒ္ဒေ၊ သဗ္ဗသောနံဝိယောဇယေ။
ထိုသို့သူတော်ကောင်းအမှာဟိပါသည်။

အသျှင်မင်းမြတ်။ သူယုတ်ရို့အား ဖီးရန်ဟိသောခရီးကို ယှောင်ကြဉ်သကဲ့သို့ ပညာဟိသောသူရို့ ယှောင်ကြဉ်ရမည့် အကြောင်းဖြစ်ပါသည်။ အပြစ်မပြုသင့်ပါ။ ”

လျှောက်လတ်သော် ပျော်ရာသာနီလီတော့ အမိန့်တော်ဟိ၍ စားသုံးရန်အသပြာတရာပီးတော်မူပြီး၊ ပြည်မှထွက်ခွာခွင့်ပြုတော်မူသည်။ တုရင်မဏိသူကိုမူကား- ကိုယ်လုပ်တော် မောင်းမသဇင်ညိုကို ထုတ်၍ ပီးမြားတော်မူပြီးလျှင် ဥဿလင်းချောင်းစားအရာပီးတော်မူပြီး မှူးမတ်အရာနှင့် ထားတော်မူသည်။

တနိသောအခါ တုရင်မဏိသူ ဥဿလင်းသို့ထွက်လီရာ မြို့ရို့အရပ်တွင် ထူးဆန်းသော ပိတကာပင်ကြီးတပင်တွိသည်။ ထိုအပင်နှင့်အသီးများကို ရွှေချ၍ယူခပြီး ရွှေပဒေသာပင်ရဟိခသည်။ ယူလာရာပြည့်သျှင်မင်းကြီးက အသုံးကင်းစားငလုံးတင်ကို အကြိုစေလွှတ်တော်မူသည်။ ငလုံးတင် ရလာကင်းဆိပ်တွင် တွိလီသည်။ ငလုံးတင်ရှိ၌ပင် ပိတကာသီးတလုံး ကြွီကျသည်။ ငလုံးတင်မြင်၍ ဆိုသည်ကား- “ပေါက်ကန်ပြည်သား၊ စကားမဟုတ်၊ မျက်လှည့်သည်သို့” ရှိသူဟောင်းရို့ဆိုခသည်။ ပြောင်းပြာစားတွင်ရာ ကြားရသည်။ ယခုမှာ ကိုယ်တွိပင်မြင်ရပြန်သည်။ သို့ဆိုပြီးမူ ထိုပိတကာသီးအကြွီကိုယူ၍ပြန်သည်။ ကင်းစားငလုံးတင် ရောက်လာကြောင်းကို အမတ်ကြီးသိလတ်သော်- ငလုံးတင်သည် ရှိထုံးတမ်းကို ကျွမ်းသူမဟုတ် ကောင်းကျိုး မကောင်းကျိုးကိုလည်း မသိသူဖြစ်သည်။ မင်းရှိတော်သို့မ၀င်မှီ ငလုံးတင်ကိုခေါ်စီသည်။ ငလုံးတင်ရောက်လာသော် မြင်ခသည့်အတိုင်း အမတ်ကြီးသို့ပြန်ဆိုသည်။ ထိုအခါ
အမတ်ကြီးဆိုသည်ကား “တိုင်းရေးပြည်မှုမဟုတ် မင်းဂုဏ်သာဖြစ်သည်။ မင်းထံမလျှောက်သင့်၊ လား၍ကြိုမြဲကိုရာ ခန့်တော်မူရင်းအတိုင်းကြိုခီ။” အမတ်ကြီးဆိုသောစကားကို ငလုံးတင်မနာမယူ၊ မင်းထံဝင်၍ ထိုပိတကာသီးကိုရာ ဆက်ဖြစ်အောင်ဆက်သည်။ ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား “ငလုံးတင်၊ နင့်ကို အကြိုရာလွှတ်သည်။ ထိုအပင်အသီးကို အယူလွှတ်သည်မဟုတ်။ မင်းအာဏာကိုလွန်၍ကျင့်သူဖြစ်သည်။” ထိုသို့ အမိန့်တော်ဟိပြီး၊ ငလုံးတင်ကို မာန်အောင်ကျွန်းသို့ပို့သည်။ ဥဿလင်းစားဆက်သော ပိတကာပင်ကိုမူကား၊ နန်းဦးမြီတလင်းတွင်စိုက်ပြီးမူ၊ ရွှေဒေါင်းပျံခြံကာလျှက်ထားတော်မူရာ ပြည်သူအပေါင်းရို့ပူဇော်၍ မင်းဖလောင်းလက်ထက် နန်းဦးတွင် ရွှေပဒေသာပင်ပေါက်သည်ဟူ၍ ရာဇ၀င်ထွက်သည်။












လျှောက်ထုံးအမှတ် (၅၂)

မင်းနှင့်စပ်သော အဆောင်အရွက်နှင့်ပတ်သက်သောလျှောက်ထုံး။

တရံရောအခါ ပြည့်သျှင်မင်းကြီးက ထီးငါးစင်းကိုမီးတော်မူသည်။ ထိုအခါ အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိပညာဟိရို့ဆိုသောစကားမူကား

၁။ မင်းရို့၏ထီးငါးစင်းသည် မင်းစံတော်မူသောသလွန်ထက်ဝယ်ဖွင့်လျှက် အမြဲစိုက်ထားသောထီး၊ ထိုထီး၌ ရတနာခုနှစ်ပါးဖြင့် စီခြယ်ထားရာသည်။ ထိုထီးကိုမူကား ကြငှန်းထီးဖြူဟူသည်။

၂။ တနှစ်တကြိမ်သဘင်ခံရာ ဖွင့်ဆောင်းသောထီး၌ န၀ရတ်ကိုးပါးစီခြယ်ရာသည်။ ထိုထီးသော်ကား ဥရုထီးဖြူဟူသည်။

၃။ ထွက်ဝင်မပြတ်ဆောင်းသောထီးဖြူကား ရွှေရိုး၊ ငွေရိုးထွတ်နှင့် တမွတ်ထီးဖြူဟူသည်။

၎။ တတိုင်းတပြည်က သံကြီးတမန်ကြီးရောက်လတ်သော် ဆောင်းသောထီးဖြူမူကား အရိုးအလွတ်ရွှေခြယ်ရာသည်။ အရွက်ရို့၌ ရတနာကိုးပါးစီခြယ်၍ ထိုထီးကိုသော်ကား ကနက္ကဒန်ထီးဖြူဟူသည်။

၅။ ဆင်ယဉ်မြင်းယဉ်ရို့၌ ဆောင်းသောထီးဖြူကိုမူကား အရိုးအလွတ် ရွှေခြယ်ရာသည်။ ထိုထီးဖြူမူကား ဘမ္မုတိထီးဖြူဟူသည်။ ယင်းသို့လျှင် ထီးဖြူငါးစင်းသည် ရှိထုံးစံအတိုင်းဖြစ်ပါသည်။ ယင်းသို့လျှောက်ထားပြီး အမတ်ကြီးက မင်းကောင်မင်းမြတ်ဘုရားလောင်းရို့တတ်ရာသောအကြောင်း ကျမ်းဂန်အလာနှင့် လျှောက်ထားပြန်ပါသည်။

အသျှင်မင်းမြတ်
သုတိသမ္ဗုတိသင်္ချာစ၊ ယောဂါနီတိဝိသေသကာ၊
ဂန္ဓဗ္ဗာဂဏိကာစေ၀၊ မနူဗေဒါစ ပေါရာဏာ၊
တိကိစ္ဆာ ဣတိဟာသဉ္စ၊ ဇောတိမာယာစဆန္ဒတိ၊
ကေတုမန္တ စသဒ္ဒါစ၊ သိပ္ပါဌာရသကာဣမေ။
ထိုသို့ကျမ်းဂန်လာဟိပါသည်။ မင်းမြောက်တန်ဆာငါးပါးကို ကျမ်းဂန်လာသည်ကား-
စဂ္ဂေါစ ဆတ္တဥဏှိဿံ၊ ဖာဒုကာဠဗီဇနိ
ဣမေက ကုမဗန္ဓာနိ၊ ဘ၀န္တိပဉ္စရာဇူနံ။

ယင်းသို့အရ အနက်မူကား-
၁။ သန်လျှက်လည်း တပါး

၂။ ထီးဖြူလည်း တပါး

၃။ သင်းကျစ်လည်း တပါး

၎။ ခြီနင်းလည်း တပါး

၅။ သားမြီး ယပ်လည်း တပါး။

ယင်းမှတဖန် ဟိပြန်သိမ့်သည်။

ပဉ္စဒူရိယာ- ငါးပါးဟူသည်ကား-

အာတတီ ၀ိတတဉ္စေ၀၊ အာတတ၀ိတတိဃနံ။
သူတိရဉ္စေ၀တူရိယံ၊ ပဉ္စဂီက၊ မုဒီရိတံ။

ဟူ၍ကျမ်းဝယ်ပြသည်။ အဓိပ္ပါယ်ကား-

၁။ တဖက်ပိတ်သော စည်။

၂။ နှစ်ဖက်ပိတ်သော စည်။

၃။ အလုံပိတ်သော စည်။

၎။ တခဲနက်အသံဟိသော စည်။

၅။ အခေါင်းဟိသော စည်။

တခဲနက်သောအသံဟိသည်မှာ မောင်း၊ ကြီးနင်း၊ လင်းခွင်း၊ ကြီးစည်။ အခေါင်းဟိသည်ကား- ခရာ၊ ဒုံမင်း၊ ခရုသင်း၊ နှဲ၊ ပြွီ၊ တံပိုးဟူရာသည်။

ဘုရားလောင်းရို့ဖြည့်အပ်သော ပါရမီဆယ်ပါးကိုကျမ်းဂန် ပြပြန်သည်ကား-

ဒါနံသီလဉ္စနိက္ခမံ၊ ပညာဝီရိယပဉ္စမံ။
ခန္တီသစ္စာအဓိဌာနံ၊ မေတ္တုပေက္ခာစိမေဒသ။ ”

ယင်းသို့ ပါရမီဆယ်ပါးတရားတော်ကို ကျမ်းဂန်အလာနှင့်လျှောက်လတ်သော် မင်းကြီးလည်း ကြိုက်တော်မူသည်။


လျှောက်ထုံးအမှတ် (၅၃)

အတွင်းသင်းမှူးချစ်သူကို သားတော်ထွီး၏အကြီးတော်ခန့်သင့်မခန့်သင့်လျှောက်ထုံး။

တရံရောအခါ၌ကား သားတော်အထွီးစောနှောင်ခင်ကို ကျေးစားမာဂဓရာဇ်မြို့၊ ကထူး၊ ဟယ်၊ မြုံရို့နီသောအရပ်ကို ပီးတော်မူသည်အတွင်း သင်းမှူးချစ်သူကို သားတော်အား အထိန်းအအုပ်အကြီးပြုရန် ခန့်တော်မူမည်ဟိရာ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိသောအခါ သီလသမာဓိဟိသော ရဟန်းတဦးသည် နိဂုံးရွာတွင် ရောက်ရှိနီထိုင်သည်။ ထိုရွာနီလူရို့သည် မိမိရို့၏မိရိုးဖလာကိုးကွယ်လေ့ဟိသော မှားသောစရိုက်ဟိသည့် အလဇ္ဇီရဟန်းရို့ကို ကိုးကွယ်ဆည်းကပ် လှူဒါန်းများစွာ ပြုလျှက်နီထိုင်ကြသည်မှာ ရှည်ကြာလှလီပြီ။ နောက်မှ ရောက်လာသော
သီလသမာဓိဟိသူရဟန်းက ထိုရွာသားရို့အား- မသမ္မာသောအကျင့်အယူအသိတရားကို ကြည်ညိုချေက သံသရာရှည်လျှက် အပါယ်ဘုံ၌ရာ လူးလာဖြစ်ရာသည်။ ယင်းသို့လျှင် တရားတော်နှင့်လျှော်စွာ ဟောပြောပြသသည်။ ရွာသားရို့သည် ရဟန်းတရားကို သဘောမကြိုက် မနှစ်လိုဟိကြသည်။ ထို့ကြောင့် ထိုရဟန်းထံ တစုံတဦးမျှ အရောက်အပေါက် အလှူအတန်းမဟိနီကြသည်။ ရဟန်းလည်း အနီအစား ခေါင်းပါးလီရအား မင်္ဂလာတရားမစောင့်၊ အသေ၀နာစ၊ ဗာလာနံ သူယုတ်ရို့နှင့်ပေါင်းဖက်နီလီရာ သီလသမာဓိဟိသော ရဟန်းမြတ်ဖြစ်လျှက်ပျက်စီးရသည်။ သူယုတ်ရို့အလိုက် စရိုက်တူဖြစ်ရလီသောကြောင့်
မောဟဖုံးလွှမ်းသော အကုသိုလ်တရားရို့ကြောင့် ထိုရဟန်းအပါယ်သို့လားရကြောင်း ထုံးဟောင်းကျမ်းဂန်ပါသည်။

တကြောင်းတုံလည်း အနိန္ဒမပြည့်သျှင်မင်းနှင့် သင်္ဂဟပြည့်သျှင်မင်းရို့ နှစ်ဦးသားချစ်ကျွမ်း ၀င်ကြလီသောကြောင့် သရက်ချိုပင်ဟိသော သင်္ဂဟမင်းဥယျာဉ်တော်တွင် ဥပုသ်အတူစောင့်ကြသည်။ ဥပုသ်စောင့်ရာတွင် သရက်ချိုသီးကို စားကြသောအခါ အလွန်ချိုလှသောကြောင့် အရိန္ဒမမင်းက မျိုးစိပီးရန်တောင်းသည်။ သင်္ဂဟမင်းလည်း သ၀န်တိုလျှက် မျိုးစိမပီးဟိသည်။ အရိန္ဒမင်းလည်း မကျေမနပ်ဟိသည်နှင့် အရေး၌လိမ္မာသောမင်းစေတယောက်ကို ထိုသရက်ချိုပင်အား အရသာပျက်အောင်ဖျက်ခရမည်ဟု မင်းမိန့်ထား၍ လွှတ်လီသည်။ ထိုသူသည် သင်္ဂဟပြည်သို့လား၍ ရောက်လတ်သော် ထိုသရက်ချိုပင်ဟိသော ဥယျာဉ်မှူးထံ အစေခံပြု၍နီသည်။ ထိုသူလည်း အလုပ်ကိုကောင်းစွာလုံ့လပြု၍လုပ်ချေသော် ထိုဥယျာဉ်၌ဟိသော သူရို့ထက်
စိုက်ပျိုးရာတွင် ပို၍ကျွမ်းကျင်သည်။ ထိုသူ၏အရည်အသွီးကို ဥယျာဉ်မှူးမြင်သိလီရာ ဥယျာဉ်တော်ဟိအပင်ရို့ကို ကောင်းစွာပြုစုစောင့်ယှောက်ရန် တာဝန်အပ်နှံသည်။

ထိုသူသည် အပင်ရို့ကိုပြုစုရာ၌ သရက်ချိုပင်အနီးပတ်လည်ရို့၌ ခါးတတ်သောအပင်၊ ချဉ်တတ်သောအပင်၊ ဖန်တတ်သောအပင်၊ စပ်တတ်သော အပင်ရို့ကိုစိုက်ပျိုးသည်။ ထိုသရက်ချိုပင်၌ကား မဲဒါးရေကိုရာလောင်းသည်။ သရက်ပင်သီးချိန်ရောက်၍ သီးလီသောအခါ ရှိနှင့်မတူ ချို၊ ချဉ်၊ ဖန်၊ စပ်ဟိသည်။ ထိုသူသည် ဥယျာဉ်မှထွက်လီပြီး မိမိအသျှင် အရိန္ဒမင်းထံလားသည်။ သရက်သီး အရသာပျက်လီပြီအကြောင်း လျှောက်ထားသည်။ ထိုမျှ နတ်မင်းစားသော အဗဗ္ဘန္တရသရက်သီးကဲ့သို့ချိုသော အရသာဟိသော
သရက်ပင်တုံမှလည်း သူမကောင်းအောင်ဖျက်လျှင်ပျက်စီးရကြောင်း ဇာတ်နိပါတ်သက်သီထွက်ပါသည်။

သင်းတော်မှူးချစ်သူ အုပ်ထိန်းလီသမျှသော အမှုထမ်း၊ ကိုယ်ရံတော်၊ သင်းတော်သားဟူသမျှရို့သည်
လူကြမ်းစုချည်းရာ ဖြစ်ကြသည်။ သင်းတော်မှူးချစ်သူသည်လည်း ကြမ်းတမ်းသောအကျင့်ဟိသူသာ ဖြစ်ပါသည်။ သားတော်ကို ချစ်သူထံအပ်၍ထိန်းစီသော် သားတော်လည်း ကြမ်းတမ်းခက်ထန်သော သဘောရာဟိပါမည်။ သို့ရာတွင် ရှိပညာဟိသူတော်ကောင်းစကား၌ သူကောင်းသားယဉ်ပါးသည်။ သူယုတ်သားကား ရမ်းကားသည်။ ယင်းသို့စကားကိုထောက်သော် အသျှင်ဧကရာဇ် သားတော်သမီးရို့သည် သူနုတ်ကဲ့သို့ မဟုတ်ပါချေ။ သိမ်မွေ့ယဉ်ကျေးမှသာ ကျက်သရေထွန်း၍ ပညာဟိရို့အချီအမွမ်းကို အရှည်ခံရပါမည်။”

ထိုသို့ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်းကြိုက်တော်မူ၍ သင်းမှူးချစ်သူကို အထိန်းအအုပ် မခန့်မထား။ လေးမြို့စားကို အပ်တော်မူသည်။

ထိုလေးမြို့စားအမတ်မူကား စိန္ဒက၀ံမြောက်သော အမတ်မျိုးဖြစ်ခြင်းကြောင့် သားတော်သည်လည်း
ပညာဟိနည်းနာရသည်။ ယင်းသို့ရသည်ဖြစ်ခြင်းကြောင့် သက်တော် ခုနှစ်နှစ်သားအရွယ်ကပင် သိမ်မွိသော နှလုံးစွဲလျှက် သဒ္ဒါသီလစသော သူတော်ကောင်းဥစ္စာခုနှစ်ပါးနှင့်ပြည့်စုံပြီး၊ ပဉ္စသီလတရားငါးပါးကို စွဲမြဲဆောက်တည်တော်မူသည်။



လျှောက်ထုံးအမှတ် (၅၄)

သီသောအခါ ငရဲသို့ရောက်အပ်သူကိုလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးသည် အမတ်ကြီးမဟာပညာကျော်သို့မီးတော်မူသည်။ လူရို့သည်
သီခြင်းသို့ရောက်ပြီးသောအခါ၌ မချွတ်မလွဲ ငရဲသို့ရောက်ရသောသူကား ပဇာကံထိုက်သောသူသည်
ရောက်အံ့နည်း။ မီးတော်မူလတ်သော် အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ အရိယသစ္စံ- အရိယာစသော မြတ်စွာဘုရား၏ သာသနာတော်၌ အကျင့်ကောင်း၊
အကျင့်မြတ်ဖြင့်နီကြကုန်သော၊ ဘိက္ခူ- ရသေ့ရဟန်းရို့သည် ပုနပ္ပုနံ- ဖောက်ပြန်လတ်၍၊ ယော-
အကြင်ရဟန်းသည်၊ အလဇ္ဇိနော- အလဇ္ဇိအကျင့်ကို ကျင့်ဆောင်လျှက်၊ မရဏံ- သီခြင်းသို့၊ ဘဝေ-
ရောက်လီအံ့။

ယော- အကြင်ရဟန်းသည်၊ အနိဌစာဂံ- ဆောင်ယူသော၊ မောဟ- တရားပို့လီရာ၊ နိယယေ- ငရဲသို့၊ ဥပ္ပဇ္ဇတိ- ရောက်လီရာ၏။ ရဌ- အကြင်ပြည်တိုင်းကားကို အစိုးရသောရာဇာမင်းသည်လည်း ဒသပါရမီသစ္စံ- မင်းကျင့်တရားဆယ်ပါးရို့ မကျင့်မကြံ၊ ဖောက်ပြန်လျှက်၊ မိစ္ဆာဇီဝံသူယုတ်ရို့ အလေ့အကျင့်ဟိသဖြင့်၊ မရဏံ-သီခြင်းသို့၊ ဘဝေ- ရောက်အံ့။

ယော- အကြင်မင်းသည်၊ အနိဌစာဂံ- ဆောင်ယူသောမောဟတရားပို့သဖြင့်၊ နိရယေ- ငရဲသို့၊ ဌိတောဝ- မချွတ်မလွဲ၊ ဥပ္ပဇ္ဇတိ- ရောက်လီ၏။ ရဌ-တိုင်းပြည်ကိုဖျက်ဆီးတတ်သော သူသည်လည်းကောင်း၊ မံသမစ္ဆော- သားငါးစသောသတ္တ၀ါရို့ကို နှိပ်စက်သတ်ဖြတ်လေ့ဟိသော သူလည်းကောင်း၊ မာတာမိတာစ- ပုတ္တဒါရသ၊ ဥာတကာနဉ္စ- မိဘဆွီမျိုး၊ လင်သားမယားစသောသူရို့အား သီစီမှုပြုတတ်သောသူလည်းကောင်း၊ ဘုရားစသော အရိယာပုဂ္ဂိုလ်မြတ်ရို့အား ပြစ်မှာသောသူလည်းကောင်း၊ ပါပံ- မကောင်းသောစရိုက်ဟိသည်ဖြစ်၍၊ ဇီဝိတိနြေ္ဒတည်းဟူသော- သက်ရှည်ရုပ်ကြာသမျှ ကာလပတ်လုံး၌၊ ဧကော-တယောက်သော၊ ပူရိသော သံဝါသော- ပညာဟိနှင့်တွိသော်လည်း၊ ယောနိသောမနသိတာရော- ထိုပညာဟိသူတော်ကောင်းရို့၏ စကားကိုမနာယူမူလျှက်၊ မရဏံ- သီခြင်းသို့၊ ဘဝေ- ရောက်လီအံ့၊ တထာ- လာခြင်းလားခြင်း၊ အမတံ- ပြန်ခြင်းမကောင်းသော၊ မနူဿဆပတံ- အလွန်ယုတ်မာလှသော ထိုခြောက်ယောက်သောသူရို့သည်၊ စတုအပါယေ- မကောင်းလေးရွာ အပါယ်ရွာသို့၊ ဟိန္နံအနိတ္တံ- မသူတော်ရို့နီရပ်ဖြစ်သော အပါယ်ဘုံသို့ ရောက်ရလီ၏။”

အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းလည်း အလွန်ကြိုက်တော်မူသည်။




လျှောက်ထုံးအမှတ် (၅၅)

မင်းရို့ကျင့်အပ်တင့်အပ်ရာ ဘုန်းကျက်သရေကိုညွှန်ပြသောလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးက မင်းရို့ကျင့်အပ် ဘုန်းကျက်သရေကိုမီးတော်မူသည်။ ထိုအခါ
အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-

“အသျှင်မင်းမြတ်။ မင်းရို့အား တင့်အပ်သည့်ခြောက်ပါးသောဘုန်းမူကား-

၁။ ဣဿရိယ- ဟူသော အစိုးရခြင်း။

၂။ ယသ- ဟူသော အခြံအရံများခြင်း။

၃။ ဓမ္မ- ဟူသော အကျင့်တရား ထိုးထွင်းဥာဏ်ပညာဟိခြင်း။

၎။ သီရိ- ဟူသော အလားအနီ၊ အစားအပြောအဆို၊ အအိပ်၊ အ၀တ်အနီအထိုင်တင့်တယ်ခြင်း။

၅။ ကာမ- ဟူသော ခပ်သိမ်းသောအမှုရို့၌ အလိုတော်ဟိလျှင်ပြည့်စုံခြင်း။

၆။ ပယတ္တ- ဟူသော ကောင်းသောနှလုံးနှင့်ပြည့်စုံခြင်း။

ထို့ပြင် ပြည့်သျှင်မင်းရို့၌ စက္ခုငါးပါးသည်ဟိအပ်၏။ ထိုစက္ခုငါးပါးဟူသည်ကား-
အသျှင်မင်းမြတ်။ မံသစက္ခု၊ ပညာစက္ခု၊ ဓမ္မစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခုရို့ပေတည်း။

ထိုငါးပါး၌

၁။ မံသစက္ခု- သည်ကား မိမိ၌ ဟိမြဲစက္ခု

၂။ ပညာစက္ခု- မူကား မူးမတ်ပြည်သူရို့ထက်ပညာကြီးကျယ် သိမြင်သော စက္ခု

၃။ ဓမ္မစက္ခု- မူကား တရားတော်ကို ထိုးထွင်းသိမြင်နိုင်သော စက္ခု

၎။ ဒိဗ္ဗစက္ခု- မူကား အမှုကြီးငယ်ရောက်လာ၍ ဆိုခွင့်ဟိလတ်မူ မပွားစီရ။ ထိုအမှုသီရာကို မြင်တတ်သော စက္ခု

၅။ ဗုဒ္ဓစက္ခု- မူကား ရတနာသုံးပါးကို ကြည်ညို၍ မြတ်စွာဘုရား ကျေးဇူးတော်ကိုသိမြင်သော စက္ခု။

ဤသို့ စက္ခုငါးပါးစုံသောမင်းရို့သည် အပါယ်သို့မလားနိုင်ရာ။ ထိုမှတုံလည်း- အရိယ၀ံသ ဓမ္မလေးပါးဟိ၏။

ထိုလေးပါးကား-

၁။ ၀ီဝရသန္တော- သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း။

၂။ ပိဏ္ဍပါပသံန္တောသ- ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း။

၃။ သေနာသနသန္တောသ- နီရာကျောင်း၊ အိပ်ရာရို့၌ ရောင့်ရဲလွယ်ခြင်း။

၎။ ဘာဝနာရာမတာ- ကမ္မဌာန်းစီးဖြန်းရာ၌ မွိလျှော်ခြင်း။

ယင်းသို့ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ရဟန်းအား၊ ဆည်းကပ်၍ ပြည့်သျှင်မင်းသည် တရားစကားနာကြားအပ်ပါသည်။

ထိုမှတုံလည်း မြီလေစင်းသော်ကား၊ ဆဌမုခမြီ၊ ပုတိမူခမြီ၊ အဂ္ဂိမူခမြီ၊ သတ္တမူခမြီ။ ထိုမြီနှင့်
တူသောမဟာဘုတ်လေးပါး-

၁။ ပထ၀ီ မဟာဘုတ်နှင့် ဆဌခူမမြီ တူ၏။

၂။ အာပေါ မဟာဘုတ်နှင့် ပုတိမူခမြီ တူ၏။

၃။ တေဇောမဟာဘုတ်နှင့် အဂ္ဂိမူခမြီ တူ၏။

၎။ ၀ါယောမဟာဘုတ်နှင့် သတ္တမူခမြီ တူ၏။

ယင်းသို့ မြီလေစင်း- မဟာဘုတ်လေးပါးကိုလည်း၊ ရီမြီသနင်း မင်းရို့ နိုင်နင်းအပ်ပါသည်။

ကျမ်းဂန်၌လည်း ဘုရားမြတ်စွာသည် ဆွမ်းစားရာသောအရပ်ကို ဆိုရာ၌မူကား-

ဗုဒ္ဓေါနာမ ပစ္စန္တဇနပဒေသုအဂုဏံနဥစ္စာပေတိ။

သို့ကျမ်းလာဟိသော အကြောင်းမူကား- မြတ်စွာဘုရားသည် ပစ္စန္တရာဇိအရပ်၌ အာရုံခံတော်မူကြောင်းကို သိရာသည်။ ထိုနည်းတူ ရီမြီမင်းသည်လည်း တင့်အပ်သောအရပ်တွင်ရာ စားသုံးရာသည်။ ပြည့်သျှင်မင်း၌ အံ့ခြင်းသျှစ်ပါး၊ မဟာသမုဒ္ဒရာမူလည်း အံ့ခြင်းသျှစ်ပါး၊ မဟာသမုဒ္ဒရာကဲ့သို့ မင်းရို့တူရာသည်။

မဟာသမုဒ္ဒရာ၌ အံ့ခြင်းသျှစ်ပါး

၁။ သမုဒ္ဒရာ၌ လှိုင်းတံပိုးမကင်းခြင်း။

၂။ ကမ်းသို့ ရီမလွန်ခြင်း။

၃။ အပုတ်အနံ့အမှိုက်ရို့ကို ကမ်းသို့တင်ခြင်း။

၎။ မြစ်ကြီးငါးစင်း စသောမြစ်ငယ်ချောင်းငယ်ရို့သို့ပြည့်အောင် ရီဝင်စီခြင်း။

၅။ ကြည်လင်စွာဟိခြင်း။

၆။ ရတနာများခြင်း။

၇။ နတ်ရို့ပျော်မြူးရာဟိခြင်း။

၈။ ကြီးစွာသော ငါးဟိခြင်း။

ယင်းသို့နည်းပင် မင်းရို့၌ အံ့ဘွယ်သျှစ်ပါးမူလည်း-

၁။ ပညာထိုးထွင်းကြီးကျယ်သည်ကို အံ့ခြင်း။

၂။ တတိုင်းတပြည်ရို့နှင့်မိတ်ဆွီဝင်သည်ကို အံ့ခြင်း။

၃။ လောကီလောကုတ္တရာ ထိုနှစ်ဖြာသောအမှု ကျမ်းဂန်စသော နီလား၊ လလား၊ နက္ခတ်တာယာ၊ ဆီးဗိန္ဓော ထုံးဟောင်းနည်းနာ တတ်လိမ္မာသည်ကို အံ့ခြင်း။

၎။ ပညာဟိမှူးကောင်း၊ မတ်ကောင်းဟိသည်ကို အံ့ခြင်း။

၅။ ဆင်ကောင်း၊ မြင်းကောင်းပေါများ၍ သူရဲသူခတ်လက်နက်စုံသည်ကို အံ့ခြင်း။

၆။ ပြည်သူရို့၌ အခွန်ဘဏ္ဍာခံရာ တည့်မတ်သည်ကို အံ့ခြင်း။

၇။ ပြည့်သျှင်မင်း၏ကျက်သရေကို ထွန်းစီသောအင်္ဂါ ကျိုးပြစ်သိသော မင်းမိဖုရား မင်းသား မင်းသမီးများသည်ကို အံ့ခြင်း။

၈။ အ၀ီးအနီးဟူ၍ ကတိမလိုက်၊ ဖြောင့်မတ်သည်ကို အံ့ခြင်း။

ဤသျှစ်ပါးရို့သည် မင်းကောင်းမင်းမြတ်ရို့၏ကျက်သရေ ယင်းသို့စုံရာသည်။ လျှောက်သည်။

ထိုမှတပါးမူလည်း- လူရို့သာမိကဖြစ်သော မင်းမတောင့်တအပ်သည်သုံးပါး၊ ရှိပညာဟိဆိုခသောအရာ၌-

၁။ တတိုင်းတပြည်ကို အဓမ္မပြု၍ယူလိုခြင်းငှာ မတောင့်တအပ်။

၂။ မေထုံအကြိမ်များစွာဖြစ်စီလိုမှု မတောင့်တအပ်။

၃။ သတ္တ၀ါရို့အသားကို သတ်ညှစ်စားလိုမှု မတောင့်တအပ်။

ထို့ပြင်- မင်းမသုံးအပ်သောသူ သျှစ်ယောက်ဟူသည်ကား-

၁။ အမိဝမ်းထဲမှ အင်္ဂါမစုံသောသူအားလည်း မင်းမသုံးအပ်။

၂။ အနူဆယ်ပါးဝင် ရောဂါဟိသူအားလည်း မင်းမသုံးအပ်။

၃။ ယောင်ယန်းလန့်ဖျပ် ကြောက်တတ်သောသူအားလည်း မင်းမသုံးအပ်။

၎။ ပျက်ချော်သွပ်သွမ်း ဟော့ရမ်းစကား ပြောတတ်သောသူအားလည်း မင်းမသုံးအပ်။

၅။ အရွယ်လွန်၍ ထိုင်းမှိုင်းသောသူအားလည်း မင်းမသုံးအပ်။

၆။ ကျိုးပြစ်မသိ၊ ငယ်သောသူအားလည်း မင်းမသုံးအပ်။

၇။ ယစ်မျိုးကို ဝကိက်တတ်သောသူအားလည်း မင်းမသုံးအပ်။

ယင်းသို့ သျှစ်ယောက်ကိုသုံးချေသော် မင်းတန်ခိုးနည်းရာသည်။ မင်းရို့မတိုင်ပင်ရာသောသူငါးယောက်
ဟူသည်ကား-

၁။ အရွယ်လွန်၍ ထိုင်းမှိုင်းသောသူအားလည်း မင်းမတိုင်ပင်အံ့။

၂။ ယစ်မျိုးဝကိက်သော သီသောက်ကြူးကိုလည်း မင်းမတိုင်ပင်အံ့။

၃။ ဟော့ရမ်းသော့သွမ်း ပြောတတ်သောသူအားလည်း မင်းမတိုင်ပင်အံ့။

၎။ အပြစ်ကိုမသိသော သူမိုက်အားလည်း မင်းမတိုင်ပင်အံ့။

၅။ သဘင်သည်ကိုလည်း မတိုင်ပင်အပ်။

ဓည၀တီအရေးတော်ပုံ၌ သဘင်သည်မပါ။ လေးဦးသာဆိုသည်။ မဟာပညာကျော်လျှောက်ထုံး၌ရာ သဘင်သည်ကို ထည့်၍ ငါးဦးဆိုသည်။

မင်းခွင့်မပီးသင့်သောသူ ကိုးယောက်ဟူသည်ကား-

၁။ ရသေ့ရဟန်းကိုလည်း မင်းခွင့်မပီးအပ်။

၂။ ပုဏ္ဏားကိုလည်း မင်းခွင့်မပီးအပ်။

၃။ အရူးကိုလည်း မင်းခွင့်မပီးအပ်။

၎။ မိမ္မကိုလည်း မင်းခွင့်မပီးအပ်။

၅။ သူငယ်ကိုလည်း မင်းခွင့်မပီးအပ်။

၆။ ရတနာသုံးပါးအမှန်မသိသူအားလည်း မင်းခွင့်မပီးအပ်။

၇။ သီသောက်ကြူးအားလည်း မင်းခွင့်မပီးအပ်။

၈။ သူမိုက်အားလည်း မင်းခွင့်မပီးအပ်။

၉။ အရွယ်လွန်၍ထိုးမှိုင်းသူအားလည်းမင်းခွင့်မပီးအပ်။

ယင်းသို့အကြောင်း ရှိသူဟောင်းရို့ ပညတ်ထားခသော ကျမ်းဂန်၌လည်း မဟာကမ္မံ ခုဒ္ဒကကမ္မံဝါ၊
သံကမ္မံတာတုမိစ္ဆတိ။ သမ္ဘာရမ္ဘေနကာတဗ္ဗံ၊ သီတရာဇာတဒါတဝေ။

ထိုသို့ဆိုရာသောအဓိပ္ပါယ်၌- မဟာကမ္မံဝါ- ကြီးသော လုံ့လကိုလည်းကောင်း၊ ခုဒ္ဒက ကမ္မံဝါ- ငယ်သောလုံ့လကို သော်လည်းကောင်း၊ ယံကမ္မ၀ါ- အကြင်အမှုရို့ကို၊ ငါရို့ပြုသောအကြောင်းဖြင့်၊ ဣစ္ဆတိ- ဆင်ခြင်ထောက်ရှုလျှက်၊ တံကမ္မံ- ထိုအမှုရို့သည်၊ သမ္ဘာရမ္ဘေန- ဥာဏ်ပညာဖြင့်၊ တာတဗ္ဗံ- ဆင်ခြင်လျှက်၊ သီဟရာဇာ-ခြင်္သေ့မင်းနှင့်တူစွာ၊ သမ္ဘာရမ္ဘေန- တည်ကြည်သော ရဲရင့်ခြင်းဟိရာ၏”

ဟူ၍ မြင့်မြတ်တော်မူသော ဥာဏ်တော်စွဲရင်းဟိသောကြောင့်၊ ပတ္တမြားကျောက်မြတ်သည် အခံကောင်း၌တင်ထားရာ ၀င်းဝင်းတောက်ပြောင် အရောင်တင်ဘိသကဲ့သို့ လည်းကောင်း၊ တိမ်ပုတ်၊ တိမ်မည်း၊ တိမ်ပြာရို့ကို၊ ဥတ္တရေ- မြောက်အရပ်ကလာသော၊ ၀ါသော- လီခတ်သဖြင့်၊ ထိုအညစ်အပုတ်သန့်စင်စွာဟိလတ်ရာ၌၊ သူရိယော- နီအရောင်မိုက်လတ်သော်၊ ထိန်ထိန်လက်လက် ပြိုင်းပြိုင်းပြက်ပြက်ထွက်သော အလျှံအရောင်ပမာ ပြည့်သျှင်မင်းမြတ် ဥာဏ်ပညာတော်သည်လည်း တချက်တည်း အလုံးစုံကိုသိတော်မူသည်။ ပြည့်သျှင်မင်းကြီးသည် အမတ်ကြီး
လျှောက်သောစကားကို အလွန်ကြိုက်တော်မူလျှက် အမတ်ကြီးသို့ ရှိဆောင်ကြိမ်နှစ်စင်း၊ မင်းစီးရထား၌မိုးသော တံခွန်၊ ဆင်ပေါက်တန်ဆာရို့ကို ဆုပီးတော်မူသည်။


လျှောက်ထုံးအမှတ် (၅၆)

ပဲခူးမင်းတမန် စကားတောင်စားအရေးလျှောက်ထုံး။

တရံရောအခါ ပဲခူးမင်း ကျော်ထင်နော်ရထာက စကားတောင်စားကိုစေ၍ သမီးတော်မြတ်သျှင်စောကို
ပဲခူးမင်း၏သား မင်းသားသစ္စာသို့ ပီးပါမည့်အကြောင်းနှင့် အစေရောက်လာသည်။ ပြည့်သျှင်မင်းက အမတ်ကြီး မဟာပညာကျော်သို့ မီးတော်မူလတ်သော် အမတ်ကြီးလျှောက်သည်မှာကား

“အသျှင်မင်းမြတ်။ ပဲခူးမင်းကျော်ထင်နော်ရထာအနွယ်သည်၊ မူလအစ ဆွာချောင်းနား၊ ကမ်းပါးမြင့်ရွာစား၏သား သ၀န်ကြီး၊သ၀န်ငယ်နှစ်ဦးရို့သည် တောင်ငူမြို့ကိုတည်ကာ မင်းပြုလျှက် အုပ်စိုး၍နီကြသည်။ ထိုစဉ် ထီးလိုင်သျှင်ဖက်တွင် အသည်သားတယောက် ယာထွန်နီစဉ် ချွတ်ထားသော အင်္ကျီပေါ်တွင် မြွီငန်းကြီးသည် အခွီပြုပြီးနီလာသည်။ ဤသို့ ခေတ္တနီပြီး မြွီငန်းကြီးသည် တောင်ဘက်အရပ်သို့ ထွက်လားသည်။ မြွီငန်းကြီးလားလတ်သည်ကို ထီးလိုင်ကျောင်းပုဂ္ဂိုလ်မြင်လီ၍ တောင်ဘက်တွင် ကောင်းစားမည်ဆိုလတ်သည်။
ထို့ကြောင့် ထိုလယ်ထွန်ယောက်ျားသည် တောင်ဘက်သို့လာခပြီး၊ ကင်းသာအရပ်တွင် နီထိုင်သည်။ ထိုသူသည် မိဘမဟိသော ကရင်မငယ်ကို မွီးစားသောကြောင့် ကရင်ဘဟုခေါ်ကြသည်။

ထိုကရင်ဘ၌ လူသူအပေါင်းအဖက်များလာသည်။ ကရင်ဘသည် တောင်ဘက်သို့လား၍ ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်းတွင် ရွာတည်၍နီသည်။ ထိုရွာစည်ပင်ကြောင်းကိုကြားလျှင် တောင်ငူဘုရင်သ၀န်ကြီး သ၀န်ငယ်ရို့သည် ကရင်ဘကိုခေါ်ပြီးထောင်မှူးခန့်လျှက် တောင်ငူတွင်မင်းဖြစ်သည်။ ထိုကရင်ဘမှဆင်းသက်ပြီး မင်းတရားရွှေထီးအနွယ်ဖြစ်လာပါသည်။ မင်းတရားရွှေထီးအနွယ်သည် ပဲခူးမင်းကျော်ထင်နော်ရထာဖြစ်လာသည်။
သာကီဝံသ မဟာသမ္ဘ၀၊ စူဠသမ္ဘ၀ သားတော်ဖြစ်သော သရေခေတ္တရာပြည့်သျှင် ဒွတ္တပေါင်မင်းကြီး
အနွယ်တော်မဟုတ်ပါ။ ယင်းသို့ရာတွင် သာကီဝင်မင်းမျိုးမဟုတ်သော ဇိနင်္ဂလအမျိုးမင်းရို့သည် တရားမစောင့် ၀ိလုပ္ပန္နော လုယက်ဖျက်ဆီး ကြမ်းတမ်းဆိုးသွမ်းကြောင်းကိုလည်း ကျမ်းဂန်၌-

ဒုအာရက္ခန္တော။ တရားမစောင့် ဒုစရိုက်တရားဆယ်ပါးနှင့် နီလေ့ဟိသောသူရို့သည်၊ ကုဒါ- မစင်ဘင်ပုတ်ကို၊ သူကရော- ၀က်သည် မစက်ဆုပ်သကဲ့သို့၊ ပါပံ- မကောင်းမှုကို၊ ဗာလော- သူမိုက်သည်၊ နပဿတိ-မစက်ဆုပ်၊ သာက- မီး၌၊ ၀ါပကာ- ပိုးဖလံရို့သည် မကြောက်သကဲ့သို့၊ ဗာလော- သူမိုက်သည်၊ ပါပံ-မကောင်းမှုကို၊ နပဿတိ- မကြောက်တတ်။

ထိုသို့ ကျမ်းဂန်လာသည့်အတိုင်း သူမိုက်မာနသည် တံခွန်လွှားလျှက်ဟိပါသည်။ ယခုအကြည်တော် ပဲခူးမင်း တမန်စကားတောင်စားသည်လည်း၊ တရားအလွတ် စကားတတ်ဖြစ်ပါသည်။ ရှိပညာဟိ အမှာကျမ်း၌လာသော ရန်အောင်ရာသောအကြောင်းမှာ-

ဇပ္ပေန မန္တေန သုဘာသုတေန
အနူပ္ပဒါဒေန ပဝေဏိယာဝါ
ယထာယထာ ယတ္တလ ဘေထအတ္တံ
တထာ တထာတတၱ ပရတၱေမယ်။
ထိုသို့ ဆိုခပြီးသော အဓိပ္ပါယ်သော်ကား-

အသျှင်မင်းမြတ်။
ဇပ္ပေန- အင်းအိုင် ဆီးဝါးမန္တရားဖြင့်လည်းကောင်း ရန်ကိုအောင်ခြင်း။
မန္တေန- ပညာဟိရို့နှင့် နှီးနှောတိုင်ပင်ခြင်းဖြင့်လည်းကောင်း ရန်ကိုအောင်ခြင်း။
သုဘာသိတေန- ချစ်ဘွယ်သောစကားကို ဆိုခြင်းဖြင့်လည်းကောင်း။
အနူပ္ပါဒါနေန- တံစိုးသပြာ၊ ရွှေငွေလက်ဆောင်ပီး၍လည်းကောင်း။
ပဝေဏိယာဝေ- အဆွီအမျိုးပြု၍လည်းကောင်း ရန်ကိုအောင်ခြင်း။
ယထာယထာ- အကြင်အကြင်သို့သောအခြင်းအရာဖြင့်၊ ယတ္တ- အကြင်အကြောင်းဟိရာ၌၊ အတ္တံ-
အကျိုးစီးပွားရို့ကို၊ ပရတ္တမေယျ- လုံ့လဖြင့်ဆောင်ရာသည်။ ထိုသို့ ထုံးဟောင်းကျမ်းလာ ဟိသည့်အတိုင်း တမန်ရောက်ရာ ရှိအမှာနိဒါန်းမှလည်း-

ရာဇ၀သတီ၊ အညီကျဉ်းရုံး၊ နိဒါန်းကုံးပိမ့်၊ ရှိထုံးစဉ်လာ၊ ပြည်အောင်ချာဝယ်၊ မဟာဓမ္မရာဇ်၊ တက်သစ်နီနွယ်၊ ဘုန်းတော်ကြွယ်၍၊ အံ့ဘွယ်မကုန်၊ သိမ်းပိုက်ခြုံသည်၊ ဗိုလ်ပုံတိုင်းလုံးချစ်၏။ ဆန်းသစ်စလပမာ၊ ကျက်သရေမျိုး၊ စုံပြည့်ဖြိုးသည်၊ တန်ခိုးမင်းအာဏာတည်း။ ပညာတော်မြီအထု၊ စုံစိမြောက်မြား၊ မှူးမတ်အားလည်း၊ ရည်လားသိအောင်ပြုလော့။ လူမှုအလွန်ခက်လှစွာ၊ ပြည်သူကိုယ်သား၊ ယွင်းမမှားအောင်၊ ထားရသည့်မိတ္တာနှင့်၊ ရှိထက်စဉ်လာ (----)။ တတိုင်းတပြည်၊ အတည်တည်ကို၊ လှည့်လည်သံစေခန်း၌။ ထောက်လှမ်းမျှော်ရှု ပြုအပ်ရာ၊ သူကစေပြန်၊ အတန်တန်သည်၊ တမန်ရောက်ရို့လာက၊ အင်္ဂါမူလလူ့အနီ၊ မင်းရို့ဓလေ့၊ သိစုံပြီးမှ၊
အတွိခံသင့်ပေ၏။ စာပီမပါ၊ လူ၏ချည်းလာ။ များမြောက်ပဏ္ဍာ၊ မင်းကိုရာလျှင်၊ ဆက်ရာအနည်းနည်းနှင့်၊ ကပ်ချည်းလိုကြောင်းဆိုပါစီ။ မင်းရို့ကျင့်ဝတ်၊ ယွင်းမချွတ်က၊ လာဘ်မငဲ့သာ၊ သ၀ဏ်စာမူ၊ မပါမှန်ချေက၊ မင်းစေတမန်သင်းမဟုတ်၊ နှုတ်ပရိယာယ်၊ အသွယ်သွယ်လျှင်၊ ဥပါယ်ဥာဏ်ေ၀၀ုတ်နှင့်၊ သူယုတ်မှန် တည့်သောအခါ၊ ထိုက်ရာပြစ်ထား၊ ဖြောင့်ပေငြားမူ၊ ပြန်လားစီရာ၏။ တမန်အင်္ဂါစုံစိလှ၊ သ၀ဏ်လည်းပါ၊ ဖြစ်ပေလာသော်၊ ပညာပဏ္ဍိတနှင့်၊ နှိုင်းဆယူမီးမြန်းစီ။ မင်းချစ်စုံမက်၊ မိတ်ဆွီဆက်သည်၊ မာန်ဖက်ရန်အပြေဟု၊ တမန်သုံးတွေ၊ ဟိစရိုး၊ ကောင်းကျိုးအမှန်၊ စေသည့်သံမူ၊ မင်းထံဝင်ထွက်၊ စဉ်မပျက်အောင်၊ နှုတ်ဆက်ပြုရမျိုးတည့်။ ရန်ပျိုးရန်စ၊ ရောက်ပေလာ။ ငြူစူအမျက်၊ ပြင်မထွက်ဘဲ၊ ချစ်လျှက်ကဲ့ပမာသို့၊
ကောင်းမွန်လှစွာ၊ ကျွေးမွီးနည်း။ သူရဲသူခက်၊ ဗိုလ်လက်နက်ကို၊ ၀င်ထွက်သိစီပြီးမှ နှစ်လည်နိလ၊ ရှည်မကြာ၊ တာရှည်မညောင်း၊ ပြန်သင့်ကောင်းသည်။ ထုံးဟောင်းမှန်ဘိ၊ ဥာဏ်က၀ိ။

ဤသို့ ရှိပညာဟိရို့အမှာလာသည်နှင့်အညီ၊ ယခုရောက်လာသော မန်တော်စကားတောင်စား၌လည်း
သ၀ဏ်ရွှေပီပါလျှက် အစုံနှင့်ဖြစ်ပါသည်။ အတွိခံတော်မူ၍ အကြည်တော်ကပီးသော သ၀ဏ်ရွှေပီပါသည့်အတိုင်း အမျိုးအနွယ်တော်ဆက်ကြမှ နှစ်ပြည်ထောင်သတ္တ၀ါငြိမ်းချမ်းပါမည်။ ထုံးဟောင်းသက်သီနှင့် အမတ်ကြီး လျှောက်လီရာ ပြည့်သျှင်မင်းမြတ်လည်း ကြည်လင်တော်မူလီ၍ တမန်စကားတောင်စားနှင့် အတွိခံတော်မူသည်။

ပြည့်သျှင်မင်းက တမန်စကားတောင်စားကို ဟံသာဝတီပြည့်သျှင် အကြည်တော် ကျန်းမာပါ၏လော။ မီးတော်မူရာ ပဲခူးမင်းတမန်စကားတောင်စားက ရာဇဓိရာဇာဖြစ်တော်မူသော အကြည်တော်ကျန်းမာတော်မူပါ၏ဟု လျှောက်ထားသောစကားကြားတော်မူလတ်သော်- ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား- တမန်စကားတောင်စားသည် မောဟဖုံးလွှမ်းသော ကေ၀ဋ်ပုဏ္ဏားအမျိုး၊ ဒေါသလွန်၍ အယုတ်အမြတ်ကို မသိတတ်သောသူဖြစ်သည်။ လာရင်းအတိုင်း ပါရင်းရိက္ခာကိုစား၍ပြန်စီ အမိန့်တော်ဟိလတ်လျှင် ယင်းသောအခါ အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးမူကား-

“အသျှင်မင်းမြတ်။ ဘုရားသခင်ဆုံးမတော်မူသော သာသနာတော်ကို မတည်သောသူသည်၊ တရားလွတ်ကင်း၍ အဓမ္မပြုခြင်း။ အဓမ္မဆိုတတ်ပြော တတ်သောအလေ့ဟိခြင်းကြောင့် နှလုံးလှဆိုရာ၌လည်း လက်ရုံးအားကိုးစကား ပါလျှက်ဟိကြောင်း ထုံးဟောင်းဟိပါသည်။ စကားတောင်စားအသျှင် ပဲခူးမင်းလည်း နှလုံးရည်ကို သုံးသောမင်းမဟုတ်ပါ။ လက်ရုံးရည်ကိုရာကြိုက်တော်မူသော မင်းဖြစ်ပါသည်။ မြတ်စွာဘုရား ဆုံးမတော်မူသော
မင်းကောင်းမင်းမြတ်ရို့ စေသုံးအပ်သောသူလေးယောက်ကို ကျမ်းဂန်အဆို၌လာသည်ကား-

ဥတ္တဌေသူရမိစ္ဆန္တိ၊ မန္တေသုအကုတူတလံ။
ပီယဉ္စအန္ဒပါနမှိ၊ အတ္တေဇာ တေစ ပဏ္ဍိတံ။

ထိုအဓိပ္ပါယ်သော်ကား-
ဥတ္တဌယေ- စစ်မြီအရပ်၌၊ သူရံ- ရဲစွမ်းဟိသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။ မန္တေသုစ- ကျိုးကြောင်းတိုင်ပင်သောအခါရို့၌၊ အကုတူတလံ- အပြစ်မဟိငြင်းခုံခြင်းကင်းသောသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။ အန္နပါနမှိ- အရသာဟိသောအစာမျိုးကို စားသောအခါ၌လည်း၊ ပိယဉ္စ- ချစ်ဖွယ်အမှုဟိသောသူကို၊ ဣစ္ဆန္တိ-လိုကုန်၏။ အတ္တေဇာတေ- ခဲခက်သောအမှုကိုလည်းကောင်း၊ ခဲခက်သောအမီးပုစ္ဆာကိုလည်းကောင်း၊ ခဲခက်သောအရပ်ဒေသ၌လည်းကောင်း၊ ပဏ္ဍိတံ- ပညာဟိသောသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။ ထိုသို့ ကျမ်းဂန်လာသည်။

ထိုမှတုံလည်း မင်းကောင်းယုံအပ်သောသူ ပညာဟိအင်္ဂါလေးပါးဟူရာ၌လည်း

သုဘာသိတာ- ပီယ၀ါစာ၊ ဓမ္မာ၊သစ္စံ။
ကျမ်းဂန်လာသည့်အရသော်ကား-

၁။ သုဘာသိတာ- ကောင်းသောအမှု၊ ကောင်းသောစကားကိုရာ ဆိုလေ့ဟိခြင်း။

၂။ ဆိုသောစကားသည်လည်း ပိယ၀ါစာ- ချစ်ဖွယ်သနားဖွယ်ဟိသောစကားကို ဆိုတတ်ခြင်း။

၃။ ထိုစကားလည်း ဓမ္မာ- တရားနှင့်လျှော်ညီခြင်း။

၎။ ဟုတ်မှန်သောအမှုကိုရာလျှင် ကျင့်ဆောက်တည်၍၊ သစ္စံ- သစ္စာမြဲခြင်း။

ယင်းသို့ သူတော်ကောင်းတရား အမှာဟိပါသည်။ မသူတော်စိုးသောအရပ်၌ မထွန်းကားနိုင်ရာ။ ပညာဟိ သူတော်ကောင်း မထွန်းသောအရပ်၌တရား စောင့်သုံးမှုမဟိ။ တရားမစောင့်ချေက သာသနာတော်မတည်နိုင်ရာ။ သာသနာတော်မတည်သော အရပ်ရို့သည် ရက်စက်ကြမ်းတမ်းဆိုးသွမ်းလုယူ၊ နိုင်နင်းနှိပ်စက်၊ လက်ရုံးထောင်လွှား ပြုလေ့ဟိခြင်းကြောင့် သတ္တ၀ါရို့ပျက်စီးသီကြီများ၍ ရန်သူငါးပါး ဆက်ဆံရာဖြစ်လျှက်နှင့် စည်းစိမ်မတည်
ဟိလီရာသည်။ ယင်းသို့ ဘုရားစသော သူတော်ကောင်းရို့ဆိုခသော ကျမ်းဂန်ထင်ရှား ဟိနှင့်ပါသည်။
သူတော်ကောင်းပညာဟိခြင်း ပေါင်းဖက်စောင့်ထိန်းသော် တိုင်းပြည်ငြိမ်းချမ်းသာယာသော အကြောင်းကို ဆိုခပြီးသော ရာဇ၀သတီနိဒါန်း၌ လာပြန်သည်မှာလည်း-

မင်းရို့သိက္ခာ၊ စောင့်အပ်ရာသည်၊ သာသနာရီး၊ မထွီးစီရ၊ သင်္ဂဟကို၊ နိစ္စပြုပေ၊ များဝေနေအား၊
တရားမှန်ကြောင်း၊ ကောင်းသောလုံ့လ၊ အားထုတ်မှတည့်၊ လောဘတဏှာ၊ အ၀ိဇ္ဇာဖြင့်၊ မိစ္ဆာကျင့်ဆိုး၊
စစ်မထိုးအပ်၊ ပညတ်တချက်၊ အိပ်စက်ရုန့်ကြမ်း၊ ပွဲလမ်းပျော်ရွှင်၊ ထွက်ဝင်လားလာ၊ မများစီရာ။ မှုတကာကို၊ ယုတ္တာယုတ္တိ၊ ဆင်ခြင်ညှိ၍၊ ဇာတိမြောက်မြား၊ သူ့စကားကို၊ ကြားကထိုးထွင်း၊ ချက်ချင်းသိပေ၊ ဆိုတတ်ချေသည့်၊ ပရမေထူး၊ ကျေးဇူးမြတ်လှ၊ မိဘဆရာ၊ သူနာသူမွန်၊ တမန်တလိုက်၊ နှုတ်ပိုက်တသွယ်၊ သူငယ်တဦး၊ အရူးကျိုးကန်၊ ရှိလမ်းသက်သီ၊ ရီမြီသခင်၊ မင်းမာန်ဝင်၍၊ ပြစ်တင်ကျူးလွန်၊ မင်းဒဏ်အာဏာ၊ မပီးရာတည့်၊ ညတကာသားချင်း၊ သင်းပင်းတဖော်၊ ဆွီမျိုးတော်ကို၊ မလျှော်နှိပ်စက်၊ ရမ္မက်ဖုံးလွှမ်း၊ မညှင်းပမ်းကောင်း၊ တကြောင်းတမှု၊ သူ့လူကိုယ့်သား၊ မမှားဂတိ၊ မငြိစီရာ၊ ဘဏ္ဍာတုပ်ခွန်၊ မလွန်ရှာမှီး၊ အသီးအပင်၊ သည်တွင်ခံမှု၊ ဆယ်စုတပုံ၊ လုံးစုံပြီးပြေ၊ အစေအသုံး၊ ပြည့်ပက်ခုံးက၊ စသည်ရံပတ်၊ အမတ်ရို့မှာ၊ အင်္ဂါသျှစ်ပါး၊ ရည်လားနက်တိမ်၊ စည်းစိမ်နိမ့်ဖြင့်၊ ထားသင့်တတ်ငြား၊ ဂုဏ်ကိုးပါးသည်။ မင်းအားနှလုံး စောင့်သည့်ထုံး။

ပြည်ကြီးအချာ၊ ရာဇာပ၀ရ၊ နရိန္ဒရို့၊ ပြည်မှမှုကွပ်၊ ယုံအပ်သူအား၊ ဂုဏ်သျှစ်ပါးမှာ၊ ပညာဆန်းကြယ်၊
ပရိယာယ်လည်း၊ ဆိုဘွယ်မဟိ၊ ကတိမြောက်မြား၊ စကားကွေ့ကောက်၊ သူတယောက်လည်း၊
ထွင်းဖောက်သိတတ်၊ တည့်မတ်သစ္စာ၊ ပဏ္ဍာမကြိုက်၊ ရင်၌တပါး၊ မခြားမွန်စွာ၊ အာဏာတန်ခိုး၊ မိုးသို့ထစ်ထစ်၊ ပစ်လိမ့်လန့်ကြောက်၊ တယောက်မူကုန်၊ ပိုက်ခြုံတိုင်းရေး၊ မတွေးထင်ပေါ်၊ သျှစ်ရပ်ကျော်၍၊ ပြည်တော်သာဘိ၊ မတ်က၀ိသည်၊ အသိပြည့်စုံ၊ ဂုဏ်သျှစ်ပုံ။ မင်းနှင့်အမတ်၊ ညီညွတ်တမူ၊ အကျင့်တူသော်၊ နတ်လူကြည်ညို၊ ဗဟိုရ်အောင်ချက်၊ ထီးကနက်လည်း၊ မပျက်စည်ထွန်း၊ ရွာသွန်းပဇ္ဇုန်၊ လုံသည်မဆောင့်၊ မထောင့်နိုင်ငံ၊ ရီဆန်မယှား၊ တောသားမရဲ၊ ခပဲသတ္တ၀ါ၊ အနာမထူ၊ မပူငြိမ်းချမ်း၊ မသွမ်းစစ်မက်၊ ခိုးဝှက်မဟိ၊ ဇာတိစင်ကြယ်၊
မြက်နွယ်သစ်ပင်၊ မြင်မြင်သမျှ၊ ဆီးရသည်သာ၊ လူသစ္စာကြောင့်၊ အနာပျောက်ကင်း၊ ဥပါဒ်ချင်း၏။
မင်းလည်းသက်ရှည်၊ ပြည်လည်းကြာညောင်း၊ ခန္ဓာပြောင်းလည်း၊ မကောင်းပါယ်ရပ်၊ မကပ်နိုင်ဘိ၊ ပညာဟိသည်၊ ဇာတိမသုံ၊ နတ်ခြောက်ဘုံ။

ထိုသို့စကားဟောင်းစာတမ်းတွင်ညွှန်ပြထားခသော ပညာဟိစကား ကျမ်းဂန်ထင်ရှားနှင့်ဖြစ်ပါသည်။
တမန်စကားတောင်စား တရားအလွတ်လျှောက်သည်ကို သည်းခံတော်မူမှ ခန္တီပရမံတပေါ- သူတော်ကောင်းတရား ထွန်းလင်းမည်ဖြစ်ပါသည်။

ယင်းသို့ လောကဓမ္မအကြောင်းနှစ်ပါးကိုထုတ်ဖော်၍ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းမြတ် ချမ်းမြေ့ကြည်လင်တော်မူ၍ တမန်စကားတောင်စားကို ကောင်းမွန်စွာ ထားမြဲပီးကမ်းပြီးသောအခါ နှစ်လကို ဆိုတော်မူပြီးမှ လောကဓမ္မနှစ်ပါး နားလည်တတ်ကျွမ်းသူ သံတောင်စားနှင့် အခါပီးပုဏ္ဏားတော်စကြာဝတေးကို သံဖက်၍ ထည့်တော်မူလျှက်ပြန်စီသည်။

 


လျှောက်ထုံးအမှတ် (၅၇)

ရခိုင်ပြည် တရားမစောင့်သောမင်းများအကြောင်းလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးမီးတော်မူသည်ကား- “ဤရက္ခပူရတိုင်းပြည်တွင် တရားမစောင့်သော ၀ိလုပ္ပန္နော လုယက်ဖျက်ဆီးတတ်သော ဇိနင်္ဂလအမျိုး မင်းပြုဘူးခလီသလော” မီးတော်မူလီရာ- အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးသော်ကား-

“အသျှင်မင်းမြတ်။ ဝေသာလီမြို့၌ ဗြဟ္မဏရာဇာမင်းမျိုးတဆယ့် ခြောက်ဆက်အဆုံး ဗြဟ္မသိဒ္ဓိမင်းလက်ထက် မင်းနှင့်အမတ် တရားလွတ်ကြသည်။ ထို့ကြောင့် ပြည်သူရို့လည်း ရုန်းကြမ်းဆိုးသွမ်းလျှက် အဓမ္မအမှုကိုရာ ပြုကြသည်များသည်။ နတ်မိစ္ဆာဆိုး၊ ယက္ခဘီလူးမျိုးရို့ ၀င်ရောက်ဖျက်ဆီးကြသည်ဖြစ်၍ လူအများသီကြီ ပျက်စီးကြရာ၊ မြို့ရွာပျက်ဘူးပါသည်။

ယင်းသည့်နောက် ဓည၀တီမြို့တော် မာရယုမင်းအမျိုး ငါးဆယ့်လေးဆက်အဆုံး မင်းငယ်ပျော်လှစည်သူလည်း အမတ်ယုတ်ရို့၏မှားယွင်းသောစကားကို နာယူလိုက်နာ မိလီသောကြောင့် တရားပျက်လတ်၍ တိုင်းပြည်မသာယာ ဟိဘူးပါသည်။

ဇိနဂ္ဂင်္လအမျိုး ၀ိလုပ္ပန္နော- လုယက်ဖျက်ဆီးတတ်သော ဟိန္နဇာဂံ- ယုတ်နွမ်းသော အကျင့်အကြံအပြုအမူဟိသော အမျိုးကိုးဆက် မင်းမူသောအခါ တိုင်းတပါးသို့လည်း မိတ်မ၀င်၊ ရန်တင်လျှက်သာပြုသောကြောင့် ထိုမင်းရို့လက်ထက် ဥတုရာသီမမှန်၊ ဓါတ်လေးပါးမညီ၍ ကောင်းခင်၌ နီလနက္ခတ်တာယာမဖြောင့်လီရာ၊ ၀သန္တဥ တုချုပ်လီ၍ အစာယှားပါး၊ ခိုးသားဓါးပြရို့ကြောင့် တိုင်းပြည်ပျက်ချေသည်။

သည်နောက် ဘီးတော်ကံရာဇာကြီးမင်းဆက်စိုးတော်မူသည်မှ အသျှင်မင်းမြတ်တိုင် သာကီဝင်မင်းမျိုး
တဆယ့်ငါးဆက်ရို့တွင်လည်း၊ ၀ိလုပ္ပန္နေ- လုယက်ဖျက်ဆီးတတ်သော နိဇင်္ဂလ- အမျိုးငါးဆက် အကြားဝင်၍ ဖြစ်ဘူးပါသည်။ ထိုမင်းရို့လက်ထက် သာသနာတော်ကွယ်၍ တရားမဟိ မင်းနှင့်အမတ်၊ ပြည်သူရို့ ကတိလေးပါး လိုက်စားကြ၍ သူမိုက်သူယုတ်စည်ကားဘူးပါသည်။

အသျှင်မင်းမြတ်။ ဘုရားသခင်ဆုံးမတော်မူသောသာသနာတော်သည် ခေါက်ရှာငှက်ပျံသကဲ့သို့
ဘုန်းပညာကျက်သရေနှင့် ပြည့်စုံသောမင်းလက်ထက်ဖြစ်လျှင် သန့်ယှင်းစင်ကြယ်တော်မူ၍
အလဇ္ဇိကျင့်သောရဟန်း၊ အလဇ္ဇိကျင့်သော လူမဟိခြင်းကြောင့် သာသနာတော်ထွန်းလင်းပါသည်။ အလိမ္မာမဟိ၊ တရားမသိသောမင်း၊ ရာဇသုံညလက်ထက်ဖြစ်လျှင် အလဇ္ဇိရဟန်း၊ သူသွမ်းသူမိုက်ထွန်းကားလီရာ သာသနာတော် ကွယ်သည်ပင်။

အသျှင်မင်းမြတ်။ ဘုရားသခင်တုံသော်လည်း၊ မင်းကိုအမှီပြုလျှက်၊ သာသနာတော်ကိုထားရကြောင်း ထုံးဟောင်း ကျမ်းဂန်ထွက်ဟိပါသည်။”

ယင်းသို့ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းတရားကြီး ကြိုက်တော်မူသည်။


လျှောက်ထုံးအမှတ် (၅၈)

ပြည်အင်္ဂါ၊ မင်းအင်္ဂါ၊ မှူးမတ်အင်္ဂါစသည်များကိုလျှောက်ထုံး။

တရံရောအခါ ပြည့်သျှင်မင်းကြီးက ကျမ်းအလာ ဇဗ္ဗူဒီပါကျွန်း၌ဖြစ်သော တိုင်းပြည်ကြီးရို့ကိုလည်းကောင်း၊ ပြည်အင်္ဂါစသောအကြောင်းအရာ အလုံးစုံရို့ကိုလည်းကောင်း၊ မီးတော်မူလီရာ- အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးမူကား-

“အသျှင်မင်းမြတ်။ တိုင်းကြီးတဆယ့်ခြောက်တိုင်းကို အဂုင်္တ္တိုရ် ၀ိသာဓုပေါသထသုတ်၌ လာသည်မှာသေယျ ထိဒံအင်္ဂါနံ၊ မာဂဓာနံ၊ ကာသီနံ၊ ကောသလာနံ၊ ၀ဇ္ဇီနံ၊မလ္လာနံ၊ စေတိယာနံ၊ ၀ံသာနံ၊ ကုရုနံ၊ ပဉ္စာလာနံ၊ မဇ္ဇာနံ၊ သူရသေနာနံ၊ အဿကာနံ၊ အ၀န္တီနံ၊ ဂန္ဓာရာနံ၊ ကဗ္ဗောဇာနံ၊

ယင်းသို့ကျမ်းဂန်အရသော်ကား-

၁။ အင်္ဂါနံ- အင်္ဂတိုင်း၌လည်းကောင်း၊

၂။ မဂဓာနံ- မာဂတတိုင်း

၃။ ကာသီနံ- ကာသိကရာဇ်တိုင်း

၎။ ကောသလာနံ- ကောသလတိုင်း

၅။ ၀ဇ္ဇိနံ- ၀ဇ္ဇိတိုင်း

၆။ မလ္လာနံ- မလ္လတိုင်း

၇။ စေတိယာနံ- စေတိယတိုင်း

၈။ ၀ံသာနံ- ၀ံသတိုင်း

၉။ ကုရုနံ- ကုရုတိုင်း

၁၀။ ပဉ္စာလာနံ- ပဉ္စာလတိုင်း

၁၁။ မဇ္ဇာနံ- မဇ္ဇတိုင်း

၁၂။ သူရသေနာနံ- သူရသေနတိုင်း

၁၃။ အဿကာနံ- အဿကတိုင်း

၁၄။ အ၀န္တီနံ- အ၀န္တိတိုင်း

၁၅။ ဂန္ဓာရာနံ- ဂန္ဓာရတိုင်း

၁၆။ ကမ္ဗောဇာနံ- ကမ္ဗောဇတိုင်းလည်းကောင်း။

ထိုမှတပါး၊ ကမ္ဘာ့အဘိဓါန်ကျမ်းအဆို၌လည်း တိုင်းကြီးနှစ်ဆယ့်တိုင်းဟူလျှက်လာပြန်ပါသည်။

ပုံဗဟုတ္တေကုရုသက္ကာ၊ ကောသလာ မာဂဓာသိဝိ။

ကလိင်္ဂါဝန္တိ ပဉ္စလာ၊ ၀ဇ္ဇိဂန္ဓာရ စေတယော။

ဝင်္ဂါဝိဒေဟာ ကမ္ဗောဇာ၊ မဒ္ဒါဘဂ္ဂင်္ဂသီတဌာ။

ကသ္မိရာကသီ ပဏ္ဍ၀ါဒီ၊ သိယုံဇနပဒန္တရာ။

ထိုသို့ဆိုရာ၌ ဇနပုဒ် အလိုစာဆိုယုတ်တက်ထွက်ဟိပါသည်။ ထိုမှတုံလည်း ပြည်ကြီးနှစ်ဆယ်ကို အဘိဓါန်ကျမ်း၌ လာပြန်သည်ကား-

၁။ ဗာရာဏသီပြည် ၁၁။ သာကေတပြည်

၂။ သာဝတ္တိပြည် ၁၂။ ရာဇဂြိုဟ်ဟ်ပြည်

၃။ ဝေသာလီပြည် ၁၃။ ကပိလ၀တ်ပြည်

၎။ မိတိလာတိုင်း ၁၄။ သံသုမာရဂိရိပြည်

၅။ အာဠ၀ီပြည် ၁၅။ ဣန္ဒပတ္တနဂိုရ်ပြည်

၆။ တောသဗ္ဗိပြည် ၁၆။ ဥတ္တဌပြည်

၇။ ဥဇ္ဇေနီပြည် ၁၇။ ၀ါဋလိပုတ်ပြည်

၈။ တက္ကသိုလ်ပြည် ၁၈။ စေတုတ္တရာပြည်

၉။ စပ္ပာနဂိုရ်ပြည် ၁၉။ သင်္ကဿနဂိုရ်ပြည်

၁၀။ သာဂလပြည် ၂၀။ ကုသိနာရုံပြည်

ထိုသို့သော တိုင်းကြီးပြည်ကြီးရို့၌ ရာဇညော- မင်းရို့တုပ်ခွန်ဆက်သော ကျေးလက်ခရိုင် သင်္ဘောဆိပ်ရို့ကိုဆိုရာ သရတ္တဒီပနီကျမ်းဂန်၌လာသည်ကား-

ဇဗ္ဗူဒီ ပေါသကဋသဏ္ဍာနော၊ ဆန၀ုတိယာပနကောဋိသကာသဟ သောတိ။

ဆပဏ္ဍာသရတနာက ရေဟိန၀န၀ုတိယာ ဒေါနမုခသတဆတေဿဟိ။

တိက္ခတ္တုံ တေသဌိယာ နဂရသဟေဿတိစ သမန္နဂတော။

ထိုသို့ပါဌ်အရသော်ကား- ဇဗ္ဗူဒီပေါ- ဇဗ္ဗူဒီပါကျွန်းသည်၊ သကဋသဏ္ဍာနေ- လှည်းဥပမာဟိ၏။ ဆန၀ု
တိယာပန္နနကော ဋိသတသဟေဿတိ၊ ကုဋေကိုးသန်းခြောက်သိန်းသော သင်္ဘောဆိပ်ရို့နှင့်လည်းကောင်း၊ ဆပဏ္ဍာသရတနာကရေဟိ- ငါးဆယ့်ခြောက်ပါးသော ရတနာမျိုးရို့စည်ကားရာဖြစ်ကုန်သော၊ န၀နဂုတိယာ ဒေါနမုခသတသ ဟေဿတိ- ကိုးသန်းကိုးသိန်းသော ကျေးလက်ခရိုင်ရို့နှင့်လည်းကောင်း၊ တိက္ခတ္တုံသုံးထပ် သေသဌိ ယာဂရသဟေဿဟိ- တသိန်းသျှစ်သောင်းကိုးထောင်သော ပြည်ရံရို့နှင့်လည်း၊ သမန္ဒာဂတော-
ပြည့်စုံသည်ဟုဆိုလိုသည်။ ထိုမှတုံလည်း-

ဧတ္တစအပါတာရ ပရိက္ခေပေါ သာပဏော နိဂမော။

သပကာရာ ပဏံနဂရံ တံတံဝိပရိတော

ဂါမောတိဣ မေသံ တိဏ္ဏံ ၀ိသေသော ဥာတဗ္ဗော။

ဆိုရာ၌-ပတ္တေဟ ဤအရာလည်း၊ အာပါကာရပရိက္ခေပေါတံတိုင်း အရံကင်းလျှက်၊ သာပဏော-
ဈီးပွဲရောင်းဝယ်ကုန်သည်ရို့ဖြင့် စည်ကားသောရွာသည်၊ နိဂမောနိဂုံးလျှင်တည်း။ သပါကာရဏံ- တံတိုင်းနှင့်ဈီး စုံစွာဟိသောဌာနသည်၊ နဂရံ- မြို့ဟူရာ၏။ တံတံဝိပရီတော- ယင်းသို့ဆိုခသောအရပ်၌၊ ဈီးတံတိုင်းမဟိသော အရပ်မူကား ဂါမောရွာလျှင်တည်း။ ထိုမှတုံသော်လည်း-

ဇနပဒေါတိဧကဿရညောရဇ္ဇော ဧကောကောဌာသောရဌန္တိသကလံ ရဇ္ဇံ ဒေ၀ိ တဗ္ဗံ။

ယင်းသို့ဟူရာ၌-
ဇနပဒေါတိ- ဇနပုဒ်မည်သည်ကား၊ သကလံရဇ္ဇံ- အလုံးစုံသော ကောင်းခြင်းနှင့်ပြည့်စုံသော၊ ရဌံ- တိုင်းကြီး ပြည်ကြီးဟူ၍၊ ဝေဒိတဗ္ဗံ- သိအပ်၏။ ထိုမှတုံလည်း ပြည်ကြီးရို့၌၊ မြို့အင်္ဂါခုနှစ်ပါးကို သတ္တနိကယ်ကျမ်း၌ အလာသော်ကား-

ဣဓဘိက္ခဝေ- ရညောပစ္စန္တိမေနဂရေ

ဧကသိဟောတိ။ ပရိက္ခရာဟောတိ။

အနူပရိယာယပထောဟောတိ၊ ဗဟုအ၀ုဓံ သန္နိခိတံဟောတိ၊ ဗဟုဗလကာယော

ပဋိဝသတိ၊ ဒေါဝါရိတောဟောတိ၊ ပါကာရောဟောတိ။

ဘိက္ခဝေ- ချစ်သားရို့၊ ဣဓလောကေ- ဤလောက၌၊ ရညော- တရား၌

လိမ္မာသောမင်း၏၊ ပစ္စန္တိမေ- အစွန်ဖြစ်သော၊ နဂရေ- မြို့၌

၁။ ဧသိတာ- တန်းခါးတံတိုင်းသည်လည်းကောင်း၊

၂။ ပရိက္ခာ- ကျုံးမြောင်းသည်လည်းကောင်း၊

၃။ အနူပရိယာယတော- သူရဲပြီးသည်လည်းကောင်း၊

၎။ ဗဟုအ၀ုဓံ- များစွာသောလက်နက်ကို၊ သန္နိခိတံ- စုရုံးခြင်းသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။

၅။ ဗဟုဗလကာယော- များစွာသောဗိုလ်ခြီသူရဲ၊ သူခက်အပေါင်းလည်း ပဋိဝသတိ- စွဲရပ်နီ၏။

၆။ ဒေါဝါရီတော- တန်းခါးစောင့်သော လိမ္မာသူဟိခြင်းသည်၊ ဟောတိ- ဖြစ်၏။

၇။ ပါကာရော- ဉမိ့တံတိုင်း ခိုင်လုံခြင်းဟိသည်၊ ဟောတိ- ဖြစ်၏။

ဣမေတိ သတ္တဟိ နဂရ ပရိက္ခရေတိ- ဤခုနှစ်ပါးသော မြို့အခြံအရံအင်္ဂါရို့ဖြင့်၊ သုပရိက္ခတ္တ- ကောင်းစွာ ၀န်းရံအပ်၏။ ထိုမှတုံလည်း မင်းရို့ပြသသော တရားခုနှစ်ပါးကို ရာဇနီတိကျမ်း၌လာသည်ကား-

သာမိသာမိနူဂေါ မစ္စော၊ ဇနပဒေါပိသဇ္ဇနော။

ဒုဂ္ဂံဒုဂ္ဂဏော ပေတံ၊ ဒဏ္ဍော ဒေါသာနူရုပတော။

တောသောအယက္ခယသမ္ပတ္တိ၊ မိတ္တဉ္စဘယသံယုတ္တံ။

သတ္တပကတိယော- ဟောန္တိ၊ ၀ုတ္တာနီတိ ၀ိစက္ခဏာ။

၁။ သာမိ-အစိုးရတရားလိမ္မာသောမင်းလည်းကောင်း။

၂။ သာမိနူဂေါ-မင်းအလိုကိုသိတတ်သော အမဇ္ဇောအမတ်လည်းကောင်း။

၃။ သဇ္ဇနောဇနပဒေါပိ- သစ္စာဓမ္မစသောသူတော်ကောင်းစ့စုံစွာသော ဇနပုဒ်ကျေးရွာစည်ကားခြင်းလည်းကောင်း။

၎။ ဒုဂ္ဂံဒုဂ္ဂဂုဏေပေတံ- ကျုံးမြောင်းခိုင်ခန့်စွာ၊ ပြအိုး၊ တန်ဆောင်း၊ ခက်ဘွယ်ဟိသောဉမိ့လည်းကောင်း။

၅။ ဒေါသာနူရူပတောဒဏ္ဍော- အမှုကြီးငယ်ဟိလတ်သော်၊ အ၀ီးအနီး မရွီးမူလျှက် အပြစ်နှင့်လျှော်စွာ
ဒဏ်ပီးခြင်းလည်းကောင်း။

၆။ အက္ခယသမ္ပတ္တိကောသော- ကျီ၊ ကျ၊ တိုက်၊ စည်၊ ဘဏ္ဍာ မကုန်နိုင်အောင်ဟိခြင်းလည်းကောင်း

၇။ ဘယသံယုတ္တံမိတ္တံ- ရန်သူရောက်သောအခါ ကူညီညာသောမိတ်ဆွီပြည်ထောင် မင်းချစ်ကျွမ်းဝင်
များခြင်းလည်းကောင်း။

ဣတိ ဤသို့၊ သတ္တပကတိယော- မင်း၏ပြကတေ့ခုနှစ်ပါးရို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။

ထိုမှတုံလည်း မြို့၏ကိရိယာ အစာလေးပါးကို သတ္တနိပါတ်အဂုတ္တိုရ်ကျမ်း၌လာသည်ကား-

ဗဟုတိကာကဌောဒကံ-သန္နခိတံဟောတိ။

ဗဟုသာလိယ၀တံ သန္နိခိတံဟောတိ။

ဗဟုတိလမုဂ္ဂမာသာပရဏ္ဏံသန္တိခိတံဟောတိ။

ဗဟုဘေသဇ္ဇံ သန္တိခိတံဟောတိ။

ဣမေသံစတုံန္နံအဟာရာနံနိကာမလာဘီ ဟောတိ။

၁။ ဗဟုသီကာကဌောနဒကံ- များသောမြက် ထင်း ရီကို၊ သန္တိစိတံ- စုဆောင်း၍ဟိခြင်းလည်းကောင်း။

၂။ ဗဟုသာလိယသတံ- များသောစပါး၊ ပြောင်းကို၊ သန္နိစိတံ- လုပ်ဆောင်ရာ ကြီးကျယ်ဟိခြင်းလည်းကောင်း။

၃။ ဗဟုတိလမုဂ္ဂမာလာပရဏ္ဏံ- များသော နှမ်းပဲ ဟင်းသီးဟင်းရွက်မျိုးကို၊ သန္နိစိတံ- လုပ်ခင်းဟိသော
အရပ်လည်းကောင်း။

၎။ ဗဟုဘေသဇ္ဇံ- များသောထောပတ် ဆီဥပျားရည်ကို သန္နံစိတံ- ဆိုက်ရောက်ပေါများဟိခြင်းလည်းကောင်း။

ဣမေသံစတုန္နံ အဟာရနံ- ဤလေးပါးစုံသောအစာရို့၏၊ ယတ္တ-အကြင်မြို့၌ နိဘာမလာတိ- အလိုဟိ
တိုင်းပြည့်စုံသည်၊ ဟောတိ- ဖြစ်၏။

စစ်အင်္ဂါလေးပါးရို့ကို အဘိဓါန်ကျမ်း၌လာသည်ကား-

ဟတ္တိဿရထပတ္တိ- ဟူရာ၌

၁။ ဟတိ- ဆင် ၂။ အဿ- မြင်း ၃။ ရထ- ရထား ၄။ ပတ္တိ- ခြီသည်

စတုရဂိနိသေနာ စစ်အင်္ဂါလေးပါးဟူရာသည်။

မင်းရို့အားငါးပါးကို စတ္တာလိသနိပါတ်၌လာသည်ကား-

ဗလံပဉ္စ၀ိဓံလောကေ၊ ပုရိသသ္မံမဟဂ္ဂတေ။

အတဗာဟုဗလံနာမ၊ စရိမံစုရုတေဗလံ

ဘောဂဗလဉ္စဒီသာဝု၊ ဒုတိယံဝုစ္စတေဗလံ။

အမစ္စဗလဉ္စဒီဃာဝု၊ တတိယံဝုစ္စတေဗလံ။

အဘိဇစ္စဗလဉ္စေစ၊ တံစတုတ္တံအသံသလံ။

ယာနိစေတာ နိသဗ္ဗာနိ အဓိဂဏှာတိပဏ္ဍိတော။

တိဗလာနံဗလံသေဌံ၊ အဂ္ဂံပညာဗလံဗလံ။

ပညာဗလေ-နပတ္တဒ္ဓေါ-အတ္တံဝိန္ဒတိ ပဏ္ဍိတော။

မဟာရာဇာ- မြတ်သောမင်းကြီး၊ ပုရိသသ္မိ- ယောက်ျားကောင်း၌၊ ပဓ၀ိစံ- ငါးပါးသော၊ ဗလံ- အားသည်၊
ဗဟုလတံ ဟူရာ၌-

၁။ ဗဟုသုတအကြား အမြင်ထုံးကောင်းသက်သီပြည့်စုံလိမ္မာသော နှလုံးအားသာလျှင်အရင်း၊ လက်ရုံးအားမူကား-စရိယံ- ယုတ်သောအား။

၂။ မဟာရာဇာ- မြတ်သောမင်းကြီး။ ဘောဂဗလဉ္စ- ရွှေငွေစသည့်ဘဏ္ဍာထုပ် ခွန်အမှန်ကိုခံယူ၍ များစွာဟိခြင်း၊ ဒုတိယဗလံ- နှစ်ခုမြောက်သောအား။

၃။ အမစ္စဗလံ- ပညာဆန်းကြယ် နက်နဲထိုးထွင်းသော အမတ်ကောင်းဟိခြင်း၊ တတိယဖလံ သုံးခုမြောက်သော အား။

၎။ အဘိဇစ္စဗလံ- အလွန်အမျိုးစောင့်သောအမျိုးမြတ်ခြင်း၊ တံဖလံ- ထိုအားသည် စတုတ္တဗလံ- လေးခု
မြောက်သောအား။

၅။ ပညာဗလံ- ပညာထိုးထွင်းသိနိုင်ခြင်း။

သဗ္ဗာနိ- ခပ်သိမ်းကုန်သော၊ ယာနိစေတာနိ- အကြင်ငါးပါးရို့ကို။ ပဏ္ဍိတော-ပညာဟိသောသူသာလျှင်၊ အသံသယံ- အချွတ်မယွင်း၊ အဓိဂဏှာတိ- လွှမ်းမိုး၏။ တံသ္မာ- ထို့ကြောင့်၊ ဗလာနံ- လေးပါးသော
အားရို့ထက် ပညာဗလံ- ပညာအားကိုရာလျှင်၊ သေဌဗလံ- ချီမွမ်းအပ်သောအားဟူ၍၊ အဂ္ဂဗလံ- မြတ်သော အားဟူ၍၊ ၀ုစ္စတိ- ဆိုအပ်၏။

ထိုမှတပါးတုံလည်း မင်းကျင့်တရားဆယ်ပါးကို သုဝဏ္ဏသာမဇာတ်၌

၁။ ဓမ္မဉ္စမဟာရာဇ မာတာပီတု-သုခတ္တိယ။ ဣဓ ဓမ္မံစရိက္ခာန၊ ရာဇသဂ္ဂံဂမိဿတိ။

၂။ ပုတ္တဒါရေသု

၃။ မိတ္တာမစ္စေသု

၎။ ၀ါဟနေသုဗလေသုစ

၅။ ၀ါမေသုနိဂမေသုစ

၆။ ရဌေသုဇနပဒေသုစ

၇။ သမဏဗြဟ္မတောသုစ

၈။ မိဂပက္ခိသု

၉။ ဓမ္မောသုစိဏ္ဏော သုဓါဝတော

၁၀။ ဓမ္မဉ္စရမဟာရာဇာ ဣန္ဒာ ဒေ၀ါသဗြဟ္မကာ သုစိဏ္ဏေနဒိဝံပတ္တာ၊ မာဓမ္မံ ရာဇပမာဒ။

မဟာရာဇာ-မြတ်သောအသျှင်မင်းကြီး

၁။ မာတာပီတု- မိဘရို့၌ လည်းကောင်း

၂။ ပုတ္တဒါရေသု- သားသမီးရို့၌ လည်းကောင်း

၃။ မိတ္တာ-မစ္စေသု- ဆွီမျိုးစသောမူးမတ်ရို့၌ လည်းကောင်း

၎။ ၀ါဟနေသုဗလသုစ- ဆင်မြင်းဗိုလ်ပါရို့၌ လည်းကောင်း

၅။ ဂါမေသုနိဂမေသုစ- ရွာငယ် ရွာကြီးရို့၌ လည်းကောင်း

၆။ ရဌေသုဇနပဒေသုစ- ဇနပုဒီနိုင်ငံအစွမ်းရို့၌ လည်းကောင်း

၇။ သမဏဗြဟ္မကောသုစ- ရဟန်း၊ ပုဏ္ဏား သူတော်မြတ်ရို့၌ လည်းကောင်း

၈။ မိဂပက္ခိသု- သားငှက်သတ္တ၀ါရို့၌ လည်းကောင်း

၉။ ခတ္တိယ- ရီမြီအစိုးရသော မဟာရာဇာမြတ်သော မင်းကြီး၊ ဓမ္မံ- တရားကို စရ- ကျင့်တော်မူပါလော့။
သုခိဏ္ဏော- ကောင်းစွာကျင့်အပ်သော၊ ဓမ္မော- သူတော်ကောင်းတရားသည်၊ သုခါဝတော-
ချမ်းသာကိုဆောင်တတ်၏။ ရာဇ- မင်းမြတ်၊ ဣဓ- ဤလောက၌၊ ဓမ္မံ- တရားကို၊ စရိက္ခာန- ကျင့်၍၊ သဂ္ဂံ-နတ်ပြည်သို့၊ ဂမိဿတိ- လားရအံ့။

၁၀။ မဟာရာဇ- မြတ်သောမင်းကြီး၊ ဓမ္မံ- တရားကို၊ စရ- ကျင့်တော်မူပါလော့၊ သဗြဟ္မကာ-ဗြဟ္မာနှင့်တကွ၊ ဣန္ဒာဒေ၀ါ- သိကြားမျိုးရို့သည်၊ သုစိဏ္ဏေန- ကောင်းစွာကျင့်သဖြင့်၊ ဒိဝံ- နတ်ပြည်သို့၊ ပတ္တာ- ရောက်ကုန်၏။ ရာဇ- မြတ်သောမင်း ဓမ္မံ-တရားကို၊ မာပမာဒ-မမေ့မလျှော့သင့်။

ယင်းသို့ကျမ်းဂန်လာသည့်အတိုင်း ပညာဟိရို့ဆိုခသော ရာဇ၀တ္တုစာဟောင်း၌ အလာမူလည်း-

ဇေယျာကြငှန်း၊ စိုးစံမြန်းသည်၊ ရွှေနန်းသျှင့်၊ ဂုဏ်ကိုးအင်မင်းရို့မှာ၊ တရားစောင့် ထီးဖြူထောင်းရို့၊
အကြောင်းကိရိယာကား၊ သတ္တ၀ါအပေါင်းရို့အား၊ အနီးအ၀ီးမရွီး၊ ပညာများကို လက်သုံးဓါးပမာ ထက်အောင်သွီး၍ ဆိုရေးဟိလတ်ရာလည်း၊ ယုတ္တာယုတ္တိညှိ၊ ဂတိမလိုက်၊ တိမ်တိုက်ချွန်လွှား၊ မိုးကြိုးလားသို့၊ စကားတည်ကြည်၊ အရှည်ထွန်းလင်းဘိအောင်၊ က၀ိလူသမာ၊ ကြားသော်နှစ်မြိုး၊ သန်းမညှိုးသည်၊ မင်းရို့လက္ခဏာတည်း။

ရတနာစုံပြည့်ဖြိုး၊ န၀ရတ်ဂုဏ်၊ ကိုးပါးဉခံသည်။ လောက်လုံမင်းကောင်းမျိုးရို့၊ ကျင့်ရိုးပြည့်အင်္ဂါ၊ အပရိဟာနိ၊ ကျေးဇူးဟိသည်၊ သတိမလွတ်သာတည်း။ ကျမ်းအမှာသင်္ဂဟ၊ မခွစီလို၊ ဗြဟ္မစိုရ်မူ၊ နှလုံးဖြူ၍၊ အယူတည့်မတ်ရာ၏။ ဗဟုသုတဆိုသည်မှာ၊ စကားနဂ္ဃိ၊ ကြားတိုင်းသိစီသား။ မီးပုစ္ဆာလာသမျှ၊ ရွရွပြီးဖြေ၊ သူ့အနေကို၊ ရိပ်ခြေသိတတ်မှတည့်၊ ဥာဏဥာဏ်မဏ္ဍိုင်၊ ဒသဆယ်ချက်၊ ယွင်းမကွက်အောင်၊ ရွှေလက်မြဲစွာကိုင်၍၊ ခရိုင်တိုင်းတပါး၊ မကားနှုတ်ဆက်၊ မိတ္တာယှက်အောင်၊ အမျက်မလွန်၊ ထုံးနည်းညွှန်လျှက်၊ မတ်မွန်စေလွှတ်ထားချင့်၊ မိုက်မှားအ၀ိဇ္ဇာ၊ မိစ္ဆာဖုံးလွှမ်း၊ မင်းကြမ်းမင်းဆိုး၊ နည်းကိုခိုး၍၊ စစ်ထိုးမပြုရာတည့်၊ လုပ်စားသီးပွင့်မျိုး၊ ဆယ်ဘို့တဘို့၊ မင်းအခွန်၊ မလွန်ခံစားရိုးက၊ တိုး၍မယူသာ၊ သူလှောင်လျှောက်ထား၊ ဂုံးစကားကြောင့်၊ အမှားမဆိုရာသည်။ မဟာဓမ္မရာဇ်၊ သျှင်စောစစ်။

နွယ်မြစ်စဉ်လာ၊ မြတ်ရာဇာရို့၊ စကြာရောက်ရာ၊ အကြောင်းမှာပေ၊ ပရမေဘုန်းသမ္ဘာ၊ မဟာဇိနီ၊ သာကီဧကရာရို့၊ ကြီးကျယ်စွာမင်းတံဆိပ်၊ ဘိသိက်တော်ခံ၊ တိုင်းနိုင်ငံကို၊ စိုးစံကွပ်ညှပ်နှိပ်၍၊ လူရို့ထိပ်မင်းစဉ်လာ၊ ဘိသိက်သွန်းရိုး၊ မော်ကွန်းထိုး၍၊ မင်းမျိုးမြတ်ကညာနှင့်၊ လက်ယာရစ်ခရုသင်း၊ မင်းရို့သုံးရ၊ ဗြဟ္မဏလည်း၊ မူလသိက္ခာရင်းနှင့်၊ မယွင်းကျမ်းအမှာ၊ ညီစွာကျင့်ရိုး၊ ဘီဘိုးဆင်းသက်၊ ဘိသိက်ဆက်မှန်ရာ၏။ ဂင်္ဂါငါးရပ်ရီ၊ စီးလီမပြန်၊ ၀တ်ဆံကြာမျိုး၊ မညှိုးပန်းသပြီနှင့်၊ ညွန့်ဝီ၀ီမြက်မြီဇာ၊ ရီသဖန်းပျဉ်၊ ယှဉ်သည်နံသင့်ရာ၌၊ ပန်းစုံစွာသစ်လေးပင်၊ တောင်မြောက်လေးရပ်၊ တင့်အပ်စိုက်ထားကျင်မူ၊ စစ်အင်္ဂါလေးပါးခင်း၊ ပုဏ္ဏားငါးရာ၊ ဖြူစွာခရုသင်းနှင့်၊ သဲတလင်းညီညွတ်ရာ၊ ဂင်္ဂါမြစ်ကမ်း၊ ပွဲလမ်းမပြတ်၊ မဏ္ဍပ်သုံးဆောင်မှာလည်း၊ ဖြူနီဝါဆင်စရိုး၊ နပျိုးကြံအုန်း၊ ပင်လုံးသီးပင်၊ ၀န်းကျင်ဆပ်သွား၊ ခရားခက်ဆိုင်၊ စကားလှိုင်၍၊ သင်းကြိုင်စီကြောင်းထားလော့၊ ဖြောင့်မမှားသည်၊ တရားလိမ္မာ၊ အမတ်သူဌီး၊ ဘိုးဘီးရိုးမှန်စွာနှင့်၊ မင်္ဂလာအခါနက္ခတ်ကောင်း၊ ပညာမြော်မြင်၊
ရီမြီ့သျှင်လည်း၊ ဂုဏ်လျှင်အသိ၊ ဂတိလေးပါး၊ တရားတည်စီကြောင်းတည်း။ ရှိထုံးဟောင်းကျမ်းအလာ၊
မညီယုတ်တက်၊ ပေါ့ပျက်မဟိသာတည်း။ ကြီးတေဇာကျွန်းလုံးမိုး၊ ဘိသိက်ခံပြီး၊ သစ္စာကြီးသည်၊
စောထီးမင်းကောင်းမျိုးရို့၊ ဆိုရိုးစဉ်လာ၊ ကိုယ်၏အသက်၊ ပရွက်ခြပုန်း၊ နှလုံးမခြားသာတည်း။ သတ္တ၀ါကို၊ မိတ္တာစုံခွီရစ်၊ ညွန့်သစ်တက်ဝီ၊ ကျက်သရီကြောင့်၊ ဖြိုးဝီလူနတ်ချစ်၏။ လေးပါးအပြစ်ချင်းချင်းကွာ၊ ပြည်သူလုပ်ခွန်၊ မလွန်စားထိုက်ရာသည်။ မဟာနွယ်မြစ်၊ ဘုန်းပွင့်သစ်။ ရဟန်းသိက္ခာ၊ မင်းမှာဘိသိက်၊ သူတော်စိတ်သည်၊ မဖိတ်ကျင့်ရိုး၊ အမြတ်မျိုး-
ယင်းသို့ ဘိသိက်ခံသောမင်းရို့ကျင့်ရာသည့် အကြောင်းထုံးဟောင်းနှင့်အညီ အဂုတ္တိုရ်ကျမ်း၌ အပရိတယနိယ တရားခုနှစ်ပါးရို့သည်ကား-

ကတမေစလိဓ၀ံဝဓဇ္ဇံနံ၊ ၀ုဎိုယေ၀ပါဋိင်္ကခါ။ နောပရိဟာနိ။

ထိုသို့ဟူရာ၌- သတ္တခုနှစ်ပါးကုန်သော၊ အပရိယာနိယဓမ္မ- တိုင်းနိုင်ငံရို့ကို စည်ပင်စီတတ်သော
တရားခုနှစ်ပါးသည်၊ ဘိသိက်ခံသောမင်းရို့ မမိစီရအောင် စောင့်အပ်သောတရားကို ပါဠိကင်္ခါအလိုရှိအပ်၏။
ပရိဟာနိ- ဆုတ်ယုတ်သော မကောင်းကျိုးတရားကို၊ နောပါဋိကင်္ခါ- အလိုမဟိရာ။ ယင်းရို့ ခုနှစ်ပါးတရား အဓိပ္ပါယ်သော်ကား-

၁။ ပညာဟိမူးကောင်းမတ်ကောင်းရို့နှင့် ပစ္စုပ္ပန်သံသရာ တိုင်းပြည်သာယာသော အကြောင်းများကို မပြတ်စည်ဝေး ပြောဆိုခြင်း။

၂။ ရှိမင်းကောင်း မင်းမြတ်ရို့ထုံးဥပဒေပြုလျှက်၊ ကောင်းသောအမှု ပညတ်ထားခသည်ကို မဖောက်ပြန်ခြင်း။

၃။ သူတော်မြတ်ရို့အား၊ ဂါရ၀တရား မပြတ်ပြု၍ ကောင်းသောစကားကိုနားထောင်ခြင်း။

၎။ သွမ်းသွပ်၍ သူ့မယားရို့ကို ကျူးလွန်စွာမပြုခြင်း။

၅။ ပြည်တွင်း၊ ပြည်ပစောင့်နီကုန်သော သမ္မာဒေ၀နတ်ရို့အား၊ နတ်စာမပြတ်ပီးခြင်း။

၆။ ရဟန်း၊ သံဃာရို့၌ကောင်းသောအကျင့်ကိုကျင့်ရာသောအကြောင်း ပညတ်စောင့်ယှောက်ခြင်း။

၇။ တိုင်းတပါး၌ဟိသော သူတော်ကောင်းပညာဟိရို့အား ရောက်ပေါက်ပီးကမ်း မင်းချင်းမိတ်ဆွီဝင်ခြင်း။

ဤခုနှစ်ပါးသောတရားရို့သည် တိုင်းပြည်သာယာသောအကြောင်းလျှင်တည်း၊

ထိုမှသင်္ဂဟတရား လေးပါးဟူသည်ကား-

သဿမေဓံ၊ ပုရိသမေဓံ၊ သမ္မာပါသံ၊ ၀ါစာပေယျန္တိ။ စတ္တာရိသင်္ဂဟ၀တ္တုနိ အဟေသုံ။

၁။ သဿမေဓံ-အခွန်အထုပ်ပြည်သူရို့၌ ဆယ်ဘို့တဘို့ခံယူရာ လွန်စွာမပြုလုပ်ခြင်း

၂။ ပုရိသမေဓံ- မင်းမှုထမ်းစွဲမြဲသူရို့အား ရိက္ဇာဝတ်စား ပီးကမ်းခြင်း

၃။ သမ္မာပါသံ- ဆင်းရဲသားပြည်သူရို့အား ဥစ္စာရင်းနှီး ပီးကမ်းခြင်း

၎။ ၀ါစာပေယျံ- ဆွီကြီးမျိုးကြီး၊ သူတော်ကောင်းပညာဟိရို့အား ချစ်ဘွယ်သောစကားကို ဆိုတတ်ခြင်း။

ဣတိဣမာနိစတ္တာရိ၊ ဤလေးပါးသောတရားရို့သည်၊ သင်္ဂဟ၀တ္တုနိ- သင်္ဂဟတရားရို့သည်၊ ဟေတုံ- ဖြစ်ကုန်၏။

အမတ်ကောင်းအင်္ဂါသျှစ်ပါးရာဇနီတိကျမ်း၌လာပြန်သည်ကား-

သုတ၀ါ-သီလ၀ါသူရော၊ ၀ီရ၀ါ၊ သိဒ္ဓိကောဗလံ၊

အလုဒ္ဓေါပီယစုပေါစ၊ မန္တိနေဌင်္ဂမုစ္စတေ။

၁။ သုတ၀ါ- အကြားအမြင် ထုံးဟောင်းသက်သီနှင့်ပြည့်စုံ၍ ဥာဏ်ပညာဆန်းကြယ်ကြီးရင့်ခြင်း။

၂။ သီလ၀ါ- သီလသီတင်း စောင့်ခြင်း။

၃။ သူရော- ရဲရင့်သောသတ္တိလည်း ဟိခြင်း။

၎။ ၀ီရ၀ါ- လုံ့လ၀ီရိယနှင့် ပြည့်စုံခြင်း။

၅။ သိဒ္ဓိကော- ရန်ကိုအောင်တတ်ပြီး စီတတ်သောစွမ်းရည်နှင့်ပြည့်စုံခြင်း။

၆။ ဗလံ- စွမ်းပကားခွန်အားလည်းဟိခြင်း။

၇။ အလုဒ္ဓေါ- သူ့စည်းစိမ်ဥစ္စာကို ဖျက်ဆီးလိုသောအကြံကင်းခြင်း။

၈။ ပီယရူပေါ- ချစ်ဘွယ်သောစကားကိုလည်း ဆိုတတ်ခြင်း။

အဌင်္ဂ- ထိုအင်္ဂါသျှစ်ပါးကို၊ မန္တိနော- အမတ်ကောင်း၏အင်္ဂါဟူ၍၊ ၀ုစွတေ- ဆိုရာ၏။ စစ်သူကြီးအင်္ဂါ
ကိုးပါးမူလည်း ပညာဝါပရမဒ္ဒန္တေ၊ ဇေယျဘုမ္ဓိသုဇာနကံ။ ဗျသနေ သုပရိစ္စာဂံ၊ သမော ဒုက္ခံ သမောသုခံ၊ သမတံ သုစိသတညံ၊ ၀ါဟနေသု အစေဒကံ။ ဂိရသူရဂုဏော ပေတံ၊ သေနာ-မောက္ခေ၀ိဓီယတေ။

၁။ ပရမဒ္ဒန္တေ- တဘက်ရန်သူကိုနှိမ်နှင်းရာ၌ ပည၀ါ- ထိုးထွင်းသော ပညာဟိခြင်း။

၂။ ဇေယျဘုမ္မိသုဇာနကံ-အောင်မြီအောင်ရပ် စစ်ထွက်စစ်ချီ ကောင်းခင်တိမ်နိမိတ် နီလား နီလာစသောအမှုရို့ကို တတ်သိလိမ္မာခြင်း။

၃။ ဗျသနေသု- စစ်မြီမလှပျက်လတ်သောအခါ၌ အပရီစ္စာဂံ- ရဲမက်ဗိုလ်ခြီရို့ကို သိမ်းရုံးချုပ်တတ်ခြင်း။

၎။ သမောဒုက္ခံသမောသုခံ- မင်းနှင့်ဆင်းရဲချမ်းသာ ပမာတူမျှပြုတတ်ခြင်း။

၅။ သမတံ- စွမ်းပကားခွန်အားလည်း ဟိခြင်း။

၆။ သုခီ- သန့်ချင်းစင်ကြယ်သော အလေ့ဟိခြင်း။

၇။ သတညံ- သေနင်္ဂဗျူဟာစသော ကျမ်းဂန်ထုံးသက်သီတတ်ခြင်း။

၈။ ၀ါဟနေသု- ရဲမက်ဗိုလ်ခြီရို့ကို အစေဒကံ- မပင်မပန်းစီမှုပြုတတ်ခြင်း။

၉။ ၀ီရသူရဂုဏောပေတံ- လုံ့လ၀ီရိယနှင့်ပြည့်ုစုံခြင်း

ဧတံ- ဤကိုးပါးသောအင်္ဂါရို့နှင့် ပြည့်စုံသောသူကို သေနာမောက္ခေ- သေနာပတိ စစ်သူကြီးအရာ၌၊ ၀ိဓီယတေ-ခန့်ထားအပ်၏။

ထိုမှတုံလည်း တတိုင်းတပြည်သို့စေသူ တမန်အင်္ဂါသျှစ်ပါးကို အင်္ဂုတ္တိုရ်ကျမ်း၌လာသည်ကား-

အဌဟိဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ဒူတေယျံဂန္တုမရဟတိ။ ကတမေဟိ

အဌဟိ။ သောတာစ ဟောတိ။ သာဝေတာစ။ ဥဂ္ဂဟေတာစ၊ ဓါရေ တာစ၊ ၀ိညာတာစ၊

ဝိညာပေတာစ၊ ကုသလောစ၊ သဟိတာဟီတဿ။နောစ၊ ကလမာကာရကော။

မဟာရာဇာ- မြတ်သောမင်းကြီး၊ အဌဟီအင်္ဂေဟိ- သျှစ်ပါးသောအင်္ဂါရို့နှင့်၊ သမန္နာဂတော- ပြည့်စုံသော သူသည်။ ဒူတေယျံဂန္တံ- တမန်အရာ၌ခန့်ခြင်းငှာ၊ အရဟတိ- ထိုက်၏။ ကတမေဟီ- အဌဟီ-သျှစ်ပါးဟူသည်ကား-

၁။ သောတာစ- သူ့စကားကိုကြားလျှင် အစအဆုံးအဓိပ္ပါယ်ကို ကုန်စွာနားလည်ခြင်း။

၂။ သာဝေတာစ- ကြားသောစကားကို ဆန်းကြယ်အောင်ဆိုနိုင်တတ်ခြင်း။

၃။ ဥဂ္ဂဟေတာစ- အထူးအဖြင့် မှတ်သားသိတတ်ခြင်း။

၎။ ဓါရေတာစ- အမှတ်မြဲစွာ မမိမလျှော့ခြင်း။

၅။ ၀ိညာတာစ- လူ၏အရိပ်အခြေကို သိတတ်ခြင်း။

၆။ ၀ိညာပေတာစ- လူ၏အရိပ်အခြေ အရည်အချင်းကို သူတပါးအား ပြောဆိုလေ့ဟိခြင်း။

၇။ သဟီတာဟီတဿ- စီးပွားရေး၌ သန့်သောဥစ္စာနှင့်၊ ကုသလောစ- လိမ္မာသော အသက်မွီးမှုဟိခြင်း။

၈။ နောစကလဟကာရကော- တတိုင်းတပြည်သို့စေရာ၌ မျက်လိုကျူးလွန်စွာ ရန်ရှက်တင်မှု မဟိခြင်း။

က္ကုမေအဌ- ဤသျှစ်ပါးရို့သည် တမန်စေရာ အမတ်ရို့အင်္ဂါမည်၏။

ထိုမှတပါး ပြည့်သျှင်မင်းရို့၌ယုံအပ်သောကျွန်ကောင်းအင်္ဂါငါးပါး ရာဇနီတီကျမ်း၌ လာသည်ကား-

ပါပါစတျံနီဝါရေယျ၊ ဟီတေယောဇယျဂုံဟဏံ။ ဂုဟေယျစ ဂုဏံကရေ အာပဒေစ၊

နဇဟတေ။ ဒဒေယျကာ လေသုမိတ္တ၊ လက္ခဏံ ပဏ္ဍိတာအာဟု။

ဆိုရာ၌ သုမိတ္တာကျွန်ကောင်းသည်-

၁။ စတျံ- အသျှင်မင်းအား၊ ပါပါ- မကောင်းမှုမှ၊ နီဝါရေယျ- မဖြစ်စီရာ။

၂။ ဟီတေ- သံသရာအကျိုးစီးပွားရို့၌ ယောဇေယျ- ထွန်းလင်းစိမ့်သောငှာ၊ ဂုဟဏံ- အသျှင်မင်းအား၊
ဂုဟေယျ- ပြောဆိုတတ်ခြင်း။

၃။ ဂုဏံ- အသျှင်ကျေးဇူးဟိသောအမှုကို၊ ကရေ- ပြုရာ၏။

၎။ အာပဒေစ- အမှုကြီးငယ်ဟိသောအခါ၌၊ ဏဇဟတေ- အသျှင်မင်းကို မစွန့်စောင့်ယှောက်ရာ၏။

၅။ ကာလေ- သင့်သောအခါ၌၊ ဒဒေယျ- အသျှင်မင်းအားပီးရာ၏။

ဣဒံ- ဤငါးပါးသောအင်္ဂါနှင့် ပြည့်စုံစွာ-သုမိတ္တလက္ခဏံ- ကောင်းသော လက္ခဏာဟိသောသူကို၊ သုဒါသံ- ကျွန်ကောင်းဟူ၍၊ ပဏ္ဍိတာ- ပညာဟိရို့သည်၊ အာဟု- သိကုန်ရာ၏။

မဟာရာဇ- မြတ်သောမင်းကြီး ရှိပညာဟိသူမြတ်ရို့ ပညတ်လျှက်ထားခသော မင်းရို့ကိရိယာ (၁၅) ပါး
ဟူသည်ကား-

၁။ ဆင်ယာဉ် မြင်းယာဉ်ရို့၌ အိပ်စက်မလားအပ်။

၂။ ယစ်မျိုးငါးပါးကို မသောက်မစားအပ်။

၃။ သင့်သောအရပ်ကိုလွှတ်၍ တခြားအရပ်၌ အိပ်စက်မနီအပ်။

၎။ စားသောအစာ အာမှထွက်၍ မကျအပ်။

၅။ ခါးဝတ်ပုဆိုးကို ဥက္ခောင်းတော်သို့ မတင်အပ်။

၆။ ရာသီရောက်သောမိမ္မ၊ မီးယပ်နီသောမိမ္မရို့အား မနှီးနှောအပ်။

၇။ စကားထွက်ဝင်မဆိုအပ်။

၈။ အပျော်အရွှင်သဘင် လွန်စွာမပြုအပ်။

၉။ ရှိမင်းကောင်းရို့ထုံးကို မဖျက်အပ်။

၁၀။ မင်းကျိုးပြည်ရောင် ထွန်းအောင်ဆောင်သောသူအား အပြစ်မပြုအပ်။

၁၁။ မြီကိုနင်း၍ မလားအပ်။

၁၂။ သူတပါးချက်ပြုတ်၍ ဆက်သောအစာကို မစားအပ်။

၁၃။ အခင်းကြီးငယ်ဟိ၍ လားလာရာ၌ ရီမချိုးမဆီးမူလျှက် မနီအပ်။

၁၄။ ပြီးလွှားခုန်ပေါက် မလားအပ်။

၁၅။ အဆိပ်ဟိသောသတ္တ၀ါကို၎င်းင်း၊ ဦးဂြိုဟိသောသတ္တ၀ါကို၎င်းင်း အရောမ၀င်အပ်။

ဤတဆယ့်ငါးပါးသော မင်းကိရိယာကို ပျက်လွန်ကျင့်လတ်သော် မင်းသက်တို၍ ပြည့်ညှိုးငယ်စွာ ဟိလီရာသည်။ ”

ယင်းသို့ ကျမ်းဂန်ထုံးဟောင်း သက်သီညွှန်ဆိုလျှက် အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီး
ကြိုက်တော်မူ၍ မင်းစီးဖောင်မှာသာထည့်သော မင်းဆောင်တန်ဆာပေါင်းဖြူကို အမတ်ကြီးသို့ဆုပီးတော်မူသည်။

မင်းဖလောင်းကြီးသည် ဘုရင်မင်းမြတ်ရို့ကျင့်သုံးအပ်သော ရာဇဓမ္မဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ နာယက ဂုဏ်ခြောက်ပါး၊ ရာဇဂုဏ်သျှစ်ပါးစသော တရားအစုစုကောင်းမှု အဖြာဖြာရို့ကို လွန်စွာအားထုတ်တော်မူလျှက် နန်းစံ (၂၂) နှစ်၊ သက်တော် (၅၉) နှစ်၊ သက္ကရာဇ် (၉၅၅) ခု၊ ၀ါဆိုလဆန်း (၆) ရက် တလင်္ဂနီနိတွင် နတ်ရွာစံတော်မူသည်။





လျှောက်ထုံးအမှတ် (၅၉)

မင်းရာဇာလက်ထက် တောင်ငူကို စစ်ကူသင့်မကူသင့်လျှောက်ထုံး။

မင်းဖလောင်းကြီးလွန်သော် သားတော်အိမ်ရှိမင်း သတိုးဓမ္မရာဇာသည် မြောက်သားတော် ၀ိဇလာနှင့် သက္ကရာဇ် (၉၅၅) ခုဝါဆိုလဆန်း (၆) ရက်နိတွင် ထီးနန်းဆက်ခံ စိုးစံတော်မူသည်။ မင်းရာဇာဟူသော ရှိဘီးတော်၏ အမည်ကို ခံယူတော်မူသည်။ ညီတော်မင်းစောလှကိုစစ်တကောင်းမြို့စား ပီးတော်မူသည်။ နှစ်နှစ်ဟိလျှင် ညီတော်မင်းစောလှသည် ကုလားဘင်္ဂါတဆယ့်နှစ်မြို့။ သက်မင်းကောင်လှဖြူ၊ မြုံလင်ကဲရို့နှင့်ပေါင်း၍ သောင်းကျန်းသည်။ သို့ကြောင့် သက္ကရာဇ် (၉၅၇) တွင် မင်းရာဇာကြီးသည် ကိုယ်တော်တိုင်ချီတက်တော်မူသည်။ ညီတော်မင်းစောလှ စစ်မပြိုင်ဝံ့၍ အညံ့ခံလျှက် ကျိုးနွံစွာဝင်ရောက်လာပေသည်။ စစ်တကောင်းမြို့က ချီလားလီ၍ ဒါဂါမြို့သို့ ရောက်သောကာလ သင်းရို့မြို့ရွာသည် အကြိမ်များစွာဆိုးသွမ်းသူဖြစ်သည်။ ကုလားအကြီး
ဒေးဝန်နပတ်ကို သစ္စာမစောင့်သောကြောင့် မျက်တော်ဝင်၍ ဒေးဝန်းနပတ်ဌာနာ လူပေါင်းတရာကို
တန်ဆာသိမ်းပြီးမှ မော်လိပ်အစို့မှာ ဖြည့်တော်မူသည်။

စစ်တကောင်းမြို့ကို ခမည်းတော်နည်း အမတ်ကြီးမဟာပညာကျော်သို့ ပီးမြဲပီးတော်မူသည်။ မဟာပညာကျော်သား ကျီးညိုကို ရောင်ဖြူမြို့စားပီးတော်မူပြီး သားတော်ဒီဃကို မောက်သူဇာတွင်အုပ်ချုပ်စီ၍ ကုလား (၁၂) မြို့ကို အပ်တော်မူသည်။ ထိုသို့ အသီးသီးခန့်အပ်တော်မူပြီးလျှင် သက္ကရာဇ် (၉၅၇) တပို့တွဲလတွင် ပြန်တော်မူသည်။

သက္ကရာဇ် (၉၅၉) ခုတွင် ကျော်ထင်ရာဇာညီတော်မင်းခေါင်၏သား မင်းရဲကျော်ထင်အမည်ဟိသော တောင်ငူမင်း သီဟသူသည် ဘကြီးတော်ကျော်ထင်နော်ရထာ၏သား ငါးဆူဒါယကာနန္ဒဘုရင် ဟံသာဝတီပဲခူးမင်းကို လုပ်ကြံလို၍ မင်းရာဇာကြီးထံစစ်ကူတောင်းလာသည်။ ကြည်းတောင်စားနှင့် ကသာစားနှစ်ယောက်ကို အထူးထူးသော လက်ဆောင်ပဏ္ဍာများနှင့်အတူ ရွှေပီလွှာစီပို့ရန် တမန်လွှတ်သည်။ တမန်နှစ်ယောက် ရောက်လာရာ စာတွင်ပါသည်ကား- ပဲခူးမြို့ကိုကူညီတိုက်ယူ၍ပီးတော်မူပါ၊ ပဲခူးကိုရလျှင် သမီးကညာ ဆင်ဖြူရတနာကိုဆက်ပါမည်။ ယင်းသို့ စာတွင်ပါလာသည်ကိုကြားသိတော်မူလျှင် ပြည့်သျှင်မင်းကချီတော်မူမည်။
အနောက်မျက်မှာ ဘင်္ဂါတဆယ့်နှစ်မြို့ သက်မင်းကောင်းလှဖြူ၊ လင်းကဲ၊ မြုံ၊ မြို့စားရွာစား ကျေးစားရို့ကို လက်နက်ရဲမက်အစုံနှင့် ပင်လယ်ကြောင်းမှာ ကုလားတဆယ့်နှစ်မြို့ သင်္ဘောနှင့်အသင့်ရောက်စီ။

သက်ဉမံလင်းကဲရို့မှာလည်း ကြည်းကြောင်း မျိုးရိက္ခာ လက်နက်အစုံနှင့် မြို့စားရို့က ကြီးကြပ်ခန့်ထား၍ရောက်စီ။ မြို့မှာလည်း တတ်သိလိမ္မာသူရို့ကို အစောင့်အနီထားခစီ။ အသီးသီးအမိန့်တော်ဆင့်ဆို၍ ချီတော်မူမည်။ စနည်းနာသော်- အဉ္စနနဒီ လေးမြို့ချောင်းတွင် သူငယ်ရို့ လှီလှော်လျှက်နှင့်ဆိုကြသော တြင်းသံမှာ-

ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍၊ ပဲခူးဘုရင်၊ ရို့အသျှင်ထံ ၀င်လိမ့်မည်။

ထိုသူငယ်ရို့အချင်း တြင်းသံအလိုကို အမတ်မဟာပညာကျော်လျှောက်ထားသည်မှာ အသျှင်မင်းမြတ်။
ကျမ်းဂန်တွင်လည်း မိတ်ဆွီဝင်သောမင်းရို့၌ အရေးအကြောင်းဆိုက်ရောက်သော် ကူညီသင့်ကြောင်း ထုံးဟောင်း ဟိပါသည်။ ယခုအကြည်တော် တောင်ငူမင်းပီးလိုက်သော ရွှေပီတွင်လည်း အရှည်ထွန်းလင်းရာသော အကြောင်းဖြစ်ပါသည်။

သူငယ်ရို့ တြင်းဆိုသည့်အလိုမူ အမှုလွယ်ကာပြီးကုန်ပါမည်။ လျှောက်လတ်သော် ချီတော်မူမည့် တပ်စဉ်အစီအရင် ခန့်ရပ်တော်မူသည်ကား-

လက်ဝဲကိုယ်ရံတော်နှစ်သောင်းမှာ အမတ်ကုလားတန်စားစောနူ တဗိုလ်။

အမတ်မြို့ချောင်းစား ရဲအောင်နိုင်တဗိုလ်။

လက်ယာသင်းကိုယ်ရံတော်နှစ်သောင်းမှာ အမတ်တရွေးစားဂါမနိ တဗိုလ်။

အမတ်မြို့ချောင်းစားတဗိုလ်။

ကမံလေးကိုင် သူရဲတထောင်မှာ တောင်ကုတ်စား ရန်မျိုးအောင် တဗိုလ်။

ဒါးကိုင်လေးစွဲသူရဲကောင်း တထောင်မှာ အမတ်သံတောင်စား တုံးညိုတဗိုလ်။

ကာစွဲဓါးကိုင် သူရဲတထောင်မှာ အမတ်အမ်းစား တုရင်သူ တဗိုလ်။ သူရဲသုံးသောင်းမှာ သက်မင်းကောင်းလှဖြူ မူးမတ်နှင့် သက်မင်းကို အစုစု သူရဲတသိန်းရို့ကို အမတ်တော်ကိုယ်ရံကြီး ဓမ္မာသောက အချုပ်တပ်ဦးချီရသည်။

မောက်သူဇာ- ဘင်္ဂါကုလားသူရဲငါးထောင်မှာ- အမတ်တော်ဆင်ကဲကြီး မနူဟာအချုပ်။ သင်္ဘောသုံးရာနှင့် ပသျှူးကျွန်း မော်တင်ဝက အမတ်ကြီးချရပ်၍ ကျွန်းတိုင်း မြစ်ပေါက်တိုင်း စောင့်နီရသည်။

ပြည့်သျှင်မင်းကြီးတပ်တော်မှာ လက်ဝဲသင်းကိုယ်တော်ရံသုံးသောင်း။ လက်ယာသင်းကိုယ်တော်ရံသုံးသောင်း။ ဒိုင်းနက်သူရဲကောင်း၊ သက်သူရဲတသောင်း။ ထီးလောင်းကာ၊ မီးပေါက်ပြောင်း၊ ဒိုင်းလွှားစွဲသူရဲနှစ်သောင်း၊ ရဲမက်တသိန်း တပ်မတော်တွင်ပါသည်။ ကမ်းရံသူရဲသုံးသောင်း၊ ကုလားထီးလောင်းကာ၊ မီးပေါက်ပြောင်း ဒိုင်းလွှားသူရဲနှစ်သောင်း။ သူရဲပေါင်းငါးသောင်းနှင့် သားတော်အိမ်ရှိမင်းခမောင်းကို စိန်တင်စားဥဂ္ဂါပျံနှင့်
မော်တင်ချောင်းသံလျှင်မြို့သို့ ချီစီသည်။ ပြည့်သျှင်မင်းလည်း သက္ကရာဇ် (၉၆၀) တန်ဆောင်ဘုန်းလဆန်း (၁၁) ရက်နိ ချီတော်မူသည်။

အမတ်ကိုယ်ရံကြီးတပ် မုတ္တမသို့ဆိုက်ရောက်လီရာ မုတ္တမမြို့ အရှိကျွန်းကြီးမြို့တွင် လက်ဝဲသင်းကိုယ်တော်ရံ သူရဲကောင်းတသောင်းနှင့် ကုလားတန်စားစောနူကို တပ်နှင့်ထားသည်။ ချုံးချုံးကျမှာ လက်ယာသင်းကိုယ်တော်ရံ သူရဲတသောင်းနှင့် တရွေးစားကို တပ်နှင့်ထားသည်။ လက်ယာသင်းကိုယ်တော်ရံသူရဲတသောင်းနှင့် မြို့သစ်စား ဗလတင်ကို အလံတင်ချောင်းတွင် တပ်နှင့်ထားသည်။ တောင်ထိပ်တွင် သူရဲတသောင်းနှင့် သံတောင်စားထုံးညိုကို တပ်နှင့်ထားသည်။ မုတ္တမမြို့အရှိမြောက် ဟောင်းသရောမြစ်ညာလမ်း၊ မြရာဝတီမြို့ကသည် ကမော်ကလိုတောင်ထိ

သက်မင်းကောင်းလှဖြူကို သူရဲသုံးသောင်းနှင့် အခိုင်ထားသည်။ သားတော်အိမ်ရှိမင်းလည်း သံလျှင်မြို့ကို လုပ်ကြံ၍ရလီလျှင် သံလျှင်တွင် စွဲရပ်နီသည်။ ပြည့်သျှင်မင်းရာဇာကြီးလည်းချီလားလီ၍ ပဲခူးအနောက်ဘက် ဟင်္သာဇိုင်းကနိုင်းတွင်တပ်ချ၍ ပဲခူးကိုဝိုင်းရံထားသည်။ ယိုးဒယားရို့လည်း အစာရိက္ခာယှားပါးသောကြောင့် တောင်ငူကခွာသည်။ ထိုခွာလာသော ယိုးဒယားတပ်ကို သက်မင်းကာင်းလှဖြူကျုံး၍တိုက်သည်။ ယိုးဒယားမင်း၏ညီဗျသမွန်ကို သက်မင်းကောင်းလှဖြူလက်ရောက်ရလီ၍ ရခိုင်မင်းရာဇာသို့ ဆက်လှာသည်။
ပင်လယ်ကြောင်းချီလာသော ယိုးဒယားတပ်ကိုလည်း ဖိစီးတိုက်လီရာ ပျက်စီး၍ လက်နက်လူသူများစွာရသည်။

ရခိုင်မင်းရာဇာကြီးသည် ယိုးဒယားမင်းညီဗျသမွန်ကို ကောင်းစွာပြုစုထားဟိပြီး ယိုးဒယားမင်းထံမှ လက်နက်ပစ္စည်း ဘဏ္ဍာများကိုတောင်းခံသည်။ ယိုးဒယားမင်းလည်း ညီတော်ကိုရလိုသည်ဖြစ်၍ ရခိုင်မင်းသို့ လိုက်လျှောရသည်။ ယိုးဒယားမင်းက ပြောင်းမီးပေါက်သုံးထောင်။ နားဖဖောက်သောပြောင်းကြီး။ ဗျရွတ္တသီ- ဟူသော ပြောင်းလက်နက်များကိုဆက်သရသည်။ ယိုးဒယားမင်းညီတော်ကိုလည်း ပြန်ပီးတော်မူလိုက်သည်။

တောင်ငူမင်းကလည်း ဟံသာဝတီသို့ ဘကြီးတော်ကျော်ထင်နော်ရထာလက်ထက် ယူဆောင်ခသော ယိုးဒယားမင်း ဗြသာဓီရာဇာအရုပ်၊ မိဖုရားကြီးအရုပ်၊ ယိုးဒယားမင်းဆရာအရုပ်၊ ဧရာဝဏ်ဆင်ရုပ်၊ ယိုးဒယားရို့ ကိုးကွယ်သော ရာမရုပ်၊ ဟနူမာမျောက်ရုပ်၊ အလမ္ပါယ်မြွီသမားအရုပ် အစဟိသော ကြီးရုပ်များနှင့် ရွှေငွေဘဏ္ဍာ များစွာရို့နှင့် တကွ အထူးထူးသောပုဆိုးကောင်း၊ ခါသာကောင်းမှိုင်းလုံးရွှေဖျင်၊ စားဘွယ်မုံ့သနပ်မျိုးစုံရို့ကို လူသုံးထောင်စိ ကိုင်ဆောင်စီပြီး မင်းညီမင်းသားမူးမတ်များ ကြပ်မတ်စီလျှက် ပို့ဆက်တော်မူရသည်။

ထို့နောက်မှ ဆင်ဖြူတော်တစီးနှင့် ဟံသာဝတီသျှင်ဘုရင်သမီးတော်ခင်မနှောင်းကို မိဖုရားကြီးရို့
အဆောင်အယောင်နှင့်တကွ အထိန်းအချီကတော်လေးယောက် ကိုယ်လုပ်တော်သုံးကျိပ်ပီးတော်မူ၍
မှူးမတ်အပေါင်းခြံရံစီလျှက် ဝေါနှင့်ထမ်းဆောင်ပြီး ရခိုင်ဘုရင်မင်းရာဇာကြီးသို့ ဆက်သတော်မူသည်။

မင်းရာဇာကြီးလည်း ယိုးဒယားမင်း၊ တောင်ငူမင်းရို့ဆက်သသော လက်ဆောင်ပဏ္ဍာများနှင့်တကွ
ဟံသာဝတီမြို့ဟိ ယိုးဒယားအိမ်ထောင်စုသုံးထောင်၊ တလိုင်းအိမ်ထောင်စုသုံးသောင်း၊
လူပေါင်းသုံးသောင်းသုံးထောင်ကို သိမ်းခေါ်ပြီးလျှင် သက္ကရာဇ် (၉၆၁) ခုတွင် ပြန်တော်မူသည်။

လမ်းခရီးအကြား မော်တင်သို့ရောက်သောအခါ အမတ်ကြီးမဟာပညာကျော်သီလွန်သည်။ ပြည့်သျှင်မင်းလည်း အမတ်ကြီးအသုဘကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုသဂြိုဟ်တော်မူသည်။ အမတ်ကြီးအားသဂြိုဟ်သော သင်္ချိုင်းမြီနီရာပေါ်တွင် ဘုရားစေတီတည်ထားခသည်။ ထိုစေတီကြီးကို ယခုတိုင် မော်တင်စေတီကြီးဟုခေါ်လျှက် ထင်ရှားစွာဟိသည်။

ပြည်တော်သို့ရောက်လျှင် ယိုးဒယားရို့ကို အတီးအကစကျောအစို့၊ ၎င်းင်းပြင် ကျွေတဲတပ်၊ ကျွေမသီတပ်၊ ရာဇဂြိုဟ်တပ်၊ တောင်ဘက်တပ်၊ မြို့သစ်တပ်၊ မှိုင်းတပ်၊ တောင်ငူတပ်၊ ကျွန်ကောင်းတပ်၊ သျှစ်တပ်အစု ဖွဲ့တော်မူ၍ ကစ္ဆပနဒီအရှိဘက် ဆွဲထားကျွန်း၊ တောင်ရင်းကျွန်း၊ မြစ်အနောက်ဖက် ပီကျွန်း၊ ဦးရစ်တောင်ကျွန်း၊ မရိုးကျွန်း၊ ရမောင်းကျွန်းများမှာချတော်မူသည်။

ထို့ပြင် တလိုင်းသုံးထောင်ကို ဆင်အောင်းမသင်းများမှာ ဖြည့်တော်မူ၍ ငစင်ရိုင်းကျွန်းတွင် ချတော်မူသည်။ ယိုးဒယားသဘင်အက လေးစို့သားရို့ကို အမတ်သူငယ်တော်သွီးသောက်သို့ အပ်တော်မူသည်။

စစ်တကောင်းမြို့စား အမတ်ကြီးမဟာပညာကျော်သားကျီးညိုကိုလည်း အဘနည်းတူ သူကောင်းပြုတော်မူသည်။ စစ်တကောင်းမြို့ကို မြို့စားပီးပြီး ပညာဝံသအမည်ကိုပါ ပီးတော်မူသည်။



လျှောက်ထုံးအမှတ် (၆၀)

မင်းရာဇာကြီးမှ သားတော်မင်းခမောင်းအား အပြစ်ပီးမည်ဟိရာ မတ်ကြီးပညာပညာဝံသလျှောက်ထုံး။

သက္ကရာဇ် (၉၆၇) ခုရောက်သောအခါ သားတော်အိမ်ရှိမင်း၊ မင်းခမေါင်းသည် ဘီးတော်ကောင်းမှု ဆံတော်၊ အံတော်၊ နံတော်ဘုရားသုံးဆူကို အဖူးမြော်လားလိုကြောင်း ခမည်းတော်ထံ လျှောက်ထားသည်။ ခမည်းတော် ခွင့်ပီးတော်မူ၍ သံတွဲသို့လားသည်။ သံတွဲမြို့သို့ ရောက်သောကာလ ဘုရားသင်္ချီ တလိုင်းခေါင်းဆောင်းတော်ကျွန်၊ ကုလားခေါင်းဆောင်းအင်ရှာ၊ မတူလာ၊ နောပံ၊ ကင်္ခါ၊ ထိုငါးယောက်က ခမည်းတော်လည်း ကြီးရင့်လှပြီ။ သားတော်သမီးတော်များစွာရှိသည်။ ခမည်းတော်ထင်ရှားဟိစဉ် ထီးနန်းတက်၍ ခမည်းတော်ကို သင်္ကန်းဝတ်နှင့်ထားရလျှင် ပစ္စုပ္ပန်သံသရာအကျိုးနှစ်ပါးပင် များလှမည်ဖြစ်သည်။ လှည့်ဖျား၍လျှောက်လတ်သော် မင်းခမောင်းလည်းမှောက်မှား၍ ခမည်းတော်ကို နန်းချမည်အကြံနှင့် သင်းပင်းစုဆောင်း ဖွဲ့စည်းသည်။

ဘုရားသင်္ချီငါးထောင်အား သူရဲအစို့ဖွဲ့သည်။ ထိုတပ်ကိုတပ်ဦးပြု၍ မြောက်ဦးမြို့သို့ချီတက်သည်။ ထိုအကြောင်းကို ခမည်းတော်ကြားသိလီရာ ကြည်းတပ်ရီတပ်များ၌ သူရဲလက်နက်အပြည့်အစုံဖြင့် ငါးစင်ရိုင်းကျွန်းဘားမြို့က ဆီးဆို့တိုက်ခိုက်သည်။ သားတော်မင်းခမောင်းကို လက်ရဖမ်းဆီးမိသည်။ လူလက်နက်လည်းများစွာရသည်။

သင်္ချီအကြီးခေါင်းဆောင်နှင့် လူပေါင်းသုံးထောင်ရို့သော်ကား သက္ကရာဇ် (၉၆၇) တွင်
သားမယားရို့ကိုပါဆောင်ယူ၍ု သဒေးချောင်းဖျားက အရှိပြည်သို့ထွက်ပြီးလီသည်။ ကျန်ကုလားငါးရာ၊
တလိုင်းငါးရာရို့ကို သံတွဲတွင်မထားတော့ဘဲ သိမ်းယူခေါ်ဆောင်ခပြီး ရတနာပုံဘုရားမှာ ငါးရာ၊ မဟာမုနိ ဘုရားမှာငါးရာ လှူတော်မူသည်။ သားတော်မင်းခမောင်းကိုအပြစ်ပီးမည်ဟိရာ အမတ်ပညာဝံသ လျှောက်ထုံးသော်ကား-

“အသျှင်မင်းမြတ်။ ရှိသောအခါ ဘုရားလောင်းဆင်မင်းသည် အရံတထောင်သောဆင်ရို့နှင့် သစ္စာပြုလျှက် နီတော်မူသည်။ အဂေါလဟတ္တိဆင်လည်း ဆင်ပေါက်တကောင်နှင့်နီသည်။ ဘုရားလောင်းဆင်မင်း၌ အမိန္နကဟူသော ညီတော်ဟိသည်။ ထိုညီတော်အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်ဖျားယောင်းသည်။ အဂေါလဆင်က အဆွီတော်မိန္နကဆင်အား- အဆွီတော်မိန္နက အရွယ်ကောင်းစွာ သန်မာသောကာလ၌ မင်းပြုရမှသာ ကျေးဇူးထွန်းဟိနိုင်မည်။ အိုသောအခါ ပဇာအကျိုးဟိအံ့နည်း။ နောင်တော်ဆင်မင်းကို ပြစ်မှားစီရန် ဤသို့ဆိုသည်။ ညီတော်မိန္နကဆင်သည် အဂေါလဆင်မှရသော ဆင်ရံငါးရာကို သင်းပင်းပြုလျှက်
နောင်တော်ကိုတိုက်ခိုက်ရန်လာသည်။

ထိုအခါ ဘုရားလောင်းဆင်မင်းသည် မိမိ၏သင်းပင်းဆင်အပေါင်းရို့အား တိုက်ခိုက်ခြင်းမပြုစီဘဲ ငြိမ်းအီးစွာ နီစီသည်။ ဘုရားလောင်းဆင်မင်းသာ ကိုယ်တိုင်ထွက်၍ ညီတော်ဆင်ငါးရာရို့ကို တိုက်သည်။ ညီတော်ဆင်ငါးရာရို့သည် ဘုရားလောင်းဆင်မင်းကိုမခံဝံ့၊ ကြောက်လန့်သဖြင့်ထွက်ပြီးကြရသည်။ ဘုရားလောင်းဆင်မင်းသည် ညီတော်မိန္နကဆင်ကိုရသည်။ ညီတော်အားမြှောက်ပင့်ညီသော အဂေါလဆင်မင်းလည်း ကြောက်လန့်ခြင်းဖြစ်၍ ထွက်ပြီးသည်။ ထိုအဂေါလဆင်၏ထက်ဝက်သော သင်းပင်းဆင်ရို့သည် ဘုရားလောင်းဆင်မင်းထံ လာရောက်နီထိုင်ကြသည်။ ထိုတောထိုတောင်၌ နီကြကုန်သော
အခြားသောဆင်ရို့သည်လည်း ဘုရားလောင်းဆင်မင်းထံ လာရောက်နီထိုင်ကြပြန်သည်။ ဘုရားလောင်း ဆင်မင်းသည်ကား များစွာသောဆင်အပေါင်းရို့ဖြင့်စည်ကားလီသဖြင့် ဘုန်းဟိန်တန်ခိုးကြီးလီသည်။

ထိုသောအခါ ညီတော်အား ဘုရားလောင်းဆင်မင်းမိန့်တော်မူသည်မှာ- ငြိမ်စွာနီသောကာလ ငါ့ဘုန်းလက်ရုံးကို အများဆင်ရို့မသိ၍ မကြောက်မလန့်ဟိကြသည်။ ငါ့ညီတော်မိန္နကပြု၍သာ နောင်တော်၏ခွန်အားဗလကြီးကြောင်း အများသိအောင်ပြခွင့်ဖြစ်ရပေသည်။ သို့ကြောင့် ဆင်အပေါင်းရို့ဝင်ရောက်လာကြသည်မှာ ညီတော်မိန္နက ကျေးဇူးပင်ဖြစ်သည်။ ဤသို့ ညီတော်အား ဆင်မင်းချီမွမ်းကြောင်း ဇာတ်ထုံးဟောင်းသက်သီဟိပါသည်။

ယခုလည်း သားတော်အိမ်ရှိမင်းသည် အယုဇ္ဈပူရတိုင်း ဒွါရာဝတီမြို့က သူရဲလက်နက် ဆင်လုံးမြင်းရံနှင့်ချီလာ၍ ခမည်းတော်ဘုရား ဘုန်းလက်ရုံးတော်ကို ထင်ရှားပြသည့်အမှုမှာ ပြည်ထောင်ချင်းမင်းတကာရို့ တိုး၍ခန့်ငြား ကြောက်လန့်ရာသောအကြောင်းသာဖြစ်သည်။ ”

ယင်းသို့လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးတဖန် အမိန့်တော်ဟိပြန်သည်ကား-
“ပဲခူးမင်းရာဇဓိရာဇ်သည် သားတော်ဗောလောကြမ်းတောအား အဘအာဏာပြစ်မှားမှုလည်း ဆင်အစွယ်ကို ချွန်သည့်အမှုနှင့်စီရင်ကြောင်း ထုံးဟောင်းသက်သီနှင့်ထင်ရှားထွက်ဟိသည်။”
ထိုသို့အမိန့်တော်ဟိပြန်သည်။ ထိုအခါအမတ်ကြီးလျှောက်ပြန်သည်ကား-

အသျှင်မင်းမြတ်။ မြင့်မြတ်သောတရားကိုရာ အနွယ်တော်မင်းဆက်စောင့်ထိန်းတော်မူပါသည်။
လက်ရုံးအားကိုးပြုသောမင်းများကို ဘုရားစသောသူတော်ကောင်းရို့ကြိုက်တော်မမူပါ။ ကမ္ဘာအစ၊ မဟာသမ္မတ၊ ၀ံသစဉ်လာ၊ သာကီအနွယ်ဝင်မင်းရို့မှာ အမျိုးစောင့်သောတရားကိုဖျက်မြဲမဟုတ်ပါ။ သာကီဝင်မင်းဖြစ်လျှင်၊ သာကီဝင်မင်းမျိုးမဟုတ်သောမိမ္မနှင့်စုံဖက်လီရာ ဖွားမြင်သောသားသမီးသော်လည်းကောင်း၊ လက်ရုံးအားကိုး မင်းမျိုးခြားမင်းမူသော်လည်းကောင်း၊ တရားမစောင့်၊ မဖြောင့်မမှန်၊ ဖောက်ပြန်ဆိုးသွမ်းတတ်ကြောင်း ထုံးဟောင်းကျမ်းဂန်ဟိပါသည်။

မုတ္တမမြို့ကိုသမုတ်၍ အစတည်လာသူ မကတူးလည်း ဇင်္ဂလမျိုး၊ ထိုသူရို့အကြောင်းပြု၍ ပဲခူးမင်းရာဇဓိရာဇ် တိုင်အောင်ဆိုခသော ထုံးရာဇ၀င်ရို့သည် ဘုရားစသောသူတော်ကောင်းရို့ချီမွမ်းဖွယ်ရာမပါ။ ရာဇဓိရာဇ်ကဲ့သို့ အယုဇ္ဈဗျာပါဒလွန်ကျူး၍ သူတထူးကိုတိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်သောမင်းသုညရို့သည် ကိုယ့်အသက်
စည်းစိမ်ကိုရာစုံမက်၍ သူတပါးအားသနားခြင်းကင်းလျှက် ရက်စက်စွာပြုကျင့်သောထုံးဆိုးဖြစ်ပါသည်။
ယင်းသို့ ထုံးကောင်းမဟုတ်၊ ထုံးဆိုးထုံးသွမ်းသည် သာသနာတော်မှအပဖြစ်သော မင်းသုညရို့၏ထုံးဖြစ်၍ မင်းကောင်းမင်းမွန်ရို့ မလိုက်ပါအပ်ကြောင်းနှင့် အမတ်ပညာဝံသလျှောက်လတ်သော် အမျက်ပြေ၍ သားတော်ကို အမတ်ကြီးသို့အပ်တော်မူသည်။ မင်းခမောင်းလည်း အမတ်ကြီးကြောင့်ချမ်းသာရာရပြီး နောင်အခါ မင်းကောင်းတပါးဖြစ်လာသည်။

သက္ကရာဇ် (၉၇၄) ခုရောက်သောအခါ မင်းရာဇာကြီးလွန်တော်မူသည်။ ခမည်းတော်လွန်တော်မူလျှင်
သားတော်အိမ်ရှိမင်း မင်းခမောင်းသည် မြောက်သားတော်ဓမ္မာဒေ၀ီနှင့် ထိုသက္ကရာဇ် (၉၇၄) ၀ါဆိုလဆန်း (၁၀) ရက်နိတွင် ပြည်စည်းစိမ်ကို ဆက်ခံစိုးစံတော်မူသည်။


လျှောက်ထုံးအမှတ် (၆၁)

မင်းခမောင်းသားတော် သီရိသုဓမ္ဇရာဇာလက်ထက် သူငယ်ရို့ဆိုသောစကားကို အမတ်ငလက်ရုံးလျှောက်ထုံး။

မင်းခမောင်းလွန်ပြီးနောက် သားတော်အိမ်ရှိမင်းမင်းဟရီသည် မိဖုရားနတ်သျှင်မယ်နှင့် သက္ကရာဇ် (၉၈၄) ခု၊ နယုန်လဆန်း (၁၀) ရက်နိတွင် ပြည်ထီးနန်းကို သိမ်းမြန်းစိုးစံတော်မူသည်။ နန်းတက်သောအခါ သီရိသုဓမ္မရာဇာ အမည်ကို ခံတော်မူသည်။ ထိုမင်းလက်ထက်တွင် အမတ်ပညာဝံသသား လေးမြို့စားငလက်ရုံးလည်းတယောက်၊ လောင်းကြက်မြို့စားငကုသလလည်း တယောက်ဟိသည်။ လောင်းကြက်မြို့စားအမတ်ငကုသလနှင့် မိဖုရား နတ်သျှင်မယ်ရို့ ချစ်ကြိုက်ကြသည်။ ငကုသလသည် ယတြာအတတ်၌ အလွန်ပင်ကျွမ်းကျင်သည်။ ထိုအတတ်ဖြင့်
ပြည့်သျှင်မင်းကိုကြံ၏။ အင်းအိုင်မန္ဓာန်ယတြာများစီရင်ပြီး နှံနှိမ်ခြင်းပြုသည်။ ထိုသို့ပြုပြီး မင်းကြီးထံ
လျှောက်ထားသည်ကား- အသျှင်မင်းကြီးဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဆင်စာစပါးဟိန်းစွကို ရီကန်တူး၍ ချထားရပါမည်။ ဤသို့လျှောက်ထားပြီး ဆင်စာစပါးဟိန်းစွကို ရီကန်တွင်ချထားစီပြီး သူငယ်ရို့ကို ငကုသလသင်၍ ဆိုစီသည်ကား- “ညောင်ပင်ကြီးရင်း၊ ဟိန်းစွခင်း၊ မင်းထီးရို့သျှင်၊ ဘုရင်နန်းရဖြစ်လိမ့်မည်။” ယင်းသို့သူငယ်ရို့ဆိုသောစကားကို ပညာဟိငလက်ရုံးကြားလျှင် ပြည့်သျှင်မင်း သီရိဓမ္မရာဇာထံလျှောက်ထားသည်ကား-

“အသျှင်မင်းမြတ်။ ဟိန်းစွသည်အင်္ဂါနံ၊ ဟီန္နဟူသောအမှုသည် ယုတ်သောစကား။ အသျှင်မင်းကြီးလည်း နံတော်အင်္ဂါသား၊ နံကိုဆင်စီးနင်းသည်။ ဗုဒ္ဓူးသားအမတ် လောင်းကြက်စားငကုသလဖြစ်ပါသည်။ ဆင်ကား ရောက်မည်မဟုတ်ပါ။ ဆင်နံဗုဒ္ဓူးသား မင်းဖြစ်လိုသောကြောင့်တပေါင်ကို ငကုသလလုပ်ထား၍ အသျှင်မင်းကြီးကိုယ်တော်၌ ယခုဝေဒနာ ကပ်ရောက်လျှက်ဟိပါသည်။ ခုနှစ်လနှင့် အသျှင်မင်းကြီး နတ်ရွာလွန်တော်မူမည် အမှန်ဖြစ်သည်။” လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးမယုံ၍ ငါ့ကို ထင်မြင်အောင် ပြရဦးမည် မိန့်တော်ဟိလတ်သည်။

သို့ကြောင့် အမတ်ငလက်ရုံးသည် လူတယောက်ကို မြို့တွင်းမြို့ပြင်တြင်းနာချေပြော၍ စေလွှတ်သည်။
တြင်းနာရာကြားခသောတြင်းသံသော်ကား-

“မင်းဟရီမှောက်မှား အလားလား၊ ဟရီလည်းသီ၊ ပြည်လည်းကြီ” ဟူသော ပထမတြင်း။

“ကျွန်နှင့်မတန်၊ မင်းဖြစ်ကြံသည်၊ အမှန်တန့်တန့်၊ ခုနှစ်လတွင် မင်းဖြစ်အံ့” ဟူသော ဒုတိယတြင်း။

“ဖွတ်ကမီးကျောင်းဖြစ်လျှင်၊ ချောင်းမြစ်မခံသာ၊ ကျွန်ကသူကောင်းဖြစ်လျှင် တိုင်းပြည်မစည်ရာ” တတိယတြင်း။

ယင်းသို့ တြင်းသုံးရပ်အလိုကို အမတ်ပညာဟိငလက်ရုံးလျှောက်သည်ကား-

“အသျှင်မင်းမြတ်။ ငယ်မည်သော်ကား မင်းဟရီဖြစ်ပါသည်။ အသျှင်မင်းလည်းသီ၊ တိုင်းပြည်လည်းကြီပါမည်။ ကျွန်ကသူကောင်းဖြစ်မည်မှာ ငကုသလ၊ ဆင်နံမင်းဖြစ်မည့် အကြောင်းဖြစ်ပါသည်။ ငကုသလလက်ထက် နိုင်ငံပြည်သူသတ္တ၀ါရို့ မီးကဲ့သို့ပူပါလိမ့်မည်။”

လျှောက်ထားရာ အရေးမပြုနီသည်။ သီရီသုဓမ္မရာဇာ မင်းကြီးကို မိဖုရားနတ်သျှင်မယ်က လှည့်ပတ်ဖျားယောင်း လျှောက်ထားသောကြောင့် ယုံကြည်တော်မမူဟိလတ်သည်။
ငကုသလအမတ်ကို မည်သို့မျှအပြစ်မပြု၊ အရာမပျက်ချမ်းသာစွာထားသည်။ ထို့ကြောင့် အမတ်ငလက်ရုံးသည် စိုးရိမ်ခြင်းများစွာဖြစ်လတ်သည်။ ပညာနည်းသောဤမင်းထံ ဆည်းကပ်၍နီချေသော် နောင်အပြစ်ကြီးစွာ ဖြစ်ရာသည်ဟူ၍ မင်းထံခွင့်တောင်းပြီး ရဟန်းပြု၍နီသည်။ ခုနှစ်လစိသောကာလ ဝေဒနာပြင်းထန်စွာ တိုးလတ်၍ မင်းကြီးလွန်တော်မူသည်။















လျှောက်ထုံးအမှတ် (၆၂)

နရပတိမင်းကြီးမှ ဘုရားတည်ရန်အကြောင်း မီးလျှောက်သည်ကို ဆရာတော်တကျိပ်နှစ်ပါးရို့ မင်းထံ
ပြန်ဆိုသောထုံး။

အမတ်လောင်းကြက်စားငကုသလသည် နရပတိကြီးအမည်ခံ၍ သက္ကရာဇ် (၁၀၀၀) ပြည့်တွင်
နန်းတက်တော်မူသည်။ မင်းဖြစ်အံ့ဟူသော နောက်အနာဂါတ်ကို သိမြင်သည့်အတိုင်း၊ မင်းအဖြစ်သို့ငါရောက်ပြီ။ နောင်အရှည်ထွန်းအောင်၊ မြင်တော်မူဘုရား၊ ထင်တော်မူဘုရား၊ ဘုရားနှစ်ဆူတည်တော်မူသည်။ ရှိဘစောသီရိ မင်းဘာကြီးတည်ခသော ရင်ရိုးတော်ဓါတ်စေတီ။ နံရိုးတော်စေတီ။ ဤစေတီနှစ်ဆူနီရာသည် လူရို့နီအိမ်နှင့် အနီးစပ်အရိပ်မဇ္ဈ မလွတ်ဟိလတ်သည်။ ထိုဓါတ်တော်နှစ်ဆူကိုပင့်ယူ၍ လျှောက်ပတ်ရာအရပ်၌ ကောင်းမွန်စွာ တည်လိုကြောင်းနှင့် သာသနာပိုင်ဝိနည်းဓိုရ်ဖြစ်တော်မူသော-
၁။ စန္ဒာရာမဆရာတော်
၂။ သကျမဉ္ဇူဆရာတော်
၃။ ဇိနမာန်အောင်ဆရာတော်
၎။ လောကမာန်အောင်ဆရာတော်
၅။ ရတနာစံဦးဆရာတော်
၆။ မနိသူရာမဆရာတော်
၇။ ရတနာစံရွေးဆရာတော်
၈။ ရတနာမÍ္ဇူဆရာတော်
၉။ မဟာဗောဓိဆရာတော်
၁၀။ မဏိသကျဆရာတော်
၁၁။ ရတနာမှန်ကင်းဆရာတော်
၁၂။ စန္ဒရာရာမဆရာတော်
ပေါင်းတကျိပ်နှစ်ပါးကို နန်းတော်သို့ပင့်ခေါ်၍ နရပတီမင်းကြီးကိုယ်တိုင်မီးလျှောက်တော်မူသည်။ ဆရာတော် တကျိပ်နှစ်ပါးကို ပြည့်သျှင်မင်းထံပြန်ဆိုသောထုံးကား

“သာသနဒါယကာဖြစ်တော်မူသော တကာတော်မင်းမြတ်။ သစ္စာလေးပါးတရားကို အလင်းမြင်တော်မူသော မြတ်စွာဘုရားသျှင်သည် ရှိဦးစွာ သူတော်ကောင်းကိုအကြောင်းပြုလျှက် သုံးဆယ့်သျှစ်ဖြာမင်္ဂလာတရားတော်ကို ဟောကြားတော်မူရာ၌

၁။ ပတိရူပဒေသ၀ါသောစ- တင့်အပ်လျှောက်ပတ်သောအရပ်၌နီရခြင်း မင်္ဂလာတပါး။

၂။ ပုဗ္ဗေစကတပုညတာ- ရှိဘ၀၌ပြုအပ်ခပြီးသော ကောင်းမှုဟိသူဖြစ်ခြင်း မင်္ဂလာတပါး။

၃။ အတ္တသမာပဏီတိ- မိမိကိုယ်ကို ကောင်းစွာစောင့်ယှောက်ဆောက်တည်ခြင်းဖြင့် ကျင့်ခြင်း မင်္ဂလာတပါး။

၎။ သပ္ပုရိသုပနိဿယ- ပညာဟိသူတော်ကောင်းရို့ကို ပေါင်းဖော်မှီဝဲ ဆည်းကပ်ခြင်းပြုသည့် မင်္ဂလာတပါး။

ဤလေးပါးသော မင်္ဂလာတရားနှင့်ပြည့်စုံခြင်းကို သမ္ပတိစက်လေးပါးဖြင့် ပြည့်စုံခြင်းဟူ၍ဆိုသည်။
ထိုလေးပါးရို့တွင် ရှိဘ၀၌ပြုအပ်ခပြီးသော ပုဗ္ဗေစကတပုညတာဟူသော သမ္ပတ္တိစက်တပါးသည် ပတိရူပ ဒေသ၀ါသသမ္ပ တိစက်၊ သပ္ပုရိသုပနိဿယ သမ္ပတ္တိစက် အတ္တသမာ ပဏိဓိသမ္ပတ္တိစက်သုံးပါးကို ပြီးစီနိုင်သည်။ ယင်းသို့ပြီးစီနိုင်သောကြောင့် ရှိဘ၀၌ပြုအပ်ခပြီးသော ကောင်းမှုဟိသည်ဖြစ်၍ တင့်အပ်လျှောက်ပတ်သော ပတိရူပအရပ်၌ဖြစ်တော်မူကြကုန်သော အသျှင်စိုးမင်းမှူးမတ်သူဌီးသူကြွယ်ရို့သည် သပ္ပုသုပနိဿယဟု ဆိုအပ်သောသူတော်ကောင်းရို့ကို ပေါင်းဖော်မှီဝဲဆည်းကပ်မီးမြန်းလျှက် ပတိရူပ တင့်အပ်လျှောက်ပတ်သော အရပ်၌ ပြုလုပ်ခြင်းသည် အတ္တဟိတ၊ ပရဟိတ၊ လောကသံသရာနှစ်ဖြာသောအကျိုး ပွားတိုးထွန်းလင်းရန် ဟိသည်။

ပညာဟိရို့ကိုနှီးနှောမီးမြန်းခြင်းမဟိ၊ မိမိအလိုဟိရာမတင့်အပ်၊ မလျှောက်ပတ်သူရို့၏နီရာအရပ်ကို
ဖျက်ဆီး၍သော်လည်းကောင်း၊ ရွာသူရို့၏အိမ်အနီးအစပ် အရိပ်မလွတ်ရာ၌သော်လည်းကောင်း၊ ဓါတ်တော်မွီတော်၊ ရုပ်ပွားတော်၊ ဆင်းတုတော်၊ ဂူလိုဏ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်းဇရပ်၊ မဏ္ဍပ်စသော အဆောက်အဦးရို့ကိုလည်းကောင်း၊ ရဟန်းသံဃာရို့၏အသုံးအဆောင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာစသည်ရို့ကို လည်းကောင်း တည်ထားပြုလုပ်သည်ဟိသော် ထိုလူရို့၏နီအိမ်နှင့် နီးစပ်လီသောကြောင့် ရောနှောရောက်ပေါက် အိမ်အောက်အိမ်ပါး အလားအနီမသင့်ဟိလီလျှင်၊ ဆူးပေါ်ဖက်ကျပမာ ပတိရူပအရပ်မဟုတ်၊ မတင့်မတယ်သော အရပ်၌ပြုမိလီသောကြောင့် ထိုကုသိုလ်သျှင်ရို့သည် အသက်မရှည်။ စည်းစိမ်မတည်။ ပျက်စီးခြင်းသို့ ရောက်လီရာသည်။

ပညာဟိရို့ကိုပေါင်းဖော်မှီဝဲဆည်းကပ်မီးမြန်းလျှက် ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ်၌ ကုသိုလ်ကောင်းမှုကို ပြုသည်ဟိသော်ကား လောကီလောကုတ္တရာချမ်းသာစီးပွားများပြားတိုးတက်၊ အသက်ခန္ဓာမြင့်ကြာဓွန့် ရှည်တည်ပေအံ့သောအကြောင်းဖြစ်ရာသည်။ ရီမြီသနင်းမင်းရို့မူလည်း အနီအလားအစားအအိပ်မှစ၍ ပတိရူပ တင့်အပ်သောအရပ်၌ရာ နီရာ၊ လားရာ၊ စားရာ၊ အိပ်ရာချေသည်။ မတင့်အပ်သောအမှုကိုပြုမိလတ်သော် ကျက်သရေမင်္ဂလာဆုတ်ယုတ်၍ စည်းစိမ်အသက်တိုလီရာသည်။

ရီမြီသနင်းမင်းရို့သည် ဓါတ်တော်မွီတော်၊ ရုပ်ထုတော်များကို ဖီးဥပါဒ်အန္တရာယ် ဖြစ်အံ့သည်ကို၎င်းင်း၊
မတင့်အပ်မလျှောက်ပတ်သောအရပ်၌ ကျရောက်နီတော်မူသည်ကို၎င်းင်း၊ မြင်လျှင်ဖီးအန္တရာယ်လွတ်အောင်၎င်းင်း၊ တင့်အပ်လျှောက်ပတ်သောအရပ်သို့ရွှိပြောင်း၍ ထားတော်မူကြဘူးသည်မှာ- မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူသည့်နောက် တနှစ်ကျော်မြောက်ဟိသည့်အခါ အသျှင်မဟာကဿပရဟန္တာအသျှင်မြတ်သည်
ဓါတ်တော်ရို့ကို တိတ္တိရို့ကြောင့် ဖီးအန္တရာယ်ဖြစ်တော်မူအံ့သည်ကိုမြင်တော်မူ၍ ရာမရွာ၌ဟိသော
ဓါတ်နှစ်ပြည်မှတပါး။ ကုသိန္နာရုံ၊ ကပိလ၀တ်၊ ဝေသာလီ၊ ပါဝါ၊ ဝေဌဒီပ၊ အလ္လကပ္ပ၊ ရာဇဂြိုဟ်ပြည်ရို့၌
စေတီတော်ရို့မှ ၀ီစုဓါတ်တော်တဆယ့်လေးပြည်ရို့ကိုပင့်ဆောင်ပြီးမူ အဇာတသတ်မင်းထံအပ်၍ ရာဇဂြိုဟ်ဟ်ပြည်၏ အရှိတောင်ထောင့် တင့်အပ်လျှောက်ပတ်သောအရပ်၌ အတောင်သျှစ်ဆယ်ဥမင်တူး၍ အထူးထူးသော ရွှေငွေရတနာ နံ့သာကရက်မက်ဝကတ်စေတီရို့၌ သွတ်သွင်း၍ ဌာပနာထားခကြောင်းကို သုတ်မဟာဝါ အဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်အဖွင့်၌ လာတော်မူပါသည်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူပြီးသည့်နောက် သာသနာသက္ကရာဇ် (၂၂၂) ခုနှစ်တိုင်ရောက်သည့်အခါ သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်းဌာပနာ သွင်းထားတော်မူခသော ဓါတ်တော်တဆယ့်လေးပြည်ရို့ကို ထုတ်ဖော်ယူဆောင်လျှက် ဇမ္ဗူဒီပါကျွန်းတွင် သျှစ်သောင်းလေးထောင်သောမြို့ကြီးရို့၌ တင့်အပ်လျှောက်ပတ်သော
ပတိရူပအရပ်ဝယ် ဓါတ်တော်များကိုဌာပနာ၍ စေတီတော်များတည်ထားတော်မူခကြောင်းကို ပါရာဇီကဏ် အဌကထာရို့၌လာပါသည်။

ဒသရာဇာမင်းကြီးသည်လည်း ဘီးလောင်းတော်မဟာစန္ဒသူရိယ မင်းမြတ်တည်ထားတော်မူခသော
သီရိဂုတ်တောင်တွင်ဟိ မဟာမုနိရုပ်သျှင်တော်ကို လက်ယာမင်းနန်းအား နန်းတင်လာသော ပြူတလိုင်းရို့သည် ဖိုကျင်းထိုး၍ ကြောသားနှင့်ပေါင်တော်ကိုယူလီရာ ပလ္လင်တော်မှကျ၍ မလျှောက်ပတ်သောချောက်ထဲတွင် မြီမှုံ့များဖုံးလျှက်ဟိသည်ကို ဓည၀တီမြို့၏မြောက်ဘက်အနီး၊ လျှောက်ပတ်သောကတညုတတောင်သို့ ရွှိပြောင်းပင့်ဆောင်တော်မူ၍ ခဆပဉ္စာကိန်းကိုဖြိုပြီးနောက် သက္ကရာဇ် (၅၀၀) ပြည့်လောက်က သိမ်တော်ဆောက်လျှက် ကိုးကွယ်တော်မူဘူးပါသည်။

မြောက်ဦးမြို့တည်စ သက္ကရာဇ် (၇၉၄) ခုနှစ်တွင်၊ ဘီးတော်မင်းစောမွန်လည်း မျက်မှောင်တော်ဓါတ်ကို
မလျှောက်ပတ်သောအရပ်၊ လူရို့နီအိမ်အနီးအစပ် ဆည်ဝတန်းခါးအတွင်း၌ စေတီတည်ထားခလတ်သော် မင်းဗာကြီးလက်ထက်ရောက်တော်မူသောကာလမှ မလျှောက်ပတ်သောလူရို့နီအိမ်၊ အရိပ်မလွတ်ဖြစ်သည်။ ပြောင်းပြီးမှ ဓါတ်တော်ကိုပင့်တော်မူလီ၍ သက္ကရာဇ် (၈၉၄) ခုတွင် ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ် ၀သဲတောင်ထိပ်တွင် ထိုဘုရားမျက်မှောင်တော်ဓါတ်ကိုဌာပနာသွင်း၍ ကောင်းမွန်စွာတည်ထားခကြောင်းနှင့်
သမိုင်းရာဇ၀င် ထင်ရှားထွက်ဟိပါသည်။

ယခုလည်း မြို့တောင်ဘက် လက်ဆီးကန် လူရို့နီအိမ်အနီးအပါး၌ စောသီရိမင်းပါပြီးတည်ထားခသော
ဓါတ်တော်ပါစေတီနှစ်ဆူကို ပြောင်းပင့်၍ ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ်၌ ကောင်းမွန်စွာတည်လုပ် ကိုးကွယ်တော်မူလျှင် ပစ္စုပ္ပန်သံသရာနှစ်ဖြာစည်ကားထွန်းလင်းလျှက် ပညာဟိသူတော်ကောင်းရို့ အချီအမွှမ်းကို ခံရမည့်အကြောင်းသာဖြစ်ပါသည် ဒါယကာတော်မင်းမြတ်။”

ဤသို့ဆရာတော်မိန့်ကြားတော်မူလတ်သော် ပြည့်သျှင်မင်းလည်းအလွန်ကြိုက်တော်မူသည်။ သို့ကြောင့် လက်ဆီးကန်နား၌ဟိသော ဘစောသီရိမင်းပါကြီးကောင်းမှု ရင်ရိုးတော်ဓါတ်၊ နံရိုးတော်ဓါတ်စေတီနှစ်ဆူကို ပြောင်းရွှိပြီး ဓါတ်တော်ကို ရတနာပန်းတောင်းဖြင့် ပင့်ဆောင်တော်မူသည်။ သက္ကရာဇ် (၁၀၀၃) ခုတွင် ပတိရူပ တင့်အပ်လျှောက်ပတ်သော တောင်ထိပ်အရပ်၌ ဓါတ်တော်ရို့ကိုဌာပနာသွင်းပြီး တည်ထားတော်မူသည်။ ရင်ရိုးတော်ဓါတ်ကို မြင်တော်မူစေတီ။ နံရိုးတော်ဓါတ်ကို ထင်တော်မူစေတီသမုဒ်သည်။ စေတီတော်တဆူတွင်
ဒုံးကုလားတရာစီလှူလျှက် ကမ္ဗည်းကျောက်စာထိုးတော်မူသည်။


လျှောက်ထုံးအမှတ် (၆၃)

မင်းမိဖုရား၊ သားတော်သမီးတော်ရို့ကို မှူးမတ်ပြည်သူရို့ အိမ်ထောင်ဖက် ပြုကောင်းမပြုကောင်း
ဆရာတော်တကျိပ်နှစ်ပါး မိန့်ဆိုသည့်ထုံး။

တရံသောအခါ၌ အထက်သာကီဝင်မင်း၊ သီရိသုဓမ္မရာဇာ၏ ရွှေရေးဆောင်မိဖုရားကို နရပတိကြီးမင်းအမတ် သံတောင်စားငတုံးညို သင့်မြတ်နီကြောင်း ပြည့်သျှင်မင်း နရပတိကြီးသိတော်မူသည်။ ပြည့်သျှင်မင်းကြီးသည် ထိုအကြောင်း သင့်မသင့်မီးလျှောက်လိုရကား ဆရားတော်တကျိပ်နှစ်ပါးရို့ကို နန်းတော်သို့ ပင့်ဖိတ်တော်မူသည်။ ဆရာတော်တကျိပ်နှစ်ပါးရို့ ကြွရောက်တော်မူပြီးသောအခါ မင်းကြီးကိုယ်တိုင် မီးလျှောက်တော်မူသည်ကား

ထီးဖြူဆောင်းရာဇပလ္လင်ထိုင် ဘိသိက်ခံသောမင်းဧကရာဇ် မိဖုရားသားသမီးရို့ကို မှူးမတ်ပြည်သူရို့
အိမ်ထောင်ဖက်ပြုကောင်းပါအံ့လော။ ရှိထုံးဟောင်းကျမ်းဂန်အလာနှင့်မိန့်ကြားတော်မူပါ မည့်အကြောင်း ရှိခိုးလျှောက်ထားလတ်သော် ဆရာတော်တကျိပ်နှစ်ပါးရို့ မိန့်ဆိုတော်မူကြသည့်ထုံးသော်ကား

“သာသနဒါယကာဖြစ်တော်မူသောတရားမင်းမြတ် လူနတ်ရို့၏ဆရာ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား
ဟောကြားတော်မူသော မင်္ဂလာတရားတော်၌ ဂါရဝေါစ- ရိုသေထိုက်သောသူရို့အား ရိုသေရခြင်းသည်
လည်းကောင်း၊ နိဝါတောစ- မာန်မာနကို နှိမ့်ချထိုက်သောသူရို့၌ နှိမ့်ချခြင်းသည်လည်းကောင်း၊ ကတညုတာ- သူ့ကျေးဇူးကို သိတတ်သောသူ၏အဖြစ်သည်လည်းကောင်း၊ မင်္ဂလာတရားမည်၏ဟူ၍ ဟောကြားတော် မူသောကြောင့် လောကုတ္တရာမှုဖြစ်လျှင် သတ္တ၀ါအပေါင်းရို့အား မဟာဂရုနာတော်ဖြင့် လွန်စွာသနားတော်မူ၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ထုတ်ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကျေးဇူးအထူး ကြီးမြတ်တော်မူပါသည်။

လောကီမှုတွင် မိဘဆရာသမားရို့သည် သားသမီးတပည့်တပန်းရို့အား ပစ္စုပ္ပန်သံသရာချမ်းသာစီးပွား
များပြားစီကြောင်း ကောင်းမြတ်သောအလေ့အကျင့်ဖြင့်ဆုံးမပဲ့ပြင်တတ်သောကြောင့် ကျေးဇူးအထူးကြီးပါသည်။ ရီမြီ့သခင်ဘုရင်မင်းမြတ်ရို့သည်လည်း တိုင်းနိုင်ငံသူသျှင်လူရဟန်းရို့အား ရင်တော်၌ဖြစ်သောသားကဲ့သို့ အုပ်ထိန်းစောင့်ယှောက် ထောက်မပြုစု သိမ်းမြန်းကြည့်ရှုနီတော် မူသောကြောင့် ကျေးဇူးသျှင် အစစ်အမှန် ဖြစ်ပါသည်။

မင်းကျင့်တရားဆယ်ပါးနှင့် ဖြောင့်သားညီညွတ်သော ဧကရာဇ်မင်းရို့သည် ပူဇနေယျာနံ- ပူဇော်ထိုက်သော မင်းမှန်ချေသည်။ ယင်းသို့တရားမပျက် ရှိအထက်ကအဆက်ဆက်သော မင်းကောင်းရို့၏ထုံးနည်းကိုမလွန၊ အခွန်ဘဏ္ဍာကို ဆယ်ဘို့တဘို့ ခံယူသုံးဆောင်လျှက်၊ ဘုန်းကျက်သရေနှင့်ပြည့်စုံ၍ သာဓုနရတရားလေးပါး၊ သင်္ဂဟတရားလေးပါး၊ နာယကဂုဏ်ခြောက်ပါး၊ အပရိဟာနိယတရားခုနှစ်ပါး၊ မင်းရို့ ပြကတေ့တရားခုနှစ်ပါး၊ မင်းရို့ကျေးဇူးသျှစ်ပါး၊ ရာဇဂုဏ်ကိုးပါးရို့ကိုဖြည့်ကျင့်တော်မူလျှက် ဘိသိက်ခံတော်မူသော မင်းဧကရာဇ်ရို့၏မိဖုရား
သားတော်သမီးတော်ဆွီမျိုးရို့၌ ပြစ်မှားလွန်ကျူးသောသူသည် ကတညုတ- တရားမဟိ၊ သူယုတ်မာ၏အလေ့ ဖြစ်ချေသည်။

ထိုသူအား ဘုရားစသောသူတော်ကောင်းရို့ ချီမွမ်းတော်မမူ။ ဒါးသွားဖျား၌တင်ထားသော ပျားသကာကိုသာမြင်၍ ဒါးသွား၏ဂုဏ်အပြစ်ဥပါဒ်ဖြစ်အံ့သည်ကိုမသိ၊ အာဟာရ၌တပ်မက်၍လျှက် မှားသောသူမိုက်နှင့်တူပါသည်။ အထိုက်အလျှောက် အပြစ်ရောက်သင့်ရာသည်။

တကြောင်းမူလည်း ယောရာဇာ- အကြင်မင်းသည်၊ ဘိသေကသစ္စံ- မင်းရို့ခံမြဲဟိသော၊ ဘိသိက်သစ္စာကို မခံဝံ့သော်၊ ရာဇညသုညံ- ထိုမင်းသည်၊ အဇေယျံ- မအောင်သင့်သောအမှုရို့ကို၊ ဇေယျံ- အောင်တတ်ခြင်းလည်းကောင်း၊ ၀ိလုပ္ပန္နံ- လုယက်ဆိုးသွမ်းကြမ်းတမ်းခြင်းလည်းကောင်း၊ မဇ္ဇပါနာ-သီရည်သောက်စား သားငါးလိုက်တတ်ခြင်းလည်းကောင်း၊ အဗြဟ္မစရိယာ- မမြတ်သောအကျင့်ကို ကျင့်တတ်ခြင်းလည်းကောင်း၊ ယော- အကြင်မင်းကို၊ နရာဇာ- မင်းမဟူရာ၊ အမစ္စော- အမတ်ရို့၌လည်း၊ အဌ- သျှစ်ပါးသောအင်္ဂါနှင့် အညီမကျင့်သော်၊ နအမစ္စော- အမတ်မမည်ရာ၊ ရှိပညာဟိရို့ စကားဟောင်း အလာမူလည်း ရီမဟိသောကန်၊ ဆန်မဟိသောစပါး၊ တရားမရှိသောမင်း၊ အခိုးမဟိသောမီးပမာ တွိရာလောင်တတ်ခြင်း၊ တထာ- ထို့အတူ တရားမဟိသောမင်းရို့သည် အနိမ့်အမြင့်၊ အယုတ်အမြတ်၊ ပဋိရူပ-တင့်အပ်နီခြင်းကိုမပြု၊ အသေ၀နာစ ဗာလာနံ- သူမိုက်ရို့အလေ့အလာကိုရာ အားမူလျှက်နီသော မင်းမျိုးအစိုးရသော တိုင်းပြည်နိုင်ငံ၌ သတ္တ၀ါအပေါင်းချမ်းသာခြင်းမဟိ။ ထိုမင်းမျိုးအား ဘုရားစသော
သူတော်ကောင်းရို့မချီမွမ်း။ အပြစ်များစွာကဲ့ရဲ့ဘွယ်သာဖြစ်သည်။ ကျေးဇူးမထွန်း ပင်ပန်းလီသောကြောင့် ပြည်သူပြည်သားရို့သည် ဒေါသစွန်းလျှက်ဟိလီရာသည်။ ထိုသို့ဆိုးသွမ်းရုန့်ကြမ်းသောမင်း၏မိဖုရား၊ သားသမီးဖြစ်ချေက ကတညုတာစ- ကျေးဇူးတရား ထောက်ထားတင်ရန်မပေါ်။ ယုတ်မာသောမသူတော်မင်းရို့နှင့် ကင်းကွာရခြင်းသည်ပင်၊ သာဓု- ကောင်းသည်သာတည်း။

ထိုသို့ ပညာဟိစကားတရားလမ်းကြောင်း အထင်အရှားဟိခြင်းကြောင့် ထိုမင်းပိုင်သော သားသမီးမယား၊ အခြွီအရံ မောင်းမဖြစ်ချေသော် ကျေးဇူးဂုဏ်အရည်မထောက် ထိုသူပျောက်လီလျှင် နောက်ကိုယဉ်ပါးသောသူအား အပြစ်မဟိပါ တကာတော်မင်းမြတ်။”

ထိုသို့ ဆရာတော်တကျိပ်နှစ်ပါး မိန့်ဆိုတော်မူကြလတ်သော် ပြည့်သျှင်မင်းနရပတိကြီး အမိန့်တော်ဟိသည်ကား-

“ကျေးဇူးသျှင်သီရီသုဓမ္မရာဇာသည် သာကီဝင်မင်းမျိုးစဉ်လာဘိသိက်ခံသော မင်းကောင်းမင်းမြတ်။
ပြည်သူရို့အားလည်းတရားသဖြင့် စောင့်ထိန်းတော်မူသောမင်းဖြစ်ချေသည်။ ထိုမင်းမိဖုရားမောင်းမအား အခြားသူမနီသင့်။ သံတောင်စားငတုံးညိုသည် ကျေးဇူးမသိသောသူယုတ်မျိုးဖြစ်သည်။ စားကျေးကိုနှုတ်၍ စီရီရီခတ်အစို့မှာဖြည့်တော်မူသည်။ ရွှေရေးဆောင်မိဖုရားလည်း သိက္ခာပျက်သောရဟန်းနှင့်တူသည်။ ပြည့်တန်ဆာမဖြစ်စီ” မိန့်တော်မူ၍ ယောက်ျားမိမ္မနှစ်ယောက်ကို ယုတ်သောအစို့၌ ဖြည့်တော်မူသည်။


လျှောက်ထုံးအမှတ် (၆၄)

ထီးနန်းတိုင်းပြည်ကို မည်သို့သောသူမျိုးအားအပ်သင့်ကြောင်း ဆရာတော်တကျိပ်နှစ်ပါးရို့မိန့်သောထုံး။

နရပတိမင်းကြီးသည် သက္ကရာဇ် (၁၀၀၇) ခု၊ နန်းစံ (၇) နှစ်၊ သက်တော် (၆၃) နှစ် ဟိလတ်သောအခါ
သည်းထန်စွာ နာကိန်းဖြစ်တော်မူသည်။ ထိုမင်းကြီး၌ သားတော်ကြီးညိုရောင်ဖြူနှင့် သားတော်လတ်မြို့သစ်စား အောင်ကျော်စံဟူ၍ နှစ်ယောက်ဟိသည်။ ထိုနှစ်ယောက်တွင် သားတော်ကြီးညိုရောင်ဖြူသည် ပညာဟိရို့နှင့် မနှီးနှော၊ ပညာဟိစကားကိုမနာယူ၊ သွမ်းသွပ်ပိန်ဖျင်းသော ကျေးကျွန်ရို့နှင့်ရာ အပေါင်းအဖက်ပြုပြီးနီစည်။

သားတော်အလတ် မြို့သစ်စားအောင်ကျော်စံသော်ကား ပညာဟိသူတော်ကောင်းရို့နှင့်ပေါင်းသင်းပြီး
မီးမြန်းနှီးနှောကာ ပညာရှာမှီးလျှက်နီသည်။ ရှိထုံးဟောင်းကျမ်းဂန်များကိုလေ့လာသည်။ ကောင်းသောအကြံနှင့် ဟီရီသြတပ္ပတရားကိုစောင့်သည်။ ပညာဟိအင်္ဂါလက္ခဏာနှင့်အညီဖြစ်သည်။ နရပတိကြီးမင်းသည် ထိုသားတော်နှစ်ယောက်တွင် ထီးနန်းတိုင်းပြည်ကို မည်သူသို့ အပ်သင့်ကြောင်းနှင့် ဆရာတော်တကျိပ်နှစ်ပါးရို့အား နန်းတော်သို့ပင့်ပြီး မီးမြန်းလျှောက်ထားသည်။ ထိုအခါ ဆရာတော်တကျိပ်နှစ်ပါးရို့ မိန့်ဆိုသောထုံးသော်ကား

“သာသနာဒါယကာဖြစ်သော တကာတော်မင်းမြတ်။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသျှင်
ဟောကြားတော်မူအပ်သော မင်္ဂလာတရားတော်၌ ဗာလာနံ- သူမိုက်ရို့အား၊ ယာအသေ၀နာစ- အကြင်မမှီဝဲမဆည်းကပ်ရခြင်းသည်လည်းကောင်း၊ ပဏ္ဍိတာနံ-ပညာဟိသောသူရို့အား၊ ယာသေ၀နာစ-အကြင်မှီဝဲ ဆည်းကပ်ရခြင်းသည်လည်းကောင်း။ ပူဇနေယျာနံ- ပူဇော်ထိုက်သောသူရို့အား၊ ယာပူဇာစ- အကြင်ပူဇော်ရခြင်းသည်လည်းကောင်း၊ အတိ- ဟိ၏။ ဧတံ-
ဤသုံးပါးသော တရားသည်လျှင်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ- သင်သည်၊
ဂနှာဟိ- မှတ်ယူလော့။ ယင်းသို့ ဆုံးမညွှန်ပြတော်မူသည်။

တကြောင်းတုံလည်း ပါပါ- မကောင်းမှုမှ၊ အာရတီ- ၀ီးစွာ၊ ၀ီရတီ- ဖဲကြဉ်ယှောင်ယှားရခြင်းသည်
လည်းကောင်း၊ မဇ္ဇပါနာ- ဘိန်းဘင်းသီရည်သီရက်သောက်စား၊ သားငါးထိုးသတ်ခြင်းမှ သံယမောစ- ဖဲကြဉ် ယှောင်ယှားရခြင်းသည်လည်းကောင်း၊ ဓမ္မေသု- ဆယ်ပါးသောကုသိုလ်ကောင်းမှုတရားရို့ကို၊ ယောအပ္ပမာဒေါစ- မမိမလျှော့ကောင်းစွာအားထုတ် ဆောက်တည်ရခြင်းသည်လည်းကောင်း၊ အတ္တိ- ဟိ၏။ ဧတံ- ဤလေးပါးသောတရားသည်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ- သင်သည်၊ ဂနှာဟိ-မှတ်ယူလော့။ ထိုသို့ မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း၊ ပူဇော်ထိုက်သောတရား ထိုသူ၌ဟိချေမှလည်း ပြည်သူရို့ပူဇော်သည်ကိုခံယူ၍ လုပ်စားအခွန်ဘဏ္ဍာခံယူစားပိုင်ရာသည်။

တကြောင်းမူလည်း၊ သဗ္ဘီရေ၀- သူတော်ကောင်းရို့နှင့်သာလျှင်၊ သမာသေထပေါင်းဖော်မှီဝဲ ယှဉ်တွဲကုန်ရာ၏။ သဗ္ဘီသူတော်ကောင်းရို့နှင့်၊ သန္တ၀ံ- မိတ်ဆွီပြု၍ ပေါင်းဖော်ခြင်းကို၊ ကုဗ္ဗေထ-ပြုကုန်ရာ၏။ သတံ- ဘုရားအစဟိသော သူတော်ကောင်းရို့၏၊ သဒ္ဓမ္မံ- ငါးပါးသီလ၊ သျှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ လေးပါးသောသတိပဌာန်အစဟိသော သူတော်ကောင်းရို့၏တရားကို၊ အညာမယ- သိ၍၊ သေယျော- ပွားစီးသဖြင့် မြင့်မြတ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပါပိယော- ယုတ်မာသောသူရို့အောက်ယုတ်မာခြင်းသည် ကုဒါစနံ- တရံတဆစ်မျှ၊ နဟောတိ- မဖြစ်စီကောင်း၊ ဤသို့လည်း ဓမ္မပဒစသောကျမ်းဂန်ရို့၌ လာပါသည်။

တကြောင်းမှာလည်း ပူဇော်ထိုက်ရာသောတရားမဟိမူ၊ ဗာလာနံ- သူမိုက်ရို့အလေ့အလာကိုရာ
ကြိုက်တတ်သောမင်း၌ ပြည်သူရို့သည် ယာသေ၀နာစ- ဆည်းကပ်မိလီအံ့၊ ထိုပြည်သူအပေါင်းရို့မူလည်း မာနထောင်လွှား ရက်စက်ကြမ်းတမ်းလျှက် ကိုယ်နှင့်ရင်းနှီးသူမှတပါးသနားခြင်းမဟိ ပြုကျင့်ဆိုးသွမ်း ကြလီသောကြောင့် သတ္တ၀ါရို့ ညှိုးနွမ်းပျက်စီးသီဆုံးများစွာဟိလတ်ရာသည်။ ထိုမင်းကိုမူလည်း ဘုရားစသော
သူတော်ကောင်းပညာဟိရို့ ချီမွမ်းဘွယ်မဟိခြင်းကြောင့် အသက်စည်းစိမ်တိုလီရာသည်။ ထိုပြည်ရို့၌လည်း ဘုရားမြတ်စွာဆုံးမတော်မူသော သာသနာတော်တရား၌မတည်လီ၍ ရန်သူငါးပါးရောနှောဆက်ဆံလျှက် နိုင်ငံချောက်ချားပျက်စီးတတ်ကြောင်း ထုံးဟောင်းကျမ်းဂန်အလာမှာဝေသာလီမင်းရို့သည် အချင်းချင်းမညီမညွတ်၊
အပရီဟာနိယတရားကင်းလွတ်အောင် ၀ဿကာရပုဏ္ဏားလှည့်ဖျားဂုံးတိုက်ပြုလီရာ၊ ပညာအဆင်အခြင်မဟိ နီမှားကြသည့်အတွက် ပျက်စီးဆုံးရလီကြောင်း ထုံးဟောင်းထင်ရှားဟိပါသည်။

ဇာတ်နိပါတ်တော်အလာ သံဝရမင်းသားသည် တရာ့တယောက်သောသားရို့တွင် အငယ်ဆုံးဖြစ်ပါလျှက်၊ ပညာဟိအမတ်ကောင်းနှင့် ပေါင်းဖော်မှီဝဲ၊ ယှဉ်တွဲနှီးနှောခြင်းပြုလီသောကြောင့် ခမည်းတော်မင်း၏အရိုက်အရာ ထီးနန်းတိုင်းပြည်ကို အပ်နှင်းခြင်းခံရကြောင်းကို သံဝရဇာတ်တွင်လာဟိတော်မူပါသည် ဒါယကာတော်မင်းမြတ်”

ဟုဆရာတော်ရို့မိန့်တော်မူလတ်သော် ပြည့်သျှင်မင်းလည်းကြိုက်တော်မူသည်။ သို့ကြောင့် သားတော်အကြီး ညိုရောင်ဖြူကိုထီးနန်းမအပ်။ သားတော်အလတ် မြို့သစ်စားအောင်ကျော်စံကိုရာ ထီးနန်းတိုင်းပြည် အပ်တော်မူသည်။

နရပတိကြီးမင်းသည် သည်းထန်သောဝေဒနာဖြင့် ထတော်မမူလီဘဲ သက္ကရာဇ် (၁၀၀၇) ခု၊ နတ်တော်လတွင် လွန်တော်မူသည်။


လျှောက်ထုံးအမှတ် (၆၅)

အင်းဝကိုမတိုက်သင့်ကြောင်းလျှောက်ထုံး။

သက္ကရာဇ် (၁၀၉၉) ခုေ၇ာက်သောအခါ စန္ဒ၀ီဇယမင်း၏ညီတော် အိမ်ရှိမင်းသည် မိဖုရားရွှေရည်နှင့်ဘိသိက်ခံ၍ ရွှေနန်းတက်တော်မူသည်။ မင်းကိုမှူးမတ်ပြည်သူရို့သည် ချစ်ခင်မြတ်နိုးဟိလတ်သောကြောင့် မိတ္တာရစ်ရာဇာ ဟူသောအမည်ကို မှည့်ခေါ်ကြသည်။ သူငယ်တော်သူကြီးကို လက်ယာမြန်အရာပီးတော်မူသည်။ ပိုက်သည်ပိုင်အမတ်ကို သံတောင်စားအရာပီးတော်မူသည်။ ကိုယ်ရံကြီးအမတ်ကားရဲအောင်ဖြစ်သည်။
ရဲအောင်သည် အမတ်ကြီးမဟာပညာကျော်အနွယ်ဖြစ်သည်။

ထိုမင်းလက်ထက် သက္ကရာဇ် (၁၁၀၄) ခုတွင် အရှိပြည်က ငစံဦး၊ ငရွှေလှော်၊ ငပုညိုရို့သုံးယောက်သည် ယောက်ျားမိမ္မ လူပေါင်းတထောင်နှင့်ဝင်ရောက်လာ၍ မိတ္တာရစ်မင်းထံလျှောက်ထားသည်ကား-“အသျှင်မင်းမြတ်။ အင်းဝမြို့မင်းသည် အကျင့်ပျက်၍ မှူးကောင်းမတ်ကောင်းရို့စကားကို မနာယူ၊ သွမ်းသွပ်သော အလေ့အလာကိုရာကြိုက်လီ၍ တိုင်းပြည်မငြိမ်မသက်ဖြစ်လျှက် ဆူပူသောင်းကျန်းများပါသည်။ ပြည်သူ ညှိုးငယ်ဟိပါသည်။ ချီသိမ်းတော်မူလျှင် လွယ်ကာနှင့်ရပါမည်” ဆို၍ လက်ဆောင်ပစ္စည်းပိုးထည်ငါးဆယ်နှင့် မြင်းကောင်းငါးစီးဆက်သသည်။ ယင်းသောအခါ ပညာဟိအမတ်မျိုးကိုယ်ရံကြီးအမတ်ရဲအောင် လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ငရွှေလှော်၊ ငစံဦး၊ ငပုညိုရို့လျှောက်သောစကားအတိုင်း အကယ်၍မှန်စီကာမူ၊
ဥပမာထုံးသော်ကား ပျားရို့သည် အပေါင်းအစည်းပြု၍ ပျားအများအုံဖွဲ့၍နီကြသောအခါ သဘာဝအလျှောက် ရောက်ရာပျံလား နီတတ်ကြသည်။ ထိုပျားအုံကို လူတွိ၍ ဖွတ်သောအခါ မိမိရို့သားမြီးဟိရာ သင်းပင်းစုလျှက် မကွဲမလားစုပေါင်း ညီညာကြလျှက် တတ်နိုင်သမျှ ကိုက်ခဲတုတ်ခတ်တိုက်ခိုက်ကြပါသည်။ ထိုပျားနှင့်စာမူ လူသော်ကားဆိုဘွယ်မဟိ။ မိမိရို့
တိုင်းသားချင်းတွင် အချင်းချင်းနိုင်နင်းပြုလျှက်ဟိစီကာမူ မညီမညွတ်မဆိုနိုင်ရာ။ တိုင်းတပါးကဖျက်ဆီးမည် ရောက်လတ်လျှင် ကိုယ်စီအရေးနှင့်ချည်းဖြစ်သည်။ သားမယား၊ မိဘဆွီမျိုးကျေးကျွန်၊ ပစ္စည်းဥစ္စာ၊ အိုးအိမ်ရို့၌ ခင်တွယ်လျှက်နှင့်ချည်းဖြစ်သည်။ အသီးသီးအချင်းချင်းသည်ပေါင်းစည်းကြပြီး ရန်မူခုခံတိုက်ခိုက်ကြမည် အမှန်ဖြစ်ပါသည်။

လူသတ္တ၀ါရို့ဓလေ့ မနိုင်သောအခါမှ လွတ်ရာလွတ်ကြောင်း တောတောင်ကြီးရာခိုမှီး ထွက်လားလီရာသည်။ ယင်းရို့မခံ ခုခံတိုက်ခိုက်ချေကလည်း ကိုယ့်လူအများသီဆုံးပျက်စီးမှ သူ့လူကိုရပါမည်။ သူ့လူလည်းအများပင် သီကြီပျက်စီးခြင်းသို့ရောက်ရာသည်။ ရှိသူဟောင်းစကား၌လည်း- တယောက်ချမ်းသာ၊ ကိုယ့်ဘို့ရှာ၍၊ သတ္တ၀ါပေါင်း၊ ဆုံးကြောင်းပျက်ရ၊ အဓမ္မမှု၊ သူပြုသူ့ဝန်၊ သုခံခေတ္တ၊ ရီပွတ်မျှကို၊ နိစ္စထင်မှား၊ တောသားမုဆိုး၊ အားကြိုးမာန်တက်၊ လက်နက်စွဲကိုင်၊ ထိုမြိုင်ထိုတောင်၊ ကုန်အောင်လှည့်ပတ်၊ သားငါးသတ်သို့၊ မတတ်စရာ၊ ပမာထိုတူ၊ အယူမှောက်လှန်၊ ကျေးကျွန်ကိုယ့်သား၊ သူတပါးကို၊ မုန်းထားရန်စစ်၊ လောဘမြစ်ကို၊ နှုတ်ပစ်လီပြီး၊ မင်းထီးစောထွတ်၊ နွယ်တော်မြတ်ရို့။ - ဟူ၍ ရှိထုံးအဆိုဟိပါသည်။

ကျမ်းဂန်အလာ၌လည်း- ဟောရာဇာ-အကြင်မင်းသည်၊ အဇေယျံ- မအောင်အပ်သောအမှုရို့ကို၊ ဇေယ- အောင်ခြင်း၊ အောင်စီတတ်သော၊ သောရာဇာ- ထိုမင်းသည်၊ နရာဇာ- မင်းမမည်ရာ၊ အသေ၀နာစ- သူမိုက်အလယ်၌၊ ပဏ္ဍိတောပညာဟိသည်၊ ဓမ္မံ- တရားကို၊ နဘနန္တီ- မပြောမဆိုရာ။ အသေ၀နာစဗာလာနံ- သူမိုက်အလယ်၌၊ ဓမ္မံ- တရားကို ဆိုလေ့ဟိသောသူမူလည်း၊ နသန္တော- သူတော်ကောင်းမဟုတ်ရာ။”

ယင်းသို့ ထုံးသက်သီနှင့်လျှောက်လီလျှင် မင်းကြီးကြိုက်တော်မူသည်။ ငရွှေလှော်၊ ငစံဦး၊ ငပုညိုရို့နှင့်
ပါသောသူရို့ကို ပီချောင်းတွင်ချထားတော်မူသည်။ ထိုလူရို့ဖြင့် လေးကြော့အစို့ဖွဲ့တော်မူသည်။ ငပုညိုကိုလည်း လေးခက်တောင်းစားအရာခန့်တော်မူသည်။ အမတ်ပညာဟိ ကိုယ်ရံကြီးရဲအောင်၏သားအကြီးမြကျော်ဦးကိုလည်း သမီးတော်မြတ်ဘုန်းကြွယ်နှင့်ပီးမြားတော်မူ၍ လသောင်းသွေးကျေးစား၊ ကောင်းကျော်ထင်ကျေးစား၊ သူငယ်သွေးကျေးစား၊ ဤသို့ကျေးစားအရာ သုံးထပ်ပီးတော်မူပြီးမှ အမိန့်တော်ဟိသည်ကား- “အမတ်တော်ကိုယ်ရံကြီးရို့အမျိုးသည် ပတ္တမြားကျောက်ကောင်းနှင့်တူသည်။ ထီးနန်းမင်းဆက် အရှည်ဆက်ကာ မင်းတိုင်ပင်အမတ်ချည်း ထွန်းလျှက်လာသည်။ မင်းအားလည်းပြစ်မှားသည်မဟိ။ မင်းမမှားစီရ။ လျှောက်ထား၍
လာခသည့်အမျိုး။ ပညာအရာ အင်္ဂါပြည့်စုံစွာနှင့် ရာဇ၀င်သမိုင်းထွက်ဟိသည်။ အရသာသြဇာဟိသောအပင် အသီးရို့ကို မျိုးစိမပျောက်စီရ။ ကောင်းမွန်စွာပျိုးရသကဲ့သို့ အမတ်ကြီးသားအငယ်ရွှေသဲကိုလည်း သားအမှတ် ငါမွီးတော်မူမည်။”  နို့ထိန်းအချီအယ အစုံပီးတော်မူပြီးသော် မိဖုရားကြီးသို့အပ်တော်မူ၍ နန်းမှာထားတော်မူသည်။ မိတ္တာရစ်မင်းသည် နန်းစံငါးနှစ်၊ သက္ကရာဇ် (၁၁၀၄) ခုနှစ်တွင် နာမကျန်းဖြစ်ပြီးလွန်တော်မူသည်။



လျှောက်ထုံးအမှတ် (၆၆)

ရခိုင်မင်းထံ အင်းဝအမတ် မင်းကြီးနန္ဒကျော်ထင်၏အင်းဝမြို့အကြောင်း လျှောက်ထုံး။

မိတ္တာရစ်မင်းလွန်တော်မူလီလျှင် ရမ်းဗြဲမြို့စားအမတ်သည် မိဖုရားစောသန္တာဝေနှင့် ဘိသိက်ခံ၍ သက္ကရာဇ် (၁၁၀၄) ခု၊ တပို့တွဲလဆန်း (၁၀) ရက်နိတွင် ပြည်၏စည်းစိမ်ကို အုပ်စိုးတော်မူသည်။ အမျိုးလေးပါး၊ ပြည်သူရို့အား ဖီးရန်မဟိစီသည်ကို အကြောင်းပြု၍ “နရအဘယရာဇာ” ဟူသောအမည်ကို ခံတော်မူသည်။ ခေတ်ပြိုင်အားဖြင့် မြန်မာပြည်အင်းဝ၌ မဟာဓမ္မရာဇာဓိပတိမင်းစိုးစံသည်။ ဟံသာဝတီပဲခူးမြို့၌ မွန်ဘုရင်ဗညားဒလ စိုးစံလျှက်ဟိသည်။ ထိုစဉ် အင်းဝသည် များစွာအားနည်းလျှက်ဟိသည်။ မဏိပူရကသည်းရို့သည် အင်းဝနယ်အနီးအပါး မြို့ရွာများကို လာရောက်တိုက်ဖျက်လုယူသည်။ ကသည်းရို့သည် အင်းဝနှင့်မျက်နှာချင်းဆိုင် တဘက်ကမ်း စစ်ကိုင်းသို့တိုင် လုယူဖျက်ဆီးပြုကြသည်။ အင်းဝမြောက်ဘက် များစွာမကွာဝီးလှသော
မတ္တရာအုတ်ဖိုမှ ကွေ့သျှမ်းရို့ကလည်း သြဇာမခံ ထောင်ထားခြားနားပြုကြသည်။ အစားဆန်ရိက္ခာများလည်း ယှားပါးလျှက်ရှိရာ ခိုးသားဓါးပြများလည်းများစွာ သောင်းကျန်းလျှက်ဟိသည်။

ထိုသို့အခြေအနီများလျှော့ပါးနီရာတွင် ဟံသာဝတီမှ ဗညားဒလနှင့်ဥပရာဇာရို့ ကွပ်ကဲဦးဆောင်သော
မွန်တပ်များသည် ကြည်းကြောင်းရီကြောင်းချီတက်လာပြီး အင်းဝမြို့တော်ကို ၀န်းရံလုပ်ကြံကြသည်။
အင်းဝသားရို့ခုခံကြသော်လည်း မွန်ရို့ကို နိုင်အောင်မတားနိုင်။ မွန်ရို့သည် အင်းဝမြို့ကိုရသည်။ မွန်စစ်သူကြီး တလပန်းကို အင်းဝတွင်အစောင့်အနီချထားပြီး အင်းဝမင်းမဟာဓမ္မရာဇာဓိပတိနှင့် မိဖုရားမင်းဆွီမင်းမျိုး သူဌီးသူကြွယ် ပစ္စည်းဘဏ္ဍာတော်အများအပြားကိုဆောင်ယူလျှက် မွန်ရို့ ဟံသာဝတီသို့ပြန်ကြသည်။

အင်းဝပြည်ဤသို့ပျက်စီးလီလျှင် မင်းမှုထမ်းမှူးမတ်အချို့နှင့်ပြည်သူရို့သည် အားကိုးမှီခိုရာရှာလျှက်
ထွက်ပြီးကြသည်။ ဤသို့ထွက်လာကြသူများအနက် သက္ကရာဇ် (၁၁၁၅) ခုတွင် အင်းဝမင်းအမတ်
မင်းကြီးနန္ဒကျော်ထင်ညီ၊ တိုင်တားစားရွှေဆင်၊ လယ်ကိုင်းမြို့စားရာသီ အမတ်သုံးယောက်သည်
နောက်ပါယောက်ျားမိမ္မလူပေါင်းနှစ်ရာနှင့် ရခိုင်မင်းထံရောက်ဟိခိုလှုံနီထိုင်သည်။ ရခိုင်မင်းလည်း
ရောက်ဟိလာသောသူရို့ကို သနားသဖြင့် ကောင်းစွာလက်ခံပြီး ပြုစုစောင့်ယှောက်ထားသည်။
တနိသောအခါ ပြည့်သျှင်မင်းကြီးသည် အင်းဝမြို့အကြောင်းသိလိုသည်ဖြစ်၍ အမတ်မင်းကြီး နန္ဒကျော်ထင်အား မီးတော်မူသည်။ ထိုအခါ အမတ်မင်းကြီးနန္ဒကျော်ထင်လျှောက်သည့်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ဘီးဘိုးစဉ်လာ ဟံသာဝတီပဲခူးမြို့မင်းဆက်များစွာ မှူးကြီးမတ်ကြီးအရာနှင့် တိုင်းပြည်ကို အုပ်ထိမ်းလာခသော အမျိုးဖြစ်ပါသည်။ ပဲခူးမြို့သည် သတ္တ၀ါရို့ကပ်ဥပါဒ်အလျှောက် ပျက်သုဉ်း၍ အင်းဝမြို့၌ ဆင်ဖြူသျှင်မင်းတရားသားတော် ညောင်ရမ်းမင်းလက်ထက်တော်တွင်လည်း ခမည်းတော်ဆင်ဖြူမင်း တရားမြှောက်မြှင့်သည့်နည်း၊ သားမြီးဆက်ကာ အမတ်ကြီးနီရာနှင့်ချည်း တိုင်းမှုပြည်မှုများကို သုတ်သင်စီရင် ရပါသည်။ စနီမင်းသားတော် တလင်္ဂနီမင်းလက်ထက်၊ အဘသတိုးမင်းကြီးကျော်ခေါင်မှာ သားတော်ယောက်ျား သုံးယောက်ဟိသည့်အနက် သားအကြီးကို ရမည်းသင်းစား၊ မိဖုရားမင်္ဂလာသီရိတွင် ဖွားမြင်တော်မူသည့် သမီးတော်မင်းမြဦးနှင့် စုံဖက်တော်မူ၍ ကူးခမ်းကြီးမြို့ကို ပီးတော်မူသည်။ သားအလတ်မှာ သားတော်အိမ်ရှိမင်းထံ သူငယ်တော်ခံ၍နီရပါသည်။ ညီအငယ်မှာ မိဘနှင့်အတူမကွဲ ငယ်ရွယ်သူဖြစ်၍ နီရသည်နှင့် ထိုမင်းလွန်တော်မူရာ သားတော်တလင်္ဂနီမင်း ဆင်ဖြူသျှင်နန်းတက်၍ တနှစ်ဟိသောအခါ အဘသတိုးမင်းကြီးကျော်ခေါင်သီလွန်လျှင် အကိုကူးခမ်းစား အဘအရာဆက်ခံရပါသည်။

ကျွန်တော်မှာသော်ကား မင်းကြီးနန္ဒကျော်ထင်အမည်နှင့် ထိုမင်း၏မိဖုရား တောင်သာမြို့စားတွင်
ဖွားမြင်တော်မူသော သမီးတော်မင်းရွှေကုံးနှင့်ပီးမြား၍ အင်းဝမြို့ဝန်ခန့်တော်မူပြီးလျှင် မိတ္တီလာမြို့ကိုစားရပါသည်။ ညီရွှေဆင်မှာ သားတော်အိမ်ရှိမင်းထံ သူငယ်တော်ခံ၍နီရပါသည်။ ထိုမင်းလွန်တော်မူသော် သားတော် ကြာသပတီးမင်းနန်းတက်လီရာ အထက်ကနည်း မြှောက်မြှင့်တော်မူလျှက် ညီရွှေဆင်ကို တိုက်ထားမြို့စား ပီးတော်မူပါသည်။ သက္ကရာဇ် (၁၀၉၅) ခုတွင် ကြာသပတီးမင်းနန်းတက်၍ သက္ကရာဇ် (၁၁၀၅) ခုတိုင်အောင် တိုင်းပြည်သာယာပါသိမ့်သည်။

နောက်သော်ကား- ယစ်မျိုးသောက်စား၊ သားငါးသတ်ညှစ်၊ ကျင့်ကြံကြလျှက် အထိန်းတော်သား
ငဖြူနှင့်ပေါင်းဖက်၍ မင်းကျင့်ပျက်လီရာ အကိုအမတ်ကြီးပါ လေးယောက်သောအမတ်ကြီးရို့ကို စီရင်ရသည်။ ယင်းသို့နောက်သော်ကား ပြည်သူရို့ငြိုငြင်သဖြင့် အသီးသီးအလိုလို သောင်းကျန်းဆိုးသွမ်းပြုလီရာ ထိုမင်းအမတ် ပဲခူးမြို့ကနီ၍ ခြားနားချီတက်တိုက်ဖျက်လာလျှင် သက္ကရာဇ် (၁၁၁၃) ခုတွင် အင်းဝမြို့ပျက်၍ ကြာသပတီးမင်းလည်း ပဲခူးသို့ပါလားသည်။ အကြေအညာမြို့ရွာများကိုလည်း မွန်ရို့တိုက်ဖျက်၍ သီကြီများပြားသောကြောင့် လွတ်ရာလွတ်ကြောင်း တောင်ငူရာဇာနှင့်မင်းတုံးမြို့တွင်နီကြရာ တောင်ငူရာဇာသီလွန်လျှင် ပဲခူးကမွန်ရို့ လာရောက်တိုက်ခိုက်လာပြန်မူ။ မခံမရပ်နိုင်အောင်ဟိသည်က တချက်။
ဥတုရာသီမဖြောင့်၍ အစားယှားပါးငတ်မွတ်ဟိသည်လည်း တခု၊ ထိုသို့အကြောင်းဆိုက်လတ်သော်
ဘုန်းတော်မြတ်ကိုခိုလှုံလို၍ သားမယားကျေးကျွန်တစုနှင့် ၀င်ရောက်လာကြောင်း”

တင်လျှောက်လီလျှင် အဘယရာဇာမင်းလည်း မင်းကြီးနန္ဒကျော်ထင် အမျိုးနှင့် အရည်ကိုကြိုက်တော်မူသဖြင့် ဆင်ကဲကြီးအမတ် ခန့်တော်မူသည်။ ညီရွှေဆင်ကို ကျွေတဲစား။ ရာသီကို ကျွေးမသွေးစားအရာ ပီးတော်မူ၍ထားသည်။ နောက်ပါလူရို့ကိုလည်း ပြိုင်းချောင်းတွင်ရွာတည်၍ချထားတော်မူသည်။ အချို့ကို တောင်စဉ်ခုနှစ်ခရိုင်ရွာရို့တွင် ချထားနီစီတော်မူသည်။

သက္ကရာဇ် (၁၁၂၃) ခုတွင် အမတ်ဆင်ကဲကြီးနန္ဒကျော်ထင်သမီးသျှင်စိုးမင်းကို ကောက်ယူတော်မူ၍
မြောက်မိဖုရားထားတော်မူသည်။ မြောက်မိဖုရားညီမ မိပန်းရံကိုလည်း ရှိပညာဟိအမတ်ကြီးသား ရွှေသဲနှင့် ပီးမြားတော်မူပြီးလျှင် ရွှေတိုက်ငွေတိုက် လက်နက်တိုက်များကိုအပ်တော်မူ၍ စားကျေးရိုးကျွန်းနှင့် စိန်တင် (စိုင်းတင်) ကို ပီးတော်မူသည်။ သက္ကရာဇ် (၁၁၂၃) ခု၊ တန်ဆောင်ဘုန်းလတွင် အဘယရာဇာမင်းလွန်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၇)

စန္ဒပရမရာဇာမင်း၏သားတော် ဥဘော်ဝေအတွက် နို့ထိန်းရွီးရန်လျှောက်ထုံး။

အဘယရာဇာမင်းလွန်ပြီးသော် သားတော်ဒါးပိုင်ကြီးသည် မိဖုရားအောင်ကြော့စံနှင့် သက္ကရာဇ် (၁၁၂၃) ခုတွင် ရွှေနန်းတက်တော်မူသည်။ စန္ဒပရမရာဇာ ဟူသောအမည်ကို ခံယူတော်မူသည်။ ထိုမင်း၏တောင်နန်းမိဖုရားတွင် သားတော်ဥဘော်ဝေကို ဖွားမြင်တော်မူသည်။ သားတော်ကိုနို့ထိန်း နို့တိုက်ပြုရန် နို့ထိန်းရွီးချယ်ရေးအတွက် စန္ဒပရမရာဇာမင်း မိန့်တော်မူသည်ကား-

မဟာသမတမင်းကစဉ်လာ သာကီဝင်မင်းမျိုးရို့၌ သားတော်ယောက်ျားသော်လည်းကောင်း၊ သမီးမိမ္မသော် လည်းကောင်း တောင်ညာထားတွင် ဖွားမြင်လီသော်၊ မင်းဆွီမင်းမျိုး၊ မှူးရိုးမတ်ရိုးမမှန်သောမိမ္မအား နို့ထိန်းနို့တိုက် ထည့်မြဲထုံးတမ်းဟောင်းမဟိ၊ ငါ့သားတော်ဥဘော်ဝေကိုလည်း နို့ထိန်းနို့တိုက်ထားရန် ရှိထုံးတမ်းနှင့်လျှောက်ရမည်
မိန့်တော်ဟိသောအခါ ရှိပညာဟိအမတ်၊ မျိုးရိုးစဉ်လာဖြစ်သော စိန်တင် (စိုင်းတင်) စားအမတ် ရွှေသဲလျှောက်ထုံး သော်ကား

“အသျှင်မင်းမြတ်။ လောကဒီပ၀င်ကျမ်းအလာမူကား ရာဇဂြိုဟ်ပြည့်သျှင် ဗိမ္ဗိသာရမင်းသည် ငယ်တော်မူစဉ် လက်ပန်းသည် တဦးကျောက်ကုန်း၌ စီးတော်မူခသောအကြောင်းဖြင့် မင်းဖြစ်တော်မူသောအခါ သ၀ရဟူသောအမည်နှင့် ကနီစာမြို့ကိုစားကျေးပီးလီ၍ ထိုမင်းတွင် အဇာတသတ်သားတော်ကိုဖွားမြင်လီမူ၊ သ၀ရမယားဆီန္ဒပ္ပန္ဒကို အဇာတသတ်အား နို့ထိန်းပီးသည်။ ဆီန္ဒပ္ပန္ဒလည်း သုတမရှိ၊ သ၀ရလည်း ပညာမဲ့။ ထုံးဟောင်းစာဟောင်းမတတ်၊ လက်ပန်းသည်ရင်း ဆီန္ဒပ္ပန္ဒအမျိုး မှူးမတ်သမီး အရိုးအစဉ်မဟုတ်၍ နို့ထိန်းအင်္ဂါကို မသိ။ ခက်ထန်သော အလေ့နှင့်နီသောသူအား နို့ကိုစို့မိလီ၍ အဇာတသတ်အရွယ်ရောက်လတ်မူ အဘဗိမ္ဗိသာရ
မင်းအားပြစ်မှားသည်။

အသိတဉ္စနပြည်သျှင်မင်း နှမတော်ဒေ၀ဂဗ္ဘသားတော် ၀ါသုဒေ၀၊ ဗလဒေ၀ ညီနောင်တကျိပ်ရို့အား
အန္ဒ၀ိန္ဒကဟူသော စစ်မှူးအမတ်မယား သာမန္ဒနိဂုံးရွာသူ နန္ဒီဂေါပါလကို နို့ထိန်းအပ်လီ၏။ ထိုမိမ္မသော်ကား တရားမဟိ၊ လောဘကပ်သောမိမ္မနှင့်ထားသဖြင့် ထိုမင်းသားညီနောင်တကျိပ် အရွယ်သို့ရောက်သောအခါ ဦးရီးတော်ကံသမင်းကို ပြစ်မှားသည်။

ဥတ္တရမဒူပြည့်သျှင် သာရဆီန္ဒမင်းကို သင်္ဘောသူကြီးသန်မြင့်စွာက ထူးဆန်းသောရထားတခု ဆက်လီရာ သဒ္ဓါကြီး၍ မကရူပီတိုင်းကို စားကျေးပီးတော်မူသည်။ ထိုမင်း၌ မိဖုရားကြီးတွင် သမီးတော်သုဝဏ္ဏကုမ္မာကိုဖွားလီလျှင် သန်မြင့်စွာ မယားအနဘက္ခိသဘင်သည်မကို နို့ထိန်းပီးလတ်သော် ထိုမိမ္မ၌ အကျင့်မဟိ၊ သွမ်းသွပ်သော အမူအယာကိုရာလေ့လာ၍ မင်းသမီးသုဝဏ္ဏကုမ္မာအရွယ်ရောက်လတ်ရာ စောင်းသည်နှင့်မှားဘူးသည်။

ဗာရာဏသိပြည်သျှင် ဥလ္လကာမင်း၌ သီန္ဓ၀စဟူသောမြင်းကို ငယ်စဉ်က လူကုန်းတယောက်အပ်၍ထိန်းစီရာ ထိန်းသူအလိုက် မြင်းတော်သိန္ဓ၀လည်း ကုန်း၍လားလီလျှင်၊ လူစန့်ကိုတဖန် အပ်ပြန်သည်တွင် မြင်းတော်သီန္ဓ၀ ဖြောင့်ကြောင်း ထုံးဟောင်းထွက်ဟိပါသည်။ အသက်မဟိသော အ၀ိညာဏကဝေသာလီပြည်သျှင် စူလစန္တရားမင်း စားတော်သရက်ချိုပင်အပါး၌ ဥယျာဉ်မှူးက မဲဒါးပင်ကိုစိုက်ပျိုးလီရာ သရက်ချိုခါးသောအရသာဟိလတ်မူ အမတ်လိမ္မာတယောက်ကို မင်းစေလွှတ်ကြည့်စီသည်တွင် သရက်ချိုပင်အနီး၌ မဲဒါးပင်ကိုမြင်လီ၍ ထိုအပင်ကို ကုန်စင်အောင်နှုတ်ပစ်ပြီးမှ အမြစ်ရို့ကိုလည်း တူးဆွယူစီသည်။ ယင်းသို့ပြီးမှ ပျားတင်လဲသကာရို့ကို
အရည်ဖျော်လျှက် သရက်ချိုပင်ပတ်လည်၌ မပြတ်သွန်လောင်းစီရာ ခါးသောအရသာကွယ်၍ ရှိအတူ
ချိုသောအရသာ ရောက်မြဲရောက်ကြောင်း ထုံးဟောင်းထွက်ဟိပါသည်။

အသျှင်မင်းမြတ်။ မင်းသားမင်းသမီးစသဖြင့်သော သ၀ိညာဏက၊ အ၀ိညာဏကရို့၌အာဒီအာစ- ထိန်းသူမူလ၊ သ၀ိညာဏကရို့မှာလည်း မိဘထိန်းသူရို့ မလိမ္မာ၊ လက်ရုံးမာန ကြမ်းတမ်းခက်ထန် ထောင်လွှားဆိုးသွမ်းချေက ထို့အတူ သားသမီးဆိုးသွမ်းလီရာ၊ တထာဂတော- လာခြင်းကောင်းသော အတိဇာကသားဖြစ်မှ သာထိုးထွင်း၍ သိမြင်သောသတ္တိကြောင့်၊ အတိဇာတသားလည်း အလွန်ယှားကြောင်း ကျန်းဂန်ပြဆိုပါသည်။ အ၀ိညာဏက ဥယျာဉ် လယ်ယာရို့မှာလည်း ထိန်းသူမကောင်းက ပျက်စီးခြင်းသို့ရောက်လီရာသည် အသျှင်မင်းမြတ်။

ထိုမှတပါးတုံလည်း အသားဖြူသောမိမ္မ၌ နို့ရည်သည် ချိုသောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား
လီဝေဒနာမြဲ၏။ အသားညိုသော မိမ္မ၌နို့ရည်သည် ဖန်သော အရသာဟိသည်။ ထိုနို့ကိုစို့သောသူအား ဥက္ခောင်း၌ ဝေဒနာမြဲ၏။ အသားပြာသောမိမ္မ၌နို့ရည်သည် ချဉ်သောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား ဒွါရရို့၌ ဝေဒနာမြဲ၏။ အသားရွှေရောင်ဟိသော မိမ္မနို့ရည်သည် ဆိမ့်သောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား မြတ်သောနှလုံးမြဲ၏။ အသားမဲသောမိမ္မနို့ရည်သည် ခါးသောအရသာဟိသည်။ ထိုနို့ရည်ကို စို့သောသူအား ခြီလက်ဦးရို့၌ ဝေဒနာမြဲ၏။ အသားနီသော မိမ္မနို့ရည်သည် စပ်သောအရသာဟိသည်။ ထိုနို့ရည်ကို စို့သောသူအား ရင်၌ ဝေဒနာမြဲသည်။”

ယင်းသို့ထုံးဟောင်းသက်သီနှင့် ပညာဟိအမတ်လျှောက်လတ်သော် ပြည့်သျှင်မင်း အမိန့်တော်ဟိပြန်သည်ကား- “စိန်တင်စားရို့အမျိုးသည် ဓည၀တီ၊ ဒုတိယမြို့တည် ကံရာဇာကြီးမင်းကဆင်းသက်၍ မှူးရိုးမတ်စဉ်သားမြီးစဉ်ဆက် ပညာဟိတွင်လျှက် မင်းဆက်အများနှစ်ပေါင်းအရှည် စိန်တင်စားရို့ အမျိုးမတိမ်း လရောင်ပမာချမ်းအီးစွာ
မင်းထံခစားကြောင်း ထုံးဟောင်းထွက်ဟိသည်။ စိန်တင်စားမယားအမိလည်း အင်းဝမင်းသမီးတော်၊
အဘမင်းကြီးနန္ဒကျော်ထင်၊ ဘီဘီးလည်း ပဲခူးမင်းကျော်ထင်နော်ရထာသားမြီးဆက်ကာ အင်းဝမင်းလက်ထက် ဆင်ကဲကြီး၊ အမတ်ရို့အမျိုး မှူးရိုးမတ်ရိုးမပျက်။ အင်းဝမြို့သည် ကာလ၀ိပ္ပတ္တိအလျှောက်ပျက်ခ၍ ရက္ဓပူရတိုင်း မြောက်ဦးမြို့သို့ရောက်လာပြန်လျှင် အမျိုးစောင့်သောတရားမလွတ်။ မှူးမတ်အင်္ဂါနှင့်ပြည့်စုံသူဖြစ်၍ ခမည်းတော်အဘယမင်းက ဆင်ကဲကြီးအရာကိုပီးတော်မူသည်။ ဆင်ကဲကြီးသမီးမိပန်းရံသည်လည်း မှူးရိုးမတ်ရိုးသမီးမှန်သည်။ သတ္တိပညာဆင်းအင်္ဂါလက္ဓဏာနှင့်ပြည့်စုံသည်။ ငါ့သားတော်ဥတော်ဝေကို တတ်လိမ္မာအောင် စိန်တင်စားထိန်းသိမ်းပြသဆုံးမသွန်သင်စီ။” စိန်တင်စားမယားမိပန်းရံ နို့တိုက်စီ အပ်တော်မူလီရာ
ထိန်းသိမ်းတိုက်ကျွေးပြုရသည်။


လျှောက်ထုံးအမှတ် (၆၈)

အဘယမဟာရာဇာလက်ထက် အမတ်ခန့်ထားရန်လျှောက်ထုံး။

သက္ကရာဇ် (၁၁၂၆) ခုရောက်သောအခါ စန္ဒပရမရာဇာမင်းကို ယောက်ဖတော်ရမ်းဗြဲသံတောင်စား
လက်ဝဲမြန်အမတ်ပုန်ကန်ခြားနားသည်။ ထိုသက္ကရာဇ် ကဆုန်လဆန်းတရက်နိတွင် လက်ဝဲမြန်အမတ်သည် ယောက်ဖတော်စန္ဒပရမရာဇာမင်းကိုရလီပြီး မိဖုရားစောရွှေကြာနှင့် နန်းတက်တော်မူသည်။ နန်းတက်တော် မူသောအခါ အဘယမဟာရာဇာဟူသော အမည်ကိုခံတော်မူသည်။ ထိုမင်းသည် ယောက်ဖတော်စန္ဒပရမရာဇာကို ရဟန်းပြု၍ထားသည်။ စိတ်မချလီသောကြောင့် ယောက်ဖတော်နန်းကျမင်းကို ရဟန်းပြုထားရာမှယူစီပြီး မြီငူကျွန်းသို့ပို့စီတော်မူသည်။ အပို့စေသူစက်ကန်ကျင်ရို့သည် ထိုနန်းကျမင်းကို မြီငူကျွန်းသို့ယူဆောင်လားကြရာ ဆင်တုံးမော်အရပ်သို့ရောက်သောကာလ ထိုသက္ကရာဇ် နယုန်လဆန်းတရက်နိတွင် ၀မ်းကျရောဂါဖြင့် သီဆုံးသည်။

လက်ဝဲမြန်အမတ်သည် အဘယမဟာရာဇာအမည်ဖြင့်နန်းတက်၍ မင်းဖြစ်ပြီးသောအခါ ငယ်ကျွန်ဖြစ်သော သက်လူမျိုး ငသောက်ကြာနှင့် ငသောက်ကြယ် ညီအကိုနှစ်ယောက်ကို သဒ္ဓါတော်မူ၍ အမတ်ကြီးခန့်တော်မူမည်ဟိလီရာ ရှိပညာဟိအမျိုး၊ အတွင်းတော်မှူး စိန်တင် (စိုင်းတင်) စားအမတ် ရွှေသဲလျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိပညာဟိရို့ဆိုခသော ရာဇာမင်းရို့လက်သုံး ထုံးဟောင်းစာတမ်းအလာ ထွက်ဟိသည်မှာ-ရီမြီသနင်း၊ မင်းရို့ကျင့်သုံး၊ ရှိထုံးမသုံဉ်၊ ရာဇဂုဏ်မြတ်၊ န၀ရတ်ကိုးခိုင်၊ မဏ္ဍိုင်မပျက်၊ မင်းလက်နက်တည့်။ေ၀၀က်စိတ်ဖြာ၊ မလိမ္မာငြား၊ သူမိုက်သားကို၊ မှား၍ပြည့်သျှင်၊ သူကောင်းတင်လျှင်၊ တိုင်းခွင်ခရိုင်၊ အပိုင်ရပ်ကြီး၊ မင်းခွင့်ပီး၍၊ မှူးရီးမတ်ရာ၊ နှင်းအပ်ပါမူ၊ ပဇာကျိုးဟိ၊ နွမ်းရိသတ္တ၀ါ၊ မြို့ရွာတုန်လှုပ်၊ မင်းကျိုးယုတ်၏။ စက်ဆုန်သဖွယ်၊ ပျက်ရယ်တန္တု၊ ပြည်မှုရှုတ်ထွီး၊ တိုင်းဝီးတပါး၊ စကားမတည်၊ အရှည်မကောင်း၊ ဗူးတောင်းပမာ၊ မိစ္ဆာငှက်ဆိုး၊ လင်ကောင်ပိုးသို့၊ ဆိုရိုးတချက်၊ ကြွက်နှင့်မြွီတူ၊ သူ့မူမဖျောက်၊ မျောက်မှင့်မြီခွီး၊ ဆိုရေးတသီး၊ ကျီးနှင့်ဝက်တူ၊ အမှုယုတ်သွမ်း၊ သူကန်းအကြံ၊ လောဘလျှံသည်၊ မင်းထိန်းစပ်၊ မသုံးအပ်။

ထိုသို့ဆိုသော ပညာဟိစကားအရကျမ်းဂန်တွင်လည်း- ဒေ၀ပုတ္တ- နတ်သား၊ ဗာလာနံ- သူမိုက်ရို့အား၊ အသေ၀နာစ- မမှီဝဲမဆည်းကပ်၊ မပေါင်းဖော်ရခြင်းသည် လည်းကောင်း၊ ပဏ္ဍိတာနံ- ပညာဟိသောသူနှင့်၊ သေ၀နာစ- မှီဝဲဆည်းကပ် ပေါင်းဖော်ရခြင်းသည် လည်းကောင်း၊ ပူဇနေယျာနံ- ပူဇော်ထိုက်သောသူရို့အား၊ ပူဇာစ- ပူဇော်ရခြင်းသည်လည်းကောင်း၊ အတ္တိ- ဟိ၏။ ဧတံ- ဤလေးပါးသောတရားသည်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ-
သင်သည်၊ ဂဏှာဟိ- မှတ်ယူလီလော့။

ယင်းသို့ မြတ်စွာဘုရားဟောတော်မူသော မင်္ဂလာတရားဟိပါသည်။ အသျှင်မင်းမြတ်။ တတိုင်းတပြည်
အစိုးရသောမင်းရို့သည် သူမိုက်ကိုမယှောင် ပေါင်းဖော်ပြုလီငြားအံ့။ ထိုသူမိုက်ကြောင့် တိုင်းပြည်ငြိုငြင်လျှက်နှင့် မင်းလည်းပျက်လီရာသည်။ တတိုင်းတပြည် မိတ်ပြုရာ၌လည်း ထိုပြည်၏အကြောင်းကိုစုံစမ်းပြီးမှ ၀ံသူတော်ကဲ့သို့ ကျင့်သောမင်းကိုရာ ဆည်းကပ်မိတ်ဝင်ရမူ အကျိုးထွန်းလင်းနိုင်ရာသည်။ ကြောင်သူတော်နှင့်တူသော မင်းဖြစ်ချေက ထိုမင်းဖျက်၍ ကိုယ့်ပြည်ပျက်လီရာသည်။ သူမတော်ကျင့်တတ်သော် လူအများက ကမ္ဘာရှည်သမျှ
ကောင်းကျိုးမကောင်းကျိုးကိုသော်လည်း အကျိုးအပြစ်မဟိပါ။ ပညာဟိတယောက် အချီအမွမ်းကိုရာ
ကြိုက်တော်မူ၍ ကဲ့ရဲ့ချေသော် ကြောက်တတ်ရှက်တတ်ရပါသည်။ ”

ထိုသို့ပညာဟိအမတ် ရွှေသဲလျှောက်လီရာ အမတ်တော်သို့ စားကျေးထပ်၍ မြို့သစ်ကို ပီးတော်မူသည်။ အမတ်ပညာဟိ မြို့သစ်စားမယား မိပန်းရံကိုလည်း ရှိမင်းများနည်း အသုံးအဆောင်ကိုပီးတော်မူ၍ နန်းတွင်း၌ မိဖုရားမောင်းမရို့ကို နားလည်အောင် ရှိအသုံးအဆောင် အလားအနီ မင်းခမ်းမင်းနားစသော အမှုများကိုပြသဆုံးမ ထိန်းသိမ်းရမည် အပ်တော်မူသည်။

ထိုမင်း ကျွန်နှစ်ယောက်နှင့်စပ်သောစကားကို နာတော်မမူ။ အစ်ကိုဖြစ်သူငသောက်ကြယ်ကို လက်ယာမြန်အမတ်၊ ညီဖြစ်သူငသောက်ကြာကို ဓါးပိုင်ကြီးအမတ်ခန့်တော်မူသည်။




လျှောက်ထုံးအမှတ် (၆၉)

ကျွန်ရို့ကို လက်နက်အင်အားအပ်ရန် သင်မသင့်လျှောက်ထုံး။

တရံသောအခါ ပြည့်သျှင်မင်းအဘယမဟာရာဇာသည် အုန်းကျွန်းနီ လယ်တော်လုပ်လမိုင်းသား မင်းတရား ကျွန်ရို့ကို သူရဲအမတ်ပြု၍ ဓါးလှံကာ၊ ဒိုင်းလွှားလက်နက်အပ်၍ တပ်တော်ဖွဲ့မည်ဟိရာ အမတ်ပညာဟိမြို့သစ်စား ရွှေသဲလျှောက်ထားသောထုံးသော်ကား

“အသျှင်မင်းမြတ်။ မင်းတရားကျွန် လမိုင်းအစုသားရို့သို့ လက်နက်အပ်တော်မူချေသော် မျောက်ကိုချူဆွဲသည်နှင့် တူပါသည်။ မျောက်ကိုသနား၍ချူဆွဲလီမူ ငြိမ်မနီခုန်ပေါက်ပြီးလွှားလျှက်နှင့် ဟိလီရာသည်။ ထို့အတူ သူမိုက်အလေ့ ကိုယ့်ဘို့သာလုံးပမ်းရှာ၍ သူ့ကိုသော်ကား သနားခြင်းမဟိ။ သားငါးပစ်ခတ် ထိုးသတ်သောက်စား၊ အတ္တနောမတိ၊ ကျင့်ကြံလျှက်နီလေ့ဟိသောအမျိုးသားရို့၌ လက်နက်ရောက်လတ်သော် အများသတ္တ၀ါသည် ပဇာချမ်းသာရပါအံ့နည်း။ ၀ိလုပ္ပန္န- ရက်စက်ကြမ်းတမ်းတမြို့တရွာကို ဖျက်ဆီးလုယူ နိုင်ထက်စီးနင်း အမျိုးသားချင်း၌လည်း ခင်မင်သောစာရိတ္တမမြဲ၊ ဖောက်လွဲဖောက်ပြန်၊ မမှန်သောအသိဖြင့် လောဘဒေါသ မောဟ
လွန်လီရာသည်။ ထို့ကြောင့် ရှိပညာဟိစကား၌- သူမိုက်ရို့မှာ၊ အင်္ဂါလေးမည်၊ စည်စည်ကားကား၊ ရမက်များသည်။ ယင်းသို့အဆိုသော်ကား- လေးပါးဟူသည်မှာ- အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်း၊ ဥစ္စာရှာမှီးခြင်း၊ သူမိုက်မိစ္ဆာ၊ အင်္ဂါဟူလျှက် ရှိသူမြတ်ရို့ဆိုဟိပါသည်။ မင်းတရားကျွန်လမိုင်းရို့သို လက်နက်အပ်ရန်မသင့်ပါ။ နောင်သောအခါ လူဆိုးလူကောင်းရောနှောလျှက် စီရင်ရပါလိမ့်မည်။”

လျှောက်လတ်သော် ပြည့်သျှင်မင်းမနာမယူ။ မင်းတရားကျွန်လမိုင်းရို့ကို လက်နက်အပ်၍ တပ်တော်ဖွဲ့လီသည်။ တနှစ်ခန့်ဟိလီသောအခါ ရမ်းဗြဲမြစ်စသည်ရို့၌ အလားအလာမျှမပြုဝံ့ကြ။ မင်းတရားကျွန် လမိုင်းတပ်သားရို့ ဓါးမြတိုက်လုယက်လီကြရာ ပြည့်သျှင်မင်းအမျက်တော်ဝင်၍ လူပေါင်းငါးရာကျော်ကို အကုန်အစင်သတ်လီပြီးမှ လက်နက်များကို ပြန်လည်သိမ်းတော်မူရသည်။


လျှောက်ထုံးအမှတ် (၇၀)

ဓါးပိုင်ကြီးငသောက်ကြာသည် စစ်တွေကျွန်းနီကျွန်ရို့ကိုဆုလာဘ်ပီးပြီး အင်အားစုနီကြောင်း လျှောက်ထုံး။

အဘယမဟာရာဇာမင်းလက်ထက် တရံသောအခါ ဓါးပိုင်ကြီးငသောက်ကြာသည် စစ်တွေကျွန်းနီကျွန်ရို့ကိုခေါ်ပြီး ဆုလာဘ်များပီး၍ ဘက်တော်သားအင်အားစုနီသည်။ ဤသို့အင်အားစုဆောင်းနီကြောင်းကို အမတ်ကြီးရွှေသဲ သိလတ်၍ ပြည့်သျှင်မင်းထံ လျှောက်ထားသည်။ ပြည့်သျှင်မင်းလည်း ငယ်ကျွန်တော်ဖြစ်သည်။ မိမိပင် ချီမြှောက်သူကောင်းပြုထားသည်ဟု ယုံတော်မမူဟိသည်။ ပြည့်သျှင်မင်းယုံတော်မမူ အရေးမယူ
ဟိလတ်သောကြောင့် အမတ်ကြီးသည် ရှိရေးကိုမြင်တွေးလီရကား ရင်လီးလျှက်နှင့်ပင် သည်အရေးကို
တဖန်ထပ်မံ၍ လျှောက်ထားပြန်သည်။ လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ ရှိဘားမဲသိုက်၊ ဘားပုသိုက်အတွက်မူလည်း- ထောင်ရာဝိသ၊ ဆတိုင်ကလျှင်၊ ပေတပင်ကို၊ ရီလျှင်သွန်းကြ၊ မိုးကိုးလ - ယင်းသို့အဆိုကို ယတြာပြန်၊ အမှုပြုရန်မှာ- နန်းစံတော်မူလျှင် ဘားဘူတောင်တွင် နံတော်ကို န၀ကိန်ဓါတ်၊ ပါပဓါတ်၊ ရုပ်- စုတ်လပ်ပြု၍ ယတြာထားတော်
မူရမည်။ ထိုကိန်းဓါတ်အလို နန်းစံ ကိုးနှစ်ကိုးလထွက်ပါသည်။ အသျှင်မင်းနောက်ကို သောက်ကြာသားမင်းဖြစ်ရန် သိုက်ဟိပြန်သည်မှာ ကြွက်ကိုချောင်းသည့် ဗူးတောင်းမောင်သောကြာ- ဆိုလီသောကြောင့် ဓါးပိုင်ကြီး သောက်ကြာသားဖြစ်ပါသည်။

အသျှင်မင်းမြတ်။ ရှိပညာဟိတို့ထားခသော မြောက်ဦးမြို့ဓါတ်သိုက် အလိုတွင်လည်း- ရလုရလု၊ ကိုးရလု၊ ရလုကိုးမည်၊ မြောက်ဦးပြည်သာ၊ စည်တသောသော၊ ရလုလည်းကုန်၊ ပျက်ကိန်းကြုံ၊
လူပုံညာကြီမြော။ ထိုသို့ထွက်ဟိသောသိုက်တချက်။ မြို့တည်တြင်းသျှစ်ရပ်၊ ဂြိုဟ်သက်စန်းလက်နှင်ကိန်းထားသောမြို့သက် သုံးရာသုံးဆယ့်သုံးခုနှစ် ရဟိပါသည်။ သို့ရာတွင် ကိုယ်ကျင့်တရားသာ မူလမှန်သည်။

အသျှင်မင်းမြတ်။ သူမိုက်ရို့သည် ပိဋကတ်ဗေဒင်ကို သင်ကြား၍တတ်စီကာမူ အလဂ္ဂဓူပမာသာ ပညာဟိ သူတော်ကောင်းစသော အမြင့်အနိမ့် အယုတ်အမြတ် မူလအနာဂါတ်ကိုဆုံးဖြတ်သိနိုင်သည် မတတ်ခြင်းကြောင့် ယှုံးနစ်လီရာသည်။ ပညာသည် နီရောင်လရောင်နှင့်သော်လည်းကောင်း ကေသရာဇာခြင်္သေ့မင်းအဆီနှင့်သော် လည်းကောင်း တူပါသည်။ နီလရို့သည်မူလည်း အခန့်သင့်သော်မှ ဖန်မှန်၌လျှင် မီးရီစွဲရောက်ပါသည်။ ကေသရာဇာခြင်္သေ့မင်း အဆီတုံသော်လည်း ဇမ္ဗူရစ်ရွှေခွက်၌ရာ တည်နိုင်ရာသည်။ ထိုအတူ ပညာဟိတယောက်စကားကို ပညာဟိတယောက်မှရာသိနိုင်ပါသည်။ ရှိသူဟောင်းအမှာတွင် ဟုတ်မှန်သော စကားကိုဆိုလျှက် ခံသူမကြိုက်က အပြစ်ရောက်ရာသည်။ မဟုတ်မမှန်သောစကားကို ဆိုလီမူလည်း ခံသူကြိုက်မူ
အကျိုးဖြစ်ရာသည်။”

ထိုသို့ထုံးသက်သီနှင့် ပညာဟိရို့ထုံးတမ်း မင်း၌အပြစ်ကိုမြင်လျှင်လျှောက်တင်မြဲ ရှိထုံးဟောင်းနှင့်အညီ
လျှောက်လတ်သော်လည်း ထိုမင်းကုသိုလ်အလျှောက် မသူတော်ကိုယုံသောသတ္တိစွဲသဖြင့် မည်သို့မဆိုနီတော်မူ၍ အမတ်ပညာဟိမြို့သစ်စားရွှေသဲသို့ ကောင်းကျော်ထင်ဟူသော မင်းတရားကျွန် လမိုင်းတရွာကိုစားစီရန်သာ ဆုပီးသနားတော်မူသည်။ ဓါးပိုင်ကြီးငသောက်ကြာကိုကား မည်သို့မပြု ထားမြဲထားသည်။

အဘယမဟာရာဇာမင်းသည် ငသောက်ကြယ်၊ ငသောက်ကြာ ညီအစ်ကိုနှစ်ယောက်လုံးကို ငယ်ကျွန်တော်များ ဖြစ်သည့်အားလျှော်စွာ ယုံကြည်အားထားသဖြင့် အစ်ကိုဖြစ်သူငသောက်ကြယ်ကို လက်ယာမြန်အမတ် အဖြစ်လည်းကောင်း၊ ညီဖြစ်သူငသောက်ကြာကို ဓါးပိုင်ကြီးအမတ်အဖြစ် လည်းကောင်း၊ သူကောင်းပြု ခန့်ထားတော်မူခြင်းဖြစ်သည်။ ထိုသူရို့သည် မိမိအပေါ်၌ မကောင်းမှုမပြုကျင့်တန်ရာဟူ၍ ယုံကြည်ရင်းဟိသည်။ သို့ကြောင့် ဓါးပိုင်ကြီးအမတ်ငသောက်ကြာနှင့်ပတ်သက်ပြီး အမတ်ပညာဟိရွှေသဲ အကြိမ်ကြိမ်
လျှောက်တင်ခသော်လည်း စိတ်ကွက်ခြင်းဖြစ်တော်မမူ။ ထားမြဲသာထားခသည်။ ထိုမင်းသည် ကုသိုလ်ကောင်းမှုကို များစွာပြုစုတော်မူသည်။ သီလသီတင်းနှင့်လည်း ပြည့်စုံသည်။ အမျိုးလေးပါးကိုလည်း သနားကြင်နာစွာပြုသည်။ ပီးကမ်းစွန့်ကြဲခြင်းဟိသည်။ ရဟန်းသံဃာရို့အားလည်း အလှူအတန်းပြုသည်။

ထိုမင်း၏သားတော် အိမ်ရှိမင်းရဲဘော်သည်ကား မကောင်းမှုဒုစရိုက် အကျင့်ဟိသည်။ ရဟန်းသံဃာရို့အား ပုတ်ခတ်ဟီန္နပြုသည်။ ပြည်သူရို့အားလည်း အလွန်နှိပ်စက်သည်ဟူ၏။ ထိုအိမ်ရှိမင်းရဲဘော်သည် အခန့်မသင့်စိတ်ဖြစ်၍ ခမည်းတော်ခန့််ထားသော လက်ယာမြန်အမတ်ငသောက်ကြယ်ကိုခေါ်လီ၍ သက္ကရာဇ် (၁၁၃၅) ခုတွင် သတ်ပစ်သည်။ အစ်ကိုဖြစ်သူ ထိုကဲ့သိုအသတ်ခံရသောအခါ ညီဖြစ်သူ ဓါးပိုင်ကြီး အမတ်ငသောက်ကြာသည် မူလကပင် ကြံရွယ်ရင်းဟိနီသောကြောင့် မြို့တော်မှထွက်လတ်ပြီး မိမိလာဘ်ပီး စည်းရုံးစုဆည်းထားသော စစ်တွေကျွန်းနီ ကျွန်ရို့ကိုခေါ်ယူပြီး ဦးရစ်တောင်တွင် တပ်ချစုရုံးထားသည်။ ဓါးပိုင်ကြီး ငသောက်ကြာသည် ဦးရာဇ်တောင်မှ တိုက်စည်တိုက်မောင်းတီးလျှက်သောင်းကျန်းသည်။

ထိုသတင်းကို အဘယမဟာရာဇာမင်းကြားသိတော်မူလျှင် တမန်တော်များစေလွှတ်၍ ကျီအီးစီရန်
ဆောင်ရွက်တော်မူသည်။ မအောင်မြင်ဘဲဟိသည်။ သို့ကြောင့် ညီဖြစ်သူ ရမ်းဗြဲမြို့စားချစ်သူကိုခေါ်၍
ထပ်မံစေလွှတ်သည်။ ဓါးပိုင်ကြီးဟိရာ ရမ်းဗြဲစားချစ်သူရောက်ဟိသောအခါ ဓါးပိုင်ကြီးက ရွှေနန်းသျှင်မင်းတရားကို မလုပ်ကြံပါ။ သားတော်အိမ်ရှိမင်း ရဲဘော်ကိုရာ လုပ်ကြံလိုခြင်းဖြစ်ပေသည် ဟုဆို၍နီသည်။

ဓါးပိုင်ကြီးသောက်ကြာသည် သက္ကရာဇ် (၁၁၃၅) ခု၊ တပို့တွဲလတွင် များစွာသောရဲမက်အပေါင်းနှင့်
ချီတက်လာပြီးတိုက်ခိုက်သည်။ မြို့တော်နှင့်ထီးနန်းကိုရသည်။ အဘယမဟာရာဇာမင်းသည်
ဓါးပိုင်ကြီးငသောက်ကြာ မထောက်မထားပြုသဖြင့် လွန်တော်မူသည်။

ဓါးပိုင်ကြီးငသောက်ကြာသည် အဘယမဟာရာဇာမင်းကိုသတ်ပြီး၊ ထိုသက္ကရာဇ် (၁၁၃၅) ခု၊ တပို့တွဲလတွင် ပန်းသူဇာကိုမိဖုရားပြုပြီး နန်းတက်တော်မူသည်။ စန္ဒသုမနရာဇာအမည်ကို ခံတော်မူသည်။ ထိုစန္ဒသုမနမင်းသည် အလွန်ဆိုးသွမ်းသော မင်းကြမ်းမင်းယုတ်ဖြစ်သည်။ အကျင့်မဟိ၊ အမျိုးမစောင့်၊ ပညာဟိကိုမသုံး၊ ရှိပညာဟိ မှူးကောင်းမတ်ကောင်းများကို ညှင်းပန်းနှိပ်စက်ပြုသည်။ အချို့ကိုသတ်ပစ်သည်။ သို့ကြောင့် မှူးမတ်ပညာဟိများ လွတ်ရာလွတ်ကြောင်းထွက်ပြီးကြရသည်။ အများလူရို့သည် ကံသာမြို့သို့ချည်းရောက်သည်။

စန္ဒသုမနမင်းသည် အမတ်ကြီးရွှေသဲကိုမူကား ရန်ငြိုးထားသည်။ အဘယမဟာရာဇာမင်းထံ မိမိအား
အမတ်မခန့်သင့်ကြောင်း လျှောက်ထားသည်တချက်။ စစ်တွေအုန်းကျွန်းနီကျွန်ရို့ကို ဆုလာဘ်ပီးပြီး
အင်အားပြုသည်ကို လျှောက်ထားသည်တချက်။ ဤအချက်ရို့ဖြင့်အငြိုးရန်ထားပြီး အမတ်ကြီးရွှေသဲကို
သတ်ပစ်သည်။ ပညာဟိအမတ်ကြီးရွှေသဲ သီလွန်သောအခါ မယားမိပန်းရံနှင့် သားငယ်ကျော်စံ ကျန်ရစ်ခသည်။


လျှောက်ထုံးအမှတ် (၇၁)

စန္ဒ၀ိမလမင်းလက်ထက် နိမိတ်များအကြောင်း လျှောက်ထုံး။

အထက်စန္ဒသုမနမင်းသည် တိုင်းပြည်အလုံး မခံချိအောင်အလွန်ပင်ဆိုးသွမ်းကြမ်းတမ်းသည်။ ထို့ကြောင့် မူးမတ်အမှုထမ်းများစွာရို့သည် ပြည်သူရို့နှင့်ပေါင်းဖက်ညီညွတ်ကြပြီး တော်လှန်ပုန်ကန်ကြသည်မှာ တိုင်းပြည်အနှံ့ အများအပြားပင်ဖြစ်သည်။ ထိုသို့တော်လှန်ပုန်ကန်ကြသည်ကို သမက်တော်လက်ဝဲမြန်အမတ်
အနန္တသီရိကျော်ထင်ကို တိုက်ခိုက်ယှင်းလင်းစီသည်။ သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လတွင်
ကံသာရီကျော်အရပ်သို့ လက်ဝဲမြန်အမတ်သည် သူပုန်ပြုသူများကို တိုက်ခိုက်နှိမ်နှင်းရန် ရောက်လာသည်။

ထိုသတင်းကို စာဘတ်တတ်ဒိုးဝေရို့အုပ်စုကြားသိလတ်၍ လက်ဝဲမြန်ရို့ကိုလာရောက်တိုက်ခိုက်သည်။
ဒိုးဝေရို့ဖက်မှ ထိုးလိုက်သောဝါးချွန်တခုသည် လက်ဝဲမြန်အမတ်ကိုထိပါးစူးချသည်။ အနာရလီသောကြောင့် မြို့တော်မြောက်ဦးသို့ပြန်ပြီးလာသည်။ ရောက်၍လေးရက်ကြာသောအခါ ၀ါးချွန်စူးသောဒဏ်ရာဖြင့် လက်ဝဲမြန်သီဆုံးသည်။

စန္ဒသုမနမင်းသည် သမက်တော်လက်ဝဲမြန်သီဆုံးခလျှင် ရန်စစ်ကိုနှိမ်နှင်းတိုက်ခိုက်ရန် အားထားရမည့်သူမဟိ ဖြစ်လတ်သည်။ အမှုထမ်းအများရို့လည်း မိမိကိုမလိုဆန့်ကျင်ပြီး၊ ပြည်သူရို့နှင့်ပူပေါင်း၍သာ ခြားနားပုန်ကန်သည်။ ထို့ကြောင့် စန္ဒသုမနမင်းသည် အလွန်ကြောက်လန့်မှုဖြစ်ကာ သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လဆုတ် (၂) ရက်နိတွင် နန်းမှဆင်း၍ ပြီးလီတော့သည်။

စန္ဒသုမနမင်းနန်းမှ ဆင်းပြီးကြောင်းကို စာဘတ်တတ်ဒိုးဝေ၊ ကွမ်းပုံစားသာမ၊ တုံးကျော်ဝေရို့ကြားသိလီလျှင် အချင်းချင်းညီညွတ်ပြီး၊ ကိုယ်ရံတော်အမတ်ပိုးရွှေကို မိဖုရားဒါဖြူနှင့် သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လဆုတ် (၃) ရက်နိတွင် နန်းတင်ကြသည်။ စန္ဒ၀ိမလရာဇာဟူသောအမည်ကိုခံတော်မူသည်။ နန်းမှဆင်းပြီးသော စန္ဒ၀ိမလမင်းကို
ပြည်သူရို့ဖမ်း၍ပို့လာကြသည်။ ထိုမင်းကို ရဟန်းပြုပြီး သျှစ်သောင်းကျောင်းတိုက်တွင်ထားသည်။
ထိုစန္ဒသုမနမင်းသည် ဘုန်းကြီးဝတ်ဖြင့်နီရသော်လည်း သီရမည်ကိုစိတ်မချဖြစ်လျှက်ဟိသည်။ သို့ကြောင့် ဓါးပိုင်ကြီးဖြစ်သော စာဘတ်တတ်ဒိုးဝေအား သမီးတော်ယက်သဲ့မယ်ကိုပီးသည်။

ထိုအခါတွင် ကွမ်းပုံတောင်စားသာမနှင့် တုံးကျော်ဝေရို့သည် မကျေမနပ်ဖြစ်ကြသည်။ ငါရို့ကိုတော့
သမီးတော်မပီး၊ ဓါးပိုင်ကြီးစာဘတ်တတ်ဒိုးဝေကိုရာ ပီးရာသလောဟုဒေါသဖြစ်ကြသည်။ ထို့ကြောင့်
ကွမ်းပုံတောင်စားသာမနှင့် တုံးကျော်ဝေရို့သည် ရဟန်းပြုထား၍ တဆယ့်ငါးရက်မြောက်သောနိတွင်
ကျောင်းကယူ၍ စန္ဒသုမနမင်းကို မင်းထွတ်ဆည်ဝတွင်သတ်ပစ်ကြသည်။ အလောင်းကောင်သည်
ရီတက်ရီကျမျောနီသည်။ သုံးရက်ကြာမှ ဘုရားပေါ်ဘုန်းတော်ကြီးက စန္ဒ၀ိမလမင်းအားမိတ္တာရပ်ခံပြီး၊
ပတိန်းကျွန်းတွင်သဂြိုဟ်သည်။

စန္ဒ၀ိမလမင်းသော်ကား၊ ရှိမှူးကောင်းမတ်ဟောင်းများကိုစိစစ်၍ ပညာအရည်အချင်းအလိုက် တန်ရာပီး၍ မြှောက်မြှင့်ထားသည်။ ပညာဟိအမတ် မြို့သစ်စားရွှေသဲ၏မယားမိပန်းရံကို စားကျေးရိုးကျွန်းနှင့် စိန်တင် (စိုင်းတင်) ကို ပီးတော်မူပြီးမှ ရှိမင်းရို့နည်း နန်းသူမိဖုရားမောင်းမများကို ရှိထုံးမှန်အောင်ပြသရမည် မိန့်တော်မူလျှက် အပ်တော်မူသည်။

ထိုမင်းနန်းတက်၍ နှစ်ဆယ့်သျှစ်ရက်ဟိသောအခါ နန်းတော်မှာဖွတ်တက်လာသည်။ ကျားမြို့တွင်းသို့ဝင်ပြီး မြူးခုန်ပြီးလွှားပြုသည်။ အသံပြင်းစွာဟုန်မြည်သည်။ ပြီးမှ တောသို့ပြန်ထွက်လားသည်။ နွီကာလဖြစ်လျှက် မိုးကြီးရွာ၍ နန်းတော်ထောင့်စွန်းကို မိုးကြိုးပစ်သည်။ ယင်းသို့ထူးခြားသော အကြောင်းများဖြင့် အတိတ်နိမိတ်များဖြစ်လာသည်ကို ပြည့်သျှင်မင်းက မြို့သစ်စားမယားမိပန်းရံကို အမိန့်တော်ဟိသည်ကား- “မြို့သစ်စားလည်း ပညာဟိအမတ်မျိုး ရှိရိုးသာကီဝင်မင်းဆက်အရှည်မင်းတိုင်ပင်ခံ ပညာဟိအမတ်ခံလျှက်
ဆက်ကာလာခသူ။ သားမြီးစဉ်ဆက်ပြတ်သည်မဟိခ။ သုမနသည် ဇာဂမဟိ။ ပြည်တန်သောပတ္တမြားကို စပါးတခွက်နှင့် ရောင်းသောသူနှင့်တူသည်။ ဆိုးကောင်းမသိပြုခသည်။ မြို့သစ်စားကဲ့သို့ အသိအမြင်တူသောသူ မှူးမတ်မဟိပြီ။ ယခုဖြစ်သော နိမိတ်အကြောင်းကို ရဟန်းပုဏ္ဏားစသောမှူးမတ်ရို့လျှောက်ခကြသော်လည်း ငါအယုံမဟိ။ မြို့သစ်စားမယားလည်း ပညာဟိနှင့်ပေါင်းဖက်သူဖြစ်သည်။ မြို့သစ်စားမသီမှီိ တိုင်းပြည် အကြောင်းအရာများကို မည်သို့ပြောဆိုဘူးသည်။ မှတ်သားသိသမျှ လျှောက်ရမည်” - အမိန့်တော်ဟိလတ်သည်။

ထိုအခါ မြို့သစ်စားမယားမိပန်းရံ စကားပလ္လင်ခံသည်ကား ပညာဟိနှင့်ပေါင်းဖက်မိသည့်ကျေးဇူးဖြင့် မင်းတိုင်ပင် ခံရကြောင်း ထုံးဟောင်းဟိပါသည်။ ဤသို့ပြီးဆက်လက်လျှောက်ထားလီသော လျှောက်ထုံးသော်ကား

“အသျှင်မင်းမြတ်။ အမတ်မြို့သစ်စားပြောဆိုသော စကားမှတ်သားမိသည်မှာ ဓါတ်ကိန်းခန်းအလို မြောက်ဦးမြို့ကို သက္ကရာဇ်ကောဇာ (၇၉၂) ခုတွင် မင်းစောမွန် နံတော်ကြာသပတီးသား တည်တော်မူသောအခါ၊ တြင်းအလို စာဟောင်းဆိုသည်မှာ မြောက်ဦးမြို့ဟူသောအရာသည် ရှိကမျောက်နှင့်ဒေါင်းမ အိမ်ထောင်ဖက်ပေါင်း၍ ဤမြို့ရွာ၌ နီကြလတ်သော် ဒေါင်းဥကို မျောက်ယူ၍ ဘုရားသျှင်သို့လှူကြောင်း စာဟောင်းအရ၊ မျောက်မှာယာယီ၊ ဒေါင်းမူလ ကြာသပတီးသားအစပြုသည်။ စနီသားလက်ထက်မှ မြို့တန်ခိုးပေါ်သည်။ မြို့ချာတိုင်စိုက်သောတွင်းက ကြွက်ဖြူ တဆယ့်ကိုးကောင်ထွက်လီရာ ဆယ်ကောင်ကြွက်ကိုကျီးချီယူသည့်အလို မင်းဆယ်ဆက် ကုလားပိုင်လီရာသည်။

ဤမြို့တွင်လည်း သာကီနွယ်ဝင်ဆယ့်ခြောက်ဆက်သာ ဖြစ်လီရာသည်။ မြို့တည်တြင်း၌ မျောက်၊ ဒေါင်း၊ ကြွက်၊ ပုစွန်၊ ကျီးကန်း၊ ဖား၊ တောက်တဲ့၊ ကြောင် ထိုနိမိတ်သျှစ်ရပ်ကို ဂြိုဟ်သက်ထား၍ မြို့တော်စန်းလက်နှောမူ နှစ်ခုစွန်းသည်ကိုဓါတ်ကိန်းပြုလျှက် မြှောက်လတ်သော် သုံးရာ့သုံးဆယ့်သုံးခု မြို့သက်ထွက်ပါသည်။ မြို့တည်ကောဇာ (၇၉၂) ခုတွင် လောင်းသော်သက္ကရာဇ် (၁၁၂၅) ခုတွင်သာ ဤမြို့၌ မင်းဆက်ဟိသည်။ (၁၁၂၅) ခုတွင် မြို့ပြောင်းကိန်းရောက်သော်လည်း မင်းနှင့်အမတ်ရို့ ကိုယ်ကျင့်သာမူလဖြစ်ကြောင်း အဘယမဟာရာဇာ မင်းကြီးကိုလျှောက်သောထုံး၊ ပိဋကတ်ဗေဒင်၊ လောကုတ္တရာ၊ လောကီမှုများကို ပြသခပါသည်။

မှတ်လောသျှင်လူ၊ ခပ်သိမ်းသူရို့၊ စွဲယူသင့်ကြောင်း၊ နိမိတ်ပေါင်းကို၊ သူဟောင်းစကား၊ ကျားသားသတ္တ၀ါ၊ မြို့ရွာသို့ရောက်၊ လန့်ကြောက်၍သာ၊ ပြီးလာခမူ၊ ပြစ္ဆာမဟိ၊ မိမိအလျှောက်၊ ၀င်ရောက်မြူးခုန်၊ ပြုတုံသောထွေ၊ နီလာပေက၊ မြို့နေအကြီး၊ အပြီးစိုးနှောင်း၊ ခန္ဓာပြောင်းလိမ့်၊ အကြောင်းအမှာ၊ သတ္တ၀ါပင်၊ ပြင်းစွာအသံ၊ မြည်တုံပြန်က၊ မချွတ်မြို့ရွာ၊ ပျက်တတ်စွာတည့်၊ မြွီဖားဖွတ်မျောက်၊ အိမ်သို့ရောက်သော်၊ နောက်ကိုမနီ၊ စွန့်ပစ်လီချင့်၊ လင်းမြွီငန်းကျား၊ တက်လာမှားအံ့၊ အလားသင့်ဝင်၊ အိမ်သျှင်နွမ်းရိ၊ ဟိသူမှန်စီ၊ ဖြားရီကဲ့သို့၊ တက်ဖို့စီးပွား၊ ချမ်းသာများလိမ့်၊ ကြီးမားဂုဏ်သျှင်၊ ဖြစ်ခလျှင်လည်း၊ ကုန်စင်နိမ့်ကျ၊ ပျက်ရမချွတ်၊ အမှတ်ရှိလာ၊
စာကျီးဆက်ရက်၊ သုံးရပ်ငှက်မ၊ နားသမျှမှာ၊ ယတြာပေ၊ ပြုလေခေါင်းဆီး၊ ခါပီးသင့်လှ၊ ထိုမှတခြား၊
တည်ပျားအိမ်တွင်၊ ၀င်၍ခေတ္တ၊ နိမိတ်ပြသော်၊ ကြီမွထွားညက်၊ အသက်ကိုမျှ၊ အရကြိုးလီ၊ အနီသင့်စွ၊
ကာလအရှည်၊ အုံနှင့်တည်၍၊ ပျံသည့်အခါ၊ အရသာကြည်၊ သူ့အရည်ကို၊ ယူပေဆောင်ငြား၊ ထိုပျားလားရာ၊ ယတြာဖြင့်၊ နံ့သာမွှီးပျောင်း၊ ဖယောင်းဆီမီး၊ သစ်သီးပန်းမျိုး၊ ရီပြည့်အိုးတွင်၊ မညှိုးသပြီ၊ မြီဇာစံကား၊ စိုက်ထားစီလျှင်း၊ သဲကိုခင်းလျှက်၊ နိချင်းတွင်ပင်၊ လင်နှင့်မယား၊ နှစ်ပါးစုံစွာ၊ ခေါင်းဆီးရာ၏။ ရသာစုံပေ၊ ထိုပျားရည်ကို၊ အနီမပျက်၊ ထားလျှက်ပျံသော်၊ ကောင်းချီကျော်၍၊ လိုတော်ဟိကုန်၊ ပြီးပြည့်စုံချင့်၊ လူ့ဘုံထင်ရှား၊ အကျိုးများလိမ့်၊ မှတ်သားစွဲသုံး၊ ရှိထုံးက၀ိ၊ ပညာဟိရို့၊ အသိလိမ္မာ၊ အက္ခရာစည်း၊ ကမ္ဗည်းအတွက်၊ မိုးကြိုးစက်လည်း၊ လူ့ထက်တွင်သာ၊ ကျပြန်လာမူ၊ ထိုသူကိုယ်၌၊ မခိုက်မထိ၊ ပကတိလျှင်၊ ဟိသည်ဖြစ်သော်၊ တန်ခိုးကျော်၍၊ ထင်ပေါ်စရိုး၊ ဘုန်းတံခိုးကြီး၊ ပုတီးကျောင်းသိမ်၊ အချိန်သင့်ချင်၊ သစ်ပင်တောတောင်၊ တောက်လောင်ပစ်ချိုး၊ နတ်ဆိုးမိစ္ဆာ၊ ခိုဝင်ရာသည်၊ အိမ်မှာကျလတ်၊ ဥပါဒ်အဖြီ၊ အနီစွန့်ပစ်၊ အိမ်သစ်ဆောက်မှ၊
ချမ်းသာရသည်။ လောကမှတ်သုံး၊ ရှိကျင့်ထုံး- ”

ထိုသို့ ရှိပညာဟိမယား လောကီထုံးဟောင်းနှင့်လျှောက်လတ်သော် စန္ဒ၀ိမလမင်းသည် အလွန်ကြိုက်တော်မူ၍ မိပန်းယံကို၊ သီရီမလ္လာဟူသောအမည်ကို ပီးအပ်တော်မူသည်။





လျှောက်ထုံးအမှတ် (၇၂)

စန္ဒ၀ိမလမင်းလက်ထက် စနည်းသုံးရပ်အကြောင်းလျှောက်ထုံး။

ထိုစန္ဒ၀ိမလမင်းနန်းတက်ပြီး၍ မကြာမြင့်မီကာလ၊ တောင်စဉ်သားရို့ချီလာကြောင်း ကြားသိရလတ်သည်။ စနည်းနာစီရာ စံကားတောင်တန်းခါးဝတွင် မိမ္မတယောက်က-
“အိမ်တွင်မွီးထားသည့်ကြွက် ညောင်ခေါင်းကကောင်းသည်နှင့်၊ ကြောင်ဆိုးလာလျှင် သီမည်စိုးလှသည်။ ကျောင်းသို့ပို့ထားရမည်။ ”
ထို့နောက် ဒုတိယ စနည်းသော်ကား-
“ပတ်ကျိနှစ်ကောင် အိမ်မိုးခေါင်သို့ တက်လာရာ၊ ဥဗျိုင်းအဖျားနား၍ အိမ်မိုးပျက်သည်။ ”
ထို့နောက်တတိယစနည်းမှာ-
“ဈီးချောင်းနားတွင် လူတယောက်ဆိုနီသည်ကား- ကြွက်စားသည့်ခွီးကြောင့် အိမ်ပုတ်သည်။ မြုံလာလျှင် ပီးလိုက်ရမည်။” - ယင်းသို့စနည်းသုံးရပ် တြင်းအလိုကို ဓါးပိုင်ကြီးအမတ်ရို့ လျှောက်လီသောထုံးမူကား

“အသျှင်မင်းမြတ်။ ပထမစနည်းမှာ- အိမ်ဟူသည်ကား- ဤမြောက်ဦးမြို့တော်၊ ကြွက်ဟူမူကား
အသျှင်မင်းမြတ်နံတော်၊ ကြောင်ဆိုးလာလျှင်သီမည် စိုးလှသည်မှာ- ယခုလာသော တောင်စဉ်သားရို့သည် ကြောင်သူခိုးနှင့်တူပါသည်။ အသျှင်မင်းမြတ် စစ်ပြိုင်၍ နိုင်မည့်အကြောင်းမဟုတ်။ ကျောင်းသို့လား၍ ရဟန်းပြုတော်မူရမည်ဟု ဆိုလိုသည်။

ဒုတိယစနည်းအရသော်ကား ပတ်ကျိနှစ်ကောင် အိမ်မိုးခေါင်သို့တက်သည်ဆိုသည်မှာ ကမ်းယံဘလဲမျိုးရို့သည် ပတ်ကျိကိုစားသည့်လူမျိုး၊ ဤမြို့တော်မှာ ကမ်းယံဘလဲမျိုး ပက်ကျိစားနှစ်ဆက်မင်းဖြစ်မည်ဟု ဆိုသည်။

ဗျိုင်းနား၍ အိမ်မိုးပျက်သည်ကား- ဗျိုင်းနံသည် မြန်မာကိုလည်းရပါသည်။ ရှိဓာတ်ကိန်းထားခသော
မြောက်ဦးနတ်သမီးသိုက်အဆိုမူလည်း- ကုလားအဖိ၊ ပြူကအိ၊ မချိမြန်မာ၊ ဖီးမလွတ်ရာကိုခို။
သဟဿပေါ်၊ ရာကျော်စတု၊ ဆပသျှူတွင်၊ မြောက်ဦးမြို့ကြီး၊ သမထီး၊ ဒိုင်းကျီဘုရားပေါ်၊ လှီတော်မယှား၊ စည်ကားတန်းထားခင်းလိမ့်မည်၊ ထီးစည်အဟိ၊ ၀ါလလိ၊ ကောဋိအဌ၊ သဟဿ၊ ဆသို့ရောက်ခါ၊ တရုတ်ကမိုး၊ ပြူကငြိုး၊ ပဂိုးအထောင်၊ သျှမ်းကမျှောင်၊ တထောင်ကုလား၊ မီးပွားစစ်ကြီးဖြစ်လိမ့်မည်။ ယင်းသောအခါ၊ မရမာရို့၊ ချမ်းသာစီကြောင်း၊ မရိပ်ချောင်းသို့ခို - ဆိုသော သိုက်လည်းဟိပါသည်။

တတိယစနည်းအလို ကြွက်စားသည့်ခွီးကြောင့် အိမ်ပုတ်သည်၊ မြုံလာလျှင်ပီးလိုက်မည်၊ အလိုသော်ကား- အသျှင်မင်းမြတ်ကိုဖျက်ဆီးရန် ယခုလာသူသည် တလင်္လာသားဖြစ်ပါသည်။ အသျှင်မင်းလည်းပျက်ပါမည်။ ထိုသူရို့လည်း မြုံလာမည်ဟူသောစကားအရ မြုံနံသည် ပြူကိုရသည်။ ပြူရို့ကို ဖျက်ဆီးခေါ်ယူလီရာသော အကြောင်းဟု ဆိုလိုသည်။

တကြောင်းတုံလည်း အသျှင်မင်းမြတ်မင်းရို့ အထွတ်အထိပ်ရောက်သောအခါ၌ ထိုမင်းသည် နန်းသက်မည်မျှ နီရအံ့သောအကြောင်းကို နိမိတ်တြင်းထင်မြင်မြဲ၊ ရှိပညာဟိရို့ ဆိုခသောထုံးဟောင်းနှင့်အညီ အသျှင်မင်းမြတ် နန်းသိမ်းတက်တော်မူသောအခါ ကျွန်တော်နှလုံးသွင်း၍ကြည့်သော် ကျွန်တော်ယပ်ချ၍ထားရာအောက်၌
ကြွက်တကောင်ဝင်လာသည်။ ထို့နောက် ကြိုးကြာငှက်မြည်သံကြားပါသည်။ ထို့နောက်
နန်းတက်မီးပေါက်ဖောက်ရာ နှစ်ချက်အသံထွက်၍ ထို့ပြင်ဖောက်သော မီးပေါက်မှာသှူပါသည်။

ယင်းသို့နိမိတ်အလို ယပ်အောက်ကိုကြွက်ဝင်သည်မှာ ကြွက်သော်ကား အသျှင်မင်းနံတော်။ ယပ်မှာ
လေးခုရပါသည်။ နန်းသက်လေးရက်၊ ထိုကလွန်သော် ရက်ပေါင်းလေးဆယ်၊ ထိုကလွန်သော်လေးနှစ်၊
ဤသုံးချက်အလွန်ပြီး ယပ်သည်ရဟန်းနံ၊ အသျှင်မင်းမြတ်လည်း ရဟန်းပြုတော်မူရအံ့ယူပါသည်။ ထို့နောက် ကြိုးကြာငှက်အသံကြားပြန်သည်မှာ နောက်တလင်္လာသားမင်းဖြစ်အံ့ယူပါသည်။ မီးပေါက်နှစ်ချက်ရာ အသံထွက်သည့်အလိုသော်ကား ဤမြို့တော်တွင် နောက်ကိုမင်းနှစ်ဆက်ရာ ဟိတော့သည်။

အသျှင်မင်းမြတ်။ ရှိပညာဟိရွှေသဲဆိုခသော စကားဓါတ်ကိန်းခန်းကို မယားသီရိပလ္လာမိပန်းရံ
တင်လျှောက်သောအကြောင်းလည်း စာဟောင်းထွက်မှန်ပါသည်။”

ထိုသို့ဓါးပိုင်ကြီးရို့ တင်လျှောက်လတ်သော် စန္ဒ၀ိမလမင်း အမိန့်တော်ဟိသည်ကား-
“သတ္တ၀ါရို့ ကပ်ဥပါဒ်အလျှောက် ဆိုက်ရောက်လာသောအကြောင်း တောင်စဉ်သားဘလဲလည်း မင်းဖြစ်အံ့သော နိမိတ်တြင်းပြလာသည်။ ရှိအကျိုးပီးရာကံကုသိုလ်မြောက် တယောက်ပေါ်မှ ဟိရင်းလူက လုံ့လ၀ီရိယ ထုတ်သော်လည်း ကံအကျိုးပီးကုန်ခြင်းကြောင့်ပျောက်ရသည်သာ ဓမ္မတာဖြစ်ချေသည်။ ပြည်သားပြည်သူ ပင်ပန်းသီကြီအောင် ငါစစ်မထိုးပြီ။” မိန့်တော်မူပြီးမှ နန်းတက်၍ အရက် (၄၀) ပြည့်သောနိတွင် ရဟန်းပြု၍ သျှစ်သောင်းသိမ်တွင်နီတော်မူသည်။

ထိုမင်းနောက် တောင်စဉ်ရမ်းဗြဲသား ဗိုလ်မင်းအောင်စန်သည်၊ နန်းတက် မိဖုရားစိန်ခိုင်နှင့် သက္ကရာဇ် (၁၁၃၉) ခု၊ နယုန်လပြည့်ကျော် (၁၃) နိတွင် ထီးနန်းတက်၍ မင်းပြုသည်။ ဓမ္မရာဇ်ရာဇာအမည်ကို ခံသည်။

ထိုမင်းလွန်ပြီးနောက် တူတော်လက်ဝဲမြန်သတိုးအောင်သည် မိဖုရားစောမယ်ပုံနှင့် သက္ကရာဇ် (၁၁၄၄) ခု၊ တန်းဆောင်ဘုန်း လပြည့်ကျော် (၁၄) ရက်နိတွင် မဟာသမ္မတမင်းအမည်ဖြင့် ထီးနန်းစိုးစံတော်မူသည်။ သက္ကရာဇ် (၁၁၄၆) ခု၊ ပြာသိုလပြည့်ကျော် (၁၅) ရက် လကွယ်နိတွင် ဘိုးတော်ဘုရား၏သားတော် အိမ်ရှိမင်းဥပရာဇာလက်သို့ ရောက်သည်။
 
ရခိုင်ပြည်သည် ထိုအချိန်မှစ၍ ထီးနန်းမင်းဆက်ပြတ်သည်။ စန္ဒ၀ိမလမင်းနန်းတက်သောအခါ မီးပေါက်သေနတ် ပစ်ဖောက်ရာ နှစ်ချက်သာအသံထွက်ပြီး၊ နောက်ပစ်ဖောက်သော မီးပေါက်သေနတ်များ အသံမထွက်ဟိခသည်ကို ဓါးပိုင်ကြီးအမတ်ရို့က နောက်ကို ဤမြောက်ဦးမြို့တော်၌ မင်းနှစ်ဆက်စိုးစံရန်ဟိတော့ကြောင်း
မင်းထံလျှောက်ထားခသည်မှာ မှန်လီတော့သည်။


နန္ဒာထွန်း
(28/12/97)

ကျမ်းကိုးစာရင်း
--------------
၁။ ဓည၀တီအရေးတော်ပုံ အသျှင်က၀ီသာရမထေရ်၊ သံတွဲမြို့
၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။
၃။ ရခိုင်ရာဇ၀င်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်။
၎။ ဓည၀တီရာဇ၀င်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဥာဏ (ပထမတွဲ) ရသေ့တောင်မြို့။
၅။ ငမည်ရာဇ၀င် ပီမှဆင့်ကူးမူ။
၆။ မင်းရာဇာကြီးအရေးတော်ပုံ။
၇။ မဟာရာဇ၀င်တော်ကြီး (ဦးသာထွန်းအောင်)။
၈။ ၀ိမလလျှောက်ထုံးများပီမူ (စာရွီးသူထံဟိ)။
၉။ ဦးဦးသာထွန်း၏မှတ်စုများ လက်ရွီးမူ။
၁၀။ ဖားပြုတ်ကေရာဇ၀င် ပီမူ၊ ဦးပညာစာရ။
၁၁။ ငစည်ရာဇ၀င် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း၊ စစ်တွေ။
၁၂။ ရခိုင်ကျမ်းနတ်ဓမ္မသတ်၊ ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓ၀ိဟာရ။
၁၃။ သစ္စနိဒါန်းကျမ်းပီမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်။
၁၄။ ဒိုးဝေရာဇ၀င်ပီမူ၊ မြို့မကျောင်းတိုက်၊ တောင်တာင်ကုတ်။
၁၅။ မောင်ပုံရာဇ၀င်ပီမူ။
၁၇။ ကျောက်ရိုးရာဇ၀င်လက်ရွီးမူ၊ စာရွီးသူထံဟိ။